/
Batman V Superman: Dawn of Justice [Extended edition] (2016)

Batman V Superman: Dawn of Justice [Extended edition] (2016)



Genre: , , Director: Actors: , , , Country: Released: 25 Mar 2016 Score: 6.6 Duration: 3 hr Quality: 1080p 5.1 Years: View: 7,406

ရုံတင်ပြသစဉ်အခါက ငွေကြေးအရ
အတော်လေးအောင်မြင်ခဲ့ပေမယ့်
ပရိသတ်တချို့ရဲ့ အားမလိုအားမရဖြစ်မှုတွေ၊
ဝေဖန်ရေးသမားတွေရဲ့ ပြစ်တင်ရှုတ်ချမှုတွေနဲ့
ကြုံတွေ့ခဲ့ရတဲ့ Batman V Superman: Dawn of Justice ကို July 19 2016 မှာ
Extended edition အနေနဲ့ ပြန်လည်ဖြန့်ချီခဲ့ပါတယ်။

Worlds of DC ရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့ ဒါရိုက်တာကြီး Zack Snyder ရဲ့
မူရင်းလက်ရာ ဒီ Extended edition ဟာ
R-rated အဆင့်ရိုက်ကူးထားတာဖြစ်ပြီး
ရုံတင် Theatrical Cut မှာ PG-13 rating ဖြစ်အောင် ဖြတ်တောက်ပစ်ခံခဲ့ရတဲ့
မိနစ်သုံးဆယ်စာ အနှစ်သာရဇာတ်ဝင်ခန်းအပြည့် ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ရုံတင် Theatrical Cut ဟာ တကယ်လည်းဝေဖန်မှုတွေနဲ့ ထိုက်တန်ခဲ့တယ်လို့ဆိုရမှာပါ။
အမှန်တော့ ဒီ Extended edition ကိုသာ
ရုံတင်ပြသဖို့ ရည်ရွယ်ထားခဲ့တာပါ။ သို့ပေမယ့် WB ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ထုံးစံအတိုင်း
ဇာတ်ဝင်ခန်းတွေကို ဖြတ်တောက်ပြီး ကြာချိန်ချုံ့ပစ်ခဲ့တဲ့အခါမှာတော့ ချပြချင်တဲ့အချက်အလက်တွေသာများလွန်းပြီး အစီအစဉ်တကျမဖြစ်သွားခဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်။

Extended edition ထွက်လာတဲ့အခါမှာတော့
ဝေဖန်ခဲ့တဲ့သူတွေကိုယ်တိုင် Social media တွေပေါ်မှာ ဒါရိုက်တာကြီး Zack Snyder ကို
မူရင်းလက်ရာကို မကြည့်ရသေးဘဲ
ဝေဖန်ခဲ့မိမှုတွေအတွက် တောင်းပန်ကြောင်း
ကိုယ်စီတင်ခဲ့ကြတဲ့အထိ ဒီဇာတ်ကားဟာ
ပရိသတ်ရင်ထဲထိုးဖောက်နိုင်ခဲ့ပါတယ်။

စူပါဟီးရိုးဇာတ်ကားတချို့ဟာ ဖျော်ဖြေမှုတစ်ခုထက်ပိုပြီး အနုပညာလက်ရာမြောက်တယ်ဆိုတဲ့အသိကို လက်ခံထားရင်တော့
ဒီဇာတ်ကားကို ကြည့်ဖြစ်အောင်ကြည့်ဖို့
တိုက်တွန်းလိုက်ပါတယ်။
ကြည့်နေရင်းနဲ့တောင် စူပါဟီးရိုးကားနဲ့ကို မတူဘဲ Humanity ပိုင်းဆိုင်ရာ ဇာတ်ကားတစ်ကားလို့တောင် ခံစားရတယ်။

Zack Snyder ရဲ့ ဇာတ်ကားတွေက
မတူတဲ့အမြင်တွေကို ကိုယ်စီချပြတတ်တယ်။
စူပါဟီးရိုးတွေဘက်ကပဲ role တင်ပြီး ရိုက်ပြတာမျိုးမဟုတ်ဘဲ ပြည်သူတွေဘက်ကအမြင်တစ်မျိုး၊ Villian တွေဘက်ကပါ ဝင်ပြီး ခံစားချက်အမြင်တဖုံ ရိုက်ပြတတ်တာမို့
ကျွန်တော်တို့ မြင်နေကျ ဖျော်ဖြေရေးအသားပေး စူပါဟီးရိုးဇာတ်ကားတွေထက် တင်ပြပုံ ထူးကဲနေတာတော့ ငြင်းမရပါဘူး။
Cinematography တွေကလည်း
အနုပညာမြောက်လွန်းခဲ့တယ်။
ဒီဇာတ်ကားရဲ့ CGI epic အဖြစ်ဆုံး Doomsday Vs Superman heat vision
ဇာတ်ဝင်ခန်းတစ်ခန်းကိုတင် ပြင်ဆင်ချိန် ရှစ်လကျော်ယူခဲ့တယ်လို့သိရပါတယ်။

Man of Steel (2013) ကိုကြည့်ပြီး
Superman ဆိုတာ ဒီလိုအထာမျိုးနဲ့ ကြမ်းပြရမှာကွလို့ တွေးမိတဲ့အချိန်
Batman character မှာ ခန္ဓာကိုယ်တောင့်တောင့်၊ အရပ်ကလည်းခြောက်ပေ သုံးကျော်ကျော်၊ Face Expressions တွေကအစ အထာကျလွန်းပြီး Comic နဲ့ accurate ဖြစ်လွန်းတဲ့
Ben Affleck သရုပ်ဆောင်ခဲ့တဲ့အခါမှာတော့
ကျွန်တော့်ရဲ့ ဒီဇာတ်ကားအပေါ် Hype Level ဟာ scale 100 မှာ 100 ထက်ကျော်ခဲ့တာ အခုအချိန်ထိပါပဲ။

Batman ပင်တိုင်မင်းသားကြီး George Clooney ကတောင် Batman character က
Ben Affleck နဲ့အလိုက်ဆုံးလို့ ချီးကျူးခဲ့ပါတယ်။

ရုံတင် Theatrical cut ကိုတော့ အားလုံးလည်း
ကြည့်ပြီးလောက်ပြီ ဖြစ်မှာမို့
Spoiler အနည်းငယ်တော့ ထည့်ရေးပါရစေ။
Batfleck ဟာ ကျွန်တော်မြင်ဖူးသမျှ Batman ထဲမှာ အကြမ်းဆုံး Batman ပါပဲ။
သည်းထိပ်ရင်ဖို Batman၊ No Killing Rule ကို ပယ်ချတဲ့ Batman၊ နတ်ဘုရားတစ်ပါးကို
အကြောက်တရားအသုံးချပြီး နှိမ်နင်းနိုင်လောက်တဲ့အထိ အစွမ်းထက်တဲ့ Batman… ။
Batman ရဲ့ Mech-suit အကြမ်းစားကြီး
ဝတ်ဆင်ပြီး Alien ကောင်ကို မာန်တွေထန်တွေ နာကျည်းမှုတွေအပြည့်နဲ့ မော့ကြည့်နေတဲ့
ဇာတ်ဝင်ခန်းဟာ ကျွန်တော့်ကို Batfleck ရဲ့
ပရိသတ်တစ်ယောက်ဖြစ်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

တခြားဂြိုဟ်ကလာတဲ့ Alien ဖြစ်သော်လည်း
ဒီကမ္ဘာလူတွေထက်ပင် လူသားဆန်လွန်းသော Superman ရဲ့ လူသားဆန်မှုအတိုင်းအတာကို ဖော်ပြချင်ပေမယ့်
တိုင်းတာဖော်ပြစရာ စကားလုံးမရှိအောင်ကို
Superman ကြီးဟာ လူသားဆန်လွန်းခဲ့ပါတယ်။ ကိုယ့်အသက်ပျက်ဆီးရာပျက်ဆီးကြောင်း အမြဲဖန်တီးနေတဲ့သူကိုတောင် ထိုသူ အသက်ဘေးပြန်လည်ကြုံတွေ့လာရင် Superman ကြီးဟာ ကာကွယ်ပေးဖို့အသင့်ပါပဲ။
အဲ့လို သာမန်လူတွေမှာမရှိတဲ့ စိတ်ထားမျိုး၊
လူသားဆန်မှုမျိုးတွေကပဲ သူ့ကို လူသားတွေရဲ့
မျှော်လင့်ချက်ဖြစ်လာအောင် တွန်းပို့ခဲ့တာပါ။

ဇာတ်လမ်းအကျဉ်း အနေနဲ့ကတော့
သူသာတကယ်လုပ်ချင်ရင် ကမ္ဘာဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားပေမယ့် လူသားတွေကိုသာ ကယ်တင်ပေးနေတဲ့ Superman ကြောင့်ပဲ
မက်ထရိုပိုလစ် နဲ့ ဂေါ်သမ် မြို့မှာ
အထိအခိုက်တွေများပြားလာပါတယ်။
အဲ့ဒါကြောင့်ပဲ Batman ဟာ Superman ကို ကမ္ဘာရဲ့ အန္တရာယ် ဂြိုဟ်ဆိုးကောင်အဖြစ်ပဲ
မြင်နေပါတယ်။
Superman ကလည်း Batman ကို
ဥပဒေရဲ့အထက်ကနေ ရာဇဝတ်သားတိုင်းကို တရားစီရင်နေတယ်လို့ အမြင်လွဲနေပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အမြင်လွဲနေတဲ့ အချိန်မှာ Superman ရောက်လေရာတိုင်းမှာ
သံသယဖြစ်စရာ လူသေမှုနဲ့ပဲ ကြုံတွေ့နေရပါတယ်။ Superman ရဲ့ ချစ်သူဖြစ်သူ သတင်းထောက်မလေး လူးဝစ်လိန်းကလည်း
ထိုသံသယဖြစ်စရာ လူသေမှုတွေကို
လိုက်လံစုံစမ်းခဲ့ပါတယ်။
ကမ္ဘာကလည်း Superman ကို
လူသတ်တရားခံအဖြစ် စွပ်စွဲထားပါတယ်။
ထိုအခါမှာတော့ အရင်ထဲက Superman အပေါ် အမုန်းတရားပြင်းထန်နေတဲ့ Batman ဟာ Superman ကို တားဆီးဖို့ လုပ်ဆောင်ပါတော့တယ်။

အကြိုက်ဆုံးဇာတ်ကားမို့ အသပ်ရပ်ဆုံးဖြစ်အောင် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးလည်း အဆင်ပြေကြပါစေ။

(ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ Chan Myae Kyaw ဖြစ်ပါတယ်)

Translated by Chan Myae Kyaw
Encoded by Myo Khant

Leave a Reply

Your email address will not be published. Required fields are marked *