Udta Punjab (2016)

Myo Zin Min June 21, 2017 Views 121

ရော့ခ်စတား တစ်ယောက်,ရွှေ့ပြောင်းအလုပ်သမားတစ်ယောက် ဆရာဝန်တစ်ယောက်နဲ့ ရဲတစ်ယောက်တို့ကြားမှာ တူညီတာ ဘာရှိနိုင်ပါသလဲ။ ရိုးရှင်းပါတယ်။ သူတို့အားလုံး ပန်ဂျပ်ပြည်နယ်မှာနေထိုင်ကြလို့ပါပဲ။ ဆေးစွဲနေတဲ့ရော့ခ်စတားတစ်ယောက် ဆင်းရဲနုံချာတဲ့ဘ၀က လွတ်မြောက်ချင်လို့ ဘိန်းဖြူထုပ်ကောက်ပြီးသွားရောင်းရာက ဘိန်းကုန်သည်တွေ ၀ိုင်းဖမ်းဖျက်ဆီးလိုက်လို့ဘ၀ပျက်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားရွာသူလေးတစ်ယောက်. ဆေးစွဲတဲ့သူတွေကို ကူညီနေတဲ့ စေတနာ့ဝန်ထမ်းဆရာမလေးတစ်ယောက်နဲ့ ရဲတစ်ယောက်ဟာ မတူညီတဲ့ဘ၀တွေဆီကလာပြီး မတော်တဆကြုံရဖို့ဖြစ်လာပါတယ်။ Udta punjab ဟာ ပန်ဂျပ်ပြည်နယ်မှာဖြစ်နေတဲ့ ထိန်းမနိုင်သိမ်းမရ ဒုတိယမက္ကဆီကိုဖြစ်လာပြီလို့ နှိုင်းယူရတဲ့ မူးယစ်ဆေးပြသနာကို ရဲရဲရင့်ရင့် မီးမောင်းထိုးပြတဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်ဝင်ခန်းတွေ ပီပြင်ကြမ်းတမ်းလွန်းလို့ရုံတင်ပြသခွင့် ဆိုင်းငံ့ခံရတဲ့အထိဖြစ်ခဲ့ပါတယ်။တကယ်တမ်းရုံတင်ပြတဲ့အချိန်မှာဝက်ဝက်ကွဲအောင်မြင်ခဲ့သလို မနှစ်က ၂၀၁၆ ဖလင်ဖဲ ဆုပေးပွဲမှာ ဆုရှစ်ခု ဆန်ကာတင်ဝင်ခဲ့ပြီး အလီယာဘတ်ရဲ့ အကောင်းဆုံးမင်းသမီးဆု အပါအ၀င် ဆုလေးခုထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ဇာတ်ကားပါ

ဒီဇာတ်ကားကို ဘာသာပြန်သူကတော့ ကို Waihan Lin Htin ပဲ ဖြစ်ပြီး အညွှန်းကိုလဲ​ သူပဲရေးပေးတာဖြစ်ပါတယ်

Categories

Like Us on Facebook



Facebook