/
Becoming Jane (2007)

Becoming Jane (2007)

ဒီဇာတ်လမ်းကတော့ အင်္ဂလန်နိုင်ငံရဲ့လူသိများကျော်ကြားတဲ့ စာရေးဆရာမကြီး Jane Austen(1775-1817)ရဲ့အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆရာမကြီးဟာ Pride & Prejudice အပါအဝင် အခြားသော လူကြိုက်များတဲ့ဝတ္ထုခြောက်ခုကို ရေးသားခဲ့ပါတယ်။ အခုဇာတ်လမ်းကလည်း သူကိုယ်တိုင်ရေးသားထားတဲ့ Becoming Jane ဆိုတဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း —————– ဂျိန်း ဟာငယ်ရွယ်ထက်မြတ်ပြီး ဝတ္ထုရေးရတာကို ဝါသနာပါတဲ့ မိန်းကလေးတစ်ယောက်။ အောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ဖြစ်ချင်တာက သူ့ရဲ့ရည်မှန်းချက်။ ဒါပေမယ့် အဲ့အချိန်တုန်းက အင်္ဂလန်မှာ အမျိုးသမီးတွေ စာရေးတာကိုသိပ်အားမပေးကြဘူး။ အဲ့တော့ဒီဇာတ်လမ်းမှာ သူ့ဘဝမှာရင်ဆိုင်ရတဲ့ အခက်အခဲ အတားအဆီးတွေကို ဂျိန်းတစ်ယောက် ဘယ်လိုကျော်ဖြတ်ပြီး သူ့ရဲ့ပန်းတိုင်ကိုအရောက်သွားမလဲဆိုတာကို ကြည့်ရှုခံစားကြရမှာပါ။ လက်ဖ်ရွိုင်း ကတော့ သူ့ဦးလေးဆီမှာ ဥပဒေပညာရပ်ကို သင်ကြားနေတဲ့ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်။ ဒီလိုနဲ့သူတို့၂ယောက်တွေ့ဆုံမိကြရင်း ချစ်ကြိုက်သွားကြရာမှာတော့……… (ဇာတ်သိမ်းကိုတော့ ဘယ်သူမှထင်မှတ်မထားတဲ့ ဇာတ်သိမ်းမျိုးနဲ့ရှုစားကြရမှာပါ) Jane Austen နေရာမှာ Ann Hathaway ကသရုပ်ဆောင်ပေးထားပြီး IMDb 7.1 ရထားတဲ့ဇာတ်လမ်းကောင်းလေးမို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ။

အညွှန်းနဲ့ ဘာသာပြန်သူ Ko Thiha (IN’D) ဖြစ်ပါတယ်

Encoded by Myo Khant

Genre: , , Director: Actors: , , Country: Released: 10 August 2007 (USA)
Score: 7.1 Duration: 2h Quality: 720p Years: View: 1,626
#Becoming Jane (2007) #Download Becoming Jane (2007) Full Movie #Free Becoming Jane (2007) Download