/
A Nightmare On Elm Street​ (1984)

A Nightmare On Elm Street​ (1984)



Genre: Director: Actors: , , Country: Released: 16 November 1984 (USA) Score: 7.5 Duration: 1h 31min Quality: 360p, 720p Years: View: 2,816

Rotten Tomatoes… 94%

IMDb… 7.5

ဒီတစ်ခေါက်တော့ Horror ကားတွေထဲကမှ

နာမည်ကြီး ဂန္တဝင်ကားတစ်ကားကို

တင်ဆက်ပေးလိုက်ပါတယ်။

Best Horror Film ဆုနဲ့ အခြားဆုများကိုလည်း

သိမ်းပိုက်ခဲ့တဲ့ Horror ကားကောင်းတစ်ကားပါ။

Horror ကားဆိုရင် rating နည်းလွန်းကြတာ

ရုပ်ရှင်ကြည့်ပရိသတ်တွေအကုန် သိကြမှာပါ။

ဒါတောင် Best Horror Film ဆုလည်းရသေး၊

Rotten Tomatoes အနေနဲ့လည်း

Rating 94% လည်းရထားသေး ဆိုမှတော့….

ကျွန်တော်တို့ငယ်ငယ်တုန်းက

ဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။

အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့

မကောင်းဆိုးဝါးကြီး Freddy လေ။

လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။

ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။

မှတ်မိတယ်မလား ?

သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီး

လိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်

ဘယ်နှယ့်​လုပ်မလဲ။

နိုးထလာတာနဲ့ သင်ပြန်အိပ်ဖို့ကို

ကြောက်နေပါလိမ့်မယ်။

ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။

မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါ

ဘာတွေဖြစ်လာလေမလဲ ?

မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။

အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။

စိတ်တွေခြောက်ခြားလာမယ်။

မူမမှန်​ဖြစ်​လာမယ်​။

အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?

ဇာတ်လမ်းအကျဉ်း
=============

Freddy Krueger ဟာ လူငယ်လေးတွေကို

အိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာ

လူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။

နန်စီ တို့သူငယ်ချင်းတစ်စုကို

Freddy Krueger မှ အိပ်မက်တွေပေးပြီး

လိုက်သတ်တဲ့အခါမှာတော့…. ။

ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီး

Johnny Depp သရုပ်ဆောင်ထားတဲ့

ရုပ်ရှင်လည်းဖြစ်တာမို့

သူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။

ဝန်​ခံရရင်​ ကျွန်တော်တောင် ညဘက်ဘာသာပြန်နေရင်း

တဆိမ့်ဆိမ့် စိတ်လှုပ်ရှားပြီး ကျောချမ်းလာတာမို့

ရပ်ပြီး မနက်မှဘာသာပြန်ရတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။

ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။

ရုပ်​ရှင်​အညွှန်းနှင့်​ ဘာသာပြန်​သူကတော့
ကိုချမ်းမြေ့ကျော်​ ပဲ ဖြစ်​ပါတယ်​။

Translated by Chan Myae Kyaw
Encoded by Zon Myat Noe Swe

Ray-Ray Armstrong Authentic Jersey