/
Before Midnight 2013

Before Midnight 2013



Genre: , Director: Actors: , , , Country: , Released: 14 Jun 2013 Score: 7.9 Duration: 109 min Quality: Bluray 1080p Years: View: 1,020

#Unicode

*Before Sunrise*, *Before Sunset*, *Before Midnight*
===========================================

ျမန္မာစာတန္းထိုးအမွန္
==================

တော်တော်လေးကိုကောင်းတဲ့ဇာတ်ကားလေးသုံးကားလောက်တင်ပါမယ်။ အားလုံးပဲ Download ဆွဲကြည့်ဖို့အသင့်ဖြစ်အောင်လုပ်ထားကြပါ။

ဟိုးအရင်တုန်းကဇာတ်ကားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ ကြည့်ရှူသူများ မကြည်မလင်မှုန်ဝါးဝါး Resolution နဲ့ကြည့်ရှူရမှာစိုးတဲ့အတွက်ကြောင့်မလို့
1080p တွေနဲ့ပဲအားလုံးကို Encode ပေးထားတာဖြစ်ပါတယ်။

Translated By Rashida And Encoded By Lin Htike Aung

Download type – Gofiles, Filerocks, Archive,  Openload

Download Size – Before Sunrise (1.74GB), Before Sunset (1.38GB), Before Midnight (1.65GB)
Download Link – First Comment

(၁၈) နှစ် ကြာအောင် ဇတ်လမ်းတည်ပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်သုံးကား . .

(သို့မဟုတ်)

အလှဆုံး အရှည်လျားဆုံး အချစ်ကဗျာကလေး
____________

အမေရိက က လာတဲ့ ကောင်လေးတစ်ယောက်။ နာမည်က Jesse တဲ့။
ပြင်သစ်က လာတဲ့ ကောင်မလေးတစ်ယောက်။ နာမည်က Celine တဲ့။

ဥရောပ ထဲက နိုင်ငံကူး ရထားတစ်စင်းပေါ်မှာ ပထမဆုံး စ ပြီး ဆုံတွေ့ကြတယ်။ သူတို့မှာ မတူညီတဲ့ သွားစရာတွေ ရှိနေတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး အဲ့ဒီ မိနစ်ပိုင်းလေးအတွင်းမှာပဲ အချက် (၂) ချက် ကို သဘောတူခဲ့ကြတယ်။
(၁) ရှေ့တစ်ဘူတာမှာ ရောက်မယ့် Vienna မြို့လေးမှာ သူတို့ ဆင်းကြမယ်။
(၂) တစ်နေ့လုံး တစ်ညလုံး စကားတွေပြောကြမယ်။ လျှောက်သွားကြမယ်။ နောက်နေ့ မနက် မိုးလင်းမှ ကိုယ် သွားချင်တဲ့ နိုင်ငံကို ဆက်သွားမယ်။

အဲ့ဒီတစ်ညလုံး သူတို့ သွားချင်ရာသွားကြတယ်။ စကားအလုံးပေါင်း သောင်းနဲ့ချီပြီး တတွတ်တွတ် ပြောကြတယ်။ နိုင်ငံရေး လူမှုရေး ဒဿန . . အစုံပါပဲ။ သူတို့ လုပ်ချင်ရာတွေ လုပ်ကြတယ်။ မြင်ယောင်ကြည့်ပေါ့။ Jesse သို့မဟုတ် Celine နေရာမှာ ကိုယ်သာဆိုရင် . . ဘယ်လောက် ကဗျာဆန်လိမ့်မလဲ။

နောက်နေ့မနက်မိုးလင်းတော့ . . သူတို့လမ်းခွဲရတော့မယ်လေ။ သွားစရာ လုပ်စရာတွေ ဆက်လုပ်ရတော့မယ်။ ဒါပေမယ့် ဒီတိုင်း လမ်းမခွဲဘူး။ နောက် ခြောက်လ အကြာမှာ ဒီနေရာ ဒီအချိန်မှာပဲ ပြန် တွေ့ကြမယ်လို့ ချိန်းလိုက်ကြတယ်။ တစ်ယောက်ဖုန်း နံပါတ်ကို တစ်ယောက် မယူလိုက်ကြဘူး။ သူတို့ကိုယ် သူတို့ ခြောက်လ အကြာမှာ သေချာပေါက် ပြန်တွေ့မယ်ဆိုတာ လုံးဝ ယုံကြည်နေကြတယ်။

ဒါပေမယ့် . . . .

ဘာလို့ ဒီ အချစ်ဇာတ်လမ်းလေးကို ဒါရိုက်တာက ၁၈ နှစ်တောင် ကြာအောင် ရိုက်ကူးခဲ့တာလဲ?

————————————————
*Before Sunrise / Before Sunset / Before Midnight *
A review by Min Thu Kyaw

IMDB – 8.1 / 10
Rotten Tomatoes – 100%
MKWah – 4.5/5
———————————————

ဒီ ရုပ်ရှင်ကား သုံးကား ဟာ တကယ်ပဲ ၁၈ နှစ် တိတိ ကြာအောင် ရိုက်ကူးခဲ့ပါတယ်။

ပထမဆုံး ကား နာမည်က Before Sunrise တဲ့။ ၁၉၉၅ ခုနှစ်မှာ ထွက်တယ်။

ဒုတိယ ကား နာမည်က Before Sunset တဲ့။ ၂၀၀၄ ခုနှစ်မှာ ထွက်တယ်။

တတိယ ကား နာမည်က Before Midnight တဲ့။ ၂၀၁၃ ခုနှစ်မှာ ထွက်တယ်။

တစ်ကားနဲ့ တစ်ကားကြားမှာ ကိုးနှစ် ကြာတယ်။ အားလုံးပေါင်းရင် ၁၈ နှစ် ကြာတယ်။ တကယ့် ရုပ်ရှင်ထဲက Jesse နဲ့ Celine တို့ရဲ့ အသက်တွေဟာလည်း နောက်ဆုံး ကား ထွက်ပြီးချိန်မှာ ၁၈ နှစ် ကြီးသွားပါတယ်။ တကယ့် အပြင်မှာ လူရဲ့ အသက်အတိုင်းပဲ character တွေကလည်း အသက်ကြီးလာကြတယ်။

ဒီ ကားတွေရဲ့ ဖန်တီးပဲ့ကို်င်ရှင် ဒါရိုက်တာကြီးရဲ့ နာမည်က Richard Linklater တဲ့။ ဒီ ဘဲကြီးက သူ့ရုပ်ရှင်တွေမှာ အချိန်ကို တကယ့် အချိန် အစစ် သုံးရတာ အတော် သဘောကျတဲ့ပုံပဲ။ သူ့ ဇာတ်ရုပ်တွေကို တကယ့် အချိန်အတိုင်း ကြီးပြင်း ပြောင်းလဲလာစေတယ်။ Boyhood ဆိုတဲ့ ရုပ်ရှင်ဆိုရင် အဲ့ဒီ တစ်ကားထဲကို သူရိုက်တာ ၁၂ နှစ် ကြာတယ်။ တကယ့် အပြင်က ၁၂ ဆိုတဲ့ အချိန်အတိုင်းပဲ ဇာတ်လမ်းထဲက အချိန်ကလည်း ၁၂ နှစ် ကြာတယ်။ မိသားစု တစ်စုရဲ့ ၁၂ နှစ် ကြာ ဖြတ်သန်းမှု အတက်အကျ ဘဝဇာတ်ခုံကို တကယ် ပြသွားတာပါ။ မျက်စိရှေ့မှာတင် တစ်မိနစ်ပြီး တစ်မိနစ် ဒီ မိသားစုဟာ အသက် တဖြည်းဖြည်းကြီးလာတယ်။ အတွေးအခေါ်တွေ ပြောင်းလာတယ်။ တကယ့် လူသားအစစ်တွေကို ကြည့်နေသလို အံ့သြစရာကြီး။

Before Trilogy သုံးကားမှာလည်း Jesse နဲ့ Celine တို့ဟာ တစ်ကား ပြီးသွားချိန်မှာ တကယ် ၉ နှစ် ကြာသွားတယ်။ နောက်တစ်ကား ပြီးသွားချိန်မှာ နောက်ထပ် ၉ နှစ် ထပ်ကြာတယ်။ သူတို့ရဲ့ အချစ်တွေဟာ ဘာတွေ ဖြစ်သွားသလဲ . . သူတို့ ဘယ်လိုကွဲသွားသလဲ . . သူတို့ ဘယ်လို ပြန်တွေ့သလဲ . . ကတော့ ရုပ်ရှင်ထဲမှာ ပဲ အသေးစိတ်ကြည့်လိုက်ပါ။ ပထမဦးဆုံး ကျွန်တော် ပြောခဲ့တဲ့ ခြောက်လ အကြာမှာ သူတို့ ပြန်တွေ့ကြမယ်လို့ ချိန်းတဲ့ ကိစ္စကိုလည်း တကယ် ပြန်တွေ့ကြလား မတွေ့ကြဘူးလားဆိုတာ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါ။

ဒါပေမယ့် သေချာတာကတော့ ဒါရိုက်တာကြီး Linklater ရိုက်တဲ့ကားတိုင်းမှာ အဓိက ဇာတ်ကောင်က အချိန်ပဲ။ ဒီအချိန် အစစ်ကြီးရဲ့ ပြောင်းလဲမှုအတိုင်း တကယ် လိုက်ရိုက်နိုင်တဲ့ ဒါရိုက်တာရဲ့ သတ္တိကို အံ့သြတယ်။ မတော်တဆ ဒီ ဇာတ်ကောင်တွေ အလုပ်ထွက်သွားရင် ဘယ်လိုလုပ်မလဲ? မတော်တဆ ဒီဇာတ်ကောင်တွေ accident တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ? သူကိုယ်တိုင်လည်း တစ်ခုခု မဖြစ်နိုင်ဘူးလား? ငွေထုတ်ပေးသူတွေကော စိတ်မပြောင်းသွားနိုင်ဘူးလား? ကြည့်တဲ့ ပရိတ်သတ်ကော တကယ် စိတ်ဝင်စားပါ့မလား? ဒီလောက် အကြာကြီး ရိုက်ပြီးမှ ဂွမ်းသွားရင်ကော?

မေးခွန်းတွေ အများကြီးပါ။ ဒါပေမယ့် သူဟာ သူ သန်မာ ရာ လမ်းကြောင်းအတိုင်း သဝေမတိမ်း ဇွဲကြီးကြီးနဲ့ လိုက်ပါရင်း အချိန်အစစ်တွေ သုံးပြီး ကြာမြင့်စွာ ခက်ခဲစွာ ရိုက်ကူးရတဲ့ ရုပ်ရှင်ကားတွေကို တစ်ဘဝလုံး နှစ်မြုပ်ရိုက်ကူူးလျက် ရှိပါတယ်။ ကြာချိန်တွေကလည်း လေး ငါး နှစ် မဟုတ်ဘူး။ ဆယ် နဲ့ ချီတာတွေ ချည်းပဲ။

Before Sunset မှာဆိုရင် ရုပ်ရှင် ကြာမြင့်ချိန်က မိနစ် ၈၀ ရှိတယ်။ တကယ့် အပြင်အချိန် မိနစ် ၈၀ အတိုင်း ဒီကားကို သူရိုက်သွားတယ်။ ဇာတ်ကားတစ်ကားလုံးက မိနစ် ၈၀ အတွင်း ဖြစ်ပျက်သွားတာတွေ ချည်းပဲ။

ဟောဒီ Before Trilogy ကြီးရဲ့ အဓိက မင်းသားကြီး Jesse နေရာမှာ Ethan Hawke သရုပ်ဆောင်ပါတယ်။ အဓိက မင်းသမီးကြီး Celine နေရာမှာ Julie Delpy သရုပ်ဆောင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခွန်အားရှိတဲ့ သဘာဝအရမ်းကျတဲ့ အစစ်အတိုင်း ဖြစ်နေတဲ့ ၁၈ နှစ်ကြာ character တစ်ခုတည်းမှာ နေရဲတဲ့ သရုပ်ဆောင်မှုကို ဒီကား သုံးကားမှာ မြင်ရပါလိမ့်မယ်။

သရုုပ်ဆောင် ကောင်းတယ်ဆိုတာ ဘာကိုပြောတာလဲ? အပြင်မှာ တကယ်မပြောတဲ့ စကားတွေ ပြောတာလား? အပြင်မှာ ဘယ်သူမှ မလုပ်တဲ့ မျက်နှာမဲ့ရွဲ့ပြတာမျိုးလား? မဟုတ်ပါဘူး။

Hollywood က သရုပ်ဆောင်နည်းပြ တစ်ယောက် ပြောဖူးတယ်။ Acting is not acting တဲ့။ ဒီနေရာမှာ အမေသေသွားတဲ့အခန်းဆိုရင် အမေ သေရင် ငါ ငိုရမယ်။ နှပ်ချေးထွက်ရမယ်။ လှဲကျသွားရမယ်။ အဲ့ဒီလို အဆင့်လိုက် အကုန်မှတ်ပြီး ကင်မရာရှေ့မှာ လုပ်ပြရတာ မဟုတ်ဘူးတဲ့။ အမေ သေတာကို တကယ်ကြုံရတဲ့ လူတစ်ယောက်က သူ မျက်ရည် တောင် ထွက်ချင်မှ ထွက်မယ်။ သူ ငိုင်ငိုင်ကြီးနေချင် နေမယ်။ သူ မေ့လှဲကောင်း မေ့လှဲမယ်။ သူ မျက်နှာကို လွဲရင်လွဲထားမယ်။ ဘယ်သူမှ မသိနိုင်ဘူး။ သူ့ တကယ့် ခံစားချက် အစစ်က အမေသေသွားတာကို ဘယ်လို တုန့်ပြန်သလဲ . . ဘယ်သူမှ မသိဘူး။

ခင်ဗျားဆိုရင်ကော ဘာဖြစ်မလဲ။ ခင်ဗျားကိုယ်တိုင်လည်း မသိနိုင်ဘူး။ အဲ့ဒီ unseen ခံစားချက်ကြီးကို လုပ်ပြသွားတာကိုမှ သဘာဝ ကျတယ်လို့ သတ်မှတ်နိုင်တယ်။ အဲ့ဒီလို သဘာဝကျအောင် သရုပ်ဆောင်နိုင်ရင် သရုပ်ဆောင်ကောင်းတယ်လို့ အခြေခံအားဖြင့် သတ်မှတ်နိုင်ပါတယ်။

အဲ့ဒါမျိုး တကယ့် ခံစားချက် အစစ်တွေ ထုတ်ပြီး သရုပ်ဆောင်နိုင်အောင် ဘယ်လိုလုပ်လဲ? အဲ့ဒီမှာ သရုပ်ဆောင် ကောင်း မကောင်းက စကားပြောပါတယ်။ အဲ့ဒီပညာကို Hollywood က သရုပ်ဆောင်ကြီးများက နှစ်ကို ဆယ်နဲ့ ချီပြီး သင်ကြားခဲ့ကြပါတယ်။ ဒီကားမှာ Jesse နဲ့ Celine တို့ သရုပ်ဆောင်နေကြတာဟာ ကျွန်တော်တို့ မျက်စိရှေ့မှာ လူအစစ် နှစ်ယောက်ကို တကယ်ကြည့်နေရသလို အင်မတန် သဘာဝကျကြတယ်။ နှစ်တွေ အများကြီးကြာမှ ပြန်တွေ့လို့လည်း ငိုပြဲပြီး ပြေးမဖက်ကြဘူး။ ခွဲခွါရတော့လည်း နှပ်ချေးတွေထွက်ပြီး မငိုကြပြန်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ တကယ့်ရင်ထဲက ခံစားချက် အစစ်ကို ဆွဲထုတ်ပြီး အဲ့ဒီ ခံစားချက် အစစ် အတိုင်း သရုပ်ဆောင်သွားကြလို့ပါ။ ဘာ အပို တစ်ခုမှ မလုပ်သွားဘူး။ ဒါကြောင့် ကျွန်တော်တို့ သူတို့ နှစ်ယောက်ကို ယုံကြည်တယ်။ ဒါကိုမှ ဒါရိုက်တာကြီး Linklater ရဲ့ အချိန်အစစ် သုံးရဲတဲ့ ဆုံးဖြတ်ချက်နဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ . . အားပါးပါး . . ကမ္ဘာ့အကောင်းဆုံး အချစ်ကားများ စာရင်းတိုင်းမှာ ဒီသုံးကား အမြဲ ပါနေပါတော့တယ်။ မယုံရင် ကြိုက်သလို ဖင်ပြန်ခေါင်းပြန် google ကြည့့်ကြပေါ့ဗျာ။

ဇာတ်ဝင်တေးတွေ ဇာတ်လမ်းရဲ့ အရောင်အသွေးတွေ ကင်မရာယူဆလှုပ်ရှားသွားလာမှုတွေ အထူးသဖြင့် မင်းသား မင်းသမီးတို့ နှစ်ယောက် ပြောနေကြတဲ့ စကားတွေဟာ . . ဇာတ်နဲ့ လိုက်ဖက်တယ်။ သဘာဝကျတယ်။ ချစ်ဖို့ကောင်းတယ်။ ယဉ်ယဉ်ကျေးကျေးပြောရရင် ခမ်းနားတယ်။ ခပ်ရိုင်းရိုင်းပြောရရင် စောက်ရမ်းမိုက်တယ်။

မိတ်ကပ် မဟုတ်တဲ့ တကယ့် အသက်အရွယ် ပြောင်းလဲမှုတွေ မြင်ရမယ်။ လက်တွဲဖြုတ်တော့မှာလား ခွဲခွါကြတော့မှာလား မချစ်တော့ဘူးလား တစ်သက်လုံး ချစ်နေကြမှာပါနော် . . မဟုတ်လောက်ဘူးထင်တယ် . . စ တဲ့ . . လူပီသတဲ့ စိုးရိမ်စိတ်တွေ ဟာ ဒီကားသုံးကား ကြည့်နေတုန်း ကျွန်တော်တို့ ခေါင်းထဲမှာ ဝဲနေမယ့် အတွေးတွေပါ။

အိမ်ဘေးမှာ နေတဲ့ အရမ်းချစ်တတ်တဲ့ အစ်ကိုကြီးနဲ့ အရမ်း ကဗျာဆန်တဲ့ သူ့ကောင်မလေး တို့ရဲ့ ဇာတ်လမ်းကို နေ့တိုင်း မြင်နေရသလို ၁၈ နှစ်ကြာတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ခင်ဗျားတို့ မျက်မြင်ကိုယ်တွေ့ ကြုံရမှာပါ။

ကျွန်တော့်အဖို့တော့ ဒီသုံးကားထဲ အကြိုက်ဆုံးက အလယ်က ကား Before Sunset (2004) ပါပဲ။ ကိုးနှစ်ကြာပြီးသွားချိန်မှာ Jesse နဲ့ Celine တို့ တစ်ယောက်ကို တစ်ယောက် ဖက် မငိုကြဘူး။ ဒီကား ပြီးခါနီးလေလေ သူတို့ ဆက်တွဲမှာလား ကွဲတော့မှာလား စိုးရိမ်စိတ်က မြင့်လာတယ်။ အနည်းဆုံးတော့ ဖုန်းနံပါတ်လေး လှဲကြပါတော့ဟ . . email လောက်တော့ ပို့ကြပါဟ . . ချစ်တယ်လို့ ပြောကြပါတော့ဟ . . လက်ထပ်ခွင့်တွေ ပါတွေ ကောက်တောင်းပစ်ပါတော့ဟ . . ကျွန်တော် တစ်ယောက်ထဲ တိုက်ပွဲတွေ ဝင်နေတော့တယ်။ ဒီကားထဲမှာ မင်းသမီးလေး Celine က Notra Dame ဘုရားကျောင်းကြီးကို လက်ညိုးထိုးရင်း “ one day . . Notra Dame will be gone ” လို့ ပြောသွားတယ်။ ဒီလောက် ခိုင်မာပြီး ကမ္ဘာ့အမွေအနှစ်တွေပြည့်နေတဲ့ ပြင်သစ်ပြည်က ဘုရားကျောင်းကြီး . . ဘယ်လိုလုပ် ပျောက်ကွယ်သွားနိုင်မလဲဗျာ။ ကျွန်တော်တို့ တွေးခဲ့ကြတယ်။ ဒါပေမယ့် သိပ်မကြာခင်ကပဲ Notra Dame ကြီး မီးလောင်သွားရှာတာ တစ်ကမ္ဘာလုံး ဝမ်းနည်းပက်လက် မြင်ခဲ့ရတယ်။

ထားပါတော့လေ။ ကျွန်တော် ဒီ အချစ်စာကို အဆုံးသတ်တော့မယ်။

မြင်ယောင်ကြည့်ပေါ့ဗျာ။ ခင်ဗျားကိုယ်တိုင်သာ ဥရောပ နိုင်ငံ တစ်နိုင်ငံပေါ်က ရထားပေါ်မှာ ကောင်လေး သို့မဟုတ် ကောင်မလေး ချောချော တစ်ယောက်ကို မြင်သွားမယ်။ ဒါမှမဟုတ်လည်း ကျောင်းကန်တင်း တစ်ခုမှာ ဖြစ်မှာပေါ့။ ဒါမှ မဟုတ်လည်း ပွဲတစ်ပွဲမှာ ဖြစ်မှာပေါ့။ ဒါမှမဟုတ်လည်း facebook ပေါ်မှာ ဖြစ်မှာပေါ့။ ဒါမှ မဟုတ်လည်း ခရီးသွားရင်း ဖြစ်မှာပေါ့။ ခင်ဗျား သူ့ကို စကားသွားပြောမယ်။ နောက်တော့ ခင်ဗျားမိဘတွေ သူငယ်ချင်းတွေ ဆွေမျိုးတွေ အလုပ်ကိစ္စတွေ စတဲ့ ချိန်းဆိုထားတာ အားလုံးကိုမေ့ပြီး သူနဲ့အတူတူ လုပ်ချင်ရာ လျှောက်လုပ်ကြတယ်။

ပိုရင်ခုန်ဖို့ကောင်းတာက အဲ့ဒီနေ့လေးဟာ ခင်ဗျား တစ်ဘဝလုံးကို အကြီးအကျယ် ပြောင်းလဲပစ်မယ့် နေ့ကလေး ဖြစ်လာမယ်။ သူကလေးဟာ ခင်ဗျား ရဲ့ နှစ် ၆၀ – ၇၀ ကျော် ကြာမယ့် ဘဝထဲကို ၂၄ နာရီလောက်နဲ့ ဝုန်းခနဲ ရောက်ချလာမှာ။ ရင်ထဲ နွေးထွေးစရာကြီး။

အချိန်ထက် ပိုလှတဲ့ ပန်းအမျိုးအစား ဒီကမ္ဘာမှာ မရှိလောက်ဘူးထင်တယ်။ ဒီ ပန်းကလေးကို ဒါရိုက်တာကြီး Linklater က သူ့ ရုပ်ရှင်သုံးကားရဲ့ ဦးခေါင်းထက်မှာ ပန်ဆင်ပေးထားတယ်။ ပန်းကလေးတွေနားမှာ Jesse နဲ့ Celine ဆိုတဲ့ ပျားလေး နှစ်ကောင် ရစ်ဝဲနေတာ ဒီနေ့နဲ့ဆို ၁၈ နှစ် ရှိပါပြီ။

ကဲ . . ခင်ဗျား ဘာလုပ်မှာလဲ???

_________________________
မောက်ခမ်းဝါ

#MKWah_film_review

#Zawgyi

*Before Sunrise*, *Before Sunset*, *Before Midnight*
===========================================

ျမန္မာစာတန္းထိုးအမွန္
==================

ေတာ္ေတာ္ေလးကိုေကာင္းတဲ့ဇာတ္ကားေလးသုံးကားေလာက္တင္ပါမယ္။ အားလုံးပဲ Download ဆြဲၾကည့္ဖို႔အသင့္ျဖစ္ေအာင္လုပ္ထားၾကပါ။

ဟိုးအရင္တုန္းကဇာတ္ကားေတြျဖစ္တဲ့အတြက္ေၾကာင့္မလို႔ ၾကည့္ရွဴသူမ်ား မၾကည္မလင္မႈန္၀ါး၀ါး Resolution နဲ႔ၾကည့္ရွဴရမွာစိုးတဲ့အတြက္ေၾကာင့္မလို႔
1080p ေတြနဲ႔ပဲအားလံုးကို Encode ေပးထားတာျဖစ္ပါတယ္။

Translated By Rashida And Encoded By Lin Htike Aung

Download type – Gofiles, Filerocks, Archive,  Openload

Download Size – Before Sunrise (1.74GB), Before Sunset (1.38GB), Before Midnight (1.65GB)
Download Link – First Comment

(၁၈) ႏွစ္ ၾကာေအာင္ ဇတ္လမ္းတည္ၿပီး ရိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္သုံးကား . .

(သို႔မဟုတ္)

အလွဆုံး အရွည္လ်ားဆုံး အခ်စ္ကဗ်ာကေလး
____________

အေမရိက က လာတဲ့ ေကာင္ေလးတစ္ေယာက္။ နာမည္က Jesse တဲ့။
ျပင္သစ္က လာတဲ့ ေကာင္မေလးတစ္ေယာက္။ နာမည္က Celine တဲ့။

ဥေရာပ ထဲက နိုင္ငံကူး ရထားတစ္စင္းေပၚမွာ ပထမဆုံး စ ၿပီး ဆုံေတြ႕ၾကတယ္။ သူတို႔မွာ မတူညီတဲ့ သြားစရာေတြ ရွိေနတယ္။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္လုံး အဲ့ဒီ မိနစ္ပိုင္းေလးအတြင္းမွာပဲ အခ်က္ (၂) ခ်က္ ကို သေဘာတူခဲ့ၾကတယ္။
(၁) ေရွ႕တစ္ဘူတာမွာ ေရာက္မယ့္ Vienna ၿမိဳ႕ေလးမွာ သူတို႔ ဆင္းၾကမယ္။
(၂) တစ္ေန႔လုံး တစ္ညလုံး စကားေတြေျပာၾကမယ္။ ေလၽွာက္သြားၾကမယ္။ ေနာက္ေန႔ မနက္ မိုးလင္းမွ ကိုယ္ သြားခ်င္တဲ့ နိုင္ငံကို ဆက္သြားမယ္။

အဲ့ဒီတစ္ညလုံး သူတို႔ သြားခ်င္ရာသြားၾကတယ္။ စကားအလုံးေပါင္း ေသာင္းနဲ႔ခ်ီၿပီး တတြတ္တြတ္ ေျပာၾကတယ္။ နိုင္ငံေရး လူမႈေရး ဒႆန . . အစုံပါပဲ။ သူတို႔ လုပ္ခ်င္ရာေတြ လုပ္ၾကတယ္။ ျမင္ေယာင္ၾကည့္ေပါ့။ Jesse သို႔မဟုတ္ Celine ေနရာမွာ ကိုယ္သာဆိုရင္ . . ဘယ္ေလာက္ ကဗ်ာဆန္လိမ့္မလဲ။

ေနာက္ေန႔မနက္မိုးလင္းေတာ့ . . သူတို႔လမ္းခြဲရေတာ့မယ္ေလ။ သြားစရာ လုပ္စရာေတြ ဆက္လုပ္ရေတာ့မယ္။ ဒါေပမယ့္ ဒီတိုင္း လမ္းမခြဲဘူး။ ေနာက္ ေျခာက္လ အၾကာမွာ ဒီေနရာ ဒီအခ်ိန္မွာပဲ ျပန္ ေတြ႕ၾကမယ္လို႔ ခ်ိန္းလိုက္ၾကတယ္။ တစ္ေယာက္ဖုန္း နံပါတ္ကို တစ္ေယာက္ မယူလိုက္ၾကဘူး။ သူတို႔ကိုယ္ သူတို႔ ေျခာက္လ အၾကာမွာ ေသခ်ာေပါက္ ျပန္ေတြ႕မယ္ဆိုတာ လုံးဝ ယုံၾကည္ေနၾကတယ္။

ဒါေပမယ့္ . . . .

ဘာလို႔ ဒီ အခ်စ္ဇာတ္လမ္းေလးကို ဒါရိုက္တာက ၁၈ ႏွစ္ေတာင္ ၾကာေအာင္ ရိုက္ကူးခဲ့တာလဲ?

————————————————
*Before Sunrise / Before Sunset / Before Midnight *
A review by Min Thu Kyaw

IMDB – 8.1 / 10
Rotten Tomatoes – 100%
MKWah – 4.5/5
———————————————

ဒီ ႐ုပ္ရွင္ကား သုံးကား ဟာ တကယ္ပဲ ၁၈ ႏွစ္ တိတိ ၾကာေအာင္ ရိုက္ကူးခဲ့ပါတယ္။

ပထမဆုံး ကား နာမည္က Before Sunrise တဲ့။ ၁၉၉၅ ခုႏွစ္မွာ ထြက္တယ္။

ဒုတိယ ကား နာမည္က Before Sunset တဲ့။ ၂၀၀၄ ခုႏွစ္မွာ ထြက္တယ္။

တတိယ ကား နာမည္က Before Midnight တဲ့။ ၂၀၁၃ ခုႏွစ္မွာ ထြက္တယ္။

တစ္ကားနဲ႔ တစ္ကားၾကားမွာ ကိုးႏွစ္ ၾကာတယ္။ အားလုံးေပါင္းရင္ ၁၈ ႏွစ္ ၾကာတယ္။ တကယ့္ ႐ုပ္ရွင္ထဲက Jesse နဲ႔ Celine တို႔ရဲ့ အသက္ေတြဟာလည္း ေနာက္ဆုံး ကား ထြက္ၿပီးခ်ိန္မွာ ၁၈ ႏွစ္ ႀကီးသြားပါတယ္။ တကယ့္ အျပင္မွာ လူရဲ့ အသက္အတိုင္းပဲ character ေတြကလည္း အသက္ႀကီးလာၾကတယ္။

ဒီ ကားေတြရဲ့ ဖန္တီးပဲ့ကို္င္ရွင္ ဒါရိုက္တာႀကီးရဲ့ နာမည္က Richard Linklater တဲ့။ ဒီ ဘဲႀကီးက သူ႔႐ုပ္ရွင္ေတြမွာ အခ်ိန္ကို တကယ့္ အခ်ိန္ အစစ္ သုံးရတာ အေတာ္ သေဘာက်တဲ့ပုံပဲ။ သူ႔ ဇာတ္႐ုပ္ေတြကို တကယ့္ အခ်ိန္အတိုင္း ႀကီးျပင္း ေျပာင္းလဲလာေစတယ္။ Boyhood ဆိုတဲ့ ႐ုပ္ရွင္ဆိုရင္ အဲ့ဒီ တစ္ကားထဲကို သူရိုက္တာ ၁၂ ႏွစ္ ၾကာတယ္။ တကယ့္ အျပင္က ၁၂ ဆိုတဲ့ အခ်ိန္အတိုင္းပဲ ဇာတ္လမ္းထဲက အခ်ိန္ကလည္း ၁၂ ႏွစ္ ၾကာတယ္။ မိသားစု တစ္စုရဲ့ ၁၂ ႏွစ္ ၾကာ ျဖတ္သန္းမႈ အတက္အက် ဘဝဇာတ္ခုံကို တကယ္ ျပသြားတာပါ။ မ်က္စိေရွ႕မွာတင္ တစ္မိနစ္ၿပီး တစ္မိနစ္ ဒီ မိသားစုဟာ အသက္ တျဖည္းျဖည္းႀကီးလာတယ္။ အေတြးအေခၚေတြ ေျပာင္းလာတယ္။ တကယ့္ လူသားအစစ္ေတြကို ၾကည့္ေနသလို အံ့ၾသစရာႀကီး။

Before Trilogy သုံးကားမွာလည္း Jesse နဲ႔ Celine တို႔ဟာ တစ္ကား ၿပီးသြားခ်ိန္မွာ တကယ္ ၉ ႏွစ္ ၾကာသြားတယ္။ ေနာက္တစ္ကား ၿပီးသြားခ်ိန္မွာ ေနာက္ထပ္ ၉ ႏွစ္ ထပ္ၾကာတယ္။ သူတို႔ရဲ့ အခ်စ္ေတြဟာ ဘာေတြ ျဖစ္သြားသလဲ . . သူတို႔ ဘယ္လိုကြဲသြားသလဲ . . သူတို႔ ဘယ္လို ျပန္ေတြ႕သလဲ . . ကေတာ့ ႐ုပ္ရွင္ထဲမွာ ပဲ အေသးစိတ္ၾကည့္လိုက္ပါ။ ပထမဦးဆုံး ကၽြန္ေတာ္ ေျပာခဲ့တဲ့ ေျခာက္လ အၾကာမွာ သူတို႔ ျပန္ေတြ႕ၾကမယ္လို႔ ခ်ိန္းတဲ့ ကိစၥကိုလည္း တကယ္ ျပန္ေတြ႕ၾကလား မေတြ႕ၾကဘူးလားဆိုတာ ကိုယ္တိုင္ပဲ ၾကည့္လိုက္ၾကပါ။

ဒါေပမယ့္ ေသခ်ာတာကေတာ့ ဒါရိုက္တာႀကီး Linklater ရိုက္တဲ့ကားတိုင္းမွာ အဓိက ဇာတ္ေကာင္က အခ်ိန္ပဲ။ ဒီအခ်ိန္ အစစ္ႀကီးရဲ့ ေျပာင္းလဲမႈအတိုင္း တကယ္ လိုက္ရိုက္နိုင္တဲ့ ဒါရိုက္တာရဲ့ သတၱိကို အံ့ၾသတယ္။ မေတာ္တဆ ဒီ ဇာတ္ေကာင္ေတြ အလုပ္ထြက္သြားရင္ ဘယ္လိုလုပ္မလဲ? မေတာ္တဆ ဒီဇာတ္ေကာင္ေတြ accident တစ္ခုခုျဖစ္ရင္ ဘယ္လိုလုပ္မလဲ? သူကိုယ္တိုင္လည္း တစ္ခုခု မျဖစ္နိုင္ဘူးလား? ေငြထုတ္ေပးသူေတြေကာ စိတ္မေျပာင္းသြားနိုင္ဘူးလား? ၾကည့္တဲ့ ပရိတ္သတ္ေကာ တကယ္ စိတ္ဝင္စားပါ့မလား? ဒီေလာက္ အၾကာႀကီး ရိုက္ၿပီးမွ ဂြမ္းသြားရင္ေကာ?

ေမးခြန္းေတြ အမ်ားႀကီးပါ။ ဒါေပမယ့္ သူဟာ သူ သန္မာ ရာ လမ္းေၾကာင္းအတိုင္း သေဝမတိမ္း ဇြဲႀကီးႀကီးနဲ႔ လိုက္ပါရင္း အခ်ိန္အစစ္ေတြ သုံးၿပီး ၾကာျမင့္စြာ ခက္ခဲစြာ ရိုက္ကူးရတဲ့ ႐ုပ္ရွင္ကားေတြကို တစ္ဘဝလုံး ႏွစ္ျမဳပ္ရိုက္ကူူးလ်က္ ရွိပါတယ္။ ၾကာခ်ိန္ေတြကလည္း ေလး ငါး ႏွစ္ မဟုတ္ဘူး။ ဆယ္ နဲ႔ ခ်ီတာေတြ ခ်ည္းပဲ။

Before Sunset မွာဆိုရင္ ႐ုပ္ရွင္ ၾကာျမင့္ခ်ိန္က မိနစ္ ၈၀ ရွိတယ္။ တကယ့္ အျပင္အခ်ိန္ မိနစ္ ၈၀ အတိုင္း ဒီကားကို သူရိုက္သြားတယ္။ ဇာတ္ကားတစ္ကားလုံးက မိနစ္ ၈၀ အတြင္း ျဖစ္ပ်က္သြားတာေတြ ခ်ည္းပဲ။

ေဟာဒီ Before Trilogy ႀကီးရဲ့ အဓိက မင္းသားႀကီး Jesse ေနရာမွာ Ethan Hawke သ႐ုပ္ေဆာင္ပါတယ္။ အဓိက မင္းသမီးႀကီး Celine ေနရာမွာ Julie Delpy သ႐ုပ္ေဆာင္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ့ ခြန္အားရွိတဲ့ သဘာဝအရမ္းက်တဲ့ အစစ္အတိုင္း ျဖစ္ေနတဲ့ ၁၈ ႏွစ္ၾကာ character တစ္ခုတည္းမွာ ေနရဲတဲ့ သ႐ုပ္ေဆာင္မႈကို ဒီကား သုံးကားမွာ ျမင္ရပါလိမ့္မယ္။

သ႐ုုပ္ေဆာင္ ေကာင္းတယ္ဆိုတာ ဘာကိုေျပာတာလဲ? အျပင္မွာ တကယ္မေျပာတဲ့ စကားေတြ ေျပာတာလား? အျပင္မွာ ဘယ္သူမွ မလုပ္တဲ့ မ်က္ႏွာမဲ့ရြဲ႕ျပတာမ်ိဳးလား? မဟုတ္ပါဘူး။

Hollywood က သ႐ုပ္ေဆာင္နည္းၿပ တစ္ေယာက္ ေျပာဖူးတယ္။ Acting is not acting တဲ့။ ဒီေနရာမွာ အေမေသသြားတဲ့အခန္းဆိုရင္ အေမ ေသရင္ ငါ ငိုရမယ္။ ႏွပ္ေခ်းထြက္ရမယ္။ လွဲက်သြားရမယ္။ အဲ့ဒီလို အဆင့္လိုက္ အကုန္မွတ္ၿပီး ကင္မရာေရွ႕မွာ လုပ္ျပရတာ မဟုတ္ဘူးတဲ့။ အေမ ေသတာကို တကယ္ၾကဳံရတဲ့ လူတစ္ေယာက္က သူ မ်က္ရည္ ေတာင္ ထြက္ခ်င္မွ ထြက္မယ္။ သူ ငိုင္ငိုင္ႀကီးေနခ်င္ ေနမယ္။ သူ ေမ့လွဲေကာင္း ေမ့လွဲမယ္။ သူ မ်က္ႏွာကို လြဲရင္လြဲထားမယ္။ ဘယ္သူမွ မသိနိုင္ဘူး။ သူ႔ တကယ့္ ခံစားခ်က္ အစစ္က အေမေသသြားတာကို ဘယ္လို တုန႔္ျပန္သလဲ . . ဘယ္သူမွ မသိဘူး။

ခင္ဗ်ားဆိုရင္ေကာ ဘာျဖစ္မလဲ။ ခင္ဗ်ားကိုယ္တိုင္လည္း မသိနိုင္ဘူး။ အဲ့ဒီ unseen ခံစားခ်က္ႀကီးကို လုပ္ျပသြားတာကိုမွ သဘာဝ က်တယ္လို႔ သတ္မွတ္နိုင္တယ္။ အဲ့ဒီလို သဘာဝက်ေအာင္ သ႐ုပ္ေဆာင္နိုင္ရင္ သ႐ုပ္ေဆာင္ေကာင္းတယ္လို႔ အေျခခံအားျဖင့္ သတ္မွတ္နိုင္ပါတယ္။

အဲ့ဒါမ်ိဳး တကယ့္ ခံစားခ်က္ အစစ္ေတြ ထုတ္ၿပီး သ႐ုပ္ေဆာင္နိုင္ေအာင္ ဘယ္လိုလုပ္လဲ? အဲ့ဒီမွာ သ႐ုပ္ေဆာင္ ေကာင္း မေကာင္းက စကားေျပာပါတယ္။ အဲ့ဒီပညာကို Hollywood က သ႐ုပ္ေဆာင္ႀကီးမ်ားက ႏွစ္ကို ဆယ္နဲ႔ ခ်ီၿပီး သင္ၾကားခဲ့ၾကပါတယ္။ ဒီကားမွာ Jesse နဲ႔ Celine တို႔ သ႐ုပ္ေဆာင္ေနၾကတာဟာ ကၽြန္ေတာ္တို႔ မ်က္စိေရွ႕မွာ လူအစစ္ ႏွစ္ေယာက္ကို တကယ္ၾကည့္ေနရသလို အင္မတန္ သဘာဝက်ၾကတယ္။ ႏွစ္ေတြ အမ်ားႀကီးၾကာမွ ျပန္ေတြ႕လို႔လည္း ငိုျပဲၿပီး ေျပးမဖက္ၾကဘူး။ ခြဲခြါရေတာ့လည္း ႏွပ္ေခ်းေတြထြက္ၿပီး မငိုၾကျပန္ဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ဟာ တကယ့္ရင္ထဲက ခံစားခ်က္ အစစ္ကို ဆြဲထုတ္ၿပီး အဲ့ဒီ ခံစားခ်က္ အစစ္ အတိုင္း သ႐ုပ္ေဆာင္သြားၾကလို႔ပါ။ ဘာ အပို တစ္ခုမွ မလုပ္သြားဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ သူတို႔ ႏွစ္ေယာက္ကို ယုံၾကည္တယ္။ ဒါကိုမွ ဒါရိုက္တာႀကီး Linklater ရဲ့ အခ်ိန္အစစ္ သုံးရဲတဲ့ ဆုံးျဖတ္ခ်က္နဲ႔ ေပါင္းစပ္လိုက္တဲ့အခ်ိန္မွာေတာ့ . . အားပါးပါး . . ကမၻာ့အေကာင္းဆုံး အခ်စ္ကားမ်ား စာရင္းတိုင္းမွာ ဒီသုံးကား အျမဲ ပါေနပါေတာ့တယ္။ မယုံရင္ ႀကိဳက္သလို ဖင္ျပန္ေခါင္းျပန္ google ၾကည့့္ၾကေပါ့ဗ်ာ။

ဇာတ္ဝင္ေတးေတြ ဇာတ္လမ္းရဲ့ အေရာင္အေသြးေတြ ကင္မရာယူဆလႈပ္ရွားသြားလာမႈေတြ အထူးသျဖင့္ မင္းသား မင္းသမီးတို႔ ႏွစ္ေယာက္ ေျပာေနၾကတဲ့ စကားေတြဟာ . . ဇာတ္နဲ႔ လိုက္ဖက္တယ္။ သဘာဝက်တယ္။ ခ်စ္ဖို႔ေကာင္းတယ္။ ယဥ္ယဥ္ေက်းေက်းေျပာရရင္ ခမ္းနားတယ္။ ခပ္ရိုင္းရိုင္းေျပာရရင္ ေစာက္ရမ္းမိုက္တယ္။

မိတ္ကပ္ မဟုတ္တဲ့ တကယ့္ အသက္အရြယ္ ေျပာင္းလဲမႈေတြ ျမင္ရမယ္။ လက္တြဲျဖဳတ္ေတာ့မွာလား ခြဲခြါၾကေတာ့မွာလား မခ်စ္ေတာ့ဘူးလား တစ္သက္လုံး ခ်စ္ေနၾကမွာပါေနာ္ . . မဟုတ္ေလာက္ဘူးထင္တယ္ . . စ တဲ့ . . လူပီသတဲ့ စိုးရိမ္စိတ္ေတြ ဟာ ဒီကားသုံးကား ၾကည့္ေနတုန္း ကၽြန္ေတာ္တို႔ ေခါင္းထဲမွာ ဝဲေနမယ့္ အေတြးေတြပါ။

အိမ္ေဘးမွာ ေနတဲ့ အရမ္းခ်စ္တတ္တဲ့ အစ္ကိုႀကီးနဲ႔ အရမ္း ကဗ်ာဆန္တဲ့ သူ႔ေကာင္မေလး တို႔ရဲ့ ဇာတ္လမ္းကို ေန႔တိုင္း ျမင္ေနရသလို ၁၈ ႏွစ္ၾကာတဲ့ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ကို ခင္ဗ်ားတို႔ မ်က္ျမင္ကိုယ္ေတြ႕ ၾကဳံရမွာပါ။

ကၽြန္ေတာ့္အဖို႔ေတာ့ ဒီသုံးကားထဲ အႀကိဳက္ဆုံးက အလယ္က ကား Before Sunset (2004) ပါပဲ။ ကိုးႏွစ္ၾကာၿပီးသြားခ်ိန္မွာ Jesse နဲ႔ Celine တို႔ တစ္ေယာက္ကို တစ္ေယာက္ ဖက္ မငိုၾကဘူး။ ဒီကား ၿပီးခါနီးေလေလ သူတို႔ ဆက္တြဲမွာလား ကြဲေတာ့မွာလား စိုးရိမ္စိတ္က ျမင့္လာတယ္။ အနည္းဆုံးေတာ့ ဖုန္းနံပါတ္ေလး လွဲၾကပါေတာ့ဟ . . email ေလာက္ေတာ့ ပို႔ၾကပါဟ . . ခ်စ္တယ္လို႔ ေျပာၾကပါေတာ့ဟ . . လက္ထပ္ခြင့္ေတြ ပါေတြ ေကာက္ေတာင္းပစ္ပါေတာ့ဟ . . ကၽြန္ေတာ္ တစ္ေယာက္ထဲ တိုက္ပြဲေတြ ဝင္ေနေတာ့တယ္။ ဒီကားထဲမွာ မင္းသမီးေလး Celine က Notra Dame ဘုရားေက်ာင္းႀကီးကို လက္ညိဳးထိုးရင္း “ one day . . Notra Dame will be gone ” လို႔ ေျပာသြားတယ္။ ဒီေလာက္ ခိုင္မာၿပီး ကမၻာ့အေမြအႏွစ္ေတြျပည့္ေနတဲ့ ျပင္သစ္ျပည္က ဘုရားေက်ာင္းႀကီး . . ဘယ္လိုလုပ္ ေပ်ာက္ကြယ္သြားနိုင္မလဲဗ်ာ။ ကၽြန္ေတာ္တို႔ ေတြးခဲ့ၾကတယ္။ ဒါေပမယ့္ သိပ္မၾကာခင္ကပဲ Notra Dame ႀကီး မီးေလာင္သြားရွာတာ တစ္ကမၻာလုံး ဝမ္းနည္းပက္လက္ ျမင္ခဲ့ရတယ္။

ထားပါေတာ့ေလ။ ကၽြန္ေတာ္ ဒီ အခ်စ္စာကို အဆုံးသတ္ေတာ့မယ္။

ျမင္ေယာင္ၾကည့္ေပါ့ဗ်ာ။ ခင္ဗ်ားကိုယ္တိုင္သာ ဥေရာပ နိုင္ငံ တစ္နိုင္ငံေပၚက ရထားေပၚမွာ ေကာင္ေလး သို႔မဟုတ္ ေကာင္မေလး ေခ်ာေခ်ာ တစ္ေယာက္ကို ျမင္သြားမယ္။ ဒါမွမဟုတ္လည္း ေက်ာင္းကန္တင္း တစ္ခုမွာ ျဖစ္မွာေပါ့။ ဒါမွ မဟုတ္လည္း ပြဲတစ္ပြဲမွာ ျဖစ္မွာေပါ့။ ဒါမွမဟုတ္လည္း facebook ေပၚမွာ ျဖစ္မွာေပါ့။ ဒါမွ မဟုတ္လည္း ခရီးသြားရင္း ျဖစ္မွာေပါ့။ ခင္ဗ်ား သူ႔ကို စကားသြားေျပာမယ္။ ေနာက္ေတာ့ ခင္ဗ်ားမိဘေတြ သူငယ္ခ်င္းေတြ ေဆြမ်ိဳးေတြ အလုပ္ကိစၥေတြ စတဲ့ ခ်ိန္းဆိုထားတာ အားလုံးကိုေမ့ၿပီး သူနဲ႔အတူတူ လုပ္ခ်င္ရာ ေလၽွာက္လုပ္ၾကတယ္။

ပိုရင္ခုန္ဖို႔ေကာင္းတာက အဲ့ဒီေန႔ေလးဟာ ခင္ဗ်ား တစ္ဘဝလုံးကို အႀကီးအက်ယ္ ေျပာင္းလဲပစ္မယ့္ ေန႔ကေလး ျဖစ္လာမယ္။ သူကေလးဟာ ခင္ဗ်ား ရဲ့ ႏွစ္ ၆၀ – ၇၀ ေက်ာ္ ၾကာမယ့္ ဘဝထဲကို ၂၄ နာရီေလာက္နဲ႔ ဝုန္းခနဲ ေရာက္ခ်လာမွာ။ ရင္ထဲ ေႏြးေထြးစရာႀကီး။

အခ်ိန္ထက္ ပိုလွတဲ့ ပန္းအမ်ိဳးအစား ဒီကမၻာမွာ မရွိေလာက္ဘူးထင္တယ္။ ဒီ ပန္းကေလးကို ဒါရိုက္တာႀကီး Linklater က သူ႔ ႐ုပ္ရွင္သုံးကားရဲ့ ဦးေခါင္းထက္မွာ ပန္ဆင္ေပးထားတယ္။ ပန္းကေလးေတြနားမွာ Jesse နဲ႔ Celine ဆိုတဲ့ ပ်ားေလး ႏွစ္ေကာင္ ရစ္ဝဲေနတာ ဒီေန႔နဲ႔ဆို ၁၈ ႏွစ္ ရွိပါၿပီ။

ကဲ . . ခင္ဗ်ား ဘာလုပ္မွာလဲ???

_________________________
ေမာက္ခမ္းဝါ

#MKWah_film_review

One response to “Before Midnight 2013”

  1. I’ve recently started a website, the information you offer on this website has helped me tremendously. Thank you for all of your time & work.

Leave a Reply

Your email address will not be published. Required fields are marked *