/
A Christmas Horror Story (2015)

A Christmas Horror Story (2015)



Genre: , , Director: , , Country: Score: 5.7 Duration: 1h 39min Quality: 1080p Years: View: 2,877

Rotten Tomatoes… 80%

ဒီဇာတ်ကားကတော့ခရစ်စမတ်အကြိုညလေးမှာဖြစ်ပျက်ခဲ့တဲ့ထိတ်လန့်စရာဇာတ်​လမ်းလေးများ ကို ရိုက်​ကူးဖော်​ပြထားပါတယ်​။

အဖြစ်​အပျက်​ (၁)
===========
စကော့ဆိုတဲ့ရဲတစ်ယောက်ကကျောင်းသားလေးနှစ်ယောက်အသတ်ခံရတဲ့အမှုကိုစစ်ဆေးရင်းထိတ်လန့်ဖွယ်ဖြစ်ရပ်နဲ့ကြုံခဲ့ရပါတယ်

အဲ့ဒီအဖြစ်အပျက်ကို သူ့သားကိုထိန်းနေကြမော်လီဆိုတဲ့ကောင်မလေးသိတော့သူ့သူငယ်ချင်းနှစ်ယောက်(ဒန်ကန်နှင့်ဒိုင်လန်)နဲ့အတူကျောင်းသား/သူနှစ်ယောက်သတ်ခံရတဲ့အကြောင်းရင်းကိုဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်

သူတို့တွေတရားခံကိုပဲတွေ့မလား၊တရားခံကဘယ်သူလဲ၊ဘာတွေကြုံရမလဲ ?

အဖြစ်​အပျက်​ (၂)
============
ဒိုင်လန်ရဲ့ကောင်မလေးကပ်ပရိစ်ကတော့ဒိုင်လန်တို့ကိုအခင်းဖြစ်တဲ့နေရာကိုသွားလို့ရအောင်သော့ခိုးပေးပြီးသူ့မိသားစုနဲ့အတူသူ့အဖေရဲ့အဒေါ်အတ်တာ့အိမ်ကိုသွားလည်ကြပါတယ်။သူတို့မိသားစုကရောခရစ်စမတ်အကြိုညခရီးစဉ်မှာဘယ်လိုထိတ်လန့်စရာတွေကြုံရမလဲ။

အဖြစ်​အပျက်​ (၃)
=============
ကျောင်းသား(သူ)နှစ်ယောက်သေဆုံးတဲ့အမှုကိုလိုက်ရတဲ့ရဲဝန်ထမ်းစကော့တို့မိသားစုဟာခရစ်စမတ်သစ်ပင်အတွက်တောထဲသွားပြီးအပင်သွားခုတ်ကြပါတယ်။သူတို့မိသားစုရော
ဘယ်​လိုအခက်​အခဲတွေ ရင်​ဆိုင်​ရမလဲ။

အဖြစ်​အပျက်​ (၄)
==============
အဲ့ဒီခရစ်စမတ်အကြိုညမှာပဲMallမှာFood Driveပွဲရှိပါတယ်​။ Food Driveပွဲကိုလာတဲ့လူတွေဟာပြန်ပေးဆွဲခံလိုက်ရပါတယ်။ပြန်ပေးဆွဲတဲ့လူကဘယ်သူလဲ၊ဘာလို့လုပ်တာလဲ
Santa Clausဟာကလေးတွေအတွက်လက်ဆောင်တွေပို့ဖို့စီစဉ်နေတဲ့အချိန်မှာElvesလေးတွေဟာထူးဆန်းတဲ့ရောဂါတစ်ခုစွဲကပ်ခံရပါတယ်။အဲ့ရောဂါကူးစက်ခံရတဲ့Elvesတိုင်းဟာSanta Clausကိုမုန်းတီးပြီးလိုက်လံသတ်ဖြတ်ကြပါတယ်။သူတို့လက်ထဲကနေSantaလွတ်နိုင်မလား။သူတို့တွေကဘာလို့ဒီရောဂါကူးစက်ခံရတာလဲ။

ဒီလိုသို့လောသို့လောမေးခွန်းတွေနဲ့ဇာတ်လမ်းဟာစိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ဇာတ်လမ်းပြီးသွားရင်လည်းအားလုံးကိုရှင်းရှင်းလင်းလင်းနားလည်သွားမှာပါဇာတ်လမ်းကအရမ်းကြီးမကောင်းပေမဲ့စိတ်ဝင်စားအောင်ဆွဲဆောင်နိုင်စွမ်းတော့ရှိပါတယ်။ Christmasကိုချစ်ရင်တော့ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ

ဒေးဗစ်​ မှ ဘာသာပြန်​ပေးထားပြီး
ရုပ်​ရှင်​အညွှန်းကိုလည်း ကိုယ်​တိုင်​ပဲရေးပေးထားပါတယ်​။

Translated by David
Encoded by Ye Yink

Comments are closed.