/
Avengers: Infinity War

Avengers: Infinity War



Genre: , , Director: , Actors: , , , Country: Released: 27 Apr 2018 Score: 8.5 Duration: 149 min Quality: 1080p Years: View: 1,668

Marvel Cinematic Universe ရဲ့ 19 ကားမြောက် ရုပ်ရှင်ဖြစ်ပြီး ဝင်ငွေ US$2billion အထိ ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Infinity War ကို အခုမှစကြည့်မယ့်လူတွေအနေနဲ့ကတော့ Captain America : Civil War, Doctor Strange, Guardians of the Galaxy : Vol 2, Spider-man : Homecoming, Thor : Ragnarok နဲ့ Black Panther တို့ကို ကြည့်ထားဖို့လိုပါလိမ့်မယ်။ စကြဝဠာစတင်မဖြစ်ပေါ်ခင်တုန်းက အရာအားလုံးဟာ အမှောင်ပကတိဖြစ်လျက်ရှိနေပါတယ်။ စကြဝဠာတွင်း ပေါက်ကွဲမှုဖြစ်အပြီးမှာ အဲ့ဒီ ပေါက်ကွဲမှုကနေ Space Stone, Soul Stone, Reality Stone, Time Stone, Power Stone နဲ့ Mind Stone ဆိုပြီး Infinity Stone ၆ခု ထွက်ပေါ်လာခဲ့တယ်။ Stone တစ်ခုချင်းစီမှာ သက်ဆိုင်ရာ ကိုယ်စီစွမ်းအင်တွေရှိတဲ့အတွက် ကိုင်တွယ်ဖို့ရာ အလွန်ခဲယဉ်းလှပါတယ်။ ဒါပေမယ့် Thanos ဆိုတဲ့ Mad Titan တစ်ယောက်တော့ Infinity Stone တွေကို အသုံးချပြီး စကြဝဠာရဲ့လူဦးရေတစ်ဝက်တိတိကို လျှော့ချချင်နေပါတယ်။ Thanos ဟာ သူ့ရဲ့အဓိကရည်ရွယ်ချက်ကို ဖော်ဆောင်ဖို့ စကြဝဠာရဲ့နေရာအနှံ့အပြားကိုသွားရောက်ပြီး သူ့ရဲ့ Black Order အဖွဲ့နဲ့အတူ Infinity Stone တွေကို လှည့်လည်ရှာဖွေနေပါတယ်။ ဒီလိုရှာဖွေရင်းနဲ့ နယ်မြေသစ်ကိုရှာဖွေဖို့ထွက်လာတဲ့ Thor တို့ရဲ့ Asgardian ယာဉ်ပျံကြီးနဲ့ထိပ်တိုက်တွေ့မိပြီး တိုက်ပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်။ Thanos ရဲ့ အန္တရာယ်ကိုအသိပေးဖို့အတွက် Bruce Banner (a.k.a) Hulk ဟာ ကမ္ဘာမြေပေါ်က Avengers တွေကို သတိပေးဖို့ရောက်ရှိလာခဲ့ပါတယ်။ Infinity Stone တွေကိုရယူဖို့ကြိုးစားနေတဲ့ Mad Titan Thanos နဲ့ သူ့ရဲ့ Black Orders အဖွဲ့ဟာ ကမ္ဘာမြေပေါ်က Superhero တွေဖြစ်တဲ့ Avengers, Doctor Strange, Black Panther နဲ့ Spider-Man, Galaxy ကို ကာကွယ်ပေးနေတဲ့ Guardians of The Galaxy တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့… Comics ထဲက Infinity War မှာတော့ Mutants တွေ Inhumans တွေနဲ့ The Defender တွေပါ ပါဝင်ကြပါတယ်။ Spoiler အနေနဲ့ပြောရမယ်ဆိုရင် ဒီရုပ်ရှင်မှာ Credit Scene တစ်ခုသာပါဝင်မှာဖြစ်ပြီး အဲ့ Scene မှာ MCU ကနေ Superhero အသစ်တစ်ယောက်ကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါဦးစို့…

Translated by Myo Khant,Aung Pyae Kyaw and Kyaw Zin Lin
Encoded by Zon Myat Noe Swe

Leave a Reply

Your email address will not be published. Required fields are marked *