/
Ashes In The Snow (2019)

Ashes In The Snow (2019)



Genre: , , Released: 12 October 2018 (Lithuania) Score: 7.4 Duration: 1h 38min Quality: 480p, 720p Years: View: 3,024

“နှင်းဟေမာန်​ကြားက မျောလွင့်​ပြာ”

IMDb… 7.4

2019 ထွက်​ အသစ်​စက်​စက်​ Drama

ဇာတ်​ကားကောင်း တစ်​ကားကို

ခံစားတင်​ဆက်​ပေးလိုက်​ပါတယ်​။

ဒီဇာတ်​ကားဟာ စစ်​အတွင်းဖြစ်​ပျက်​သမျှ

အဖြစ်​အပျက်​တွေကို အလွမ်းဓာတ်​တွေနဲ့

ထုံမွှန်းရိုက်​ကူးထားပါတယ်​။

Schindler’s List (1993) ကို ခံစားဖူးသူအဖို့

ဒီဇာတ်​ကားဟာလည်း ရင်​ထဲရောက်​ဦးမှာသေချာပါတယ်​။

ဇာတ်​လမ်းအကျဉ်းကတော့

ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့တဲ့ ၁၉၄၁ တုန်းက

၁၆ နှစ်အရွယ်​ ပန်းချီပညာရှင်​မ​လေးနဲ့

သူမရဲ့မိသားစုဟာ စတာလင်ရဲ့ လူမဆန်​စွာ

ဘဲလ်တစ် ပြည်နယ်ဆီ နယ်​နှင်​ဒဏ်​ပေးခြင်းကို

ခံလိုက်ရပါတယ်။

ညစ်ထေးဖွယ်​ စစ်​​ဘေးဒုက္ခတွေကြားထဲက

သန့်​စင်​တဲ့ ​မေတ္တာတရား​တွေ၊ မျှော်​လင့်​ချက်​​တွေ၊

မ​​ရေရာတဲ့ မနက်​ဖြန်​​တွေကြားထဲက ရုန်းကန်​မှုတွေ၊

စိတ်​ကူးစိတ်​သန်း အနုပညာ​တောထဲ

ကိုယ့်​ကိုကို မြုပ်​နှံထားတဲ့ လီနာ​​လေးတ​စ်​ယောက်

တကယ့်ေ​လာကကိုမြင်​မိတဲ့အခါ

စိတ်​ပျက်​သွားလေမလား။

သူ့ကမ္ဘာ​လေးထဲမှာပဲ ​ပျော်​ရွှင်​နိုင်​မလား။

ဖိနှိပ်​မှု​တွေရဲ့အောက်​မှာ

သူ့အနုပညာပေါ် စိတ်အားထက်သန်မှုနဲ့

သူမရဲ့ဘယ်တော့မှ

လမ်းမဆုံးနိုင်တဲ့မျှော်လင့်ချက်​တို့ဟာ

သမိုင်းတစ်​ခုရဲ့တိတ်ဆိတ်ငြိမ်သက်မှုကို

ဖြိုခွင်းနိုင်​ခဲ့မလား။

ငယ်​ငယ်​ကကြားဖူးတဲ့ကဗျာလေးအရဆို

“အနုပညာသည်​ရဲ့ အားမာန်​” ပေါ့။

အလွမ်းဓာတ်​ခံသမားလေး အဲရိုးမှ

ခံစားဘာသာပြန်​တင်​ဆက်​ပေးထားပါတယ်​။

Translated by Arrow
Encoded by Lin Htike Aung

Ray-Ray Armstrong Authentic Jersey