/
Aladdin 2019

Aladdin 2019



Genre: , , , , , Director: Actors: , , , Country: Released: 24 May 2019 Score: 7.4 Duration: 128 min Quality: 1080p 5.1 Years: View: 3,608

#Unicode

Aladdin (2019)
=============

မြန်မာစာတန်းထိုး
============

Aladdin ကို 1080p နဲ့မှကြည့်ချင်တဲ့သူတွေအတွက် အမြန်ဆုံး Encode ပြီးတင်ပေးလိုက်ပါတယ်။ Webrip ဆိုတာ Bluray အဆင့်မမှီတစ်မှီကိုပြောတာပါ။ Bluray ကိုမမှီရင်တောင်မှ Bluray ထက်မလျှော့ဘူးပေါ့။ Bluray Version က September 1 ရက်နေ့ 2019 မှထွက်မှာပါ။ အဲ့ကျရင် ပြန် Update ပေးပါ့မယ်။ အခု Webrip Version ကလဲကြည်တောက်ရှင်းပါပဲ။

တစ်ခါတစ်လေမှာ မမျှော်လင့်ထားတဲ့အရာတွေက
ပိုပြီးကောင်းမွန်နေတတ်တယ်။

Disney ရဲ့ live-action “Aladdin” ဟာ ကျနော် အရမ်းကြီး ကြည့်ချင်ခဲ့တဲ့အထဲမှာ မပါဝင်ခဲ့ဘူး။ ရှေ့မှာထွက်ထားခဲ့တဲ့ A Wrinkle In Time (2018), The Nutcracker And The Four Realms (2018), Dumbo (2019) တို့လို Disney ရဲ့ ဇာတ်ကားတွေကို ကြည့်ခဲ့ပြီး အိပ်ပျော်ခဲ့တဲ့အချိန်ကောင်းတွေရခဲ့သလို Disney live-action တွေကို ငြီးငွေ့ခဲ့တာကြောင့်လည်း ပါမယ်။

ဒါပေမဲ့ ကျနော် ရဲရဲကြီးပြောရဲတယ်။ Aladdin ဟာ Disney ရဲ့ လက်ရှိအချိန်ထိ ထွက်ထားသမျှ live-action ဇာတ်ကားတွေထဲမှာ အကောင်းဆုံးပါပဲ။

Aladdin ဇာတ်ကြောင်းကို သိနေကြပြီးသားမို့ အထူးတလည် ရေးပြမနေတော့ပါဘူး။ ယခု live-action ဟာ ယခင် ကာတွန်းကားလိုပဲ သီချင်းတွေနဲ့တွေ့ကြရမယ့် musical ဇာတ်ကားတစ်ကားပါ။

Disney ရဲ့ classic တေးသွားမြောက်များစွာကို ဖန်တီးခဲ့တဲ့ ပညာရှင်ကြီး Alan Menken ကိုယ်တိုင်ကပဲ ယခုဇာတ်ကားရဲ့ ဂီတတွေကို ပြန်လည်ဆန်းသစ်ပေးထားပါတယ်။ ဒါ့အပြင် “La La Land” ရဲ့ “City Of Stars” နဲ့ Oscar ဆုရရှိခဲ့ကြပြီး “The Greatest Showman” ရဲ့ တေးရေးဆရာတွေဖြစ်တဲ့ Benj Pasek နဲ့ Justin Paul တို့အတွဲကပါ ပါဝင်ရေးသားခဲ့တာမို့ အထူးအမွှန်းတင်နေစရာမလိုတော့ပါဘူး။

“Arabian Nights” “Friend Like Me” “Prince Ali” နဲ့ “A Whole New World” တို့လို သီချင်းတွေကို live-action version အသစ်နဲ့ ပြန်မြင်တွေ့နားဆင်ရတာဟာ တကယ့်ကို ကြည်နူးစရာပါပဲဲ။ ဒါ့အပြင် Namoi Scott ဆိုတဲ့ “Speechless” သီချင်းအသစ်တစ်ပုဒ်ကိုလည်း နားဆင်ကြရမှာပါ။ ဒီသီချင်းလေးဟာ Princess Jasmine ရဲ့ character ကို ပိုပြီးခံစားခဲ့ရသလို တကယ့်ကို powerful ဖြစ်တဲ့သီချင်းလေးပါပဲ။

သရုပ်ဆောင်ပိုင်းအနေနဲ့ပြောရရင် “Aladdin” အဖြစ် သရုပ်ဆောင်တဲ့ Mena Massoud ဟာ ကာတွန်းကားထဲက Aladdin လောက် charming မဖြစ်ဘူးလို့ ခံစားခဲ့မိတာကလွဲရင် တကယ်ကို သူရဲ့ကြိုးစားအားထုတ်မှုကို မြင်တွေ့နိုင်ပါတယ်။ Princess Jasmine အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Naomi Scott (Pink Ranger) လေးကတော့ ကျနော့်အတွက် အကြိုက်ဆုံး Disney ရဲ့ live-action princess ဖြစ်သွားခဲ့ရပါပြီ။ Jafar အနေနဲ့သရုပ်ဆောင်ခဲ့တဲ့ Marwan Kenzariကိုတော့ သိပ်ပြီအပြစ်ပြောစရာမရှိခဲ့ဘူး။ သူ့နေရာမှာ နာမည်ရှိပြီးသားသရုပ်ဆောင်တစ်ယောက်ကို အသုံးပြုခဲ့မယ်ဆိုရင် ပိုပြီးရုပ်လုံးကြွလိမ့်မယ်လို့ ထင်မိတယ်။

Will Smith ကို Genie အဖြစ်တွေ့ရတော့မယ်ဆိုတော့ Disney တော့ လုပ်စားပြီလို့ ကျနော်တွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့ပြီး Will တစ်ယောက် သူရဲ့ ကိုယ်ပိုင် Genie ကို အကောင်းဆုံးဖန်တီးနိုင်ခဲ့ပါတယ်။ Will ကြောင့့်ပဲ သူရဲ့ CGI ကြီးကိုုတောင် မေ့လျော့နေခဲ့ရပါတယ်။

ယခုဇာတ်ကားနဲ့ရှေ့က Disney live action ဇာတ်ကားတွေရဲ့ကွာခြားချက်က Casts တွေကြားက good chemistry ပါပဲ။ “Beauty And The Beast” မှာတောင် မတွေ့ခဲ့ရပါဘူး။

“King Arthur: Legend Of The Sword” ဇာတ်ကားနဲ့ fail ခဲ့တဲ့ ဒါရိုက်တာ Guy Ritchie တစ်ယောက် ယခုဇာတ်ကားနဲ့ ပြန်လည်ခေါင်းမော့နိုင်ပါပြီ။ ဒါတောင် သူ့စိတ်ကြိုက်စတိုင် visual effects တွေက မြန်မာပြည်ရုပ်ရှင်ရုံက အကောင်းစား 3D မျက်မှန်တွေနဲ့တွေ့ပြီး ၄/၅ ခါလောက် မျက်မှန်ကို သုတ်ပြီးကြည့်ယူခဲ့ရသေးတယ်။

နောက်ထပ်ပြောချင်တာကတော့ မြန်မာအတွက် ဝမ်းသာဂုဏ်ယူစရာပါ။ Sultan ဘုရင်ရဲ့နန်းတော်ကြီးကို ပြသရာမှာ မြန်မာမှုလက်ရာနဲ့တည်ဆောက်ထားတာကို အထင်အရှားတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

ဇာတ်ကားကြည့်ပြီး မြန်မာမှုလက်ရာဟုတ်မဟုတ် ရှာကြည့်တော့ Aladdin ဇာတ်ကားရဲ့ ထုတ်လုပ်ရေးဒီဇိုင်နာတစ်ဦးဖြစ်သူ Gemma Jackson က Sultanရဲ့ နန်းတော်ကိုပုံဖော်ဖို့ Designလေ့လာရင်း သက်တမ်းတော်တော်ကြာနေပြီး သစ်သားကနုတ်တွေကို ရွှေဆေးသုတ်ပြီး တည််ဆောက်ထားတဲ့ ဗမာဘုန်းကြီးကျောင်းကိုတွေ့ရှိခဲ့ရာမှာ သဘောကျလွန်းလို့ ယူသုံးခဲ့တာပါလို့ https://ew.com/movies/2019/05/16/aladdin-production-design-agrabah/ မှာရေးထားပါတယ်။

အချုပ်အနေနဲ့ပြောရရင် “Aladdin” ဟာ twists တွေဘာတွေမပါဘဲနဲ့ ကျနော်တို့ သိပြီးသားဇာတ်လမ်းကိုပဲ ရိုးရိုးရှင်းရှင်း ရိုက်ကူးထားတာပါ။ ဒါပေမဲ့ သင်ဟာ “Aladdin” live-action ကိုကြည့်ရင်း Disney ဇာတ်ကားတွေကို စွဲလန်းခဲ့ဖူးတဲ့ ကလေးဘဝတုန်းကလို ကြည်နူးဖွယ် ခံစားခဲ့မိပါလိမ့်မယ်။

#MMDB_Reviews

Translated By Rashida And Encoded By Lin Htike Aung

IMDb – 7.4/10
Genres: Adventure | Comedy | Family | Fantasy | Musical | Romance
Runtime: 128 min

Download Type – Myandrive, Filerocks, Gofile, Megaup
Download size – 1.9GB (1080p 5.1CH Webrip)
Download Link – First Comment

#Zawgyi

Aladdin (2019)
=============

ျမန္မာစာတန္းထိုး
============

Aladdin ကို 1080p နဲ႔မွၾကည့္ခ်င္တဲ့သူေတြအတြက္ အျမန္ဆုံး Encode ၿပီးတင္ေပးလိုက္ပါတယ္။ Webrip ဆိုတာ Bluray အဆင့္မမွီတစ္မွီကိုေျပာတာပါ။ Bluray ကိုမမွီရင္ေတာင္မွ Bluray ထက္မေလၽွာ့ဘူးေပါ့။ Bluray Version က September 1 ရက္ေန႔ 2019 မွထြက္မွာပါ။ အဲ့က်ရင္ ျပန္ Update ေပးပါ့မယ္။ အခု Webrip Version ကလဲၾကည္ေတာက္ရွင္းပါပဲ။

တစ္ခါတစ္ေလမွာ မေမၽွာ္လင့္ထားတဲ့အရာေတြက
ပိုၿပီးေကာင္းမြန္ေနတတ္တယ္။

Disney ရဲ့ live-action “Aladdin” ဟာ က်ေနာ္ အရမ္းႀကီး ၾကည့္ခ်င္ခဲ့တဲ့အထဲမွာ မပါဝင္ခဲ့ဘူး။ ေရွ႕မွာထြက္ထားခဲ့တဲ့ A Wrinkle In Time (2018), The Nutcracker And The Four Realms (2018), Dumbo (2019) တို႔လို Disney ရဲ့ ဇာတ္ကားေတြကို ၾကည့္ခဲ့ၿပီး အိပ္ေပ်ာ္ခဲ့တဲ့အခ်ိန္ေကာင္းေတြရခဲ့သလို Disney live-action ေတြကို ၿငီးေငြ႕ခဲ့တာေၾကာင့္လည္း ပါမယ္။

ဒါေပမဲ့ က်ေနာ္ ရဲရဲႀကီးေျပာရဲတယ္။ Aladdin ဟာ Disney ရဲ့ လက္ရွိအခ်ိန္ထိ ထြက္ထားသမၽွ live-action ဇာတ္ကားေတြထဲမွာ အေကာင္းဆုံးပါပဲ။

Aladdin ဇာတ္ေၾကာင္းကို သိေနၾကၿပီးသားမို႔ အထူးတလည္ ေရးျပမေနေတာ့ပါဘူး။ ယခု live-action ဟာ ယခင္ ကာတြန္းကားလိုပဲ သီခ်င္းေတြနဲ႔ေတြ႕ၾကရမယ့္ musical ဇာတ္ကားတစ္ကားပါ။

Disney ရဲ့ classic ေတးသြားေျမာက္မ်ားစြာကို ဖန္တီးခဲ့တဲ့ ပညာရွင္ႀကီး Alan Menken ကိုယ္တိုင္ကပဲ ယခုဇာတ္ကားရဲ့ ဂီတေတြကို ျပန္လည္ဆန္းသစ္ေပးထားပါတယ္။ ဒါ့အျပင္ “La La Land” ရဲ့ “City Of Stars” နဲ႔ Oscar ဆုရရွိခဲ့ၾကၿပီး “The Greatest Showman” ရဲ့ ေတးေရးဆရာေတြျဖစ္တဲ့ Benj Pasek နဲ႔ Justin Paul တို႔အတြဲကပါ ပါဝင္ေရးသားခဲ့တာမို႔ အထူးအမႊန္းတင္ေနစရာမလိုေတာ့ပါဘူး။

“Arabian Nights” “Friend Like Me” “Prince Ali” နဲ႔ “A Whole New World” တို႔လို သီခ်င္းေတြကို live-action version အသစ္နဲ႔ ျပန္ျမင္ေတြ႕နားဆင္ရတာဟာ တကယ့္ကို ၾကည္ႏူးစရာပါပဲဲ။ ဒါ့အျပင္ Namoi Scott ဆိုတဲ့ “Speechless” သီခ်င္းအသစ္တစ္ပုဒ္ကိုလည္း နားဆင္ၾကရမွာပါ။ ဒီသီခ်င္းေလးဟာ Princess Jasmine ရဲ့ character ကို ပိုၿပီးခံစားခဲ့ရသလို တကယ့္ကို powerful ျဖစ္တဲ့သီခ်င္းေလးပါပဲ။

သ႐ုပ္ေဆာင္ပိုင္းအေနနဲ႔ေျပာရရင္ “Aladdin” အျဖစ္ သ႐ုပ္ေဆာင္တဲ့ Mena Massoud ဟာ ကာတြန္းကားထဲက Aladdin ေလာက္ charming မျဖစ္ဘူးလို႔ ခံစားခဲ့မိတာကလြဲရင္ တကယ္ကို သူရဲ့ႀကိဳးစားအားထုတ္မႈကို ျမင္ေတြ႕နိုင္ပါတယ္။ Princess Jasmine အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Naomi Scott (Pink Ranger) ေလးကေတာ့ က်ေနာ့္အတြက္ အႀကိဳက္ဆုံး Disney ရဲ့ live-action princess ျဖစ္သြားခဲ့ရပါၿပီ။ Jafar အေနနဲ႔သ႐ုပ္ေဆာင္ခဲ့တဲ့ Marwan Kenzariကိုေတာ့ သိပ္ၿပီအျပစ္ေျပာစရာမရွိခဲ့ဘူး။ သူ႔ေနရာမွာ နာမည္ရွိၿပီးသားသ႐ုပ္ေဆာင္တစ္ေယာက္ကို အသုံးျပဳခဲ့မယ္ဆိုရင္ ပိုၿပီး႐ုပ္လုံးႂကြလိမ့္မယ္လို႔ ထင္မိတယ္။

Will Smith ကို Genie အျဖစ္ေတြ႕ရေတာ့မယ္ဆိုေတာ့ Disney ေတာ့ လုပ္စားၿပီလို႔ က်ေနာ္ေတြးခဲ့ဖူးပါတယ္။ ဒါေပမဲ့ သူတို႔ရဲ့ ေရြးခ်ယ္မႈ မွန္ကန္ခဲ့ၿပီး Will တစ္ေယာက္ သူရဲ့ ကိုယ္ပိုင္ Genie ကို အေကာင္းဆုံးဖန္တီးနိုင္ခဲ့ပါတယ္။ Will ေၾကာင့့္ပဲ သူရဲ့ CGI ႀကီးကိုုေတာင္ ေမ့ေလ်ာ့ေနခဲ့ရပါတယ္။

ယခုဇာတ္ကားနဲ႔ေရွ႕က Disney live action ဇာတ္ကားေတြရဲ့ကြာျခားခ်က္က Casts ေတြၾကားက good chemistry ပါပဲ။ “Beauty And The Beast” မွာေတာင္ မေတြ႕ခဲ့ရပါဘူး။

“King Arthur: Legend Of The Sword” ဇာတ္ကားနဲ႔ fail ခဲ့တဲ့ ဒါရိုက္တာ Guy Ritchie တစ္ေယာက္ ယခုဇာတ္ကားနဲ႔ ျပန္လည္ေခါင္းေမာ့နိုင္ပါၿပီ။ ဒါေတာင္ သူ႔စိတ္ႀကိဳက္စတိုင္ visual effects ေတြက ျမန္မာျပည္႐ုပ္ရွင္႐ုံက အေကာင္းစား 3D မ်က္မွန္ေတြနဲ႔ေတြ႕ၿပီး ၄/၅ ခါေလာက္ မ်က္မွန္ကို သုတ္ၿပီးၾကည့္ယူခဲ့ရေသးတယ္။

ေနာက္ထပ္ေျပာခ်င္တာကေတာ့ ျမန္မာအတြက္ ဝမ္းသာဂုဏ္ယူစရာပါ။ Sultan ဘုရင္ရဲ့နန္းေတာ္ႀကီးကို ျပသရာမွာ ျမန္မာမႈလက္ရာနဲ႔တည္ေဆာက္ထားတာကို အထင္အရွားေတြ႕ရွိနိုင္မွာျဖစ္ပါတယ္။

ဇာတ္ကားၾကည့္ၿပီး ျမန္မာမႈလက္ရာဟုတ္မဟုတ္ ရွာၾကည့္ေတာ့ Aladdin ဇာတ္ကားရဲ့ ထုတ္လုပ္ေရးဒီဇိုင္နာတစ္ဦးျဖစ္သူ Gemma Jackson က Sultanရဲ့ နန္းေတာ္ကိုပုံေဖာ္ဖို႔ Designေလ့လာရင္း သက္တမ္းေတာ္ေတာ္ၾကာေနၿပီး သစ္သားကႏုတ္ေတြကို ေရႊေဆးသုတ္ၿပီး တည္္ေဆာက္ထားတဲ့ ဗမာဘုန္းႀကီးေက်ာင္းကိုေတြ႕ရွိခဲ့ရာမွာ သေဘာက်လြန္းလို႔ ယူသုံးခဲ့တာပါလို႔ https://ew.com/movies/2019/05/16/aladdin-production-design-agrabah/ မွာေရးထားပါတယ္။

အခ်ဳပ္အေနနဲ႔ေျပာရရင္ “Aladdin” ဟာ twists ေတြဘာေတြမပါဘဲနဲ႔ က်ေနာ္တို႔ သိၿပီးသားဇာတ္လမ္းကိုပဲ ရိုးရိုးရွင္းရွင္း ရိုက္ကူးထားတာပါ။ ဒါေပမဲ့ သင္ဟာ “Aladdin” live-action ကိုၾကည့္ရင္း Disney ဇာတ္ကားေတြကို စြဲလန္းခဲ့ဖူးတဲ့ ကေလးဘဝတုန္းကလို ၾကည္ႏူးဖြယ္ ခံစားခဲ့မိပါလိမ့္မယ္။

#MMDB_Reviews

Translated By Rashida And Encoded By Lin Htike Aung

IMDb – 7.4/10
Genres: Adventure | Comedy | Family | Fantasy | Musical | Romance
Runtime: 128 min

Download Type – Myandrive, Filerocks, Gofile, Megaup
Download size – 1.9GB (1080p 5.1CH Webrip)
Download Link – First Comment

One response to “Aladdin 2019”

Leave a Reply

Your email address will not be published. Required fields are marked *