/
Americano (2016)

Americano (2016)

မက္ကစီကိုနိုင်ငံက သစ်ပင်ကြီးတစ်ပင်မှာနေထိုင်ကြတဲ့ ကြက်တူရွေးအုပ်စုမှာ ခေါင်းဆောင်ကြက်တူရွေးကြီးက ဆပ်ကပ်အဖွဲ့ကိုတည်ထောင်ထားပြီး သားဖြစ်သူကူကိုကို မျိုးရိုးအမွေဆက်ဆံစေချင်သူဖြစ်ပါတယ် ကူကိုကတော့ ဆပ်ကပ်ကိုစိတ်မဝင်စားဘဲ တီဗီဇာတ်လမ်းတွဲထဲက အယ်အမေရီကာနိုဆိုတဲ့ သူရဲကောင်းငှက်ကြီးကို အားကျနေသူဖြစ်ပါတယ် တနေ့မှာ ကူကိုအဖေရဲ့ ငယ်သူငယ်ချင်းရန်သူဖြစ်တဲ့ မာတင်က ဆပ်ကပ်အဖွဲ့ကိုအပိုင်စီးဖို့အကြံနဲ့ လပြည့်ညမှာ ကူကိုအဖေနဲ့ဆပ်ကပ်စွမ်းရည်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ် နိုင်တဲ့လူက ဆပ်ကပ်အဖွဲ့ဝတ်ရုံကိုရပြီး ခေါင်းဆောင်ဖြစ်မယ်လို့ သဘောတူလိုက်ကြတယ် ရုတ်တရက် ကူကိုအဖေက လေ့ကျင့်နေရင်း ခြေထောက်ကျိုးသွားတဲ့အခါ မာတင်ကိုပြိုင်ဖို့တာဝန်က ကူကိုပေါ်ကိုရောက်လာပါတော့တယ် အယ်အမေရီကာနိုက မာတင်ကို အနိုင်ယူနိုင်မယ်လို့ တွေးထားတဲ့ကူကိုက သူငယ်ချင်းနှစ်ကောင်နဲ့အတူ ဟောလိဝုဒ်ကိုသွားပြီး အယ်အမေရီကာနိုကို ရှာဖို့ဆုံးဖြတ်လိုက်ကြတယ် သူ့မိသားစုကိုကယ်တင်ဖို့ သူရဲကောင်းလိုက်ရှာနေတဲ့ကူကိုက တကယ့်သူရဲကောင်းနဲ့တွေ့နိုင်ပါ့မလား တစ်ခါတစ်လေ ကျနော်တို့က ကိုယ့်ဆီရှိနေပြီးသားအရာတွေကို အပြင်မှာလိုက်ရှာတတ်ကြတယ် ဒီကားလေးကတော့ ကိုယ့်ဆီရှိနေတဲ့ အရည်အချင်းတွေကို ကိုယ်တိုင်သိအောင် ရှာဖွေနိုင်ဖို့ပညာပေးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

Score: 4.6 Duration: 98 min Quality: 720p Years: View: 2,000