/
Aquamarine (2006)

Aquamarine (2006)

90’s kid တော်တော်များများ ကြည့်ခဲ့ဖူးမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ခုပါ ကလဲရ်နဲ့ ဟေလီဆိုတဲ့ 12နှစ်အရွယ်ကောင်မလေး 2ယောက်က ဖလော်ရီဒါကမ်းခြေမြို့လေးမှာ နေထိုင်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပါတယ် အဲ့ဒီမြို့လေးမှာ ရေမွန်ဆိုတဲ့ လူချောလေးက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့လေ ကလဲရ်နဲ့ဟေလီကလဲ ရေမွန်ကို ကြိတ်ချစ်နေသူတွေထဲပါတဲ့အပြင် စီစီလျာဆိုတဲ့ လူကြီးသမီးတစ်ယောက်ကလဲ ကလဲရ်နဲ့ဟေလီတို့နဲ့အပြိုင် ရေမွန်ကိုပိုးပမ်းနေသူဖြစ်ပါတယ် ကလဲရ်နဲ့ဟေလီတို့က စီစီလျာလောက်တော့ စပ်စလူးမထဘူးပေါ့လေ ဖြစ်ချင်တော့ ဒီနှစ်နွေရာသီအကုန်မှာ ကလဲရ်အမေက အိမ်ပြောင်းတော့မှာဖြစ်တဲ့အတွက် အချစ်ဆုံးသူငယ်ချင်း2ယောက် တကွဲတပြားစီဖြစ်တော့မဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပါတယ် ဒီလိုနဲ့တစ်ညမှာ မုန်တိုင်းအကြီးအကျယ်တိုက်ပြီး ဟေလီရဲ့အိမ်ထဲက ရေကူးကန်ထဲကို ရေသူမလေးတစ်ယောက်ရောက်လာခဲ့တယ် ရေသူမလေးက ပင်လယ်နတ်ဘုရားရဲ့ သမီးဖြစ်ပြီး ပြည်ကြီးငါးနဲ့လက်မထပ်ချင်လို့ ပင်လယ်ထဲကထွက်ပြေးလာသူဖြစ်ပါတယ် သူ့အဖေကို ကတိပေးထားတဲ့အတိုင်း 3ရက်အတွင်း အချစ်ဆိုတာကို ရှာမတွေ့ရင် ပင်လယ်ထဲပြန်ရမဲ့အခါ ကလဲရ်နဲ့ဟေလီတို့က ရေသူမလေး အကွာမရင်းကို ဘယ်လိုကူညီကြမှာလဲ အကွာမရင်းချစ်နေတဲ့လူကလဲ ရေမွန်ပဲဖြစ်နေတဲ့အခါမှာတော့………….. ငယ်ငယ်တုန်းကတော့ အတော်ကြည့်ကောင်းခဲ့တဲ့ ဇာတ်ကားလေးပါ ဇာတ်ဝင်သီချင်းတော်တော်များများကလဲ မြန်မာပြန်သီချင်းတွေအဖြစ် တော်တော်များများရင်းနှီးပြီးဖြစ်မှာပါ ဆယ်ကျော်သက်ကောင်မလေး 3ယောက်ရဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ပုံလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးကို အခုပဲကြည့်ရှုလိုက်ပါ

အညွှန်းကို ဇွန်မြတ်နိုးဆွေ မှ ရေးပေးတာဖြစ်ပါတယ်။

Genre: , , Director: Actors: , , , Country: Released: 03 Mar 2006
Score: 5.3 Duration: 104 min Quality: 1080p Years: View: 902