/
Aladdin 2019

Aladdin 2019



Genre: , , , , Director: Actors: , , , Country: Released: 24 May 2019 Score: 7.2 Duration: 128 min Quality: 1080p 5.1, Bluray 720p Years: View: 930

#Unicode

Aladdin (2019) 1080p Bluray 5.1CH (Update)
=====================================

မြန်မာစာတန်းထိုးအမှန်
==================

Aladdin 2019 ရဲ့ 1080p Bluray 5.1CH ထွက်လာလို့အမြန်ဆုံး
Encode ပေးပြီးတင်ဆက်ပေးလိုက်ပါတယ်။ မြန်မာစာတန်းထိုးအမှန်နဲ့
သီချင်းတွေအားလုံးကိုလဲဘာသာပြန်ပေးထားပါတယ်။
Webrip Version မှာမပါခဲ့တဲ့ ဇာတ်လမ်းပြီးသွားတဲ့အခါမှာသီဆိုထားတဲ့ သီချင်းတွေကတော့
ကျွန်တော်လင်းထိုက်အောင် နည်းနည်းပါဝင်ပြီးဘာသာပြန်ပေးထားပါတယ်။

Translated By Rashida And Encoded By Lin Htike Aung

IMDb – 7.4/10
Genres: Adventure | Comedy | Family | Fantasy | Musical | Romance
Runtime: 128 min

Download Type – Gofile, Archive, Filerocks, Megaup
Download size – (1080p Bluray 5.1CH – 1.9Gb) (720p Bluray – 1.01Gb)
Download Link – First Comment

တစ်ခါတစ်လေမှာ မမျှော်လင့်ထားတဲ့အရာတွေက
ပိုပြီးကောင်းမွန်နေတတ်တယ်။

Disney ရဲ့ live-action “Aladdin” ဟာ ကျနော် အရမ်းကြီး ကြည့်ချင်ခဲ့တဲ့အထဲမှာ မပါဝင်ခဲ့ဘူး။ ရှေ့မှာထွက်ထားခဲ့တဲ့ A Wrinkle In Time (2018), The Nutcracker And The Four Realms (2018), Dumbo (2019) တို့လို Disney ရဲ့ ဇာတ်ကားတွေကို ကြည့်ခဲ့ပြီး အိပ်ပျော်ခဲ့တဲ့အချိန်ကောင်းတွေရခဲ့သလို Disney live-action တွေကို ငြီးငွေ့ခဲ့တာကြောင့်လည်း ပါမယ်။

ဒါပေမဲ့ ကျနော် ရဲရဲကြီးပြောရဲတယ်။ Aladdin ဟာ Disney ရဲ့ လက်ရှိအချိန်ထိ ထွက်ထားသမျှ live-action ဇာတ်ကားတွေထဲမှာ အကောင်းဆုံးပါပဲ။

Aladdin ဇာတ်ကြောင်းကို သိနေကြပြီးသားမို့ အထူးတလည် ရေးပြမနေတော့ပါဘူး။ ယခု live-action ဟာ ယခင် ကာတွန်းကားလိုပဲ သီချင်းတွေနဲ့တွေ့ကြရမယ့် musical ဇာတ်ကားတစ်ကားပါ။

Disney ရဲ့ classic တေးသွားမြောက်များစွာကို ဖန်တီးခဲ့တဲ့ ပညာရှင်ကြီး Alan Menken ကိုယ်တိုင်ကပဲ ယခုဇာတ်ကားရဲ့ ဂီတတွေကို ပြန်လည်ဆန်းသစ်ပေးထားပါတယ်။ ဒါ့အပြင် “La La Land” ရဲ့ “City Of Stars” နဲ့ Oscar ဆုရရှိခဲ့ကြပြီး “The Greatest Showman” ရဲ့ တေးရေးဆရာတွေဖြစ်တဲ့ Benj Pasek နဲ့ Justin Paul တို့အတွဲကပါ ပါဝင်ရေးသားခဲ့တာမို့ အထူးအမွှန်းတင်နေစရာမလိုတော့ပါဘူး။

“Arabian Nights” “Friend Like Me” “Prince Ali” နဲ့ “A Whole New World” တို့လို သီချင်းတွေကို live-action version အသစ်နဲ့ ပြန်မြင်တွေ့နားဆင်ရတာဟာ တကယ့်ကို ကြည်နူးစရာပါပဲ။ ဒါ့အပြင် Namoi Scott ဆိုတဲ့ “Speechless” သီချင်းအသစ်တစ်ပုဒ်ကိုလည်း နားဆင်ကြရမှာပါ။ ဒီသီချင်းလေးဟာ Princess Jasmine ရဲ့ character ကို ပိုပြီးခံစားခဲ့ရသလို တကယ့်ကို powerful ဖြစ်တဲ့သီချင်းလေးပါပဲ။

သရုပ်ဆောင်ပိုင်းအနေနဲ့ပြောရရင် “Aladdin” အဖြစ် သရုပ်ဆောင်တဲ့ Mena Massoud ဟာ ကာတွန်းကားထဲက Aladdin လောက် charming မဖြစ်ဘူးလို့ ခံစားခဲ့မိတာကလွဲရင် တကယ်ကို သူရဲ့ကြိုးစားအားထုတ်မှုကို မြင်တွေ့နိုင်ပါတယ်။ Princess Jasmine အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Naomi Scott (Pink Ranger) လေးကတော့ ကျနော့်အတွက် အကြိုက်ဆုံး Disney ရဲ့ live-action princess ဖြစ်သွားခဲ့ရပါပြီ။ Jafar အနေနဲ့သရုပ်ဆောင်ခဲ့တဲ့ Marwan Kenzariကိုတော့ သိပ်ပြီအပြစ်ပြောစရာမရှိခဲ့ဘူး။ သူ့နေရာမှာ နာမည်ရှိပြီးသားသရုပ်ဆောင်တစ်ယောက်ကို အသုံးပြုခဲ့မယ်ဆိုရင် ပိုပြီးရုပ်လုံးကြွလိမ့်မယ်လို့ ထင်မိတယ်။

Will Smith ကို Genie အဖြစ်တွေ့ရတော့မယ်ဆိုတော့ Disney တော့ လုပ်စားပြီလို့ ကျနော်တွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့ပြီး Will တစ်ယောက် သူရဲ့ ကိုယ်ပိုင် Genie ကို အကောင်းဆုံးဖန်တီးနိုင်ခဲ့ပါတယ်။ Will ကြောင့်ပဲ သူရဲ့ CGI ကြီးကိုတောင် မေ့လျော့နေခဲ့ရပါတယ်။

ယခုဇာတ်ကားနဲ့ရှေ့က Disney live action ဇာတ်ကားတွေရဲ့ကွာခြားချက်က Casts တွေကြားက good chemistry ပါပဲ။ “Beauty And The Beast” မှာတောင် မတွေ့ခဲ့ရပါဘူး။

“King Arthur: Legend Of The Sword” ဇာတ်ကားနဲ့ fail ခဲ့တဲ့ ဒါရိုက်တာ Guy Ritchie တစ်ယောက် ယခုဇာတ်ကားနဲ့ ပြန်လည်ခေါင်းမော့နိုင်ပါပြီ။ ဒါတောင် သူ့စိတ်ကြိုက်စတိုင် visual effects တွေက မြန်မာပြည်ရုပ်ရှင်ရုံက အကောင်းစား 3D မျက်မှန်တွေနဲ့တွေ့ပြီး ၄/၅ ခါလောက် မျက်မှန်ကို သုတ်ပြီးကြည့်ယူခဲ့ရသေးတယ်။

နောက်ထပ်ပြောချင်တာကတော့ မြန်မာအတွက် ဝမ်းသာဂုဏ်ယူစရာပါ။ Sultan ဘုရင်ရဲ့နန်းတော်ကြီးကို ပြသရာမှာ မြန်မာမှုလက်ရာနဲ့တည်ဆောက်ထားတာကို အထင်အရှားတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

ဇာတ်ကားကြည့်ပြီး မြန်မာမှုလက်ရာဟုတ်မဟုတ် ရှာကြည့်တော့ Aladdin ဇာတ်ကားရဲ့ ထုတ်လုပ်ရေးဒီဇိုင်နာတစ်ဦးဖြစ်သူ Gemma Jackson က Sultanရဲ့ နန်းတော်ကိုပုံဖော်ဖို့ Designလေ့လာရင်း သက်တမ်းတော်တော်ကြာနေပြီး သစ်သားကနုတ်တွေကို ရွှေဆေးသုတ်ပြီး တည်ဆောက်ထားတဲ့ ဗမာဘုန်းကြီးကျောင်းကိုတွေ့ရှိခဲ့ရာမှာ သဘောကျလွန်းလို့ ယူသုံးခဲ့တာပါလို့ https://ew.com/movies/2019/05/16/aladdin-production-design-agrabah/ မှာရေးထားပါတယ်။

အချုပ်အနေနဲ့ပြောရရင် “Aladdin” ဟာ twists တွေဘာတွေမပါဘဲနဲ့ ကျနော်တို့ သိပြီးသားဇာတ်လမ်းကိုပဲ ရိုးရိုးရှင်းရှင်း ရိုက်ကူးထားတာပါ။ ဒါပေမဲ့ သင်ဟာ “Aladdin” live-action ကိုကြည့်ရင်း Disney ဇာတ်ကားတွေကို စွဲလန်းခဲ့ဖူးတဲ့ ကလေးဘဝတုန်းကလို ကြည်နူးဖွယ် ခံစားခဲ့မိပါလိမ့်မယ်။

#MMDB_Reviews

#Zawgyi

Aladdin (2019) 1080p Bluray 5.1CH (Update)
=====================================

ျမန္မာစာတန္းထိုးအမွန္
==================

Aladdin 2019 ရဲ႕ 1080p Bluray 5.1CH ထြက္လာလို႔အျမန္ဆံုး
Encode ေပးျပီးတင္ဆက္ေပးလိုက္ပါတယ္။ ျမန္မာစာတန္းထိုးအမွန္နဲ႔
သီခ်င္းေတြအားလံုးကိုလဲဘာသာျပန္ေပးထားပါတယ္။
Webrip Version မွာမပါခဲ့တဲ့ ဇာတ္လမ္းျပီးသြားတဲ့အခါမွာသီဆိုထားတဲ့ သီခ်င္းေတြကေတာ့
ကြ်န္ေတာ္လင္းထိုက္ေအာင္ နည္းနည္းပါ၀င္ျပီးဘာသာျပန္ေပးထားပါတယ္။

Translated By Rashida And Encoded By Lin Htike Aung

IMDb – 7.4/10
Genres: Adventure | Comedy | Family | Fantasy | Musical | Romance
Runtime: 128 min

Download Type – Gofile, Archive, Filerocks, Megaup
Download size – (1080p Bluray 5.1CH – 1.9Gb) (720p Bluray – 1.01Gb)
Download Link – First Comment

တစ္ခါတစ္ေလမွာ မေမ်ွာ္လင့္ထားတဲ့အရာေတြက
ပိုၿပီးေကာင္းမြန္ေနတတ္တယ္။

Disney ရဲ႕ live-action “Aladdin” ဟာ က်ေနာ္ အရမ္းႀကီး ၾကည္႔ခ်င္ခဲ့တဲ့အထဲမွာ မပါဝင္ခဲ့ဘူး။ ေရွ႕မွာထြက္ထားခဲ့တဲ့ A Wrinkle In Time (2018), The Nutcracker And The Four Realms (2018), Dumbo (2019) တို႔လို Disney ရဲ႕ ဇာတ္ကားေတြကို ၾကည့္ခဲ့ျပီး အိပ္ေပ်ာ္ခဲ့တဲ့အခ်ိန္ေကာင္းေတြရခဲ့သလို Disney live-action ေတြကို ၿငီးေငြ႕ခဲ့တာေၾကာင့္လည္း ပါမယ္။

ဒါေပမဲ့ က်ေနာ္ ရဲရဲႀကီးေျပာရဲတယ္။ Aladdin ဟာ Disney ရဲ႕ လက္ရွိအခ်ိန္ထိ ထြက္ထားသမ်ွ live-action ဇာတ္ကားေတြထဲမွာ အေကာင္းဆုံးပါပဲ။

Aladdin ဇာတ္ေၾကာင္းကို သိေနၾကျပီးသားမို႔ အထူးတလည္ ေရးျပမေနေတာ့ပါဘူး။ ယခု live-action ဟာ ယခင္ ကာတြန္းကားလိုပဲ သီခ်င္းေတြနဲ႔ေတြ႕ျကရမယ့္ musical ဇာတ္ကားတစ္ကားပါ။

Disney ရဲ႕ classic ေတးသြားေျမာက္မ်ားစြာကို ဖန္တီးခဲ့တဲ့ ပညာရွင္ႀကီး Alan Menken ကိုယ္တိုင္ကပဲ ယခုဇာတ္ကားရဲ႕ ဂီတေတြကို ျပန္လည္ဆန္းသစ္ေပးထားပါတယ္။ ဒါ့အျပင္ “La La Land” ရဲ႕ “City Of Stars” နဲ႕ Oscar ဆုရရွိခဲ့ျကျပီး “The Greatest Showman” ရဲ႕ ေတးေရးဆရာေတြျဖစ္တဲ့ Benj Pasek နဲ႔ Justin Paul တို႔အတြဲကပါ ပါဝင္ေရးသားခဲ့တာမို႔ အထူးအမႊန္းတင္ေနစရာမလိုေတာ့ပါဘူး။

“Arabian Nights” “Friend Like Me” “Prince Ali” နဲ႔ “A Whole New World” တို႔လို သီခ်င္းေတြကို live-action version အသစ္နဲ႕ ျပန္ျမင္ေတြ႕နားဆင္ရတာဟာ တကယ့္ကို ၾကည္ႏူးစရာပါပဲဲ။ ဒါ့အျပင္ Namoi Scott ဆိုတဲ့ “Speechless” သီခ်င္းအသစ္တစ္ပုဒ္ကိုလည္း နားဆင္ၾကရမွာပါ။ ဒီသီခ်င္းေလးဟာ Princess Jasmine ရဲ႕ character ကို ပိုျပီးခံစားခဲ့ရသလို တကယ့္ကို powerful ျဖစ္တဲ့သီခ်င္းေလးပါပဲ။

သရုပ္ေဆာင္ပိုင္းအေနနဲ႔ေျပာရရင္ “Aladdin” အျဖစ္ သရုပ္ေဆာင္တဲ့ Mena Massoud ဟာ ကာတြန္းကားထဲက Aladdin ေလာက္ charming မျဖစ္ဘူးလို႔ ခံစားခဲ႕မိတာကလြဲရင္ တကယ္ကို သူရဲ႕ႀကိဳးစားအားထုတ္မွုကို ျမင္ေတြ႕ႏိုင္ပါတယ္။ Princess Jasmine အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ Naomi Scott (Pink Ranger) ေလးကေတာ့ က်ေနာ့္အတြက္ အႀကိဳက္ဆုံး Disney ရဲ႕ live-action princess ျဖစ္သြားခဲ့ရပါျပီ။ Jafar အေနနဲ႔သရုပ္ေဆာင္ခဲ့တဲ့ Marwan Kenzariကိုေတာ့ သိပ္ျပီအျပစ္ေျပာစရာမရွိခဲ့ဘူး။ သူ႔ေနရာမွာ နာမည္ရွိျပီးသားသရုပ္ေဆာင္တစ္ေယာက္ကို အသုံးျပဳခဲ့မယ္ဆိုရင္ ပိုျပီးရုပ္လုံးၾကြလိမ့္မယ္လို႔ ထင္မိတယ္။

Will Smith ကို Genie အျဖစ္ေတြ႕ရေတာ့မယ္ဆိုေတာ့ Disney ေတာ့ လုပ္စားျပီလို႔ က်ေနာ္ေတြးခဲ့ဖူးပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕ ေရြးခ်ယ္မွု မွန္ကန္ခဲ႕ျပီး Will တစ္ေယာက္ သူရဲ႕ ကိုယ္ပိုင္ Genie ကို အေကာင္းဆုံးဖန္တီးႏိုင္ခဲ႕ပါတယ္။ Will ေၾကာင့့္ပဲ သူရဲ႕ CGI ႀကီးကိုုေတာင္ ေမ့ေလ်ာ့ေနခဲ့ရပါတယ္။

ယခုဇာတ္ကားနဲ႔ေရွ႕က Disney live action ဇာတ္ကားေတြရဲ႕ကြာျခားခ်က္က Casts ေတြျကားက good chemistry ပါပဲ။ “Beauty And The Beast” မွာေတာင္ မေတြ႕ခဲ႕ရပါဘူး။

“King Arthur: Legend Of The Sword” ဇာတ္ကားနဲ႔ fail ခဲ့တဲ့ ဒါရိုက္တာ Guy Ritchie တစ္ေယာက္ ယခုဇာတ္ကားနဲ႔ ျပန္လည္ေခါင္းေမာ့ႏိုင္ပါျပီ။ ဒါေတာင္ သူ႔စိတ္ႀကိဳက္စတိုင္ visual effects ေတြက ျမန္မာျပည္ရုပ္ရွင္ရုံက အေကာင္းစား 3D မ်က္မွန္ေတြနဲ႔ေတြ႕ျပီး ၄/၅ ခါေလာက္ မ်က္မွန္ကို သုတ္ျပီးၾကည့္ယူခဲ့ရေသးတယ္။

ေနာက္ထပ္ေျပာခ်င္တာကေတာ့ ျမန္မာအတြက္ ဝမ္းသာဂုဏ္ယူစရာပါ။ Sultan ဘုရင္ရဲ႕နန္းေတာ္ႀကီးကို ျပသရာမွာ ျမန္မာမႈလက္ရာနဲ႔တည္ေဆာက္ထားတာကို အထင္အရွားေတြ႕ရွိႏိုင္မွာျဖစ္ပါတယ္။

ဇာတ္ကားၾကည့္ၿပီး ျမန္မာမႈလက္ရာဟုတ္မဟုတ္ ရွာၾကည့္ေတာ့ Aladdin ဇာတ္ကားရဲ႕ ထုတ္လုပ္ေရးဒီဇိုင္နာတစ္ဦးျဖစ္သူ Gemma Jackson က Sultanရဲ႕ နန္းေတာ္ကိုပံုေဖာ္ဖို႔ Designေလ႕လာရင္း သက္တမ္းေတာ္ေတာ္ၾကာေနျပီး သစ္သားကႏုတ္ေတြကို ေရႊေဆးသုတ္ျပီး တည္္ေဆာက္ထားတဲ့ ဗမာဘုန္းႀကီးေက်ာင္းကိုေတြ႔႐ွိခဲ့ရာမွာ သေဘာက်လြန္းလို႔ ယူသံုးခဲ့တာပါလို႔ https://ew.com/movies/2019/05/16/aladdin-production-design-agrabah/ မွာေရးထားပါတယ္။

အခ်ဳပ္အေနနဲ႕ေျပာရရင္ “Aladdin” ဟာ twists ေတြဘာေတြမပါဘဲနဲ႔ က်ေနာ္တို႔ သိျပီးသားဇာတ္လမ္းကိုပဲ ရိုးရိုးရွင္းရွင္း ရိုက္ကူးထားတာပါ။ ဒါေပမဲ့ သင္ဟာ “Aladdin” live-action ကိုၾကည့္ရင္း Disney ဇာတ္ကားေတြကို စြဲလန္းခဲ့ဖူးတဲ့ ကေလးဘဝတုန္းကလို ၾကည္ႏူးဖြယ္ ခံစားခဲ့မိပါလိမ့္မယ္။

#MMDB_Reviews

One response to “Aladdin 2019”

  1. Exceptional post but I was wanting to know if you could write a litte more on this subject? I’d be very grateful if you could elaborate a little bit more. Bless you!

Leave a Reply

Your email address will not be published. Required fields are marked *