/
Bad Times at the El Royale (2018) Bluray

Bad Times at the El Royale (2018) Bluray



Genre: , , , Director: Actors: , , , Country: Released: 12 Oct 2018 Score: 7.4 Duration: 141 min Quality: 720p Years: View: 2,326

IMDb.. 7.4

နှုတ်​ခမ်းနီမလေးတွေရဲ့ အချစ်​တော်​လည်းဖြစ်​၊ ကျွန်​တော်​တို့အားလုံးရဲ့ အချစ်​တော်​ကြီးလည်း ဖြစ်​တဲ့ Thor မင်းသားကြီး Chris Hemsworth…

Bdsm ဇာတ်​ကားတွေထဲ
ကျွန်​တော်​တို့ အနှစ်​သက်​ရဆုံး Fifty Shades
ဇာတ်​ကားတွေရဲ့ မင်းသမီးလေး Dakota Johnson…

R.I.P.D ဇာတ်​ကားထဲက မင်းသားကြီး Jeff Bridges တို့ ပါဝင်​သရုပ်​ဆောင်​ထားတဲ့
2018 မှာပဲရုံတင်​ပြသသွားခဲ့တဲ့ Bad Times at the El Royale ဇာတ်​ကားသစ်​ကို
တင်​ဆက်​ပေးလိုက်​ပါတယ်​။

ဇာတ်​လမ်းအညွှန်းအနေနဲ့ကတော့

El Royale ဆိုတဲ့ဟိုတယ်​တစ်​လုံးဟာ
နယ်​စပ်​ဒေသတစ်​ခုမှာ မားမားမတ်​မတ်​ တည်​ဆောက်​ထားတယ်​။
သူတို့ဒေသမှာ နာမည်​ကြီး ဟိုတယ်​တစ်​လုံးပေါ့။
ဒီလိုနဲ့ ဟိုတယ်​တွင်း လောင်းကစားမှုတွေ
ပိတ်​ခံလိုက်​ရတဲ့အခါမှာတော့
လူမပြောနဲ့၊ ခွေးတစ်​ကောင်​ ကြောင်​တစ်​မြီးတောင်​ ယောင်​လို့ လာမလည်​ကြတော့ဘူး။
စိုစိုပြည်​ပြည်​နဲ့ စည်းကားလွန်းတဲ့ ဟိုတယ်​တစ်​လုံး ခြောက်​ကပ်​သွားခဲ့ပြီပေါ့။

သို့ပေမယ့်​ တစ်​နေ့မှာတော့ မထင်​မှတ်​ထားတဲ့
ဧည့်​သည်​တွေ ဝင်​ရောက်​နားခိုခဲ့ကြတယ်​။

အိုစာနေပြီဖြစ်​တဲ့ ခရစ်​ယာန်​ ဘုန်းတော်​ကြီးတစ်​ပါး၊

လူမှုရေးနားမလည်​တဲ့ ဘာဆိုဘာမှ ကောင်းလားဆိုးလား မသိတဲ့ စီးပွားရေးသမားတစ်​ယောက်​၊

နာမည်​ရချင်​လို့ ဟိုပွဲဒီပွဲ ပွဲမရွေးဘဲ လိုက်​သီဆိုပေးနေရတဲ့ ဂီတသမား လူမည်းမိန်းကလေးတစ်​ယောက်​၊

ဂျစ်​ကန်​ကန်​ပုံစံနဲ့ ဆိုးပေတေလွန်းတဲ့ ခပ်ငယ်​ငယ်​ မိန်းမပျိုတစ်​ယောက်

သူတို့လေးယောက်​ဟာ ဟိုတယ်​ထဲ ရောက်​ရောက်​ချင်းမှာပဲ တစ်​ယောက်​နဲ့တစ်​ယောက်
မျက်​မုန်းကျိုးနေကြလေရဲ့။

ဟိုတယ်​ဧည့်​ကြိုကလည်း ဆေးသမား။

ဖြစ်​ချင်​တော့ ဒီလေးယောက်​ဟာ စောနက အမူအကျင့်​တွေကို အရေခြုံထားရုံ သက်​သက်​သာဖြစ်​နေတယ်​။
သူတို့တွေဟာ ကိစ္စကိုယ်​စီကို လျှို့ဝှက်​လုပ်​ဆောင်​ဖို့ လူသူမရှိတဲ့ ဒီဟိုတယ်ကို ရောက်​ရှိနေခြင်း ဖြစ်​တဲ့အခါ…..

သူတို့ဘာတွေများ လုပ်​ကြလေမလဲ။

ဥပဒေနဲ့ မလွတ်​ကင်းတာတွေလား။

သူတို့လုပ်​ချင်​တာတွေရော အောင်​မြင်​နိုင်​ပါ့မလား။

တစ်​ယောက်​နဲ့တစ်​ယောက်​ ဘယ်​လို ဒုက္ခတွေ ပေးကြမလဲ ဆိုတာကတော့

ရှုစားပေးကြပါဦး။

လင်းထိုက်​အောင်​ နှင့်​ ဒေးဗစ်​ မှ ဘာသာပြန်​တင်​ဆက်​ပေးထားပါတယ်​။

Translated by Lin Htike Aung & David
Encoded by Myo Khant

Comments are closed.