/
Almost Friends (2016)

Almost Friends (2016)



Genre: , Director: Actors: , , , Country: Released: 17 Nov 2017 Score: 5.9 Duration: 101 min Quality: 720p Years: View: 2,102

Amost Friends ဆိုတဲ့အဓိပ္ပါယ်က သူငယ်ချင်းတော့မဖြစ်သေးဘူး။ ဖြစ်လုဖြစ်ဆဲအခြေနေကိုပြောတာ။ ဥပမာ ကျွန်တော်တို့ Almost Done ဆိုတဲ့စကားကို အလုပ်တစ်ခုခုကို လုပ်နေဆဲပဲ ဒါပေမယ့်ပြီးလုနီးပါးအခြေအနေ၊ ပြီးပြီလားဆိုတော့လည်း မပြီးသေးဘူး အဲ့လိုအခြေနေမျိုးကို ပြောဆိုရာတွင် သုံးကြတယ်။
ဇာတ်လမ်းအကျဉ်း
ချာလီ ကဘဝကိုရိုးရိုးအေးအေးနဲ့ဖြတ်သန်းနေတဲ့ကောင်လေးတစ်ယောက် ဒါပေမယ့် သူ့မှာ family problem များစွာရှိတယ်။ သူငယ်ငယ်က သူတို့သားအမိကို သူ့အဖေကထားသွားခဲ့တယ်။ သူ့ရဲ့ရည်မှန်းချက်က စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ စာဖိုမှူးကြီးတစ်ယောက်ဖြစ်ဖို့။ လောလောဆယ်မှာတော့ ရုပ်ရှင်ရုံမှာပေါပေါက်ဆုပ်ရောင်းတဲ့ အလုပ်ကိုသူလုပ်နေတယ်။ အဲ့လိုနဲ့ပဲ တစ်နေ့မှာ အမ်ဘာ ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ သူဆုံတွေ့ခဲ့တယ်။ တွေ့တွေ့ချင်းပဲ သူ အမ်ဘာ ကိုသဘောကျသွားတယ်။ ဒါပေမယ့် အမ်ဘာ မှာကရည်းစားရှိတယ်။ အဲ့တာကြောင့် အမ်ဘာ့ အပေါ်မှာထားတဲ့သူ့စိတ်ကို သူငယ်ချင်း ဆိုတဲ့စည်းနဲ့ခြားထားခဲ့တယ်။ ဒါပေမယ့် သူတို့နှစ်ယောက်က တကယ်ပဲ သူငယ်ချင်းတွေဖြစ်သွားကြမလား။ ဒါမှမဟုတ် ဘယ်အဆင့်ထိရင်းနှီးသွားကြမလဲ၊ ချာလီ ကရော သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ စာဖိုမှူးကြီးဖြစ်သွားမလားဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ခံစားကြည့်ရှုပေးကြပါ။

(အညွှန်းနဲ့ဘာသာပြန်သူ Ko Thiha (IN’D) ဖြစ်ပါတယ်)

File size: 850mb
Encoder: Lin Htike Aung

ServerLanguageQualityLinks
Ray-Ray Armstrong Authentic Jersey