/
Beauty and the Beast

Beauty and the Beast




ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းလေးကတော့ ပရိသတ်ကြီးသိပြီးသားအတိုင်း မာနကြီးပြီး စိတ်ကြီးဝင်တစ်ကိုယ်ကောင်း ဆန်တတ်တဲ့ မင်းသားလေးတယောက်ဆီကို နတ်သမီးလေးတပါးရောက်လာပြီး သူရဲ့ မာနတွေကိုခဝါကျစေပြီးဘဝမှာ အချစ်စစ်နဲ့ ချစ်လာတဲ့အခါမှသာ မိစ္ဆာသားရဲတကောင်ဘဝက ကျွတ်လွတ်ပါစေဆိုတဲ့ ကျိန်စာနဲ့ နှင်းဆီပန်းတပွင့် ရရှိချိန်က စပြီး အလွန်ပျော်စရာကောင်းတဲ့ ရဲတိုက်ကြီးမှာ စိတ်ပျက်စရာအခြေအနေတွေနဲ့သာ ဖုံးလွှမ်းထားရာက၊ အရမ်းချော မောလှပတဲ့ အမျိုးသမီးတယောက် သူ့ အဖေကိုလာရှာရင်း သားရဲကြီးဖြစ်သွားတဲ့ မင်းသားလေးရှိနေတဲ့ ရဲတိုက်ကို မျက်စိလည်လမ်းမှားရောက်လာတဲ့အခါ ရဲတိုက်ထဲမှာပိတ်မိပြီးဓားစာခံဖြစ်နေတဲ့သူ့အဖေနဲ့ သူ့ကိုယ်သူလဲလှယ်၊ သားရဲမိစ္ဆာကြီးရဲ့ ရဲတိုက်မှာနေခဲ့ဖို့ ကြိုးစား၊ နောက်ဆုံး သားရဲကြီးဖြစ်နေရတဲ့ မင်းသားလေးရဲ့ ဘဝကိုသနားစာနာပြီး ချစ်မေတ္တာသက်ဝင်တဲ့ ဇာတ်လမ်းလေးပါပဲ…

ဒီဇာတ်ကားလေး ရုံတင်ပြသချိန်မှာ ပရိသတ်ကြီးအပေါ်ကို လွှမ်းမိုးမှုကြီးခဲ့တယ်ဆိုတာ ရရှိခဲ့တဲ့ရုံဝင်ကြေးတွေနဲ့၊ Hollywood Film Award အပါအဝင် အနုပညာလောကကို လွှမ်းမိုးထားတဲ့ Film Award တွေမှာ ရရှိခဲ့တဲ့ ဆု (၁၅) ဆုက သက်သေပြထားပါပြီ၊ ဒါကြောင့် အခု YTV Channel မှာ ထုတ်လွှင့်ပြသချိန်မှာလည်း ပရိသတ်ကြီးကို အသွင်မတူတဲ့ ချစ်သူနှစ်ယောက်ရဲ့ ချစ်ခြင်းတရား၊ မိသားစုကို အလေးထားတဲ့သူတွေတိုင်းရဲ့ အနစ်နာခံတဲ့ မေတ္တာတရား စတဲ့ ခံစားချက်တွေကို ပြန်လည်ခံစားလာစေမှာပါ…

Unicode

အရမ်းကောင်းတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေက ပရိသတ်တွေရင်ထဲရောက်တဲ့ အထိဆွဲဆောင်နိုင်ရုံသာမက ငါနဲ့ တိုက်ဆိုင်လိုက်ပုံများဆိုတဲ့ ခံစားချက်မျိုးနဲ့ တပြုံးပြုံးဖြစ်လာနိုင်စေတယ် မဟုတ်လား… ဒီတိုက်ဆိုင်မှုမျိုးကို ကျွန်တော်တို့ ငယ်ငယ်က Disney ရဲ့ မင်းသမီးလေးတွေ ဇာတ်လမ်းမှာ ပိုခံစားကြရတယ်ဆိုတာကို ပရိသတ်ကြီးက YTV Channel မှာ Beauty and the Beast ဇာတ်ကားကို ရွေးချယ်ရင်း သက်သေပြလိုက်ပါပြီ…
YTV Channel မှာ ပြသပေးမယ့် Beauty and the Beast ကတော့ ၁၉၉၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Disney Animation ဇာတ်ကားလေးမဟုတ်ဘဲ ၂၀၁၇ ခုနှစ်မှာ ကျွန်တော်တို့ မင်းသမီးလေး Emma Watson နဲ့ Disney ကပဲ ထူးထူးခြားခြား တင်ဆက်ထားတဲ့ဇာတ်ကားလေးကို ပြသပေးမှာဖြစ်ပါတယ်…
ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းလေးကတေ့ာ ပရိသတ်ကြီးသိပြီးသားအတိုင်း မာနကြီးပြီး စိတ်ကြီးဝင်တစ်ကိုယ်ကောင်း ဆန်တတ်တဲ့ မင်းသားလေးတယောက်ဆီကို နတ်သမီးလေးတပါးရောက်လာပြီး သူရဲ့ မာနတွေကိုခဝါကျစေပြီးဘဝမှာ အချစ်စစ်နဲ့ ချစ်လာတဲ့အခါမှသာ မိစ္ဆာသားရဲတကောင်ဘဝက ကျွတ်လွတ်ပါစေဆိုတဲ့ ကျိန်စာနဲ့ နှင်းဆီပန်းတပွင့် ရရှိချိန်က စပြီး အလွန်ပျော်စရာကောင်းတဲ့ ရဲတိုက်ကြီးမှာ စိတ်ပျက်စရာအခြေအနေတွေနဲ့သာ ဖုံးလွှမ်းထားရာက၊ အရမ်းချော မောလှပတဲ့ အမျိုးသမီးတယောက် သူ့ အဖေကိုလာရှာရင်း သားရဲကြီးဖြစ်သွားတဲ့ မင်းသားလေးရှိနေတဲ့ ရဲတိုက်ကို မျက်စိလည်လမ်းမှားရောက်လာတဲ့အခါ ရဲတိုက်ထဲမှာပိတ်မိပြီးဓားစာခံဖြစ်နေတဲ့့သူ့အဖေနဲ့ သူ့ကိ်ုယ်သူလဲလှယ်၊ သားရဲမိစ္ဆာကြီးရဲ့ ရဲတိုက်မှာနေခဲ့ဖို့ ကြိုးစား၊ နောက်ဆုံး သားရဲကြီးဖြစ်နေရတဲ့ မင်းသားလေးရဲ့ ဘဝကိုသနားစာနာပြီး ချစ်မေတ္တာသက်ဝင်တဲ့ ဇာတ်လမ်းလေးပါပဲ…

ဒီဇာတ်ကားလေး ရုံတင်ပြသချိန်မှာ ပရိသတ်ကြီးအပေါ်ကို လွှမ်းမိုးမှုကြီးခဲ့တယ်ဆိုတာ ရရှိခဲ့တဲ့ရုံဝင်ကြေးတွေနဲ့၊ Hollywood Film Award အပါအဝင် အနုပညာလောကကို လွှမ်းမိုးထားတဲ့ Film Award တွေမှာ ရရှိခဲ့တဲ့ ဆု (၁၅) ဆုက သက်သေပြထားပါပြီ၊ ဒါကြောင့် အခု YTV Channel မှာ ထုတ်လွှင့်ပြသချိန်မှာလည်း ပရိသတ်ကြီးကို အသွင်မတူတဲ့ ချစ်သူနှစ်ယောက်ရဲ့ ချစ်ခြင်းတရား၊ မိသားစုကို အလေးထားတဲ့သူတွေတိုင်းရဲ့ အနစ်နာခံတဲ့ မေတ္တာတရား စတဲ့့ ခံစားချက်တွေကို ပြန်လည်ခံစားလာစေမှာပါ…
Translated By Zon Myat Noe swe

Encoded By ZeroKyaw SoeLwin
#YTV
#Freetoair

One response to “Beauty and the Beast”

  1. Like!! Really appreciate you sharing this blog post.Really thank you! Keep writing.

Leave a Reply

Your email address will not be published. Required fields are marked *