2017

XX (2017)
0
1080p

XX (2017)

2017
XX (2017)
မတူညီတဲ့ အမျိုးသမီးဒါရိုက်တာ 4ယောက် ရိုက်ကူးထားတဲ့ ဒီ horror ဇာတ်ကားလေးက အပိုင်း 4ပိုင်းခွဲပြီး တင်ဆက်ထားပါတယ် ပထမတပိုင်းမှာ ခရစ္စမတ်ရောက်ခါနီးကာလဖြစ်ပြီး ဆူဆန်ဆိုတဲ့ အမျိုးသမီးက ရထားစီးပြီး သားဖြစ်သူ ဒန်နီရယ် သမီးဖြစ်သူ ဂျန်နီတို့နဲ့အတူ အိမ်ကိုပြန်လာပါတယ် လမ်းမှာ ဘူးတစ်ဘူးကိုင်လာတဲ့ လူတစ်ယောက်ကို ဒန်နီတွေ့သွားပြီး အထဲမှာဘာပါလဲလို့ မေးလိုက်မိတယ် အဲ့ဒီလူက အဖုံးကိုဖွင့်ပြလိုက်ပြီး ဒန်နီကလဲ စိုက်ကြည့်ခဲ့မိတယ် အဲ့ဒီအချိန်ကစပြီး ဒန်နီက ဘာအစာမှမစားတော့ဘဲ ၆ရက်မြောက်နေ့မှာတော့ ဒန်နီရဲ့အဖေက ဆရာဝန်နဲ့သွားပြခဲ့ပေမဲ့ ဒန်နီဘာလို့အစာမစားလဲဆိုတဲ့အဖြေကို ရှာမတွေ့ခဲ့ဘူး ဘူးထဲကအရာအကြောင်းကို ဒန်နီက ဂျန်နီကိုပါ ပြောပြလိုက်တဲ့အခါ ဂျန်နီလဲ အစာမစားတော့ဘူး ဒန်နီနဲ့ ဂျန်နီက အဲ့ဒီအကြောင်းကို သူတို့အဖေကို ပြောပြလိုက်တဲ့အခါ သူတို့အဖေကပါ အစာမစားတော့ဘူး အဲ့ဒါဘာကြောင့်လဲ ????? အပိုင်းနှစ်မှာ မေရီဆိုတဲ့အမျိုးသမီးက သူ့သမီးမွေးနေ့မှာ ခင်ပွန်းဖြစ်သူ ရုံးခန်းထဲမှာ သေဆုံးနေတာကို တွေ့ခဲ့တယ် မွေးနေ့ပွဲအတွက် ဧည့်သည်တွေလာတော့မှဖြစ်တဲ့အတွက် မေရီက အလောင်းကို ဖွက်ဖို့ကြိုးစားခဲ့တယ် မေရီတစ်ယောက် ဒါကိုအောင်မြင်အောင် လုပ်နိုင်မှာလား ????? အပိုင်းသုံးမှာ သူငယ်ချင်း 4ယောက်က ...
0 /0
Flatliners (2017)
0
720p
Flatliners (2017)
လက်တည့်စမ်းကြတဲ့ ဆေးကျောင်းသား ၅ယောက်အကြောင်းကို သည်းထိတ်ရင်ဖိုရိုက်ကူးထားတာဖြစ်ပါတယ် ဘယ်လိုလက်တည့်စမ်းကြလဲဆိုတော့ ကိုယ့်ကိုကိုယ်နှလုံးခုန်ခဏရပ်အောင်လုပ်ပြီး သေခါနီးဖြစ်နေတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို လေ့လာကြတာပါ အဲ့ဒီအခိုက်အတန့်လေးမှာ ကြုံရတဲ့ ငယ်ဘဝအိပ်မက်ဆိုးတွေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့အပြစ်တွေက လက်ရှိဘဝကို ရောင်ပြန်ဟပ်လာတဲ့အခါ ဒါကိုဖြေရှင်းဖို့ ဒီထက်ပိုပြီး စွန့်စားလေ့လာကြမဲ့ Flatliner ၅ယောက်ကို ကြည့်ရှုရမှာဖြစ်ပါတယ် ဆေးပညာအသုံးအနှုန်းတွေအများကြီးနဲ့ ဗဟုသုတရစေမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်The Vampire Diaries ရဲ့ မင်းသမီးချောလေး Nina Dobrev ရဲ့ အလှအပတွေကိုခံစားရင်း လက်တည့်စမ်းကြသူများကိုကြည့်လိုက်ရအောင် (ဘာသာပြန်သူတွေကအတတ်နိုင်ဆုံးကြိုးစားထားပေမဲ့ ဆေးပညာနဲ့နီးစပ်သူတွေမဟုတ်လို့ ဘာသာပြန်လွဲမှားတာရှိရင် ခွင့်လွှတ်ပေးကြပါ) File size – 1.3 gb / 530 mb Link type – soliddrive Translator – Waihan Lin Htin and Zon Myat Noe Swe Encoder – Zon Myat Noe Swe
0 /0
Everything, Everything (2017)
0
Everything, Everything (2017)
Madeline ဆိုတဲ့ 17နှစ်အရွယ်ကောင်မလေးတစ်ယောက်က ရောဂါတစ်ခုကြောင့် အိမ်ပြင်ထွက်လို့မရဘဲ သန့်စင်ထားတဲ့လေနဲ့ အိမ်ထဲမှာပဲ နေထိုင်ရသူဖြစ်ပါတယ် သူမရဲ့ဘဝထဲမှာ သူမအမေရယ် သူမရဲ့သူနာပြုရယ် စာအုပ်တွေရယ်သာ ရှိပါတယ် တစ်နေ့မှာတော့ သူမအိမ်ဘေးကို Olly ဆိုတဲ့ကောင်လေးတစ်ယောက် အိမ်ပြောင်းလာပါတယ် နောက်ပိုင်းမှာ email ကတစ်ဆင့် သူတို့နှစ်ယောက် ရင်းနှီးသွားကြပြီး တဖြေးဖြေးနဲ့ သူတို့နှစ်ယောက်ချစ်မိသွားပါတော့တယ် Olly ကသူမကို တကယ်အသက်ရှင်နေထိုင်ရတဲ့ ဘဝအစစ်က ဘာလဲဆိုတာပြသပေးပြီး သူမရဲ့ဘဝသစ်ကိုရှာဖွေဖို့ စွန့်စားခန်းတွေစတင်လာပါတော့တယ် File size – 1.46 gb / 460 mb Link type – soliddrive Translator – Waihan Lin Htin Encoder – Zon Myat Noe Swe  
0 /0
Blame (2017)
10
720p
Blame (2017)
စိတ်ရောဂါအခံလေးရှိတဲ့ကောင်မလေးတစ်ယောက် တစ်ကျောင်းလုံးရဲ့အနှိမ်ခံကောင်မလေးတစ်ယောက် အဲ့ဒီကောင်မလေးကို ကျောင်းကို အစားထိုရောက်လာတဲ့ကျောင်းဆရာတစ်ယောက် ဖေးမတယ် ကူညီတယ် ဒီတော့ အနှိမ်ခံရတဲ့ကောင်မလေးက သာယာသွားတယ်။ ဆရာက သဘောရိုးသပ်သပ်လား ဟိုလိုဒီလိုလားတော့မသိပု အဲ့ဒါကို ထိုစိတ်ရောဂါသည်လေးကိုနှိမ်နေကြဖြစ်တဲ့ ကျောင်းကအလန်းဆုံးကောင်မလေး မလီဆာက မနာလိုသဝန်တိုဖြစ်ကာ ဆရာဖြစ်သူကိုရအောင်ကြံပါတော့တယ် အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.... ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ Myo Khant ဖြစ်ပါတယ်။
10 /1
Salyut 7 (2017)
0
Salyut 7 (2017)
၁၉၈၅ မှာ ကမ္ဘာပတ်လမ်းထဲလည်ပတ်နေတဲ့ ဆိုယု ၇ လူမဲ့အာကာသယာဉ်ဟာ ထိန်းချုပ်ဌာနနဲ့ ရုတ်တရက် အဆက်အသွယ်ပြတ်တောက် သွားပါတယ်။ တကယ်လို့သာ အာကာသယာဉ်ပျက်ကျလာခဲ့ရင် တိုင်းပြည်ရဲ့ ပုံရိပ်ကို ထိခိုက်ရုံမကပဲ ကြိုတွက်ချက်မထားနိုင်တဲ့ ထိခိုက်မှု ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်လာတော့မှာပါ။ ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်ကို ကာကွယ်ဖို့နဲ့ ချို့ယွင်းမှုကို အဖြေရှာဖို့ လူလွှတ်ရဖို့ရှိလာပါတယ်။ အဲ့ဒီအချိန်တုန်းက အာကာသထဲက ထိန်းချုပ်မှုကင်းမဲ့ နေတဲ့ယာဉ်ဆီကို ဆိုက်ကပ်ဖို့ ဘယ်သူမှ မကြိုးစားခဲ့ကြဖူးသေးပါဘူး။ ဒီနေ့ အချိန်ထိလဲ အဲ့ဒီ မစ်ရှင်ဟာ အာကာသလေ့လာရေးမှာ စိန်ခေါ်မှုအကြီးဆုံး အဖြစ် မှတ်ကျောက်တင်ခံထားရပါတယ်။ ဒီကားဟာ အဲ့ဒီ တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး။ ရုရုားတွေအတွက် ရုပ်ရှင်သမိုင်းမှာပါ မှတ်ကျောက်တင်စရာ ကားတစ်ကား ဖြစ်လာပါတယ်။ ခမ်းနားလှပတဲ့ အာကာသမြင်ကွင်းတွေ ဖြစ်ရပ်မှန်ကို အခြေခံထားပေမယ့် ပျင်းသွားစရာ တစ်ကွက်မှ မပါပဲ ဇာတ်ကိုဆွဲခေါ်သွားနိုင်ပါတယ်။ ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ ကို ...
0 /0
Crooked House (2017) 1080p
0
1080p
Crooked House (2017) 1080p
နာမည်ကျော် စုံထောက်ဝတ္ထုရေး စာရေးဆရာမကြီး အာဂါသာခရစ်စတီး ရဲ့ အလှည့်ဖျားနိုင်ဆုံး လက်ရာတွေထဲက တစ်ခုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတာပါ။ သူလျှိုဘ၀ကနေ အလွတ်စုံထောက်တစ်ဦးဖြစ်လာခဲ့တဲ့ ချားဟေးဝပ် ဟာ သူ့ချစ်သူဟောင်းတစ်ယောက်ရဲ့ အဘိုး အသတ်ခံရမှုကို စကော့တလန်ယာ့ဒ်က မိသားစုရဲ့ နာမည်ပျက်စရာ လျှို့ဝှက်ချက်တွေကို မဖော်နိုင်ခင် တရားခံကို ဖော်ရဖို့ဖြစ်လာပါတယ်။ အဲ့ဒီ စံအိမ်ကြီးမှာခေတ္တနေထိုင်ဖို့ ရောက်နေတဲ့ ကာလအတွင်း မိသားစုဝင် တစ်ယောက်စီနဲ့ တွေ့ဆုံ စကားပြောဖြစ်ရင်း လူအတော်များများမှာ သတ်စေနိုင်လောက်တဲ့ စေ့ဆော်မှုတွေ ရှိနေကြောင်းသိရတဲ့အခါ သူ အချိန်မှီဖော်ထုတ်နိုင်မလား။ တရားခံဘက်က လက်ဦးသွားမလားဆိုတာကို အဆုံးသတ်ထိ ရင်တမမနဲ့ကြည့်ရမှာပါ။ လတ်တလောထွက်ထားခဲ့တဲ့ Murder on orient express ဟာလဲ ဆရာမကြီးရဲ့ လက်ရာပါပဲ။ နာမည်ကျော်စာအုပ်ပေါင်းများစွာ ထွက်ရှိထားပြီးတော့ အတော်များများကိုလဲ ရုပ်ရှင်အဖြစ် ပုံဖော်ခံခဲ့ရပါတယ်။ ဘာသာပြန်သူနဲ့အညွှန်းရေးသားသူကတော့ ကို ဝေဟံလင်းထင် ပဲ ဖြစ်ပါတယ်။
0 /0
The Sense of an Ending (2017)
10
720p
The Sense of an Ending (2017)
ကွာရှင်းထားပြီး အငြိမ်းစားယူထားတဲ့ တိုနီဆိုသူက ကင်မရာဆိုင်လေးဖွင့်ပြီး ဇနီးဟောင်းဖြစ်သူနဲ့ ပြန်လည်ချစ်ကြိုးသွယ်ရင်း အထီးကျန်မှုကို တွန်းလှန်နေသူဖြစ်ပါတယ် တိုနီမှာမီးဖွားခါနီး သမီးတစ်ယောက်လဲရှိပြီး သူ့ရဲ့နေစဉ်ဘဝက ပုံမှန်လည်ပတ်လျက်ရှိပါတယ် တရက်မှာတိုနီဆီရောက်ရှိလာတဲ့ ထူးဆန်းတဲ့စာတစ်စောင်က သူ့ရဲ့အဆင်ပြေနေတဲ့ဘဝကို ဖျက်ဆီးလိုက်ပါတော့တယ် အလွန်ဝေးကွာနေပြီဖြစ်တဲ့ အတိတ်တစ်ခုက တိုနီကိုခြောက်လှန့်ဖို့ ပြန်ရောက်လာတဲ့အခါ.. ဘာသာပြန်တာကတော့ Myo Khant ဖြစ်ပါတယ်။ အညွှန်းရေးပေးသူကတော့​ ဇွန်မြတ်နိုးဆွေ ဖြစ်ပါတယ်။
10 /1
The Vault (2017) 1080p
10
1080p
The Vault (2017) 1080p
ညီအမနှစ်ယောက်က သူတို့မောင်လေးကိုကယ်ရန် ဘဏ်တခုကိုဒမြဝင်တိုက်ဖို့ ဖိအားပေးခံလိုက်ရတယ် အဲ့ဒီဘဏ်ကသာမန်ဘဏ်တစ်ခုမဟုတ်တဲ့အခါ.... Horror,Thrillerအမျိုးအစားဖြစ်ပြီး တချို့အခန်းတွေမှာ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး အညွှန်းအရှည်ကြီးရေးပေးသူကတော့ ဇွန်မြတ်နိုးဆွေ ပဲ ဖြစ်ပါတယ်.
10 /1
48 Hours to Live (2016) 1080p
10
1080p
48 Hours to Live (2016) 1080p
အကကားကိုမှ ပုံစံတစ်မျိုးလေးနဲ့ဖောက်ထွက်ရိုက်ကူးထားတဲ့ကားလေးပါ။ ဆေးဖြတ်စခန်းကနေ ထွက်လာတဲ့ စိတ်သစ်လူသစ်နဲ့အထီးကျန် လူသားတစ်ဦးဟာ သူ့ညီမအသတ်ခံရမှုကို ဖြေရှင်းဖို့အတွက် အိမ်ကိုပြန်လာခဲ့ပါတယ်။ ဒါပေမယ့်သူဟာ နှစ်ဖက်သော ဥပဒေအဖွဲ့ရဲ့လိုက်လံဖမ်းဆီးဖြင်းကို ခံလိုက်ရပါတယ်။ သူဟာ ထွက်ပြေးရင်းနဲ့ ဒါတွေအားလုံးဟာ LA ကလပ် တစ်ခုရဲ့ ကလဲ့စားချေတဲ့ကစားနည်းတစ်ခုဆိုတာကို သိလိုက်ရသောအခါ...
10 /1
Song to Song (2017)
5
1080p
Song to Song (2017)
မင်းသားချော Ryan Gosling နဲ့ မင်းသမီးကြီး Cate Blanchett တို့အပြင် တခြားနာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ဒီဇာတ်ကားလေးက Drama ဇာတ်လမ်းတစ်ပုဒ်ကို အေးအေးဆေးဆေး ခံစားချင်သူတွေအတွက် နှလုံးသားနဲ့ထပ်တူကျစေမှာပါ မတူညီတဲ့ လူ ၆ယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ၂ပုဒ်ကို ဇာတ်ကားတစ်ကားထဲမှာ မြင်သာအောင်ပြသထားပြီး girls love ကိုပါ ထည့်သွင်းထားပါသေးတယ် တက္ကဆက်က အော်စတင်မြို့လေးမှာ ရိုက်ကူးထားပြီး တကယ့် rock show တွေကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဒီကားလေးမှာ နာမည်နဲ့လိုက်အောင် သီချင်းကောင်းကောင်းတွေ ထည့်သုံးထားပါတယ် အဓိကမင်းသမီးနှစ်ယောက်ကလဲ ကဗျာဆရာ William Blake ရဲ့ကဗျာတစ်ပုဒ်ကို ဒိုင်ယာလော့ခ်အဖြစ် ရွတ်ပြသွားပါတယ် ဒီဇာတ်ကားလေးထဲမှာ ထူးခြားတာက အော်စကာဆုရှင် ၃ယောက်နဲ့ ဆန်ခါတင်စာရင်းဝင် သရုပ်ဆောင်တို့ကို အဓိကဇာတ်ဆောင်တွေအဖြစ် ထည့်သွင်းထားတာပဲဖြစ်ပါတယ် ဘာသာပြန်ပေးသူကတော့ Zon Myat Noe Swe ဖြစ်ပါတယ်
5 /1
It (2017)
0
720p

It (2017)

2017
It (2017)
ဟောဒီကမ္ဘာပေါ်မှာ ထူးခြားဆန်းကြယ်တဲ့အရာတွေ ပြောပြလို့တောင်မရတဲ့ကိစ္စတွေ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေဟာ ကျွန်တော်တို့လူသားတွေနဲ့အနီးဆုံးမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ရှိနေကြတယ်ဆိုတာ ခင်ဗျားတို့ယုံလား? အကယ်၍ မယုံကြည်ဘူးဆိုရင်တော့ ဒီရုပ်ရှင်ကားကိုသာ ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။ It ရုပ်ရှင်ဟာ နာမည်ကျော်စာရေးဆရာကြီး Stephen King ရဲ့ နာမည်ကျော် It ဝတ္ထုကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။ It ဝတ္ထုဟာ 1990 မှာ Mini Series တစ်ခုအနေနဲ့ ထွက်ရှိခဲ့ဖူးပြီး ယခု 2017 မှာ Movie အနေနဲ့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ It ရုပ်ရှင်ဟာ Google မှာ အရှာဖွေခံရဆုံး ရုပ်ရှင်၁၀ကားထဲမှာ နံပါတ် ၁ နေရာကနေ ရပ်တည်နေပါတယ်။ ဇာတ်လမ်းသွားလေးကတော့ Derry ဆိုတဲ့မြို့လေးမှာ လျှို့ဝှက်တဲ့ပုံစံတွေနဲ့ ကလေးတွေပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံးသွားတဲ့ကလေးတွေထဲမှာ Bill Denbrough ရဲ့ ညီ Georgie Denbrough လည်းပါဝင်နေခဲ့ပါတယ်။ ...
0 /0
Thumper (2017)
0
720p
Thumper (2017)
ဒီကားလေးကတော့ ဆယ်ကျော်သက်ဘဝမှာ ကြပ်တည်းတဲ့စီးပွားရေးကြောင့် လမ်းမှားရောက်သွားတဲ့ လူငယ်တွေအကြောင်းကို ပညာပေးသဘောမျိုးရိုက်ကူးထားတာဖြစ်ပါတယ် လူငယ်ဘဝ သုံးချင်ဖြုန်းချင်တဲ့အချိန်မှာ ဝင်ငွေမလောက်တဲ့အခါ ဝင်ငွေရလွယ်တဲ့ မူးယစ်ဆေးအရောင်းသမားအဖြစ် ဘဝကိုပြောင်းလဲလိုက်ကြရင်း ပျက်းစီးသွားတဲ့ဘဝတွေကို မြင်တွေ့ရမှာပါ ထူးထူးခြားခြားသရုပ်ဆောင်အနေနဲ့ Game of Thrones ထဲမှ ပရိတ်သတ်အချစ်တော် Cersei Lannister (Lena Headey) ကိုတွေ့ရမှာဖြစ်ပါတယ် File size - 1 gb / 450 mb Link type - openload / solidrive Translator - Aye Chan Su Encoder - Zon Myat Noe Swe  
0 /0
Where’s The Money? (2017)
8
1080p
Where’s The Money? (2017)
Vine မှာ နာမည်ကြီးတဲ့ King bech ပါဝင်ထားတဲ့ ဟာသကားလေးပါ။ တော်ကီတွေလန်းပြီ ပေါက်ကရတွေ တလွဲတွေနဲ့ Vine မှ နာမည်ကြီးတွေ တပြုံကြီးပါဝင်ထားပါတယ် ဇာတ်လမ်းပုံစံလေးကတော့ ဖအေလုပ်တဲ့သူ ဓါးမြတိုက်ဖွက်ထားတဲ့ ပိုက်ဆံတွေကို သားဖြစ်တဲ့သူက သွားရှာပုံကိုရိုက်ကူးထားတာပါ File size - 870mb / 560 mb Link type - openload / solidrive Translator - Myo Khant (KCG) Encoder - Zon Myat Noe Swe  
8 /1
Blood Money (2017)
10
720p
Blood Money (2017)
သူငယ်ချင်းသုံးယောက် တောထဲကို အလည်သွားကြရင်း မတော်တဆပိုက်ဆံတွေ အများကြီးရရှိခဲ့တယ် မကောင်းတဲ့ပိုက်ဆံတွေမှန်း သိသိနဲ့ လောဘကိုမလွန်ဆန်နိုင်တဲ့အခါ ဒီပိုက်ဆံတွေကို အပိုင်အစီးဖို့ကြိုးစားကြရင်း သိပ်ချစ်လှပါတယ်ဆိုတဲ့ သူငယ်ချင်းတွေအဖြစ်ကနေ ရန်သူတွေအဖြစ်ပြောင်းလဲသွားရပါတော့တယ် သွေးစွန်းနေတဲ့ပိုက်ဆံတွေကို ဘယ်သူရရှိသွားမှာလဲ........ File size - 800mb /400 mb Link type - openload / soliddrive Translator - Myo Khant (KCG) Encoder - Zon Myat Noe Swe  
10 /2
Most Beautiful Island (2017)
0
720p
Most Beautiful Island (2017)
နယူးရော့ခ်ကို ကြုံရာကျပန်း အလုပ်လုပ်ဖို့ရောက်လာတဲ့ကောင်မလေးတစ်ယောက် ခိုးဝင်လာသူဖြစ်တဲ့အတွက် ဘာစာရွက်စာတမ်းမှမရှိ ငွေသားနဲ့ရှင်းတဲ့အလုပ်တွေမှာ ပတ်လုပ်နေရသူ သူမဟာ သူမလိုမျိုး ဘဝတူ ကောင်မလေး တစ်ယောက်နဲ့ သူငယ်ချင်းတွေဖြစ်ခဲ့တယ် အဲ့ဒီသူငယ်ချင်းက သူမကို ပါတီတစ်ခုကို သွားရောက်ပေးရုံနဲ့ တစ်ည ဒေါ်လာနှစ်ထောင် ရမည်ဆိုပြီး အလုပ်တစ်ခုပေးပါတယ်။ အစစအရာရာ အဆင်မပြေဖြစ်နေတဲ့ သူမကလဲ​ ထိုအလုပ်ကို လက်ခံခဲ့ပါတယ် သူမလက်ခံခဲ့တဲ့ ထိုအလုပ်က အသက်ကိုရင်းရတဲ့ အလုပ်မျိုး ဖြစ်နေတဲ့အခါ.........   File size - 800mb /380 mb Link type - openload / soliddrive Translator - Myo Khant (KCG) Encoder - Zon Myat Noe Swe  
0 /0
Nails (2017)
0
Nails (2017)
ဆိုးရွားတဲ့ မတော်တဆဖြစ်မှုတစ်ခုနဲ့ကြုံပြီး အကြောသေသွားတဲ့ ဒါနာဟာ ဆေးရုံတစ်ခုမှာ ပြန်လည်ထူထောင်ဖို့နေခဲ့ရပါတယ် ညညကျရင် သူတစ်ယောက်တည်း အခန်းထဲမှာ ရှိနေချိန် တစ်ယောက်ယောက်က စိုက်ကြည့်နေသလို စတင်ခံစားလာရပြီး နောက်ပိုင်းမှာ အကောင်အထည်ပါပြလာတဲ့အထိ ခြောက်လှန့်မှုတွေဟာ ပိုမိုဆိုးရွားလာပါတော့တယ်။ ဆေးရုံမှာ တစ်ခြား ဘယ်အခန်းမှလဲ ခြောက်လှန့်မှုမရှိပဲ ဒီတစ်ခန်းထဲသာ ဖြစ်နေတဲ့အပြင် သူ့အရင်တုန်းကလဲ ခြောက်လှန့်မှုမရှိတဲ့အတွက်.. ဘယ်သူမှ သူ့စကားကို မယုံကြပါဘူး။ အဲ့ဒီအရာအကြောင်း သူ့ယောက်ျားနဲ့သမီးကို ပြောပြပေမဲ့ ဘယ်သူကမှ သူမကိုမယုံကြည်ခဲ့ဘူး မတော်တဆမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသွားတယ်လို့ပဲ သူ့ယောက်ျားကထင်နေခဲ့တယ် နောက်ပိုင်း အိမ်ထောင်ရေးပြိုကွဲသွားပြီး ထိုအရာက သူမကိုပါ ဒုက္ခပေးဖို့ကြိုးစားလာတဲ့အခါ ထိုအရာတကယ်ရှိနေကြောင်း ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေယုံကြည်လာအောင် ဒါနာကြိုးစားရပါတော့တယ် File size - 1 gb / 400 mb Link type - openload / soliddrive Translator - Waihan Lin Htin Encoder - Zon Myat Noe Swe  
0 /0
Sami Blood (2016)
10
Sami Blood (2016)
1930ခုနှစ်ရဲ့လူမျိုးရေးခွဲခြားမှုဝါဒတွေကြားမှာ 14နှစ်အရွယ်Samiသွေးရောတဲ့ကလေးမလေးတစ်ယောက်... ထိုဝါဒတွေကြားကရုန်းထွက်ပြီး သူ့ရဲ့ဘဝသစ်တစ်ခုကိုပြောင်းလဲနိုင်ဖို့မျှော်လင့်နေသူ... သူ့ရဲ့မျှော်လင့်ချက်တွေဖြစ်မြောက်ဖို့ သူ့မိဘတွေ၊ အရိုးဆွဲနေတဲ့ဝါဒတွေအားလုံးကိုဆန့်ကျင်ကာ ကြိုးစားနေတဲ့၁၄နှစ်အရွယ်ကောင်မလေးတစ်ယောက်အကြောင်းကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် File size - 1 gb Link type - soliddrive Translator/Encoder - Myo Khant (KCG)  
10 /1
Black Site Delta (2017)
0
Black Site Delta (2017)
Dirty Dozen ဆိုတဲ့အဖွဲ့က စစ်သားတွေဖြစ်ကြပြီး အကျဉ်းသားတွေဆိုရင်လဲ မမှားပါဘူး အဖွဲ့ခေါင်းဆောင်က Jake ဖြစ်ပြီး သူတို့ကိုဖမ်းဆီးထားတဲ့ black site ဆိုတဲ့နေရာကို အမည်မသိ အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်တဲ့အခါ ရှေ့ဆုံးကနေတိုက်ပွဲဝင်ရမှာဖြစ်ပါတယ် ဒီအကြမ်းဖက်သမားတွေက black site ထဲဝင်လာမဲ့ လျှို့ဝှက်ဒရုန်းအတွက် အခွင့်အရေးရဖို့တိုက်ခိုက်ပေးနေတာပါ ဒီဒရုန်းကဘာအတွက်လဲ အကြမ်းဖက်သမားတွေကရော ဘယ်သူတွေဖြစ်မလဲ ဒီကားလေးကတော့ အပစ်အခတ် အသတ်အပုတ်တွေနဲ့ ကြမ်းကြမ်းရမ်းရမ်းကြည့်ချင်တဲ့ ပရိတ်သတ်တွေအတွက်လို့ ပြောရမှာပါပဲ File size – 1.12 gb (720p only) Link type – soliddrive
0 /0
The Veil (2017)
0
The Veil (2017)
စစ်ပွဲတွေကြောင့် ပျက်ဆီးလုနီးဖြစ်နေတဲ့ မြို့တစ်မြို့ပေါ်က လူတွေရဲ့ ကြောက်လန့်မှုတွေကို ပြသထားပြီး စစ်ပွဲထဲမှာ ရုန်းကန်နေတဲ့ သူရဲကောင်းတစ်ဦးအကြောင်းကိုပါ ကြည့်ရှုရမှာပါ ထိုသူရဲကောင်းက သစ္စာဖောက်ခံလိုက်ရပြီး သေအောင်ပစ်ထားခံခဲ့ရပေမဲ့ ဆန်းကြယ်တဲ့မင်းသမီးတစ်ပါးက သူ့ကိုကယ်တင်ပေးခဲ့ပြီး နောက်ဆုံးတိုက်ပွဲအတွက် ရွေးချယ်ခံလိုက်ရတဲ့အခါ....... File size - 800 mb Link type - soliddrive Translator/Encoder - Myo Khant (KCG)  
0 /0
The Ottoman Lieutenant (2017)
10
The Ottoman Lieutenant (2017)
ပထမကမ္ဘာစစ်မတိုင်မီ 1914ခုနှစ်မှာ ချမ်းသာပြီး လှပတဲ့ သူနာပြုမလေး Lillie Rowe က Dr.Jude ဆီမှာ ဆေးပညာလေ့လာနေပါတယ် တူရကီနယ်ဘက်မှာရှိတဲ့ ဆေးရုံလေးမှာ အလှူငွေနဲ့ လူအင်အားလိုအပ်နေတာကို Lillie သိသွားတဲ့အခါ အဲ့ဆေးရုံမှာ သွားကူညီဖို့အတွက် ဆုံးသွားတဲ့သူ့အကိုကားပေါ် ဆေးပစ္စည်းတွေတင်ပြီး ခရီးထွက်လာခဲ့ပါတယ် မြို့ကိုရောက်တော့ နာမည်ကြီးဗလီတစ်ခုကို သွားလည်ချင်တဲ့ Lillie ကို Ismail ဆိုတဲ့ ဗိုလ်မှူးလေးတစ်ယောက်က လိုက်ပို့ပေးခဲ့ပါတယ် မကြာခင် ဗိုလ်မှူးလေးနဲ့ သူနာပြုမလေးတို့ ချစ်သွားကြပါတော့တယ် ထိုအချိန်မှာ ရုရှားတွေဝင်လာပြီး ပထမကမ္ဘာစစ်ကြီးစတင်လာပါတယ် ဗိုလ်မှူးလေးက နိုင်ငံကိုကာကွယ်ဖို့ ကြိုးစားရမှာဖြစ်သလို သူနာပြုလေးမလေးကလဲ လူနာတွေကိုကယ်တင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ် (အညွှန်းကို ဇွန်ကြီးမှရေးပေးထားပါတယ်) File size - 1.2 gb / 500 mb Link type - openload / soliddrive Translator - Waihan Lin Htin Encoder - Zon Gyi  
10 /2
Ryde (2017)
10
Ryde (2017)
ဒီကားလေးကတော့ စိတ္တဇလူသတ်သမား ဆန်ဆန် ဇာတ်ကားမျိုးတွေ ကြိုက်သူတွေအတွက် အတော်လေး ဖီးလ်ဖြစ်မယ့်ကားလေးပါ။ ဇာတ်လမ်းလေးကို Ryde ဆိုတဲ့ ညဘက်အငှားကား ဝန်ဆောင်မှု ဆော့ဝဲလ် လေးနဲ့ စတင်ထားပါတယ်။ ဒီကားက လူသတ်ကား ဆိုပေမယ့် အင်ဒီ နည်းနည်းဆန်ပြီးတော့ လူသတ်သမားက ဘာကြောင့် လူသတ်သလဲ ဆိုတာကို ပြောမပြထားသလို လူသတ်သမားရဲ့​နောက်ကြောင်းကိုလဲ​ဖော်ပြမထားပါဘူး။ ညဘက် မူးရူးပြီး ကားမမောင်းနိုင်တော့တဲ့ သူတွေအတွက် ဝန်ဆောင်မှုပေးတဲ့ Ryde ဆိုတဲ့ အငှားကားဝန်ဆောင်မှုက ဒရိုင်ဘာလေး ကားလ်းဟာ လူသတ်သမားလို့ ဘယ်လိုမှ ထင်ရက်စရာမရှိတဲ့ လူတစ်ယောက်ကို ကားပေါ် ခေါ်တင်မိရာကနေ သွေးသံတရဲရဲ ရက်ရက်စက်စက် သတ်ဖြတ်မှု တွေ ပါဝင်တဲ့ ဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာတာပါ။ အညွှန်းကတော့ ဒီလောက်ပါပဲ သတိပေးချင်တာကတော့ ဒီဇာတ်ကားက 18+ပါ အဖော်အချွတ်ခန်းလေးတွေ အနည်းအကျဉ်းပါဝင်ပီး သတ်ဖြတ်တာတွေ ကြမ်းတဲ့အတွက် ကလေးငယ်တွေ မကြည့်သင့်ပါဘူး။ File size - 1 gb / ...
10 /2
Crisis On Earth-X (2017)
10
Crisis On Earth-X (2017)
Crisis on Earth X ဆိုတာက CW Arrowverse Series ၄တွဲဖြစ်တဲ့ Arrow, The Flash, DC's Legends of Tomorrow နဲ့ Supergirl တို့ရဲ့ Crossover Event ပဲ ဖြစ်ပါတယ်။ ဒီ Crossover မှာ Supergirl ကနေ စတင်ထားတာပဲဖြစ်ပါတယ်။ Crossover မှာပါဝင်တဲ့ Episodes တွေကတော့ 1. Supergirl (S3 E8) (Part 1) 2. Arrow (S6 E8) (Part 2) 3. The Flash (S4 E8) (Part 3) 4. DC's Legends of Tomorrow (S3 E8)(Part 4) တို့ပဲဖြစ်ပါတယ် Arrow ကြည့်တဲ့သူတွေ မျက်စိမလည်အောင်လို့ ဒီ Event လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Earth X အကြောင်း ...
10 /1
The Child in Time (2017)
0
The Child in Time (2017)
ကလေးပုံပြင်တွေရေးတဲ့ စာရေးဆရာ စတီဖင်လူးဝစ်ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ Biography ဇာတ်ကားလေးဖြစ်ပါတယ် Biogaraphy ဇာတ်ကားတွေမှာ အင်မတန်ပါရမီရှိတဲ့ သရုပ်ဆောင် Benedict Cumberbatch က စတီဖင်လူးဝစ်နေရာကနေ ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်လမ်းကအတော်လေးအသက်ဝင်နေပါတယ် ဇာတ်လမ်းထဲမှာ စတီဖင်က ၄နှစ်အရွယ်သမီးလေး ကိတ်နဲ့အတူ ဈေးဝယ်ထွက်နေရင်း မမျှော်လင့်ဘဲ သမီးလေးပျောက်ဆုံးသွားတဲ့အခါ ဇနီးဖြစ်သူ ဂျုးလီနဲ့လဲ အိမ်ထောင်ရေးအဆင်မပြေတော့ဘဲ နှစ်ဦးသဘောတူ ခွဲနေလိုက်ကြရပါတော့တယ် စတီဖင်တစ်ယောက် စာရေးတဲ့အလုပ်ကို စိတ်မပါတော့ဘဲ အရက်အလွန်အကျွံသောက်ရင်း သမီးဖြစ်သူကို မရမကလိုက်ရှာခဲ့ပေမဲ့ ၃နှစ်ကျော်တဲ့အထိ သတင်းအစအနတောင်မရခဲ့ပါဘူး တရက်မှာ မူကြိုကျောင်းတစ်ခုမှာ သူ့သမီးနဲ့တူတဲ့ ၈နှစ်အရွယ်ကလေးတစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့အခါ.............. File size - 1 gb / 430 mb Link type - openload / soliddrive Translator / Encoder - ဇွန်မြတ်နိုးဆွေ  
0 /0
Columbus (2017)
8
Columbus (2017)
ကိုရီးယားအမျိုးသားတစ်ယောက်က ကိုမာဖြစ်နေတဲ့ သူ့အဖေကို ပြုစုရင်း ကိုလမ်ဘတ်စ်မြို့မှာ နေထိုင်ပါတယ် တစ်ရက်မှာတော့ အမေဖြစ်သူနဲ့ ကိုလမ်ဘတ်စ်မှာ နေချင်တဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံမိပြီး Drama ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေါ်လာပါတော့တယ် ဒီဇာတ်ကားထဲက မင်းသား John Cho က နာမည်ကြီး Star Trek ရုပ်ရှင်တွေမှာ Sulu အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး The Exorcist TV serie မှာလဲ ပါဝင်သရုပ်ထားသူဖြစ်ပါတယ်   File size - 1.16 gb / 480 mb Link type - openload / soliddrive Translator - Waihan Lin Htin Review/Encoder - Zon Myat Noe Swe  
8 /1
Bad Match (2017)
0
Bad Match (2017)
Internet ကတစ်ဆင့်ချိန်းတွေ့လို့ရတဲ့ application ကိုသုံးပြီး ရည်းစားများတဲ့ လူတစ်ယောက်ရဲ့ဘဝက online မှာ မိန်းမတစ်ယောက်ကို တွြေ့ပီးနောက်ပိုင်း ထိန်းမနိုင်သိမ်းမရဖြစ်ကုန်တဲ့အကြောင်းကို သည်းထိတ်ရင်ဖိုရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်ကားနဲ့ပတ်သတ်ပြီး ချီးကျူးချင်တာကတော့ သရုပ်ဆောင်တွေပါပဲ အော်စကာရထားတဲ့နာမည်ကြီး တစ်ယောက်မှမပါပေမဲ့ အားလုံးရဲ့ သရုပ်ဆောင်စွမ်းရည်က လုံးဝပြောစရာမလိုပါဘူး plot hole အနည်းငယ်ရှိပေမဲ့ ကျနော်ဆို ဇာတ်သိမ်းကို ကြည့်နေရင်းနဲ့ shock ဖြစ်သွားခဲ့ရပါတယ် လူတွေရဲ့ဘဝနဲ့ စိတ်ခံစားချက်တွေကို မပျော်မဆော့သင့်ဘူးဆိုတာလေးကို သင်ခန်းစာပေးသွားတာကို တွေ့ရမှာပါ Flie size - 850 mb/ 400 mb Link type - openload Translator - Aye Chan Su Review/Encoder - Zon Myat Noe Swe
0 /0
Better Watch Out (2016)
10
Better Watch Out (2016)
ဆင်ခြေဖုံးရပ်ကွက်တွေကို အန္တာရယ်ကင်းတယ်လို့ သင်ထင်ကောင်းထင်နိုင်ပါလိမ့်မယ် ဒီတစ်ခေါက် အားလပ်ရက်မှာတော့ ဆင်ခြေဖုံးရပ်ကွက်လေးလဲ အန္တာရယ်မကင်းနိုင်တော့ပါဘူး လုခ်ဆိုတဲ့ကောင်လေးကို ထိန်းပေးရတဲ့ အက်ရှ်လေဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကလေးထိန်းအလုပ်က သာမန်လွယ်ယူခဲ့ပေမဲ့ တစ်ညမှာတော့ ကျူးကျော်ဝင်ရောက်သူတွေက အက်ရှ်လေကလေးထိန်းရတဲ့ အိမ်ထဲကို ကျူးကျော်လာကြပြီး 12နှစ်အရွယ်ကောင်လေး လုခ်နဲ့ အက်ရှ်လေတို့ကို အကြမ်းဖက်လာတဲ့အခါ...... သရဲကားမဟုတ်တဲ့ Horror မျိုးကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးက သင့်တော်ပါတယ် သေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါဝင်လို့ R-rated အဖြစ် သတ်မှတ်ထားပါတယ် တစ်ကားလုံးခြုံပြီးပြောရရင် အကြိုက်ဆုံးအချက်ကတော့ အရောင်သုံးထားတာ အတော်အဆင်ပြေတယ်လို့ပြောရမှာပါပဲ လုခ်နေရာမှာသရုပ်ဆောင်ထားတဲ့ Levi Miller ကဒီဇာတ်ကားနဲ့ Best Actor ဆုကိုရရှိထားပါသေးတယ် Flie size - 900mb/430mb Link type - openload Translator - Mmsubtitles Team Encoder - Zon Myat Noe Swe  
10 /1
Singularity (2017)
6
Singularity (2017)
Divergent တို့လို sci-fi ဇာတ်ကားကောင်းကောင်း ကြည့်ချင်သူများအတွက် 2017 ထွက်ထဲက အသစ်စက်စက် ဇာတ်ကားလေးတင်ပေးလိုက်ပါတယ် 2020 ခုနှစ်မှာ ကမ္ဘာအကြီးဆုံး စက်ရုံကုမ္ပဏီ VA Industries ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ Elias van Drone က စစ်ပွဲတွေအားလုံးကိုရပ်တန့်ဖို့ အထူးထုတ်လုပ်ထားတဲ့ Kronos ဆိုတဲ့စက်ရုပ်တစ်ရုပ်ကို မိတ်ဆက်လိုက်တယ် Kronos က online ပေါ်ရောက်တဲ့အခါ လူသားမျိုးနွယ်စုက စစ်ပွဲတွေကိုဖြစ်စေတဲ့ အဓိကတရားခံလို့ သတ်မှတ်လိုက်ပြီး လူသားတွေကို တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ် ဒီလိုဖြစ်ပြီး 97နှစ်ကြာတဲ့အခါ စက်ရုပ်စစ်တပ်ဆီကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူအနည်းစုသာ အသက်ရှင်ကျန်ရစ်ပါတော့တယ် ဆယ်ကျော်သက်ကောင်လေး Andrew နဲ့ ကောင်မလေး Calia တို့က စက်ရုပ်တွေကို ကြောက်စရာမလိုဘဲ လူတွေသီးသန့်နေထိုင်တဲ့ ကမ္ဘာတစ်ခုရှိကြောင်း ကောလဟာလတစ်ခုကြားပြီး လိုက်ရှာဖို့ကြိုးစားကြပါတော့တယ် ဒီလိုကမ္ဘာဆိုတာ တကယ်ရောတည်ရှိရဲ့လား ရှိခဲ့ရင်တောင် ဒါကိုရှာတွေ့ဖို့ သူတို့၂ယောက်လုံး အသက်ရှင်ကျန်ရစ်နိုင်ပါ့မလား File size - 1.07gb / 450mb Link type - openload Translator ...
6 /2
Never Here (2017)
10
Never Here (2017)
မင်းသားကြီး Sam Shepard မဆုံးခင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ထူးခြားဆန်းကြယ် သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး R-rated ဖြစ်လို့ ကလေးတွေကြည့်လို့ မသင့်တော်ပါဘူး rating အရမ်းကြီးမကောင်းလှပေမဲ့ အပျင်းပြေကြည့်လို့ အဆင်ပြေမှာပါ ဇာတ်လမ်းထဲမှာ မင်းသမီးက သူ့ကိုလိုက်စောင့်ကြည့်နေတဲ့ လူတစ်ယောက်ရှိတယ်လို့ထင်ပြီး အဲ့လူကို လိုက်ရှာဖို့ကြိုးစားတဲ့အခါ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ်ကြားထဲက နယ်နိမိတ်မျဉ်းလေး မှုန်ဝါးသွားပါတယ် ဘာကြောင့်ဒီလိုဖြစ်ရတာလဲ ဘာတွေဆက်ဖြစ်လာမလဲ Translator - Aye Chan Su Reviewer/Encoder - Zon Myat Noe Swe  
10 /1
The Nut Job 2: Nutty by Nature (2017)
10
The Nut Job 2: Nutty by Nature (2017)
မြို့တော်ဝန် ဘဲ့ဂျစ်ဆိုတာ မြို့ရဲ့ တစ်လက်မ မျှသောနေရာလပ်မကျန်အောင် .. ရပေါက်ရလမ်းအတွက်ပဲ အမြဲတွေးနေတတ်တဲ့ .. တကယ့်လောဘကြီးသူပါ .. ဘယ်နေရာ လက်ညှိုးထိုးထိုးမလွဲအောင်ကို တစ်မြို့လုံးမှာ သူ့စီးပွားရေးနဲ့ သူ့လုပ်ငန်းတွေချည်းပါပဲ .. မြို့လည်ခေါင်မှာရှိတဲ့ တစ်နေရာထဲသော ဘဘာဝ အပန်းဖြေနေရာလေးဖြစ်တဲ့ လေဘာတီပန်းခြံကိုပါ .. ငွေရပေါက်အကြီးအဖြစ် မြင်လာတဲ့ မြို့တော်ဝန်ဟာ ... သူ့ရဲ့ အကျိုးအမြတ်သက်သက်အတွက် .. ကိုယ်ကျိုးရှာ အသုံးချဖို့ကြိုးစားလာပါတော့တယ် .. ပန်းခြံထဲမှာ ရှိတဲ့ တိရိစ္ဆာန်လေးတွေ အတွက် နဲနဲမှမငဲ့ကွက်တဲ့မြို့တော်ဝန်ဟာ .. အဲ့ဒီ့တိရိစ္ဆာန်လေးတွေ အားလုံးကို လက်စဖျောက်သတ်ဖြတ်ဖို့ စီစဉ်ပါတော့တယ် .. အကြံပက်စက်တဲ့ ကိုယ်ကျိုးရှာသမား မြို့တော်ဝန် ... တိရိစ္ဆာန်လေးတွေရဲ့ ခေါင်းဆောင် .. ဆာလီတစ်ယောက် ... သူ့အဖွဲ့သားတွေရဲ့ အသက်ဘေးနဲ့ ရင်ဆိုင်လာရတဲ့အခါ .. မြို့တော်ဝန်ကို ဘယ်လို ပြန်တုန့်ပြန်မလဲဆိုတာတွေ .. အဖြူရောင် ကြွက်ဝမ်းပူလေးတွေရဲ့ ... မဟာဗျူဟာကျကျ ... မြို့တော်ဝန်ကို ကလဲ့စားချေပုံတွေနဲ့အတူ .. 2017 နှစ်ရဲ့ အောင်မြင်ပေါက်မြောက်လှတဲ့ .. The Nut ...
10 /1
Newness (2017) 18+
6
1080p
Newness (2017) 18+
Open Relationship ရဲ့ဆိုတဲ့ ပွင့်လင်းတဲ့အချစ်ရေးတစ်ခုကို ပုံဖော်ဖို့ကြိုးစားကြတဲ့ ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမုန်းခြင်း ပြဿာနာလေးတွေကို 18+ ဇာတ်ဝင်ခန်းတွေနဲ့ အတွင်းကျကျ ပုံဖော်ရိုက်ကူးထားတဲ့ Romance ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ဘာစီလိုနာကနေ နယူးရော့ခ်ကို ကျောင်းလာတက်ရင်း အလုပ်လုပ်နေတဲ့ စပိန်သူလေး ဂက်ဘရီရယ်လာနဲ့ ဆေးခန်းမှာအလုပ်လုပ်တဲ့ ဆေးဝါးကျွမ်းကျင်ကောင်လေး မာတင်တို့က Online ကနေ ဖူးစာရှာတဲ့ application တစ်ခုမှတဆင့် တွေ့ဆုံခဲ့ကြပြီး ချစ်သူတွေဖြစ်သွားခဲ့ကြတယ် ချစ်သူသက်တမ်းကြာလာတော့မှ မာတင်ရဲ့မိသားစုပြဿနာတွေနဲ့ အိမ်ထောင်ရေးနောက်ကြောင်းကို ဂက်ဘရီရယ်လာသိသွားတဲ့အခါ သူတို့နှစ်ယောက် ပြဿနာတက်ခဲ့ကြတယ် ဒါပေမဲ့ သံယောဇဉ်ရှိပြီးသား ချစ်သူတွေဖြစ်လို့ ပြန်အဆင်ပြေသွားခဲ့ကြတယ် သူတို့ပြန်အဆင်ပြေသွားတဲ့အခါ စိတ်ရောဂါဆရာဝန်နဲ့တိုင်ပင်ပြီး အချင်းချင်းပွင့်ပွင့်လင်းလင်းနေကြဖို့ တိုင်ပင်လိုက်ကြပြီးနောက်မှာတော့............ ချစ်သူတွေကြားမှာ ပွင့်လင်းတိုင်းလဲမကောင်းဘူးဆိုတာ ဒီကားလေးကိုကြည့်တတ်ရင် ပညာရမှာပါ 18+ အခန်းတွေတော်တော်များများပါလို့ မိသားစုနဲ့ကြည့်ဖို့တော့ မသင့်တော်ပါဘူး မင်းသားချောလေး Nicholas Hoult ရဲ့ Nude Scence တွေပါတယ်ဆိုတော့ မိန်းကလေးပရိတ်သတ်တွေ အကြိုက်တွေ့မှာပါ ဘာသာပြန်သူနဲ့ အညွှန်းရေးသူ ဇွန်မြတ်နိုးဆွေဖြစ်ပါတယ် File size - 1080p (1.2Gb)/small (500mb) Link type - openload Translator,Encoder,Review ...
6 /1
What Happened to Monday (2017)
10
720p
What Happened to Monday (2017)
2073 ခုနှစ်မှာပေါ့..... လူသားသန်းပေါင်းများစွာ နေ့စဉ်မွေးဖွားနေလေရဲ့..... အစာရေဆာဟာလဲ တနေ့တခြား ရှားသထက်ရှားလာတယ် Nicolette Cayman ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဒီဖြစ်ရပ်ကို ထိန်းချုပ်ဖို့ မိသားစုတစ်စုကို ကလေးတစ်ယောက်ထပ်ပိုမမွေးဖို့ ဖိအားပေးလိုက်တယ် ဒီလိုအခြေအနေမှာ Monday, Tuesday, Wednesday, Thursday, Friday, Saturday နဲ့ Sunday ဆိုတဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ ညီအမ 7ယောက်က တစ်ချိန်ထဲအပြင်ထွက်ခွင့်မရှိဘဲ တစ်ပတ်ကိုတစ်ရက် တစ်ယောက်ချင်းစီအလှည့်ကျသာ အပြင်ထွက်ခွင့်ရကြတယ် သူတို့နေတဲ့တိုက်ခန်းထဲမှာတော့ သူတို့အားလုံး စိတ်ကြိုက်နေထိုင်ခွင့်ရကြပါတယ် ဒီလိုနဲ့တစ်ရက်မှာ Monday လေး အိမ်ပြန်ရောက်မလာတဲ့အခါ...... ဒီကားလေးထဲမှာ ညီအမ7 ယောက်လုံးအဖြစ် မင်းသမီး Noomi Rapace က 7ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ် ဘာသာပြန်ကတော့ မျိုးခန့် ဖြစ်ပြီး အညွှန်းကို ဇွန်မြတ်နိုးဆွေမှ ရေးပေးတာ ဖြစ်ပါတယ်။
10 /2
Bad Day for the Cut (2017)
0
720p
Bad Day for the Cut (2017)
သက်လတ်ပိုင်းအရွယ် အိုင်းရစ်လူမျိုး လယ်သမားကြီးဒိုနယ်က အမေဖြစ်သူနဲ့အတူ နယ်မြို့လေးမှာနေထိုင်ရင်း ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူဖြစ်ပါတယ် တရက်မှာ မမျှော်လင့်ဘဲ အမေဖြစ်သူ အသတ်ခံလိုက်ရပြီး လူသတ်သမားစီးလာတဲ့ကားနဲ့ လူသတ်သမားပုံစံကို ဒိုနယ်အဝေးကမြင်လိုက်ပေမဲ့ လူသတ်သမားကိုတော့ မမိခဲ့ဘူး သူ့အမေဆုံးပြီးတစ်ပတ်လောက်အကြာ ဒိုနယ်ရဲ့ဂိုထောင်ထဲကို လူငယ်၂ယောက်ရောက်လာပြီး ဒိုနယ်ကို သတ်ဖို့ကြိုးစားခဲ့ပေမဲ့ ဒိုနယ်ကလက်ဦးမှုရသွားခဲ့တယ် လူငယ်၂ယောက်ထဲက တယောက်ကိုတော့ ဒိုနယ်ကိုယ်တိုင်သတ်လိုက်ပြီး နောက်တယောက်ကို စစ်မေးရင်း သူ့အမေအသတ်ခံရတဲ့အမှုနဲ့ စပ်ဆက်ပြီး ဒိုနယ်သဲလွန်စရသွားတဲ့အခါ လူငယ်လေးကိုခေါ်ပြီး လက်စားချေဖို့ ခရီးစခဲ့ပါတော့တယ်   File size - 1.2GB/480mb Link type - openload Translator/Encoder - ဇွန်မြတ်နိုးဆွေ  
0 /0
Going in Style (2017) 1080p
10
1080p
Going in Style (2017) 1080p
1979 မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကို reboot လုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ် အရွယ်လွန်နေတဲ့ အဖိုးကြီ3းယောက်က ကျပ်တည်းလှတဲ့လူနေမှုကို တွန်းလှန်ဖို့ ကြံမိကြံရာအတွေးအရ ဒမြတိုက်ဖို့ ကြိုးစားမိတဲ့အကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ် အဖိုးကြီ3းယောက်ရဲ့ ဒသနတွေ ဟာသတွေကို မရိုးနိုင်အောင်ကြည့်ရမှာပါ မင်းသားကြီး Morgan Freeman ကအဓိကပါဝင်ထားလို့ သရုပ်ဆောင်ပိုင်းကတော့ ပြောစရာလိုမယ်မထင်ပါဘူး ဘာသာပြန်ကတော့ Myo Khant ဖြစ်ပြီး အညွှန်းကို ဒေါ်ဇွန်မြတ်နိုးဆွေ မှ ရေးပေးတာ ဖြစ်ပါတယ်။
10 /1
Demons (2017) 720p Only
10
720p
Demons (2017) 720p Only
ဘုန်းတော်ကြီးဖြစ်ခဲ့ဖူးတဲ့ Colin ဆိုသူက ယခုအခါမှာ စိတ်ကူးယဉ်ဇာတ်လမ်းတွေရေးတဲ့ စာရေးဆရာဖြစ်နေပါပြီ သူ့မိန်းမ Kayleigh ရဲ့ညီမဖြစ်သူက သေဆုံးသွားပြီးနောက် မကျွတ်မလွတ်ဖြစ်ကာ Colin နဲ့ Kayleigh တို့ကို ခြောက်လှန့်လာခဲ့ပြီး သူဘာလို့သေခဲ့ရလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ပြန်လည်တူးဖော်ခဲ့ပါတော့တယ်။ အဲ့ဒီနောက်မှာတော့.... ဘာသာပြန်ကတော့ ကိုဝေဟံလင်းထင် ဖြစ်ပြီး အညွှန်းကို ဇွန်မြတ်နိုးဆွေမှ ရေးပေးတာ ဖြစ်ပါတယ်
10 /2
Uru (2017)
10
720p

Uru (2017)

2017
Uru (2017)
သည်းထိတ်ရင်ဖိုကား ကောင်းကောင်းကြည့်ချင်ရင် ဒီကားလေးကို ကြည့်လိုက်ပါ စာရေးဆရာတစ်ယောက်က စာရေးဖို့အတွက် နယ်မြေစိမ်းတစ်ခုကို ခရီးထွက်သွားရာကနေ သည်းထိတ်ရင်ဖိုဖြစ်ရပ်တွေ သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာတဲ့အခါ......... ဒါတွေကို သူဆက်လက်ရင်ဆိုင်မှာလား ??? ရှောင်ထွက်သွားမှာလား ??? ဘာလို့ သူ့ကိုမှ ဒီလိုတွေဖြစ်လာရတာလဲ ??? အညွှန်းကို ဇွန်မြတ်နိုးဆွေ မှရေးပေးတာဖြစ်ပါတယ်။
10 /3
24 Hours to Live (2017) 720p Only
10
720p
24 Hours to Live (2017) 720p Only
အကောင်းဆုံးတွေထဲက အကောင်းဆုံး လုပ်ကြံရေးသမားတစ်ယောက်ဖြစ်တဲ့။ Travis Conrad ဟာ ဇနီးနဲ့သားဆုံးတဲ့ တစ်နှစ်ပြည့်ကာလ အနားယူထားပေမယ့် မက်လုံးကောင်းကောင်းကြောင့် မစ်ရှင် တစ်ခုကိုလက်ခံခဲ့မိပါတယ်။ အဲ့ဒီမှာပဲ ပြိုင်ဘက်အမျိုးသမီးကို မယှဉ်နိုင်ပဲ သေဆုံးခဲ့ရတယ်။ သူ အရင် တာဝန်ထမ်းဆောင်နေခဲ့တဲ့ အဖွဲ့အစည်းဟာ လူသားတွေကို သေပြီးမှ နောက်တစ်ကြိမ် ၂၄ နာရီထက်မပိုပဲ အသက်ပြန်ရှင်နိုင်တဲ့ ကုထုံးကို သုသေသနလုပ်နေခဲ့တာဖြစ်ပြီး သူ့ကိုလဲ သူသိထားခဲ့တဲ့ အရေးကြီး သတင်းအချက်အလက်ကို သိရုံသက်သက် အသက်ပြန်သွင်းခဲ့ပါတယ်။ နောက်ပိုင်း သူသိလာခဲ့တဲ့ လျှို့ဝှက်ချက်တွေအရ သူ့ကိုသတ်ခဲ့တဲ့ ပြိုင်ဘက်ကို ကယ်ဆယ်ရင်း သူ့ရဲ့ မူလအဖွဲ့အစည်း သူမိတ်ဆွေလို့ထင်ခဲ့တဲ့ သူတွေကိုပါ တကိုယ်တော် ချေမှုန်းတော့မှာပါ။ သူ့အတွက် ၂၄ နာရီပဲ အချိန်ရှိပါတော့တယ်။ before triology,Training day, Daybreakers စတဲ့ကားတွေနဲ့ လူသိများပြီး အချစ် အကြမ်း အလွမ်း စွယ်စုံရတဲ့ ...
10 /1
Jasper Jones (2017)
10
720p
Jasper Jones (2017)
Jasper Jones ဆိုတာ အရွယ်ရောက်စပြုနေတဲ့ 14 နှစ်သားလေး အကြောင်းကို အဓိကရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီး Jasper Jones က စာအုပ်ဖတ်ရတာ ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ် တစ်ညမှာ Jasper Jones က လူသေလောင်းတစ်လောင်းကိုတွေ့သွားပြီး သူ့ကို လူသတ်မှုမှာ အပြစ်ရှိတယ်လို့ ထင်သွားကြတဲ့အခါ Charlie ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က Jasper Jones မှာ အပြစ်မရှိကြောင်း သက်သေပြဖို့ ကြိုးစားပါတော့တယ် 1969 ခုနှစ်အချိန်ကာလကို အခြေခံရိုက်ကူးထားပြီး သူငယ်ချင်းအတွက် မိဘနဲ့လူတိုင်းကို ရင်ဆိုင်ခဲ့တဲ့ Charlie နဲ့ Jasper Jones တို့ကြားထဲက သံယောဇဉ်တွေကို အဓိကပြသထားပါတယ် ထူးခြားဆန်းကြယ် သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးဖြစ်လို့ စိတ်ဝင်စားစရာကောင်းမှာလဲ သေချာပါတယ် အညွှန်းကို ဇွန်မြတ်နိုးဆွေမှ ရေးပေးတာဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ ကို Waihan Lin Htin ပဲ ဖြစ်ပါတယ်။
10 /1
Chronically Metropolitan (2016)
0
720p
Chronically Metropolitan (2016)
Fenton ဆိုတဲ့ လူငယ်စာရေးဆရာတစ်ယောက်ရဲ့ မိသားစုဘဝကို ရိုက်ကူးပြသထားတဲ့ ဒရမ်မာဇာတ်ကားလေးပါ Fenton က မိသားစုလုပ်ငန်းတွေကို စိတ်မပါဘဲ စာရေးဆရာဖြစ်ဖို့ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး မိသားစုနဲ့အဝေးမှာနေထိုင်လျက်ရှိပါတယ် တရက်မှာ အဖေဖြစ်သူ ကားတိုက်မှုဖြစ်သွားတော့ မိသားစုလုပ်ငန်းတွေလုပ်ကိုင်ဖို့ Fenton ကို သူ့မိသားစုက ဖိအားပေးလာပါတော့တယ် ဒီတော့ Fenton တစ်ယောက် မိသားစုရှိရင် New York ကိုပြန်လာရတော့တာပေါ့ အဲ့ဒီနောက်တော့... အညွှန်းကို ဇွန်မြတ်နိုးဆွေက ရေးပေးတာဖြစ်ပါတယ်။ ဘာသာပြန်တာကတော့ ကို ဝေဟံလင်းထင် ပဲ ဖြစ်ပါတယ်။
0 /0
Extortion (2017)
10
720p
Extortion (2017)
ကယ်ဗင်ဆိုတဲ့ဆရာဝန်တစ်ယောက်က ဇနီးဂျူလီနဲ့ သားငယ်အန်ဒီတို့ကို ကာရစ်ဘီယမ်ကျွန်းဆီ အပန်းဖြေခရီးလိုက်ပို့ရင်း မိသားစုလိုက် မော်တော်ဘုတ်စီးကြတဲ့အခါ ကမ်းခြေနဲ့အတော်ဝေးတဲ့နေရာကိုရောက်သွားခဲ့တယ် သမုဒ္ဒရာအလည်ကကျွန်းတခုမှာ ခဏနားပြီး ကမ်းခြေကိုပြန်ဖို့ပြင်ကြတဲ့အခါ မော်တော်ဘုတ်ကစက်ရပ်ပြီး မောင်းလို့မရဖြစ်သွားတယ် ဒီလိုနဲ့ လမ်းကြုံလိုက်ဖို့ စီးစရာတခုခုကိုစောင့်ရင်း မိုးချုပ်သွားလို့ ကျွန်းပေါ်မှာပဲ သူတို့မိသားစုအိပ်လိုက်ရတယ် မနက်ရောက်တဲ့အထိ ဘယ်သူမှရောက်မလာဘဲ ရက်အနည်းငယ်ကြာတော့ ဂျူလီနဲ့အန်ဒီတို့ သတိမေ့ခါနီးအခြေအနေထိရောက်သွားခဲ့တယ် မကြာခင် ငါးဖမ်းလှေတစီးရောက်လာပြီး ငါးဖမ်းသမားနှစ်ယောက်က သူတို့မိသားစုကို ကျွန်းပေါ်ခေါ်သွားပေးဖို့ကူညီမယ်လို့ ကယ်ဗင်ကိုကတိပေးလိုက်တယ် ဒါပေမဲ့ အလကားတော့မဟုတ်ဘူး ဒေါ်လာတစ်သန်းပေးရမယ်လို့ပြောတော့ ကယ်ဗင်ကလဲ သူ့မှာအဲ့လောက်မရှိကြောင်းပြောပြီး ငြင်းလိုက်တယ် နောက်တော့ ဒေါ်လာတစ်သန်းထက် သူ့မိသားစုကပိုပြီး တန်ဖိုးရှိကြောင်း ကယ်ဗင်တွေးမိတော့ လက်ခံလိုက်တယ် ဒါပေမဲ့ ကယ်ဗင်ကိုအရင်ခေါ်သွားပြီး ကျွန်းပေါ်ရောက်လို့ ပိုက်ဆံပေးပြီးမှ သူ့မိန်းမနဲ့ကလေးကို ကယ်ပေးမယ်လို့ ငါးဖမ်းသမားကပြောတယ် ကျွန်းပေါ်ရောက်ပြီး ပိုက်ဆံပေးပြီးမှ ကတိမတည်ဘဲ ရက်စက်တဲ့ ငါးဖမ်းသမားကြောင့် ကယ်ဗင်တစ်ယောက် ဆရာဝန်ဘဝကနေ လက်စားချေသူတစ်ယောက်အဖြစ် ပြောင်းလဲသွားရပါတော့တယ်
10 /1
Killing Hasselhoff (2017)
0
720p
Killing Hasselhoff (2017)
နာမည်ကြီးတွေကို စောင့်ရှောက်ပေးတဲ့ အမျိုးသားတစ်ယောက်က သူ့လုပ်ငန်းတွေ သူ့ပိုက်ဆံတွေ အိမ်နဲ့ သတို့သမီးလောင်းကိုပါ ရုတ်တရက်ကြီးတပြိုင်ထဲ ဆုံးရှုံးသွားတဲ့အခါ သူ့ဘဝကို နဂိုအတိုင်းပြန်ရဖို့အတွက် သူ့ရဲ့နာမည်ကြီးတစ်ယောက်ကို သတ်ပစ်ဖို့ကြံစည်လိုက်ပါတော့တယ် ဒီကားလေးထဲမှာ မင်းသားအဖြစ် David Hasselhoff ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး တဝါးဝါးတဟားဟားနဲ့ ပွဲကျစေမဲ့ ဟာသကားကောင်းလေးဖြစ်ပါတယ်
0 /0

Facebook