TV Shows

71
Into the Badlands (Season 3)
0
Into the Badlands (Season 3)
season ရဲ့အစမှာ ဆန်နီက ဘတ်လန်းစ်ကိုပြန်လာပြီး သူ့သားဟင်နရီအတွက် ကုသနည်းလိုက်ရှာနေတာကို တွေ့ရမှာပါ တစ်ဖက်မှာလဲ သွေးချောင်းစီးမဲ့ ပြည်တွင်းစစ်တစ်ခု အစပြုလာတဲ့အခါ......... ထူးထူးခြားခြား ဒီ season မှာတော့ အပိုင်းပေါင်း 16ပိုင်းအထိပါဝင်ထားပါတယ် Translated by Myo Khant Encoded by Zon Myat Noe Swe
0 /0
Constantine: City of Demons (2018) Season 1 Complete
0
Constantine: City of Demons (2018) Season 1 Complete
Constantine Live Action Series ကို cancel အပြီးမှာ ဒီ Animated Series ကို ပြန်လည်ပြသလိုက်ပါတယ်။ Episode တစ်ပိုင်းကို 5 မိနစ်ကျော်ကြာပဲကြာမြင့်ပါတယ် တစ်နေ့ Constantine တစ်ယောက် အနားယူနေတုန်းမှာ သူ့ရဲ့သိစိတ် မသိစိတ်တံခါးကို တစ်ယောက်ယောက်က ဖွင့်ပေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ John ရဲ့မိတ်ဆွေ Ches ရဲ့ သမီးဟာ နတ်ဆိုးတစ်ယောက်ရဲ့ချုပ်ကိုင်မှုကို ခံလိုက်ရပါတယ်။ အဲ့ဒါကိုတားဆီးဖို့နဲ့ ငရဲကသတ္တဝါတွေကို တားဆီးဖို့အတွက် Constantine တစ်ယောက် City of Demons ကို ရောက်ရှိသွားတဲ့အခါမှာတော့… Translated by Aung Pyae Kyaw(Prometheus) Encoded by Zon Myat Noe Swe  
0 /0
Constantine (Season 1)
10
Constantine (Season 1)
သင်သိပါသလား? Arrowverse ထဲမှာ John Constaine ဆိုတဲ့ မှော်ဆရာတစ်ယောက်ရှိနေတယ်ဆိုတာ Supernatural လို TV Series ကို သဘောကျတဲ့သူတွေအတွက် Constantine Series ဟာ သဘောကျစရာဖြစ်မှာပါ။ Constantine ဟာ DC Comics ရဲ့ နာမည်ကျော် Character တစ်ယောက်ဖြစ်ပါတယ်။ ဒီ Series မှာ Doctor Fate ရဲ့ Helmet of Nabu ကို Cameo အဖြစ် ထည့်သွင်းထားပါတယ်။ Season 2 ထွက်ဖို့ ရှိပေမယ့်လည်း Budget ပြဿနာကြောင့် Season 2 ကို cancel ခဲ့ပါတယ် John Constantine ဟာ New Castle မှာ အမှားတစ်ခု မှားယွင်းခဲ့ပါတယ်။ နတ်ဆိုးရဲ့ဝိညာဉ်နဲ့အတူ ကလေးမလေးတစ်ယောက်ရဲ့ဝိညာဉ်ကို ငရဲကိုပို့လိုက်မိပါတယ်။ ...
10 /2
Grimm (Season 1)
8
Grimm (Season 1)
ဇာတ်လမ်းအကြောင်းမပြောခင် Grimm ဆိုတဲ့ အရာအကြောင်းကို အရင်ရှင်းပြပါမယ် Grimm တွေဟာ သာမန်လူမျက်စိနဲ့မမြင်နိုင်တဲ့ လူယောင်ဆောင်နေတဲ့ သဘာဝလွန်အကောင် ဝက်ခ်ဆန်(Wesen)တွေကို မြင်နိုင်တဲ့ အမြင်စွမ်းအားတွေကို ပိုင်ဆိုင်ထားကြသူများဖြစ်ပါတယ် ။ စွမ်းအားတွေဟာ မျိုးရိုးလိုက်တဲ့သဘောရှိပြီး မွေးကတည်းကစွမ်းအားရနေတာမျိုးတော့မဟုတ်ပါဘူးတဲ့ ။ မိသားစုထဲက လူကြီးတစ်ဦးဦး (ဂရင်းမ်)နာမကျန်း/သေဆုံးမှသာ စတင်မြင်လာရတာမျိုးပါ ။ (Grimm ဇာတ်ကားထဲမှာ နစ်ခ်ရဲ့အဒေါ် အန်တီမေရီ ကင်ဆာရောဂါ ဖြစ်လာချိန်မှာ နစ်ခ်ရဲ့အမြင်တွေ စရလာသလိုပေါ့)။ ဂရင်းမ်တွေဟာ ဝက်ခ်ဆန်တွေကို အချိန်တိုင်းမြင်တွေ့နေရတာမျိုးတော့မဟုတ်ပါဘူး ။ သူတို့သတိလက်လွတ်ဖြစ်တဲ့အချိန်မျိုးတွေမှာ ဖျတ်ခနဲ မြင်ရတာပါ။။ဒါကိုလဲ ဂရင်းမ်တွေနဲ့ဝက်ခ်ဆန်အချင်းချင်းမှသာမြင်ပါတယ် ။ သာမန်လူတွေကတော့ ဝက်ခ်ဆန်တွေကမြင်စေချင်ရင် မြင်နိုင်ပါတယ် ။ Grimmတွေဟာ အစဉ်အဆက် ဝက်ဆန်တွေကို သတ်ဖြတ် လာကြတာမို့ ဝက်ခ်ဆန်တွေဟာ အလိုလိုကြောက်ရွံကြပါတယ်။ ဂရင်းမ်တွေမှာ သဘာဝရန်သူတစ်မျိုးရှိပါတယ် ။ သူတို့ကိုတော့ ဂရင်းမ်တို့ရဲ့ရိတ်သိမ်းသူ ( Reaper of Grimms) လို့ခေါ်ပါတယ် ။ ဂရင်းမ်စွမ်းအားပိုင်ဆိုင်ထားသူဟာ သိုသိုသိပ်သိပ်နေလေ့ရှိပါတယ် ။ မိသားစုကိုတောင်မှပြောလေ့မရှိပါဘူး ။ (နစ်ခ်အမြင်တွေစမြင်လာတော့မှ အန်တီမေရီ ဂရင်းမ်ဆိုတာ သိလာရသလိုမျိုး) ...
8 /1
Daredevil (TV Series 2015-) Season 02
0
Daredevil (TV Series 2015-) Season 02
Hell's Kitchen မြို့လေး အေးအေးချမ်းချမ်းရှိနေပါပြီ ဒါပေမဲ့ ပြဿာနာတွေ လုံးဝပြီးသွားတာတော့မဟုတ်ပါဘူး မြို့လေးကိုပြဿနာရှာချင်တဲ့ ရာဇဝတ်ကောင်တွေက တနေ့တခြားပေါ်ပေါက်လာနေဆဲပါပဲ ဒါတွေကိုတာဝန်ယူဖြေရှင်းဖို့ Matt ကတော့ Daredevil မျက်နှာဖုံးကို ပြန်လည်ဝတ်ဆင်ရဦးမှာပဲဖြစ်ပါတယ်
0 /0
Chinese Paladin 5: Clouds of the World (TV Serie)
8.7
Chinese Paladin 5: Clouds of the World (TV Serie)
ဓားသခင်နဲ့နတ်သမီး5ဖော်ဆိုတဲ့ RPG game ကိုအခြေခံပြီးရိုက်ကူးထားတဲ့ဒီဇာတ်လမ်းထဲမှာ နတ်ဆိုးနိုင်ငံတော်ရဲ့မင်းသား Jiang Yun Fan ကလူ့ပြည်ကိုရောက်ရှိလာတဲ့အခါ သူ့မိတ်ဆွေစုံတွဲတစ်တွဲကိုတွေ့ပြီး လူတွေနဲ့နတ်တွေကြားက အချစ်နဲ့သံယောဇဉ်ရဲ့ အရေးပါပုံကိုနားလည်သွားခဲ့တယ် နောက်ပိုင်းမှာသူက လူသားမိန်းကလေးတစ်ဦးနဲ့ချစ်ကျွမ်းဝင်သွားခဲ့တယ် အဲ့အချိန်မှာ သူ့အဖေဖြစ်တဲ့နတ်ဆိုးဘုရင်ကြီးက နတ်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရင်း အသတ်ခံရတော့မဲ့အခြေအနေကိုရောက်ရှိလာတယ် နတ်ဆိုးမင်းသားလေး Jiang Yun Fan အတွက် အန္တရာယ်ထဲကျရောက်နေတဲ့အဖေဖြစ်သူနဲ့ ချစ်ရသူမိန်းကလေးတို့ကို ရွေးချယ်ဖို့ကံကြမ္မာဖန်လာတဲ့အခါ.......... ဒီဇာတ်လမ်းတွဲလေးကို မ Zin Pyay မှဘာသာပြန်ပေးထားပါတယ်  
8.7 /3
Chakravartin Ashoka Samrat (TV Series 2015)
10
Chakravartin Ashoka Samrat (TV Series 2015)
IMDb Rating - 6.5 ဗုဒ္ဓဝင်မှာ ရေတွင်းရေကန်ပေါင်း ၈၄၀၀၀ ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ ရဲ့ ဒကာတော်ဖြစ်တဲ့ သီရီဓမ္မာသောကမင်းကြီးဆိုရင် မသိမရှိပါဘူး။ ခုဒီTV Seriesလေးဟာ အသောကမင်းရဲ့ ဘဝရုန်းကန်မှုတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီ TV Series မှာ အိန္ဒိယရဲ့ပညာရှိကြီးဖြစ်တဲ့ စာဏကျ အကြောင်းကိုလည်း ထည့်သွင်းထားပါတယ်။ စန္ဒြဂုပ္ပတမောရိယဧကရာဇ် နတ်ရွာစံအပြီးမှာ သားတော် ဗိန္ဓုသာရမင်းကနေ မဂဓတိုင်းကို စိုးစံလျက်ရှိပါတယ်။ ဗိန္ဓုသာရမင်းကြီး စစ်ထွက်နေစဉ်မှာ ရန်သူတွေရဲ့လုပ်ကြံမှုကြောင့် ဒဏ်ရာရရှိသွားပြီး ရွာတစ်ရွာမှာသောင်တင်လျက်ရှိနေပါတယ်။ အဲ့ဒီမှာပဲ ဓမ္မာ ဆိုတဲ့ ရွာသူလေးတစ်ယောက်နဲ့တွေ့ပြီး အကြောင်းပါခဲ့ပါတယ်။ နန်းတွင်းအရှုပ်အထွေး ပြည်တွင်းပြဿနာတွေကြောင့် ဓမ္မာနဲ့ဗိန္ဓုသာရ ဝေးကွာခဲ့ရပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့… နိုင်ငံရေးပရိယာရ်တွေ ရာဇနီတိ ဝေဒကျမ်းဂန်နဲ့ ဥပဒေတွေအကြောင်း ပါဝင်နေတာမို့လို့ အားလုံးသဘောကျမယ်လို့ ယူဆမိပါတယ်။
10 /1
The Flash (2014 – ) Season 3 Complete
4
The Flash (2014 – ) Season 3 Complete
Hunter Zolomon ဟာ အချိန်တစ္ဆေတွေရဲ့ရန်ကြောင့် Black Flash ဖြစ်သွားခဲ့ပါတယ်။ Barry ရဲ့ ဖခင် Henery ဟာလည်း Hunter Zolomon ရဲ့ လက်ချက်နဲ့ သေသွားခဲ့ပါတယ်။ မိဘနှစ်ပါးစလုံးဆုံးရှုံးသွားခဲ့ရတဲ့ Barry Allen ဟာ ဆောက်တည်ရာမရဖြစ်ခဲ့ပြီးတော့ အချိန်ခရီးသွားခဲ့ပြီး မိဘနှစ်ပါးစလုံးကိုကယ်တင်ခဲ့ပါတယ်။ Barry Allen သူ့မိဘတွေကို ကယ်တင်ခဲ့တဲ့အချိန်ဝင်ရိုးကို Flashpoint လို့ ခေါ်ပါတယ်။ အဲ့ဒီအချိန်ဝင်ရိုးဟာ မူလအချိန်ဝင်ရိုးနဲ့မတူညီပဲ အများကြီးကွဲပြားနေပါတယ်။ မတူညီတဲ့ အချိန်ဝင်ရိုးကို ပြန်လည်ညှိယူဖို့ Barry ဟာ Flashpoint ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ Flashpoint မှာ ဘာတွေဖြစ်ခဲ့တာလဲ။ Flashpoint ကို ပြန်လည်ပြင်ဆင်လိုက်တဲ့အကျိုးကြောင့် လက်ရှိအချိန်ဝင်ရိုးကို ဘာတွေထိခိုက်သွားစေလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့............... ဒီ Season ရဲ့ Episode 8 ဟာ Invasion ဆိုတဲ့ Arrowverse Series ရဲ့ Crossover Episode ပဲ ဖြစ်ပါတယ်။ Arrow Series Season ...
4 /2
The Flash (2014 – ) Season 2 Complete
0
The Flash (2014 – ) Season 2 Complete
Reverse Flash နဲ့ Ronnie ရဲ့ သေဆုံးမှုအပြီးမှာ ကမ္ဘာတစ်ခုနဲ့တစ်ခုကြား ကူးသန်းသွားလာနိုင်တဲ့ Portal တစ်ခု ပွင့်သွားခဲ့ပါတယ်။ အဲ့ဒီက Zoom လို့ခေါ်တဲ့ Speedster တစ်ယောက်ဟာ Barry Allen ကို သတ်ဖို့ Meta human တွေ တစ်ယောက်ပြီးတစ်ယောက် စေလွှတ်လိုက်ပါတယ်။ အဲ့ဒီ Zoom ဆိုတာဘယ်သူလဲ Barry တစ်ယောက် Zoom နဲ့ရင်ဆိုင်ဖို့ ဘာတွေလှုပ်ရှားရဦးမလဲ ဘယ်လို Meta human တွေနဲ့ ရင်ဆိုင်ရမှာလဲ Central City ဟာ ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်ရဦးမှာလဲ နောက်ထပ်လူသစ်တွေ ထပ်ပါလာဦးမလားဆိုတာကတော့… ဒီ Season 2 မှာတော့ Arrow TV Series နဲ့ Crossover Episode တစ်ပိုင်း ပါလာတာမို့လို့ အားလုံးသဘောကျမယ်လို့ ယူဆမိပါတယ်
0 /0
Into the Badlands (2015) Season 2
4.5
Into the Badlands (2015) Season 2
Season 1 အပြီး 6လအကြာမှာထွက်ရှိလာတဲ့ season 2မှာတော့ MK က ထူးဆန်းတဲ့နန်းတော်ထဲမှာ သူ့ရဲ့ ပါရမီအကြောင်းကို လေ့လာသင်ယူနေတာကို တွေ့ရမှာပါ ဆန်နီကတော့မျှော်လင့်မထားတဲ့ စစ်ကူတွေရရှိသွားမှာပါ မကြာခင် MKက သူ့ရဲ့အတိတ်အကြောင်းကိုပါ သိရှိသွားတဲ့အခါမှာတော့ ဇာတ်လမ်းအထွတ်အထိပ်လို့ပြောရမှာပါပဲ Season 2 မှာ 10 ပိုင်းပါဝင်ပြီး Season 3 ကတော့ မထွက်သေးပါဘူး Translated by Myo Khant Encoded by Zon Myat Noe Swe  
4.5 /2
The Flash (2014 – ) Season 1 Complete
6
The Flash (2014 – ) Season 1 Complete
ဒီတစ်ခါတော့ TV series လောကမှာ အကျယ်ပြန့်ဆုံး ဖြစ်တဲ့ Arrowverse ရဲ့ ဒုတိယမြောက် Series ဖြစ်တဲ့ The Flash TV Series နဲ့မိတ်ဆက်ပေးပါရစေ။ Barry Allen ရဲ့ မိခင်ဟာ Barry အသက်၁၀နှစ်သားမှာ ထူးဆန်းစွာအသတ်ခံလိုက်ရပါတယ်။ အဲ့ဒီအတွက် Barry ရဲ့ ဖခင် ဟာ ပြစ်ဒဏ်ကျခံနေရပါတယ်။ Barry ဟာ ဖခင်ကိုပြစ်ဒဏ်ကနေကင်းလွတ်အောင်လုပ်ဖို့ ထူးဆန်းတဲ့အရာတွေကိုလေ့လာရှာဖွေနေခဲ့ပါတယ်။ တစ်နေ့မှာ Central City ရဲ့ နာမည်ကျော် S.T.A.R Lab ဓာတ်ခွဲခန်းရဲ့ ဒြပ်မှုန်အရှိန်မြှင့်စက်ပေါက်ကွဲမှုရဲ့ ထိတွေ့မှုကြောင့် Barry ဟာ Fastest Man Alive လို့ ခေါ်တဲ့ The Flash ဖြစ်လာခဲ့ပါတယ်။ ဒြပ်မှုန်အရှိန်မြှင့်စက်ပေါက်ကွဲမှုဟာ Barry ကို သာမက တခြားလူတွေကိုလည်းထိခိုက်သွားခဲ့ပါတယ်။ အဲ့ဒီလူတွေကို Meta-human လို့ ခေါ်ပါတယ်။ Meta-human တချို့ဟာ Central ...
6 /1
Legion (TV Series 2017- )  Season 02
2
Legion (TV Series 2017- ) Season 02
Season 1 သာကြည့်ပြီးတယ် ဘာမှနားမလည်လိုက်ဘူးဆိုသူတွေအတွက် season 2 ကပိုဆိုးပါတယ် အဓိကဗီလိန်ဖြစ်တဲ့ ရှဲဒိုးကင်းက မစ္စဘတ်ရဲ့ယောက်ျား အိုလီဗာဘတ်ရဲ့ ခန္ဓာကိုယ်ထဲကိုဝင်ပူးပြီး ဒေးဗစ်ဆီကနေပုန်းအောင်းနေပါတယ် ဒါကိုရှာဖွေဖို့ ကယ်ရီနဲ့ခယ်ရီတို့က ကြိုးစားနေကြပြီး ဆစ်ဒ်ကတော့ မစ္စဘတ်ကိုဖြောင်းဖြဖို့ကြိုးစားနေပါတယ် ၁၈ရာစုလောက်ထဲက ပျောက်ဆုံးနေခဲ့တဲ့ ရှဲဒိုးကင်းရဲ့ခန္ဓာကိုယ်ကို ဒေးဗစ်နဲ့ဌာနခွဲ ၃ က ဘယ်လိုရှာဖွေမလဲဆိုတာကို ရူးချင်စရာကောင်းအောင် ရိုက်ကူးထားတာကိုတွေ့ရမှာပါ တချို့စကားတွေက ရှေ့နောက်မညီဘဲ ပြောချင်သလိုပြောနေတာဖြစ်လို့ ဘာသာပြန်တွေလဲ အတော်လေးဦးနှောက်အစားခံပြီး ကြိုးစားထားပေမဲ့ လွဲချော်မှုများရှိရင် ခွင့်လွှတ်ပေးကြဖို့တောင်းဆိုပါတယ် IMDb: 8.4 Creator: Noah Hawley Stars: Dan Stevens, Rachel Keller, Amber Midthunder Genre: Action, Drama, Sci-Fi Reviewed by Zon Myat Noe Swe Translated by Zon Myat Noe Swe and Myat Thu Aung  
2 /1
Legion (2017) Season 1 Complete
0
Legion (2017) Season 1 Complete
FOX ကနေ TV Series အလန်းတွေကို တောက်လျှောက်ပြသလျက်ရှိနေတာကို အားလုံးအသိပဲဖြစ်မှာ။ DC မှာဆိုရင် Gotham လို Lucifer လို Seriesအလန်းတွေကို ပြသပေးလျက်ရှိသလို Marvel မှာလဲ The Gifted လို Legion လို Series တွေကိုလည်း ပြသပေးလျက်ရှိနေပါတယ်။ အခုမိတ်ဆက်ပေးချင်တာကတော့ Legion ဆိုတဲ့ TV Series ပဲ ဖြစ်ပါတယ်။ Legion ရဲ့ timeline ရဲ့ The Gifted နဲ့ချိတ်ဆက်နေပြီး crossover လုပ်ဖို့နီးစပ်နေတယ်လို့လဲသိရပါတယ် ဇာတ်လမ်းထဲမှာ Professor Charles Xavier ရဲ့ သားဖြစ်သူ David Charles Xavier မှာ ထိန်းချုပ်ဖို့ခက်ခဲလွန်းတဲ့စွမ်းအားတွေရှိနေပါတယ်။ ဒါကိုသူကိုယ်တိုင်လဲမသိဘဲ စိတ်ကစဥ့်ကလျားရောဂါဖြစ်နေတယ်လို့ သူ့ကိုယ်သူရော ပတ်ဝန်းကျင်ကပါထင်မြင်လာတဲ့အခါ သူ့ကိုယ်သူသတ်သေဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး ဒီလိုနဲ့ David ဟာစိတ္တဇဆေးရုံမှာ ဆေးကုသံခံယူဖို့ ရောက်ရှိသွားရာကနေSydney Barret ဆိုတဲ့ Mutant မ ...
0 /0
Into the Badlands (2015) Season 1 Complete
10
Into the Badlands (2015) Season 1 Complete
Bruce Lee ရဲ့ဇာတ်လမ်းတွဲဟောင်းတစ်ခုဖြစ်တဲ့ Kung Fu ကိုကြိုက်နှစ်သက်ခဲ့ဖူးတယ်ဆိုရင် ဒီဇာတ်လမ်းတွဲကိုလဲ နှစ်သက်ကြမှာပါ မင်းသား Daniel Wu ရဲ့ ကွန်ဖူးတိုက်ကွက်လှလှတွေကို တဝကြီးကြည့်ရှုရမှာဖြစ်ပြီး ဘတ်လန်းဆိုတဲ့နေရာမှာ သေနတ်တွေအသုံးပြုခွင့်ပိတ်ပင်ထားလို့ လူတိုင်းက ဓားတွေကိုပဲ ကျွမ်းကျင်စွာကိုင်တွယ် တိုက်ခိုက်ကြတာကို တွေ့ရမှာပါ ရက်စက်တဲ့ခေါင်းဆောင်ရဲ့လက်အောက်မှာ အယူအဆလွဲမှားနေတဲ့ လူတွေကို အသိဥာဏ်ဖွင့်ပေးဖို့ လက်ရုံးရည်နဲ့ပြည့်ဝတဲ့ စစ်သည်တော်တစ်ယောက်နဲ့ ဆယ်ကျော်သက်ကောင်လေး တစ်ယောက်တို့က ဘယ်လိုဘယ်ပုံကြိုးစားကြမယ်ဆိုတာ IMDb rating 8.1 အထိရရှိထားတဲ့ Into the Badlands ဇာတ်လမ်းတွဲထဲမှာ ကြည့်ရှုလိုက်ပါ လက်ရှိ season 2အထိထွက်ရှိထားပြီး season 3ကိုတော့ April လကုန်လောက်မှာ ဆက်လက်ပြသမယ်လို့သိရပါတယ် Season 1မှာ 6ပိုင်းသာပါဝင်ပြီး Season ၂မှာတော့ 10ပိုင်းအထိပါဝင်ထားတဲ့ mini-series တစ်ခုဖြစ်ပါတယ်  
10 /2
Atlantis (TV Series 2013–2017) Season 02
9
Atlantis (TV Series 2013–2017) Season 02
Season 1 နောက်ဆုံးမှာ ပါစီဖုန်းကိုနယ်နှင်ဒဏ်ပေးလိုက်ပြီး မကြာခင်မှာ ဘုရင်မိုင်နော့စ် ကွယ်လွန်သွားပါတယ် အေရီယာနီလဲဘုရင်မ ဖြစ်သွားပြီး တိုင်းပြည်ကိုအုပ်ချုပ်နေတာ တစ်နှစ်လောက်ရှိနေပါပြီ နယ်နှင်ဒဏ်ပေးခံထားရတဲ့ ပါစီဖုန်းက တနှစ်လုံးလုံးတိတ်တဆိတ်လူစုနေခဲ့ပြီး အတ္တလန်တစ်ကိုဝင်သိမ်းဖို့ ကြိုးစားနေပါတယ် မင်းသမီးဘဝထဲက ဂျေဆင်နဲ့မနီးစပ်ခဲ့တဲ့ အေရီယာနီကတော့ ဘုရင်မ ဖြစ်သွားပြီးနောက်မှာ အချစ်ရေးထက် တိုင်းပြည်ရေးကိုသာပိုဦးစားပေးနေတာကြောင့် ဂျေဆင်နဲ့ဝေးမြဲဝေးနေဆဲပါပဲ ဟာကျူလီ ဂျေဆင်နဲ့ ပိုက်သာဂိုရက်တို့ရဲ့ သံယောဇဉ်တွေကတော့ ပိုပိုပြီးခိုင်မြဲလာတာကိုတွေ့ရမှာပါ season 1နဲ့မတူဘဲ အလှည့်အပြောင်းများစွာပါဝင်နေတာကို ကြည့်ရှုရမှာဖြစ်ပါတယ် IMDb: 6.7 Genre: Adventure, Drama, Fantasy Duration: 45mins Translator: ZERO KyawSoeLwin Editor: Zon Myat Noe Swe  
9 /2
Krypton (2018) Season 1
8.8
Krypton (2018) Season 1
Batman ရဲ့ ဇာတိဖြစ်တဲ့ Gotham အကြောင်းကို FOX ရုပ်သံလိုင်းကနေ တင်ဆက်ပြသပေးလျက်ရှိနေသလို Superman ရဲ့ ဇာတိဖြစ်တဲ့ Krypton အကြောင်းကိုတော့ Z Nation လို Metal Hurlant လို The Magician လို TV Series အလန်းတွေကို ပြသပေးလျက်ရှိနေတဲ့ SYFY ရုပ်သံလိုင်းကနေ DC Fan တွေအတွက် Krypton ဆိုတဲ့ TV Series အလန်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် Man of Steel Superman ကို လူတိုင်းသိကြပေမယ့် Superman ရဲ့ ဇာတိဖြစ်တဲ့ Krypton ဂြိုဟ်အကြောင်း ကိုတော့ သိတဲ့သူနည်းပါးလှပါတယ်။ ဒီ Series ဟာ Superman မမွေးဖွားမီ Krypton ဂြိုဟ်ဟာ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ၊ ဘယ်လိုပြဿနာတွေကြားမှာ ...
8.8 /6
Marvel’s Ultimate Spider-Man (2012) Season 1
9.8
Marvel’s Ultimate Spider-Man (2012) Season 1
ဇာတ်ကားအညွှန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားအညွှန်းကိုတော့ arrow group မှ အကို kyaw zin lin က တင်ဆက်ပေးထားပါတယ်။ အခုမိတ်​ဆက်​​ပေးမှာက​တော့ marvel animated series ​ကောင်း​တွေထဲက တခုဖြစ်​တဲ့ ultimate spiderman ပဲဖြစ်​ပါတယ်​ Peter parker (spiderman) တစ်​​ယောက်​ ကိုယ့်​နည်းကိုယ့်​ဟန်​နဲ့ မြို့ကိုကာကွယ်​​နေချိန်​မှာရုတ်​တရက်​ nick fury ကြီး​ရောက်​ချလာပီး spidy ကို ပို​တော်​ပို​ကောင်းတဲ့ hero တစ်​​ယောက်​ဖြစ်​လာ​အောင်​ ​လေ့ကျင့်​​ပေးမယ်​ဆိုပီး shield အဖွဲ့ထဲ​ခေါ်လာပီးတဲ့​နောက်​မှာ​တော့……. ဒီ serie လေးကို စတင်ခဲ့တဲ့ရက်က 2012 april 1 ဖြစ်ပြီး 2017 jan 7 မှာမှပြီးသွားတဲ့ဇာတ်လမ်းပါ။ Disney xd channel မှာပြသခဲ့ပြီး Program creators:Stan Lee, Brian Michael Bendis, Steve Ditko တို့ကနေပြီး စီစဉ်ခဲ့တာပါ။ ဒီseries​လေးက​တော့ marvel animated ...
9.8 /6
Arrow (TV Series) Season 04
6
Arrow (TV Series) Season 04
Arrow Season 4 ကို ရောက်ရှိလို့လာပါပြီ။ Ra's Al Ghul ရဲ့သေဆုံးမှုအပြီးမှာ Star City လည်းငြိမ်းချမ်းစပြုလာပါပြီ။ Oliver ပေးခဲ့တဲ့ကတိအတိုင်း Malcolm Merlyn ကလဲ League of Assassins ရဲ့Ra's Al Ghul အသစ် ဖြစ်လာပါပြီ။ Oliver ကလဲ သူချစ်တဲ့ Felicity နဲ့ ( ) ဘဝတစ်ခုကိုထူထောင်ဖို့အတွက်The Arrow ဘဝကိုစွန့်လွှတ်ကာ Star City ကနေ ထွက်ခွာသွားခဲ့ပါပြီ။ ဒါပေမယ့် အားလုံးတည်ငြိမ်အေးချမ်းနေတဲ့ဘဝထဲကိုကြမ္မာဆိုးတစ်ခုဝင်ရောက်လာပါတော့တယ်။ The Ghosts လို့ ခေါ်တဲ့ အကြမ်းဖက်အဖွဲ့တစ်ခုကStar City ကို စတင်တိုက်ခိုက်ပြီးတော့ ဒုစရိုက်မှုတွေကိုလုပ်လာပါတော့တယ်။ Team Arrowအဖွဲ့ဝင်တွေဖြစ်ကြတဲ့ Thea Queen, Laurel Lance, John Diggle တို့ဟာ အဲ့ဒီအဖွဲ့ကိုတားကြပေမယ့်လည်းအခြေအနေတွေဆိုးဝါးလို့နေပါတယ်။အဲ့ဒီအကြမ်းဖက်အဖွဲ့ရဲ့နောက်ကွယ်မှာ သြဇာအာဏာ ကြီးမားပြီး အလွန်အန္တရာယ်များတဲ့လူတစ်ယောက်နဲ့အဖွဲ့အစည်းတစ်ခုရှိနေပြန်ပါသေးတယ်။ Star City မှာ ပရမ်းပတာဖြစ်နေတဲ့အခြေအနေတွေကိုကျန်နေတဲ့ Team Arrow ...
6 /2
Game of Thrones (Season 6 Complete)
9.5
Game of Thrones (Season 6 Complete)
Seven noble families fight for control of the mythical land of Westeros. Friction between the houses leads to full-scale war. All while a very ancient evil awakens in the farthest north. Amidst the war, a neglected military order of misfits, the Night's Watch, is all that stands between the realms of men and icy horrors beyond.   Translated by Waihan Lin Htin  
9.5 /4
Game of Thrones (Season 5 Complete)
2
Game of Thrones (Season 5 Complete)
Seven noble families fight for control of the mythical land of Westeros. Friction between the houses leads to full-scale war. All while a very ancient evil awakens in the farthest north. Amidst the war, a neglected military order of misfits, the Night's Watch, is all that stands between the realms of men and icy horrors beyond.   Translated by Waihan Lin Htin    
2 /1
Game of Thrones (Season 4 Complete)
5
Game of Thrones (Season 4 Complete)
Seven noble families fight for control of the mythical land of Westeros. Friction between the houses leads to full-scale war. All while a very ancient evil awakens in the farthest north. Amidst the war, a neglected military order of misfits, the Night's Watch, is all that stands between the realms of men and icy horrors beyond.   Translated by Waihan Lin Htin    
5 /1
Game of Thrones (Season 3 Complete)
10
Game of Thrones (Season 3 Complete)
Seven noble families fight for control of the mythical land of Westeros. Friction between the houses leads to full-scale war. All while a very ancient evil awakens in the farthest north. Amidst the war, a neglected military order of misfits, the Night's Watch, is all that stands between the realms of men and icy horrors beyond. Translated by Waihan Lin Htin    
10 /1
Arrow (TV Series) Season 03 (Complete)
8
Arrow (TV Series) Season 03 (Complete)
Arrow Season 3 ကို ရောက်ရှိလို့လာပါပြီ။ ဒီ Season ဟာ DC Comis Fan တွေအတွက် အနည်းငယ်ပေါ့သွားသလိုဖြစ်ပေမယ့်လို့ တကယ်ကိုတစ်မူထူးခြားတဲ့ Season တစ်ခုဖြစ်တယ်လို့တော့ ပြောချင်ပါတယ်။ Season 3 မှာ Slade Wilson ရဲ့ Starling City ကို အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှာ Starling City ဟာ ငြိမ်သက်စပြုလာပါပြီ။ ဒါပေမယ့် ခြစားမှုတွေ ဒုစရိုက်မှုတွေကတော့ ရှိနေဆဲပါပဲ။ ဟိုတစ်ချိန်က Team Arrow ထဲမှာ Oliver Queen (a.k.a) The Arrow, John Diggle နဲ့ Felicity Smoak တို့သာရှိနေပေမယ့် ယခုမှာတော့ Roy Harper ကလဲ Arsenal အဖြစ် ဝင်ရောက်ပါဝင်လာပါပြီ။ မထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုကြောင့် Oliver Queen တို့ဟာ မျှော်မှန်းမထားနိုင်လောက်အောင် ရက်စက်ပြီးတော့ ကြောက်စရာကောင်းတဲ့အဖွဲ့အစည်းတစ်ရပ်ကို သွားပြီးနှိုးဆွမိလိုက်သလိုဖြစ်သွားပါတယ်။ Oliver တို့တွေ ဘယ်လိုအဖွဲ့အစည်းကိုသွားပြီးထိခိုက်မိတာလဲ။ ဘယ်သူတွေကျဆုံးရဦးမှာလဲ။ ဒီအဖွဲ့အစည်းကိုအနိုင်ရဖို့ ဘာတွေပေးဆပ်ရဦးမှာလဲဆိုတာကတော့…
8 /1
Quantico (TV Series) Season 02
10
Quantico (TV Series) Season 02
IMDB: 7.2 Creator: Joshua Safran Stars: Priyanka Chopra, Jake McLaughlin, Aunjanue Ellis season 2ရဲ့ပထမဆုံးအခန်းမှာတော့ Alex Parrishတယောက် The Farmမှာသူမရဲ့ ပထမဆုံးနေ့ကို စတင်တဲ့အခန်းနဲ့ အစပြုထားပါတယ် CIAရဲ့လေ့ကျင့်ရေးတွေကို သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ စတိုင်အသစ်နဲ့အလုပ်လုပ်ကိုင်နေပုံက ပရိတ်သတ်ကို အပြည့်အဝဆွဲဆောင်နေပါတယ် သရုပ်ဆောင်အသစ်တွေလဲ ပါဝင်ထားသလို ရန်သူတွေအသစ်တွေပါ ထပ်ဖြည့်ထားလို့ season 1ထက်ပိုပြီး ကြည့်ကောင်းစေမှာပါ ဘာသာပြန်သူ ကိုဝေဟံလင်းထင်ဖြစ်ပါတယ်
10 /4
Supernatural (TV Series) Season 11 Complete
8
Supernatural (TV Series) Season 11 Complete
အမှောင်တရားကိုလွှတ်ပေးလိုက်မိပြီး လူပေါင်းများစွာကိုရောဂါကူးစက်စေခဲ့ပေမဲ့ ဘုရားသခင်ကလာရောက်ကူညီပေးခဲ့ပါတယ် ဇာတ်လမ်းတလျှောက်လုံး အရိပ်အယောင်လုံးဝမပြခဲ့တဲ့ ဘုရားသခင်က ရှေ့ပိုင်းအခန်းတွေမှာ ရှေ့ဖြစ်ဟောတမာန်တော် စာရေးဆရာအဖြစ်ပါဝင်ခဲ့တဲ့ ချက်ရှာလေဖြစ်နေပါတယ် လွတ်မြောက်လာတဲ့အမှောင်တရားက ဘုရားသခင်ရဲ့အမ အမရာဖြစ်နေတဲ့အခါ ဒီ season မှာ ဘုရားသခင်ရဲ့မိသားစုပြသနာတွေကို ဆမ်နဲ့ဒင်းန်က ဒိုင်ခံဖြေရှင်းရမှာဖြစ်ပြီး ကတ်စတီရယ်ကတော့ ကြားညပ်သွားပါတယ် သာသာပြန်သူ Ko Waihan Lin Htin ဖြစ်ပါတယ်
8 /5
Z Nation (TV Series 2014- ) Season 04
9.3
Z Nation (TV Series 2014- ) Season 04
Z Nation season 4 ပြန်လာပါပြီ ဒီseasonမှာတော့ မာဖီနဲ့ဝါရန်က ဇိုနာဆိုတဲ့ ဖုတ်ကောင်ကင်းမဲ့ဇုမ်ထဲကို ရောက်ရှိနေကြပါတယ် ဇိုနာထဲမှာလူဦးရေအနည်းငယ်သာရှိပြီး အားလုံးက ပုံမှန်အတိုင်းပျော်ရွှင်စွာ နေထိုင်လျက်ရှိကြပါတယ် မာဖီရဲ့သွေးကနေဖော်စပ်ထားတဲ့ ကာကွယ်ဆေးသုံးထားတဲ့လူတွေပဲ ဇိုနာထဲမှာဘေးကင်းကင်းနေရတာဖြစ်ပါတယ် ဇိုနာကိုဝါရန်ဘယ်လိုလုပ်ရောက်သွားတာလဲ တစ်သောင်းနဲ့ကျန်တဲ့လူတွေကရော ဘယ်ရောက်နေတာလဲ အားလုံးအဆင်ပြေနေချိန်မှာ မာဖီရဲ့ကာကွယ်ဆေးက ဘေးထွက်ဆိုးကျိုးတွေရှိလာတဲ့အခါ........... အညွှန်းကို ဇွန်မြတ်နိုးဆွေမှရေးပေးထားပါတယ် ဘာသာပြန်သူကတော့ ကိုလင်းထိုက်အောင်နဲ့ဇွန်မြတ်နိုးဆွေဖြစ်ပါတယ် ဘာသာပြန်၂ယောက်စလုံးက ဒီ season 4ရောက်မှ စလုပ်ပေးတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ် ဘာသာပြန်အခက်အခဲကြောင့် ကြာနေတဲ့အတွက်လဲတောင်းပန်ပါတယ် ကျန်တဲ့အပိုင်းတွေကိုသုံးရက်တပိုင်းလောက်ရအောင်တင်ပေးပါ့မယ်
9.3 /3
Supernatural (TV Series) Season 10 Complete
8
Supernatural (TV Series) Season 10 Complete
ဆမ်ကသေနေတဲ့သူ့အကိုအလောင်းဘယ်ရောက်သွားလဲဆိုတာကို အဖြေထုတ်ဖို့ကြိုးစားနေချိန်မှာ ဒင်းန်ကနတ်ဆိုးဖြစ်သွားပြီး ခရောင်လီနဲ့အတူပျော်ပါးနေပါတယ် ဒါကိုဆမ်သိသွားတဲ့အခါ ဒင်းန်ကိုပြန်လည်ကုသဖို့ ကတ်စတီရယ်ကိုအကူအညီတောင်းပြီး ကြိုးစားကြပါတယ် ကြိုးစားမှုအောင်မြင်သွားပေမဲ့ ကိန်းရဲ့အမှတ်အသားကိုပိုင်ဆိုင်ထားတဲ့ ဒင်းန်ကိုကမ္ဘာပေါ်မှာထားလို့မရကြောင်း သေမင်းကပြောပြပေမဲ့ အမှတ်ကိုဖျက်ပစ်ဖို့ကိုပဲ ဆမ်ကကြိုးစားသွားမှာပါ သာသာပြန်သူ Ko Waihan Lin Htin ဖြစ်ပါတယ်
8 /4
Supernatural (TV Series) Season 9 Complete
10
Supernatural (TV Series) Season 9 Complete
Stars: Jared Padalecki, Jensen Ackles,Misha Collins စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့ဆမ်က သေလုမြောပါးဖြစ်နေပြီး ဒင်းန်ကဘာလုပ်ရမှန်းမသိတဲ့အဆုံးမှာ တမာန်တော်နတ်တွေကို အကူအညီလှမ်းတောင်းရပါတော့တယ် ကတ်စတီရယ်ကတော့ နတ်ကျက်သရေအထုတ်ခံလိုက်ရပြီး လူသားတယောက် ဖြစ်သွားပါတယ် ကောင်းကင်ဘုံရဲ့ အာဏာကိုသိမ်းချင်တဲ့ တမာန်တော်ဘာသိုလိုမြူနဲ့ ငရဲရဲ့ပုလ္လင်ကိုခရောင်လီလက်ထဲက လုချင်နေတဲ့ နတ်ဆိုးအဘာဒွန်တို့ကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ အဆုံးသတ်မှာတွေ့ရမှာပါ သာသာပြန်သူ Ko Waihan Lin Htin ဖြစ်ပါတယ်
10 /5
Supernatural (TV Series) Season 8 Complete
9.3
Supernatural (TV Series) Season 8 Complete
ဒစ်ရိုမန်ကိုတိုက်ခိုက်ရင်း ကတ်စတီရယ်နဲ့အတူ ကြေးချွတ်သန့်စင်ဘုံထဲကျသွားတဲ့ဒင်းန်က တနှစ်ခန့်ကြာအပြီးမှာ ကမ္ဘာပေါ်ကိုပြန်ရောက်လာပေမဲ့ ကတ်စတီရယ်ကတော့ ပြန်လွတ်မလာဘဲ ကြေးချွတ်သန့်စင်ဘုံထဲမှာပဲ ပိတ်မိနေခဲ့ပါတယ် ကယ်ဗင်ကတော့ ဘုရားသခင်ရဲ့ကျေက်စာနဲ့အတူ ခရောင်လီလက်ထဲက လွတ်မြောက်နေပါတယ် ဘုရားသခင်ရဲ့ကျောက်စာက ငရဲတံခါးပေါက်အားလုံးကို ထာဝရပိတ်ပစ်နိုင်မယ်ဆိုတာကို ဆမ်နဲ့ဒင်းန်သိသွားတဲ့အခါ ကျောက်စာပြားနဲ့ကယ်ဗင်ကို ပြန်တွေ့အောင် ခရောင်လီနဲ့အပြိုင်လိုက်ရှာကြပါတော့တယ် သာသာပြန်သူ Ko Waihan Lin Htin ဖြစ်ပါတယ်
9.3 /3
Supernatural (TV Series) Season 7 Complete
9.5
Supernatural (TV Series) Season 7 Complete
ကြေးချွတ်သန့်စင်ဘုံက အစွမ်းတွေပိုင်ဆိုင်သွားတဲ့ ကတ်စတီရယ်က သူ့ကိုယ်သူဘုရားသခင်အသစ်လို့ထင်သွားပြီး ဘော်ဘီ ဆမ်နဲ့ဒင်းန်တို့ဆီက ထွက်ခွာသွားပါတယ် လဗိုင်ယာသန်ဆိုတဲ့ မကောင်းဆိုးဝါးတွေက ကတ်စတီရယ်ရဲ့ ခန္ဓာကိုယ်ထဲကဖောက်ထွက်လိုက်တဲ့အခါ ကတ်စတီရယ်တယောက် နောက်တခါထပ်သေသွားရပါတယ် ကမ္ဘာပေါ်ရောက်လာတဲ့ အစွမ်းရှိသတ္တဝါလဗိုင်ယာသန်တွေကို ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာ ဒီ season ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းဖြစ်နေပါတယ် သာသာပြန်သူ Ko Waihan Lin Htin ဖြစ်ပါတယ်
9.5 /10
Atlantis (TV Series 2013–2017) Season 01 Complete
10
Atlantis (TV Series 2013–2017) Season 01 Complete
Merlin လို စိတ်ကူးယဉ်မှော်ဇာတ်လမ်းမျိုး ကြိုက်နှစ်သက်သူတွေအတွက် Atlantis ဆိုတဲ့ စိတ်ကူးယဉ်ဆန်စီးရီးလေးကို မိတ်ဆက်ပေးလိုက်ပါတယ် ဒီစီးရီးလေးထဲမှာတော့ ရှေးခေတ်ဂရိနတ်ဘုရားတွေနဲ့ မှော်ဝင်သတ္တဝါဆန်းတွေ ပါဝင်ပြီး စွန့်စားခန်းကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်သင့်တဲ့စီးရီးလေးပါ ဂျေဆင်ဆိုတဲ့ ကောင်လေးက အဖေဖြစ်သူရေငုပ်သင်္ဘောနဲ့ပျောက်ဆုံးသွားတာကို လိုက်ရှာဖို့ ပင်လယ်ထဲဆင်းသွားရင်း ရေအောက်မှာပျောက်ဆုံးနေတဲ့ ရှေးခေတ်အတ္တလန်တစ်မြို့တော်ကြီးဆီ မှော်ဆန်စွာရောက်ရှိသွားပါတယ် အတ္တလန်တစ်ကိုရောက်တဲ့အခါ တချိန်မှာ ဂန္တဝင်တွင်လာမဲ့ လူသား၂ဦးဖြစ်တဲ့ ပိုက်သာဂိုရက်နဲ့ ဟာကျူလီတို့က ဂျေဆင်နဲ့တွေ့ဆုံသွားပြီး ဂျေဆင်ရဲ့အဖေကိုရှာဖို့ ကူညီပေးကြပါတော့တယ် အဖေရှာပုံတော်ဖွင့်တဲ့ ဂျေဆင်က အတ္တလန်တစ်ရဲ့ အရေးပါသူတစ်ယောက်ဖြစ်နေပြီး ရက်စက်တဲ့ဘုရင်ရဲ့သမီးတော်လေးက ဂျေဆင်ကို မေတ္တာသက်ဝင်သွားပါတော့တယ် တဖက်မှာလဲ မင်းသမီးရဲ့မိထွေးဖြစ်တဲ့ ပါစီဖုန်းက သူ့တူနဲ့လက်ထပ်ပေးဖို့ မင်းသမီးလေးကို အတင်းအကျပ်တိုက်တွန်းနေပါတယ် ရှေ့ဖြစ်ဟောမှာပါတဲ့ ဂျေဆင်ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ နတ်ဘုရားတွေကတောင် ကြောက်ရတဲ့ ဂျေဆင်က သာမန်လူဖြစ်နိုင်ပါ့မလား ဂျေဆင်နဲ့ သူ့အဖေပြန်တွေ့နိုင်ပါ့မလား ဒါတွေသိချင်ရင်တော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ ဘာသာပြန်ပေးသူကတော့ ZERO KyawSoeLwin ဖြစ်ပါတယ်။    
10 /3
Supernatural (TV Series) Season 2 Complete
10
Supernatural (TV Series) Season 2 Complete
season 1 နောက်ဆုံးပိုင်းမှာနတ်ဆိုးဝင်ပူးထားတဲ့ ကားဒရိုင်ဘာက ဂျွန် ဆမ်နဲ့ဒင်းန်တို့ရဲ့ကားကိုဝင်တိုက်လိုက်တာကြောင့် ဒီ season ရဲ့ပထမဆုံးအပိုင်းမှာ သားအဖ၃ယောက်လုံးဆေးရုံရောက်နေကြပါတယ် ဂျွန်နဲ့ဆမ်ကဒဏ်ရာသိပ်မပြင်းကြပေမဲ့ ဒင်းန်ကတော့ ဆေးရုံထဲမှာဝိဥာဉ်လွင့်ပြီးလျှောက်သွားနေရမှာပါ သေလုမျောပါးဖြစ်နေတဲ့သားကိုကယ်နိုင်ဖို့ မဲရူးရဲဆန်စွာ ဆုံးဖြတ်လိုက်တဲ့ဂျွန်ရဲ့ အပေးအယူကြောင့် ဒင်းန်ကပြန်ရှင်လာခဲ့ပေမဲ့ ဂျွန်ကတော့သေဆုံးသွားရပါတယ် မျက်လုံးဝါနောက်ဆိုးကို အဖေမပါဘဲ ညီအကို၂ယောက်ထဲဆက်လိုက်ကြမဲ့ ဆမ်နဲ့ဒင်းန်တို့ရဲ့ စွန့်စားခန်းတွေနဲ့ ဆမ်ကဘာလို့ထူးခြားနေရလဲဆိုတဲ့ အဖြေတွေကို ဒီseason မှာဖော်ပြပေးသွားမှာဖြစ်ပါတယ် သာသာပြန်သူ Ko Waihan Lin Htin ဖြစ်ပါတယ်
10 /1
Supernatural (TV Series) Season 6 Complete
9.5
Supernatural (TV Series) Season 6 Complete
ဆမ်နဲ့အဒမ်လှောင်ချိုင့်ထဲကျသွားပြီးနောက်မှာ ဒင်းန်ကမုဆိုးအလုပ်ကအနားယူပြီး ဆမ်ကိုကတိပေးထားတဲ့အတိုင်း လီဆာတို့သားအမိနဲ့အတူ သာမန်ဘဝမှာနေထိုင်နေတာ တနှစ်လောက်တောင်ရှိသွားပါပြီ ဆောက်လုပ်ရေးအလုပ်သမားတယောက်အဖြစ်နေထိုင်နေတဲ့ ဒင်းန်ဆီကို အမဲလိုက်စရာအမှုကအလိုလိုရောက်ရှိလာပါတယ် ဂျင်လို့ခေါ်တဲ့သတ္တဝါတကောင်ကိုလိုက်ရင်း ဂျင်ဆိပ်မိသွားတဲ့ဒင်းန်ကို ဆမ်ကကယ်တင်ထားပြီး သေပြီလို့ထင်ခဲ့တဲ့ အဖိုးနဲ့အမျိုးတချို့နဲ့ပါ ဒင်းန်ကိုမိတ်ဆက်ပေးလိုက်တဲ့အခါ လီဆာနဲ့ဘန်ကိုထားခဲ့ပြီး အမဲလိုက်တဲ့အလုပ်ကိုပဲဆက်လုပ်ဖို့ ဒင်းန်ဆုံးဖြတ်လိုက်ရပါတော့တယ် လှောင်အိမ်ထဲကျသွားတဲ့ဆမ်က ဘယ်လိုအသက်ပြန်`၇ှင်လာခဲ့သလဲဆိုတာတော့ ဒီ season ရဲ့အကြီးဆုံးမေးခွန်းကြီးဖြစ်နေပါတယ် သာသာပြန်သူ Ko Waihan Lin Htin ဖြစ်ပါတယ်
9.5 /4
The Tudors (TV Series 2007-2010) Season 04 Complete
1
The Tudors (TV Series 2007-2010) Season 04 Complete
(သတိပေးချက်- 18+အခန်းတွေအများကြီးပါဝင်တဲ့အတွက် 18နှစ်အောက်ကလေးများ ကြည့်ရှုရန်မသင့်ပါ) England မင်းဆက်ရဲ့ နာမည်ကြီး ဘုရင်တစ်ပါးဖြစ်တဲ့ Henery 8 အကြောင်းကို တခမ်းတနားရိုက်ကူးထားတဲ့ နန်းတွင်းဇာတ်လမ်းတွဲကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် အမှန်တော့ မိတ်ဆက်စရာမလိုအောင် လူသိများထင်ရှားပြီးသားပါ Superman မင်းသား Henery Cavill ပါဝင်သရုပ်ဆောင်ထားပြီး England သမိုင်းအစစ်အမှန်ကို ယနေ့ခေတ်လူငယ်တွေအတွက် စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတာကို တွေ့ရမှာပါ ဘုရင် Henery 8 ရဲ့ ရာဇပုလ္လင်ပေါ်ကဘဝအပြင် ပုလ္လင်နောက်ကွယ်က ရန်လိုသူတွေ အထင်သေးနှိမ့်ချသူတွေရဲ့ စိတ်ဓာတ်ပေါင်းစုံ စရိုက်ပေါင်းစုံကို ဇာတ်လမ်းတွဲတစ်ခုထဲမှာ စုံလင်စွာခံစားရမှာပါ နောက်ထပ်ထူးခြားတာက Bloody Mary လို့ လူသိများတဲ့ သရဲပုံပြင်တွေက Mary Tudors ရဲ့ ဘဝအကြောင်းကိုလည်း ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ် 2007 ခုနှစ်ကထွက်ရှိခဲ့ပြီး imdb rating 8.1 ထိရထားတဲ့ The Tudors ဇာတ်လမ်းတွဲကို ...
1 /1
Game of Thrones (Season 02 Complete)
10
Game of Thrones (Season 02 Complete)
Seven noble families fight for control of the mythical land of Westeros. Friction between the houses leads to full-scale war. All while a very ancient evil awakens in the farthest north. Amidst the war, a neglected military order of misfits, the Night's Watch, is all that stands between the realms of men and icy horrors beyond. Translated by Waihan Lin Htin    
10 /1
Supernatural (TV Series) Season 5 Complete
9
Supernatural (TV Series) Season 5 Complete
လူစီဖာလွတ်လာပေမဲ့ ဆမ်နဲ့ဒင်းန်ကတော့ ဘေးကင်းပါတယ် ချက်ရဲ့ပြောပြချက်အရတော့ ကတ်စတီရယ်သေသွားပါပြီ ကမ္ဘာပေါ်မှာလျှောက်သွားနေတဲ့ လူစီဖာနတ်ဆိုးအတွက် ဝင်ပူးရမဲ့ခန္ဓာခွံအစစ်အမှန်က ဆမ်ဖြစ်နေပြီး လူစီဖာကိုတိုက်ခိုက်မဲ့ သူ့အကိုမိုက်ကယ်ဝင်ပူးရမဲ့အခွံက ဒင်းန်ဖြစ်နေတဲ့အခါ အရမ်းချစ်ကြတဲ့ညီအကို၂ဦးရဲ့အဆုံးသတ်က တမာန်တွေဖြစ်စေချင်သလို တဦးနဲ့တဦးတိုက်ခိုက်ကြရင်းပဲ အဆုံးသတ်သွားမှာလား   သာသာပြန်သူ Ko Waihan Lin Htin ဖြစ်ပါတယ်    
9 /6
Missing (TV Series 2012) Season 01
8
Missing (TV Series 2012) Season 01
ကမ္ဘာပေါ်မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့ တစ်ခုထဲသောအရာ ပျောက်ဆုံးသွားရင် အဲ့ဒီအရာကိုပြန်ရဖို့ ဘယ်မဆိုလုပ်မိမှာသေချာပါတယ် ရေဘက်ကာဝင်းစတုန်းနဲ့ ပေါလ်ဝင်းစတုန်းတို့က CIA အေးဂျင့်တွေဖြစ်ကြပြီး ဇနီးမောင်နှံတွေလဲဖြစ်ကြပါတယ် မိုက်ကယ်ဆိုတဲ့ သားလေးတစ်ယောက်ရှိပြီး တစ်နေ့မှာ အကြမ်းဖက်သမားတစ်စုရဲ့ လုပ်ကြံမှုကြောင့် ပေါလ်သေဆုံးသွားပြီး ရေဘက်ကာကလဲ CIA အလုပ်ကနေထွက်လိုက်ပါတော့တယ် သားလေးမိုက်ကယ်နဲ့အတူ နေထိုင်လာရင်း 10နှစ်အကြာမှာ ရောမကိုသွားရင်း မိုက်ကယ်ပြန်ပေးဆွဲခံလိုက်ရပါတယ် ဒီအခါ ရေဘက်ကာတစ်ယောက် သားဖြစ်သူကို လိုက်ရှာရင်း CIA အေးဂျင့်တစ်ယောက်ဖြစ်တဲ့ ဒတ်စ်နဲ့ ရင်းနှီးသွားပြီး သူမကို လိုက်ကူညီပေးပါတော့တယ် ရေဘက်ကာတစ်ယောက် သူ့သားမိုက်ကယ်ကို ပြန်တွေ့နိုင်ပါ့မလား............  
8 /1
Arrow (TV Series) Season 02 Complete
9
Arrow (TV Series) Season 02 Complete
Season 1 မှာ The Dark Archer မယ်လ်ကွန်မာလင်ရဲ့ ငလျင်စက်ဒဏ်ကြောင့် အိုလီဗာအနေနဲ့ သူအချစ်ဆုံးသူငယ်ချင်း တွမ်မီကိုဆုံးရှုံးခဲ့ရပါတယ်။ သူငယ်ချင်းဖြစ်သူသေဆုံးပြီးတော့ အိုလီဗာတစ်ယောက် လျန်ယုကိုပြန်သွားပြီး ဇာတ်မြှုပ်နေထိုင်ပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ အိုလီဗာတို့မိသားစုရဲ့ ကွင်းလုပ်ငန်းစုဟာ မိခင်ဖြစ်သူမွိုင်ရာကွင်းရဲ့လုပ်ရပ်ကြောင့် ကုမ္ပဏီပျက်တော့မလိုဖြစ်နေပါတယ်။ သူငယ်ချင်းဖြစ်သူ ဂျွန်ဒစ်ဂယ်နဲ့ဖယ်လစ်စစ်တီတို့ရဲ့တိုက်တွန်းမှုကြောင့် စတာလင်မြို့ကိုပြန်လာပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ သူချစ်တဲ့မြို့တော်ကြီးဟာ ငလျင်ဒဏ်ကြောင့် အရင်ကထပ်ပိုပြီးပျက်ဆီးနေတာကိုတွေ့လိုက်ရတဲ့အခါ အိုလီဗာကွင်းအနေနဲ့ သားတစ်ယောက်ရဲ့တာဝန်ကို ယူရမှာလား ဒါမှမဟုတ် ခေါင်းစွပ်စွပ်ပြီး ကင်းသမားတစ်ယောက်အနေနဲ့ မြို့တော်ကို တရားမျှတမှုလွှမ်းမိုးအောင်လုပ်ရမှာလားဆိုတာကတော့… Spoiler သဘောမျိုးပြောရမယ်ဆိုရင် ဒီ Season မှာ DC Comics ရဲ့ နာမည်ကြီးCharacterတစ်ယောက်ကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။  
9 /3
Band of Brothers (TV Series 2001) Season 01 Complete
9.7
Band of Brothers (TV Series 2001) Season 01 Complete
မိတ်ဆက်ပေးစရာမလိုအောင် နာမည်ကြီးပြီးသားဖြစ်တဲ့ စီးရီးကောင်းတစ်ခုပါ ဒုတိယကမ္ဘာစစ်အပြီး 1942 ကာလကို အခြေခံရိုက်ကူးထားပြီး ထိုကာလမှာ အမေရိကန်စစ်သားတွေရဲ့ လေ့ကျင့်ရေးတွေ ရင်ဆိုင်ခဲ့တဲ့တိုက်ပွဲတွေအကြောင်းကို ကိုယ်တိုင်ခံစားနေရသလိုဖြစ်အောင် ရိုက်ကူးထားတာဖြစ်ပါတယ် IMDB rating 9.5 အထိရရှိထားပြီး နာမည်ကြီးသရုပ်ဆောင်များစွာနဲ့ အားဖြည့်ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရတာတန်တယ်လို့ ပြောရမှာပါပဲ Season 1တစ်ခုထဲထွက်ရှိထားပြီး အပိုင်း 10ပိုင်းပါဝင်ပါတယ် အထူးတောင်းပန်ချင်တာကတော့ ဘာသာပြန်သူက စစ်တပ်နဲ့မရင်းနှီးသူဖြစ်တဲ့အတွက် စစ်တပ်ပိုင်းအသုံးအနှုန်းတစ်ချို့မှာ လွဲချော်နေရင် နားလည်ပေးကြဖို့ပါပဲ  
9.7 /3
Supernatural (TV Series) Season 4 Complete
10
Supernatural (TV Series) Season 4 Complete
အကိုသေသွားပြီးနောက်မှာ ဆမ်က မုဆိုးအလုပ်ကိုစွန့်လွှတ်ပြီး တယောက်ထဲရှေ့ဆက်ဖို့ကြိုးစားနေတာကို ဒီ seasonအစမှာ တွေ့ရမှာပါ ရှေ့ပိုင်းတွေမှာနတ်ဆိုးနဲ့မကောင်းဆိုးဝါးတွေနဲ့ပဲရင်ဆိုင်ခဲ့ရပေမဲ့ ဒီတခါမှာတော့ တမာန်တော်နတ်တွေပါ ပါဝင်လာပါပြီ ငရဲခွေးတွေကိုက်ခံရလို့သေပြီးငရဲကျနေတဲ့ဒင်န်းကို ကတ်စတီရယ်ဆိုတဲ့တမာန်တော်က ငရဲကနေဆွဲထုတ်ကယ်လာပြီး ဒင်းန်အတွက် တမာန်တော်တွေရဲ့အစီအစဉ်တွေရှိနေကြောင်းရှင်းပြလိုက်တဲ့အခါ ဘာမှန်းမသိတဲ့အစီအစဉ်ကြီးကို ဒင်းန်ကလက်ခံလိုက်မလားဆိုတာက ဒီ season ရဲ့အဓိကမေးခွန်းကြီးဖြစ်နေပါတယ် သာသာပြန်သူ Ko Waihan Lin Htin ဖြစ်ပါတယ်    
10 /3

Facebook