2016

Van Helsing (Season 1)
10
Van Helsing (Season 1)
2016 ထဲမှာထွက်ရှိထားပြီး လက်ရှိမှာ season 2အထိထွက်ရှိထားတဲ့ သဘာဝလွန်စီးရီးတစ်ခုဖြစ်ပါတယ် Z Nation လို ကမ္ဘာပျက်နေတဲ့ကာလပုံမျိုးနဲ့ Supernatural ဆန်တဲ့ အဖြစ်အပျက်ရိုက်ချက်တွေကို စီးရီးတစ်ခုထဲမှာ စုံလင်အောင်ကြည့်ရှုရမှာဖြစ်ပါတယ် နာမည်ကျော် သွေးစုပ်ဖုတ်ကောင်မုဆိုး Abraham Van Helsing ကို ကြားဖူးကြမှာပေါ့ ဒါက သူ့ရဲ့မြေးလို့ပြောရမဲ့ Vanessa Helsing ဆိုတဲ့ သတ္တိခဲမလေးက ကမ္ဘာကြီးကို သွေးစုပ်ဖုတ်ကောင်တွေလက်ထဲက ဘယ်လိုကယ်တင်သွားမလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်လမ်းဖြစ်ပါတယ် သွေးစုပ်ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်တဲ့ဇာတ်ဝင်ခန်းတွေက တစ်ခါတစ်လေ Z Nation နဲ့ဆင်သလိုလိုရှိပြီး Walking Dead နဲ့တူနေပြန်ပါတယ် မတူတဲ့အချက်ကတော့ Van Helsing မှာ တခြားသော စိတ်ကူးယဉ်ဆန်တဲ့အစွမ်းတွေနဲ့ သတ္တဝါဆန်းတွေ ဖြစ်ရပ်ဆန်းတွေပါဝင်နေတာပါပဲ season 1 မှာ 13ပိုင်းပါဝင်ပြီး mmsubtitles ကနေအဆုံးထိတင်ပေးသွားမယ်လို့ ကတိပေးပါတယ် IMDb: 6.0 Translator: Myo Khant Encoder: Zon Myat Noe Swe  
10 /2
The Young Messiah (2016)
0
480p
The Young Messiah (2016)
အသက် ၇နှစ်အရွယ် Jesus ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် Jesus နဲ့သူ့မိသားစုတို့ နာဇာရက်ကိုပြန်ဖို့ ကြိုးစားကြပုံကို ကြည့်ရှုရမှာပါ IMDb: 5.6 Director: Cyrus Nowrasteh Stars: Adam Greaves-Neal, Vincent Walsh, Sara Lazzaro Genre: Drama,Fantasy File size: 680mb Link type: soliddrive,openload Quality: 480p only
0 /0
Zoolander 2 (2016)
0
480p
Zoolander 2 (2016)
ဒါကတော့ အတော်ပေါတဲ့ဟာသကားလို့ပြောရမှာပါပဲ အရင်ကမော်ဒယ်ဟောင်းတွေဖြစ်ခဲ့တဲ့ ဒဲရက်ခ်နဲ့ဟန်ဆယ်တို့က မော်ဒယ်အလုပ်ပြန်လုပ်ဖို့ ရောမကိုရောက်သွားပြီး တလွဲတွေဖြစ်ကြတဲ့အကြောင်းကို ဟာသချည်းသက်သက်ရိုက်ကူးထားတာဖြစ်ပါတယ် ထူးခြားတာကတော့ Justin Bieber ကို Cameo အဖြစ်တွေ့ရမဲ့အပြင် မင်းသားချော Benedict Cumberbath ကိုလဲ မိန်းမလျာပုံနဲ့ cameo တွေ့မြင်ရမှာဖြစ်ပါတယ် IMDb: 4.7 Director: Ben Stiller Stars: Ben Stiller, Owen Wilson, Penélope Cruz File size: 630mb Quality: 480p only  
0 /0
Soul on a String (2016)
0
DVD Rip
Soul on a String (2016)
တရုတ် Drama ဇာတ်ကားဖြစ်ပြီး 2016 Golden Goblet ဆုကို ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် တာဝန်ကြီးတစ်ခုကိုထမ်းဆောင်ရမဲ့ လူသတ်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးထားပြီး IMDb 6.7 အထိရရှိထားပါတယ် အကြိုက်ဆုံးတစ်ချက်ကတော့ background music ပိုင်းဖြစ်လို့ ဒီကားကိုကြည့်မယ်ဆို နောက်ခံတေးဂီတကို သေချာလေးနားထောင်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ် IMDb: 6.7 Director: Yang Zhang Stars: Quni Ciren, Kimba, Siano Dudiom Zahi File size: 700mb Link type: soliddrive,openload  
0 /0
Edge of Winter (2016)
2.7
1080p
Edge of Winter (2016)
ဇာတ်လမ်းကိုမပြောခင် အဓိကသရုပ်ဆောင်တွေအကြောင်း အရင်ပြောပါရစေ မင်းသားကြီး Joel Kinnaman ကိုတော့ Suicide Squad ပရိတ်သတ်တွေသိပြီးဖြစ်မှာပါ Tom Holland ဆိုတာကလဲ Spiderman လေးဖြစ်လို့ အထူးတလည်မိတ်ဆက်စရာမလိုပါဘူး Percy Hynes White ကတော့ The Gifted စီးရီးပရိတ်သတ်တွေပဲသိလောက်မှာပါ Andy Strucker အဖြစ်သရုပ်ဆောင်ထားသူလေးပါ ဇာတ်လမ်းထဲမှာ Percy Hynes White နဲ့ Tom Holland တို့က 3နှစ်ကွာတဲ့ ညီအကိုတွေဖြစ်ပြီး Joel Kinnaman ကတော့ သူတို့အဖေဖြစ်ပါတယ် Tom Holland ကို 15နှစ်သား Bradley Baker အဖြစ်တွေ့မြင်ရမှာဖြစ်ပြီး Percy Hynes White ကတော့ 12နှစ်အရွယ် Caleb Baker အဖြစ်သရုပ်ဆောင်ထားပါတယ် သူတို့အဖေ Elliot Baker ကဇနီးဖြစ်သူနဲ့ကွာရှင်းထားပြီး သားတွေနဲ့လဲ အနေဝေးသူပါ တရက်မှာတော့ ဇနီးဟောင်းနဲ့သူမခင်ပွန်းအသစ်တို့က အပန်းဖြေခရီးတစ်ခုသွားဖို့အတွက် သား၂ယောက်ကို Elliot ဆီခဏလာအပ်ပါတော့တယ် အစပိုင်းမှာတော့ ...
2.7 /3
Swiss Army Man (2016)
0
1080p
Swiss Army Man (2016)
ဟန့်ခ်ဆိုတဲ့လူတစ်ယောက်က ကန္တာရထဲမှာသောင်တင်နေပြီး သူ့ကိုယ်သူသတ်သေဖို့အကြောင်းဖန်လာချိန်မှာ ကမ်းခြေပေါ်ကို အလောင်းကောင်တစ်ကောင်သောင်တင်လာတာကို သတိထားမိသွားပါတယ် မကြာခင် ဟန်ခ်နဲ့အလောင်းကောင် သူငယ်ချင်းတွေဖြစ်သွားကြပြီး ဟန့်ခ်ကအလောင်းကောင်ကို မန်နီလို့နာမည်ပေးလိုက်ပါတယ် ထို့နောက် မန်နီဆိုတဲ့အလောင်းကောင်သူငယ်ချင်းက စကားပြောနိုင်တဲ့အပြင် မြောက်မြားစွာသော သဘာဝလွန်စွမ်းအားတွေကိုပါ ပိုင်ဆိုင်ထားတယ်ဆိုတာ ဟန့်ခ်သိသွားတဲ့အခါ သူအိမ်ကိုပြန်ရောက်နိုင်ဖို့အတွက် မန်နီရဲ့အကူအညီကိုရယူရပါတော့တယ် စွန့်စားခန်းတွေကို ဟာသနှောပြီးရိုက်ကူးထားလို့ ကြည့်ရတာမပျင်းတဲ့အပြင် ဟယ်ရီပေါ်တာမင်းသားချောလေး ပါဝင်ထားတဲ့အတွက်လဲ မိန်းကလေးပရိတ်သတ်တွေပါ သဘောကျမဲ့ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ် Imdb - 7.2 Directors: Dan Kwan, Daniel Scheinert Stars: Paul Dano, Daniel Radcliffe, Mary Elizabeth Winstead Genre: Adventure, Comedy, Drama File size: 1gb,470mb Link type: soliddrive  
0 /0
Gold (2016)
0
1080p
Gold (2016)
အဖေဖြစ်သူရုတ်ရက်သေဆုံးသွားတဲ့အခါ ကျရှုံးလုနီးဖြစ်သွားတဲ့ သတ္ထုတွင်းတူးလုပ်ငန်းကို ဆက်လက်ထိန်းသိမ်းဖို့တာဝန်က ကန်နီဝဲလ်စ်ရဲကလက်ထဲ ကျရောက်လာပါတော့တယ် တဖက်မှာလဲ မိုက်ကယ်အကော့စ်စတာဆိုတဲ့ မြေမျက်နှာသွင်ပြင်ပညာရှင်တစ်ယောက်က အင်ဒိုနီးရှားမှာရှိတဲ့ အရှေ့တောင်အာရှမှာ အကြီးဆုံးကြေးနီကြောကို ရှာတွေ့ထားသူဖြစ်ပါတယ် မိုက်ကယ်ရဲ့အိပ်မက်က ရွှေကြောကိုရှာတွေ့ဖို့ဖြစ်ပြီး ကန်နီရဲ့အိပ်မက်ကလဲ ရွှေကြောကိုရှာပြီး သူ့လုပ်ငန်းကို ပြန်လည်အသက်သွင်းဖို့ဖြစ်ပါတယ် အိပ်မက်ချင်းတူသူ၂ယောက်ရဲ့ တွေ့ဆုံမှုက အောင်မြင်မှုတွေယူဆောင်လာနိုင်မလား ကျရှုံးမှုတွေပဲဖြစ်လာမလားဆိုတာကိုသည်းထိတ်ရင်ဖိုရှုစားရမှာပါ အော်စကာဆုရှင် Matthew McConaughey ကခေါင်းဆောင်ပါဝင်ထားပြီး ရွှေကမ္ဘာလုံးစကာတင်စာရင်းဝင်၂ယောက်ဖြစ်တဲ့ Edgar Ramírez နဲ့ Bryce Dallas Howard တို့အားဖြည့်ပါဝင်ထားပါတယ်   IMDb: 6.7 Director: Stephen Gaghan Stars: Matthew McConaughey, Edgar Ramírez, Bryce Dallas Howard Genre: Adventure, Drama, Thriller File size: 1.3gb,600mb Link type: soliddrive,openload  
0 /0
Chosen (2016)
0
1080p
Chosen (2016)
IMdb - 4.5 Director: Jasmin Dizdar Stars: Luke Mably, Ana Ularu, Harvey Keitel ငယ်ရွယ်တဲ့ရှေ့နေလေးတယောက်က ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလမှာ နာဇီတွေကိုတိုက်ခိုက်ဖို့ ဦးဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားလို့ အပစ်အခတ်ကြိုက်တဲ့ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ စစ်ကားကောင်းတခုဖြစ်ပါတယ်  
0 /0
Eliminators (2016)
6.5
1080p
Eliminators (2016)
ဖယ်ဒရယ်အေးဂျင့်ဟောင်းတယောက်က လန်ဒန်မှာရှိတဲ့သူ့အိမ်ကို လိပ်စာမှားပြီးကျူးကျော်ခံလိုက်တဲ့အခါ မျက်မြင်သက်သေအကာအကွယ်အစီအစဉ်ကို စွန့်လွှတ်ပြီး ပုန်းကွယ်နေရာကနေ ထွက်လာရပါတော့တယ် လူသတ်မှုတွေအဆင့်ဆင့်ဖြစ်သွားပြီးတဲ့အခါ ဥရောပရဲ့အန္တာရယ်အရှိဆုံးလူသတ်သမားတွေက သူ့ကိုသတ်ဖို့ရောက်လာကြပါတယ် လူသတ်သမားတွေလက်ထဲက ကိုယ်တိုင်ရုန်းထွက်ရမဲ့အပြင် သမီးငယ်လေးကိုပါ အန္တာရယ်ကင်းစေဖို့ ဖခင်တယောက်အနေနဲ့ သူဘယ်လိုကြိုးစားသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ IMDb - 5.4 Director: James Nunn Stars: James Cosmo, Scott Adkins, Daniel Caltagirone Genre: Action File size: 1.1gb,500mb Link type: soliddrive,openload Quality: Bluray Subtitled by www.khitmarket.com  
6.5 /2
The Wailing (2016)
7
Brrip
The Wailing (2016)
The Wailing ဟာ The Chaser တို့ The Yellow Sea တို့ လို ဇာတ်ကားကောင်းတွေကို ရိုက်ကူးခဲ့တဲ့ Director Na Hong-jin ရဲ့ တတိယမြောက်ဇာတ်ကားပါ။ သူ့ ဇာတ်ကားတွေကို ကြည့်တဲ့အခါ တစ်ကားထက်တစ်ကား သိသိသာသာ ပိုမိုကောင်းမွန်လာတာကို မြင်တွေ့ နိုင်တာကြောင့် South Korean တွေရဲ့ အငယ်တန်း Directors တွေထဲမှာ စောင့်ကြည့်ရမဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ အမှန်တော့ ကနဦးအစကတည်းက ဇာတ်လမ်းက ကျွန်တော်တို့ ကို သတိပေးခဲ့တယ်။ ကျွန်တော်တို့ ပရိသတ်တွေဟာ ဒီဇာတ်ကားရဲ့ ပိတ်ကားပေါ်က ဇာတ်ကောင်တွေဟာ မကောင်းဆိုးဝါးရဲ့ ထောင်ချောက်တွေထဲကို အလွယ်တကူ ကျရောက်သွားကြတာကို ကြည့်ရှုနေတဲ့အချိန်မှာ ကျွန်တော်တို့ သတိမေ့နေခဲ့တာတစ်ခုက အမှန်တော့ ကျွန်တော်တို့ ပရိသတ်တွေကသာ Director Na Hong-jin ဖန်တီးခဲ့တဲ့ ရုပ်ရှင်လှည့်ကွက်တွေထဲမှာ မျောပါသွားပြီး ...
7 /3
One Night Stand (2016)
10
720p
One Night Stand (2016)
အာဘေးနဲ့ဆယ်လီနာတို့က ပွဲတခုမှာတွေ့ဆုံခဲ့ကြပြီး တညတာချစ်သူတွေအဖြစ် အမှတ်တရအဖြစ်အပျက်တွေဖြစ်ခဲ့ကြပါတယ် နောက်တနေ့မနက်မှာ ကိုယ့်အိမ်ကိုယ်ပြန်ခဲ့ကြပြီး ကိုယ်ပ်ုငါဘဝတွေနဲ့ ဆက်လက်ရပ်တည်ကြပါတယ် သို့သော် ဆယ်လီနာနဲ့ပတ်သတ်တဲ့ အမှတ်တရတွေက အာဘေးကိုခြောက်လှန့်လာတဲ့အခါ ဖြေရှင်းရန်ခက်တဲ့ ပြသနာတွေက ဒရမ်မာဆန်ဆန်ဝင်ရောက်လာပါတော့တယ် တညတာချစ်သူတွေဆိုတာက ဒီနေ့ခေတ်မှာအတော်လေးပေါများနေပြီဖြစ်သော်လဲ အာဘေးလိုချင်တဲ့အရာက ဘာလဲဆိုတာတော့ စိတ်ဝင်စားစရာပါ 18+လေးနည်းနည်းပါလို့ အခြေအနေလေးကြည့်ပြီးမှ ကြည့်ကြပါနော် ဘာသာပြန်ပေးသူကတော့ ကိုဝေဟံလင်းထင် ဖြစ်ပြီး အညွှန်းကို ညီမလေး ဇွန်မြတ်နိုးဆွေမှရေးပေးတာဖြစ်ပါတယ် IMDB: 3.2 Director: Jasmine D'Souza Writer: Bhavani Iyer Stars: Tanuj Virwani, Sunny Leone, Narendra Jetley Genres: Drama | Romance File Size: 982mb/500mb Translated by Waihan Lin Htin Encoded by Myo Khant
10 /1
Baaghi (2016)
10
720p
Baaghi (2016)
ရော်နီဟာ ဖခင်ဖြစ်သူရဲ့ဆန္ဒအရ သိုင်းဆရာကြီးတစ်ယောက်ဆီမှာ သိုင်းပညာသင်ယူဖို့လာခဲ့ပါတယ်။ လမ်းခရီးမှာ ဆီယာ လို့ ခေါ်တဲ့ မိန်းကလေးနဲ့ အမှတ်မထင်တွေ့ဆုံပြီး သံယောစဉ်ဖြစ်သွားခဲ့ပါတယ်။ ရော်နီဟာ သူရဲ့ မောက်မာတဲ့စိတ်ထားကြောင့် သိုင်းပညာသင်ယူရာမှာ အခက်အခဲတွေအများကြီးကြုံခဲ့ရသလို လူပုံအလယ်မှာ ပြဿနာတွေလည်းတက်ခဲ့ရပါတယ်။ မြွေပူရာကင်းမှောင့် ဆိုတဲ့စကားအတိုင်း သိုင်းဆရာကြီးရဲ့သားဖြစ်တဲ့ ရာဂက်ဗ်ဟာလည်း ဆီယာ့ကိုသဘောကျနေပါတယ်။ ရော်နီနဲ့ရာဂက်ဗ်တို့ရဲ့ အားပြိုင်မှုတွေကြားမှာ ဆီယာဘယ်လိုဒုက္ခရောက်ခဲ့ရတယ် ရော်နီ့ဘဝမှာ ဘာတွေပြောင်းလဲခဲ့တယ် ဆီယာ့ကိုကယ်တင်ဖို့ ရော်နီတစ်ယောက် ဘာတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုတာကတော့ Disha Patani ပါဝင်တဲ့ Baaghi 2 ဟာ March လ ၃၀ရက်နေ့မှာ ရုံတင်ပြသမှာမို့လို့ ခု ဒီကားလေးကို ပြန်လည်ပြသပေးလိုက်ပါတယ်။   IMDb: 5.2 Director: Sabir Khan Stars: Shraddha Kapoor, Tiger Shroff, Sudheer Babu Posani Genre:  Action, Thriller File size: 1.2gb,650mb Link type: soliddrive,openload  
10 /1
Sinister Squad (2016)
0
1080p
Sinister Squad (2016)
2016 ထဲမှာပဲ DCEU က ရုံတင်ပြသခဲ့တဲ့ Suicide Squad ဆိုတဲ့ရုပ်ရှင်ကားကို parodyပုံစံရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးပါ။ IMDb rating သိပ်အများကြီးမရထားပေမဲ့ ရီစရာဟာသလို့သဘောထားပြီးကြည့်ရင်တော့ အဆင်ပြေမှာပါ။ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ကမ္ဘာကြီးကိုဖျက်ဆီးဖို့ကြိုးစားကြတဲ့အခါ Alice က ကမ္ဘာကြီးကိုကယ်တင်ဖို့လုပ်ဆောင်ရမှာပါ။ နတ်သမီးပုံပြင်ထဲက ဗီလိန်တွေအပြင် သေမင်းတို့ တမန်တော်တို့ပါ ပါဝင်လို့ ကာရိုက်တာအစုံကိုကြည့်ရမှာပါ။ ဇာတ်ကားရဲ့ကြာချိန်ကလဲ မိနစ်၉၀ပဲရှိလို့ လူကြိုက်နည်းကြတာလဲ ဖြစ်နိုင်ပါတယ်။ IMDB: 2.1 Directors: Jeremy M. Inman Stars: Johnny Rey Diaz, Christina Licciardi, Lindsay Sawyer Genre: Action, Fantasy, Sci-Fi File size: 800mb,400mb Link type: soliddrive Translated by MMsubtitles Encoded by Zon Myat Noe Swe Reviewed by Zon Myat Noe Swe  
0 /0
Neruda (2016)
0
1080p
Neruda (2016)
သိပ်တော်တဲ့ကဗျာဆရာ ပါဘလိုနီယူဒါရဲ့ ဘဝဇာတ်ကြောင်းကို ခံစားရမှာပါ နိုဘယ်ဆုရှင်နီယူဒါက 1940ကာလမှာ ကွန်မျူနစ်ပါတီကိုပါဝင်ခဲ့တဲ့အတွက် အင်စပက်တာတစ်ဦးရဲ့ လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ် ဇာတ်ကားတစ်ကားလုံးကို ချီလီစကားပြောနဲ့ရိုက်ကူးထားပြီး နီယူဒါရဲ့ကိုယ်ပိုင်ကမ္ဘာနဲ့ ကဗျာတွေကို ကိုယ်တိုင်စီးမျောရမှာပါ IMDb:7.0 Director: Pablo Larraín Stars: Gael García Bernal, Luis Gnecco, Mercedes Morán Genre: Biography, Crime, Drama File size: 1gb,520mb Link type: soliddrive Translated by MMsubtitles Encoded by Zon Myat Noe Swe Reviewed by Zon Myat Noe Swe  
0 /0
Clash (2016)
1
720p
Clash (2016)
Hosni Mubarak ရဲ့နှစ်30ကြာအုပ်ချုပ်မှုက အီဂျစ်တော်လှန်ရေးကြောင့် 2011မှာအဆုံးသတ်သွားခဲ့ပါတယ် 2013 ရောက်တဲ့အထိ တော်လှန်ရေးရဲ့ အငွေ့အသက်တွေကို တိုင်းပြည်မှာခံစားနေရတုန်းပါပဲ အထူးစစ်တပ်နဲ့ မူစလင်သွေးကြွတွေကြားထဲက ပြင်းထန်မှုတွေကို ရဲတွေနဲ့ပြည်သူတွေ ခံစားရတဲ့အခါ ရှုပ်ထွေးလှတဲ့နိုင်ငံရေးပြဿနာတွေကြားမှာ ငြိမ်းချမ်းရေးကိုဘယ်လိုဖော်ဆောင်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ IMDb: 7.7 Director: Mohamed Diab Stars: Nelly Karim, Hani Adel, El Sebaii Mohamed Genre: Drama,Thriller File size: 850mb,450mb Link type: soliddrive,openload Encoder: Zon Myat Noe Swe    
1 /1
Before I Wake (2016)
0
1080p
Before I Wake (2016)
ငယ်ရွယ်တဲ့စုံတွဲတတွဲက မကြာသေးခင်ကမှ သူတို့ကလေးပျောက်ဆုံးသွားလို့ နောက်ထပ်ကလေးတယောက်ကို မွေးစားလိုက်ကြပါတယ် အစပိုင်းမှာတော့အားလုံးအဆင်ပြေနေခဲ့ပြီး နောက်ပိုင်းကလေးအိပ်ပျော်သွားတဲ့အချိန်တိုင်းမှာ သူမက်တဲ့အိမ်မက်တွေက အပြင်လောကကိုတကယ်ကြီးရောက်လာပါတော့တယ် လှပတဲ့အိမ်မက်တွေကနေ ထိတ်လန့်ဖွယ်အိမ်မက်တွေအဖြစ်ပြောင်းလဲသွားတဲ့အခါ သူတို့မိသားစုအပေါ်ကျရောက်လာမဲ့အန္တာရာယ်တွေက....? IMDB 6.1 Director: Mike Flanagan Stars: Jacob Tremblay, Kate Bosworth, Annabeth Gish Genre: Drama, Fantasy, Horror File size: 950mb,470mb Link type: soliddrive,openload  
0 /0
Alleycats (2016)
5.5
1080p
Alleycats (2016)
IMDb - 4.8 Director: Ian Bonhôte Stars: Eleanor Tomlinson, Sonoya Mizuno, John Hannah Genre: Action,Thriller File size: 980mb,490mb Link type: soliddrive,openload စစ်ဘီးပြိုင်တဲ့ကောင်လေး ခရစ်က လူသတ်မှုတခုကိုမြင်ပြီး ထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပေမဲ့ သူ့ရဲ့စပ်စုလိုစိတ်ကြောင့် နောက်တခါသွားပြန်ကြည့်လိုက်တဲ့အခါ ဘာမဆိုင်ညာမဆိုင် ပြသနာကြားထဲရောက်သွားတဲ့အကြောင်းကို သည်းထိတ်ရင်ဖိုပြသသွားမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်  
5.5 /2
The Top Secret : Murder in Mind (2016)
0
1080p
The Top Secret : Murder in Mind (2016)
ဂျပန်စိတ်ကူးယဉ်သိပွံဇာတ်လမ်းလေးကို လျှို့ဝှက်ဆန်းကြယ်မှုနဲ့ပေါင်းစပ်ကာ ထိတ်လန့်ဖွယ်လေးပါ ရောစွတ်ထားတဲ့ အင်မတန်မှ ကြည့်ရတာ ရသအစုံပေးတဲ့ကားလေးပါ. ဇာတ်ကားလေးက မှုခင်းဇာတ်ကားလေးဖြစ်လို့ အများကြီးမညွှန်းတော့ပါဘူး. ဇာတ်လမ်းပုံစံလေးကတော့ ဌာန-၉ ဆိုတဲ့ အဖွဲ့အစည်းက သေပြီးသားလူရဲ့ ဦးနှောက်ကို စက်ကိရိယာတစ်ခုထည့်ကာ သေသူရဲ့ နောက်ငါးနှစ်စာ အထိ သေသူရဲ့ မျက်လုံးမှာ မြင်မြင်သမျှ မှတ်ညဏ်တွေကို ပြန်လည်ကြည့်ရှုနိုင်တဲ့နည်းပညာတစ်ခု တီထွင်ခဲ့ပါတယ်. ဒါပေမယ့် ထိုပုံရိပ်တွေဟာ ရုံးတော်မှာ သက်သေအနေနဲ့ တရားဝင်တင်သွင်းလို့မရပေမယ့် တရားခံဘယ်သူဆိုတာတော့ သိနိုင်ပါတယ်။ ဒါပေမယ့် ဆန်းကြယ်လှတဲ့လူသားတွေရဲ့ဦးနှောက်က ထင်ယောင်ထင်မှားဖြစ်ခြင်းတွေ မြင်ချင်ရာမြင်တာတွေနဲ့ ရှုပ်ထွေးနေတဲ့အခါမှာတော့ စက်ကိရိယာအားကိုးနဲ့ ဦးနှောက်ထဲကနေ ပုံရိပ်တွေကို ထုတ်ယူရရှိတဲ့ မြင်ကွင်းတွေဟာ တကယ်အစစ်အမှန်လား စိတ်ကူးပုံရိပ်တွေလား ခွဲခြားရခက်သွားလေသောအခါ။။။ IMDb: 5.4 Director: Keishi Ohtomo Stars: Tôma Ikuta, Masaki Okada, Chiaki Kuriyama Genre: Mystery, Sci-Fi, Thriller File size: 1.6gb,720mb Link type: soliddrive,openload Translator: Myo Khant Encoder: Zon Myat Noe ...
0 /0
Battlecreek (2017)
0
720p
Battlecreek (2017)
IMDb: 6.0 Director: Alison Eastwood Stars: Bill Skarsgård, Paula Malcomson, Claire van der Boom Genre: Drama,Romance File size: 1.2gb,480mb Link type: soliddrive,openload Translator/Encoder: Zon Myat Noe Swe ဘက်တယ်ခရိခ်ဆိုတာ လူသူဝေးတဲ့ နယ်မြို့လေးတစ်မြို့ပါ အဲ့ဒီမှာ ဟင်နရီဆိုတဲ့ ကောင်လေးက သူ့အမေနဲ့အတူနေထိုင်ပါတယ် ဟင်နရီက ငယ်ငယ်ထဲက နေရောင်နဲ့အထိမခံနိုင်တဲ့ အရေပြားရောဂါတစ်ခုကြောင့် နှစ်၂၀လုံးလုံး နေ့ဘက်မှာ အိမ်ပြင်မထွက်ဘဲနေခဲ့ရသူပါ ညဘက်တွေမှာပဲ အပြင်ထွက်ပြီး လည်ပတ်လေ့ရှိတဲ့ ဟင်နရီကို လူတွေက သွေးစုပ်ဖုတ်ကောင်ဆိုပြီး စနောက်လေ့ရှိကြပါတယ် သူ့အမေကတော့ ဟင်နရီအသက်၂၀ကျော်နေပေမဲ့ ကလေးတစ်ယောက်လို အရာရာဂရုစိုက်နေဆဲပါပဲ တရက်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက် ကားပျက်ပြီး ဘက်တယ်ခရိခ်မြို့လေးထဲရောက်လာချိန်မှာတော့ တမြို့လုံးကချစ်ပြီး သဘောကောင်းလွန်းတဲ့ ဟင်နရီရဲ့ဘဝလေး လုံးဝကိုပြောင်းလဲခဲ့ရပါတော့တယ် IT ဇာတ်ကားထဲမှာ Pennywise အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Bill Skarsgård ရဲ့ ချစ်စရာမျက်နှာပေးနဲ့ သရုပ်ဆောင်ပုံတွေကို တစ်ဝကြီးဘူးလိုက်ကြရအောင်      
0 /0
Lion (2016)
10
1080p
Lion (2016)
၁၉၈၆ တုန်းက ဆာရူးဆိုတဲ့ကောင်လေးတစ်ယောက်ဟာ အိန္ဒိယ ခန်ဒ၀ါ ပြည်နယ်မှာ သူ့မိခင် အစ်ကို ပြီးတော့ ညီမလေးတစ်ယောက်နဲ့အတူနေခဲ့ဖူးတယ်။ သူတို့ မိခင်ဟာ ကျောက်ခဲတွေသယ်တဲ့ အလုပ်ကြမ်းသမားဖြစ်နေတော့ ဆာရူးနဲ့ သူ့အစ်ကိုဟာ ဖြတ်လာတဲ့ ရထားတွေပေါ်က ကျောက်မီးသွေးတွေခိုးပြီး အိမ်အတွက် နွားနို့လေး စားစရာလေးရလာဖို့ တစ်ဖက်တစ်လမ်းက ပံ့ပိုးခဲ့ကြတယ်။ တစ်ရက်မှာ ဆာရူးအစ်ကို ဂတ်ဒူးဟာ တစ်ခြားမြို့တစ်ခုမှာ ကူလီသွားလုပ်ဖို့ဖြစ်လာတယ်။ ဆာရူးက သူ့အစ်ကိုကို သိပ်တွယ်တာတယ်။ သူ့အစ်ကိုက သူ့ ညီ ငယ်ငယ်သေးသေးလေးကို အလုပ်ကြမ်းလုပ်ဖို့ ခေါ်မသွားချင်ဘူး။ ဒါပေမယ့် ဆာရူးက သူလုပ်နိုင်ပါတယ် ဘာမှမဖြစ်ဘူးဆိုပြီး ဟိုဟာထမ်းပြလိုက် ဒီဟာကိုင်ပြလိုက်သက်သေပြနေတော့ ဂတ်ဒူးခေါ်သွားဖြစ်ခဲ့တယ်။ သူ့အစ်ကိုနဲ့ မဝေးချင်လို့ လိုက်သွားပေမယ့် တကယ်တမ်း ကလေးဆိုတော့ သူတို့ အလုပ်လုပ်ရမယ့် မြို့ကိုရောက်တဲ့ အချိန်မှာ ဆာရူး ဆက်အိပ်ပျော်နေခဲ့တယ်။ သူ့အစ်ကိုက သူ့ကိုတစ်ခါ နှစ်ခါ နှိုးသေးတယ်။ ငါအိပ်ချင်တယ် လာမနှောင့်ယှက်ပါနဲ့ဆိုတော့ သူ့အစ်ကိုဟာ ဆာရူးကို ခုံလေးတစ်ခုပေါ်မှာ ညင်ညင်သာသာချပေးတယ်။ ' ...
10 /1
Rustom (2016)
5.5
720p
Rustom (2016)
Genre - Crime | Mystery | Thriller IMDb Rating: 7.1 Director: Dharmendra Suresh Desai Stars: Akshay Kumar,Ileana D'Cruz,Manaoj Bajpayee File size: 1.3gb,690mb Link type: soliddrive Translator: Waihan Lin Htin Encoder: Zon Myat Noe Swe 1959 မှာ အိန္ဒိယတစ်နိုင်ငံလုံးမှာ ရေတပ်ရဲ့အာဏာက လွှမ်းမိုးလျှက်ရှိနေပါတယ်။ ရေတပ်အရာရှိတစ်ဦးဖြစ်တဲ့ Rustom ဟာ ရေတပ်တာဝန်ထမ်းဆောင်ရာကနေ နေရပ်ကိုပြန်လာချိန်မှာ ချစ်ရတဲ့ဇနီးဖြစ်သူက တခြားသူတစ်ဦးဖောက်ပြန်နေတာကို သိလိုက်ရပါတယ်။ Rustom ဟာ ဖောက်ပြန်သူနဲ့ အချင်းများကြရာကနေ သတ်လိုက်မိပါတယ်။ ဒီလိုနဲ့ အရာရှိ Rustom ကို ရုံးတင်စစ်ဆေးတဲ့အခါ rustom ဟာ တရားခွင်မှာကိုယ်တိုင်လျှောက်လဲချက်တင်တာကို ဒီဇာတ်ကားမှာ ရင်တဖိုဖိုရှုစားရမှာဖြစ်ပါတယ်။ သူအမှုရင်ဆိုင်နေစဉ်မှာပဲ မထင်မှတ်ထားတဲ့ကိစ္စတွေ အံ့သြစရာကောင်းတဲ့ကိစ္စတွေ အများကြီးရှိလာတာကို သိလိုက်ရပါတယ်။ Rustom ဟာ ဒီလူသတ်မှုအတွက် ပြစ်ဒဏ်ကျခံရမှာလား ဘယ်လိုတွေဆက်ဖြစ်မှာလဲ ဆိုတာကတော့… Rustom ရုပ်ရှင်ဟာ ဖြစ်ရပ်မှန်တစ်ခုကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ Crime ရုပ်ရှင်တွေစုံထောက်ဇာတ်လမ်းတွေ Bollywood ချစ်သူတွေအတွက်တော့ Rustom ...
5.5 /2
Neerja (2016)
5.8
1080p
Neerja (2016)
IMDB: 7.7 Directors: Ram Madhvani Stars: Sonam Kapoor, Shabana Azmi, Yogendra Tikku Genre: Biography, Drama, Thriller File size: 1.4gb,590mb Link type: soliddrive Translator: MMsub Team Encoder: Zon Myat Noe Swe အကြမ်းဖက်အဖွဲ့တခုက ခရီးသည်၃၅၉ယောက်ပါဝင်တဲ့ Pan Amလေယာဉ်အမှတ် ၇၃ကို အနုကြမ်းစီးလိုက်ကြပါတယ်။ ဒီဇာတ်ကားကတော့ လေယာဉ်ပေါ်က ခရီးသည်တွေအားလုံးကို ကယ်တင်ဖို့ မိမိကိုယ်ကိုအနစ်နာခံလိုက်တဲ့ Neerja Bhanot ဆိုတဲ့သတ္တိခဲမလေးအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။  
5.8 /4
Executor (2017)
5.3
HD rip
Executor (2017)
အန်တိုနီယိုဆိုတဲ့ဘုန်းကြီးတစ်ပါးက လူသတ်သမားတစ်ယောက်ဖြစ်ပြီး တာဝန်တစ်ခုကို ပြီးအောင်လုပ်ဖို့ လက်မရွံလူသတ်သမားလေးတွေကို မွေးစားပြီး လူသတ်ခိုင်းခဲ့ပါတယ် ဘုရားသခင်ရဲ့နာမတော်အရ လူသတ်ရတယ်ဆိုပြီး ကလေးတွေကိုယုံကြည်စေပါတယ် မွေးစားကလေးတွေထဲကမှ Kyle ကတော့အတော်ဆုံးပါပဲ တရက်မှာ ကော်ဖီဆိုင်ပိုင်ရှင်တစ်ယောက်ကိုသတ်ဖို့ ကော်ဖီမှာ Kyle ကဗုံးသွားထောင်ခဲ့တယ် ဗုံးမပေါက်ခင်မှာ မတ်သရူးဆိုတဲ့ကောင်လေးနဲ့ သူ့အမေနဲ့ ဆိုင်ထဲဝင်လာတဲ့အခါ Kyle က သူတို့နှစ်ယောက်ကို ကယ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ် ဒါပေမဲ့ ကလေးကိုသာကယ်လိုက်နိုင်ပြီး မိဘမဲ့ဖြစ်သွားတဲ့ကလေးကို သူတဲ့အတူခေါ်ထားဖို့ဆုံးဖြတ်လိုက်တဲ့အခါ.......... IMDb: 4.4 Director: Moziko Wind Stars: Markiss McFadden, Paul Sorvino, Mischa Barton Genre: Action,Drama File size: 450mb Link type: soliddrive,openload  
5.3 /3
The Other Side of the Door (2016)
0
1080p
The Other Side of the Door (2016)
ဒီကားလေးကတော့ သည်းထိတ်ရင်ဖိုသရဲကားတွေကြိုက်တဲ့ပရိတ်သတ်တွေ အကြိုက်တွေ့စေမဲ့ကားလေးပါ။ ဇာတ်လမ်းထဲက မေရီမှာသားတယောက်နဲ့ သမီးတယောက်ရှိပါတယ်။ တနေ့မှာ ကလေး၂ယောက်ကိုကားပေါ်တင်မောင်းလာရင်း ကားတိုက်မှုတခုဖြစ်ပြီး ကားကရေထဲပြုတ်ကျသွားပါတယ်။ အဲ့ဒီ့အချိန်မှာ မေရီကသမီးငယ်လေးကိုသာ ကယ်လိုက်နိုင်ပြီး သားကြီးကတော့ ရေနစ်သေဆုံးသွားရပါတယ်။ သားကြောင့်သောကရောက်နေတဲ့မေရီက နယ်မြို့လေးကဘုရားကျောင်းတခုမှာ သေဆုံးပြီးသားဝိဥာဉ်တွေနဲ့ စကားပြောလို့ရတယ်ဆိုတဲ့သတင်းကို ကြားသိသွားပါတယ်။ ထိုအခါ မေရီက ထိုဘုရားကျောင်းကိုသွားပြီး သားဖြစ်သူနဲ့စကားပြောခွင့်ရဖို့ကြိုးစားပါတော့တယ်။ သေဆုံးပြီးဝိဥာဉ်တွေနဲ့ စကားပြောဆိုတဲ့အခါ ဘုရားကျောင်းထဲကနေ တံခါးပိတ်ပြီးပြောရမှာဖြစ်ပြီး အရေးကြီးဆုံးစည်းကမ်းတချက်က တံခါးကိုလုံးဝမဖွင့်ရပါဘူး။ ဒီစည်းကမ်းချက်ကိုသိသော်လဲ သားဖြစ်သူကသူမကိုတွေ့ခွင့်တောင်းဆိုလာတဲ့အခါ မေရီတယောက် ဘုရားကျောင်းတံခါးကို ဖွင့်ပေးလိုက်မိပါတော့တယ်။ ထိုအခါ ပရလောကမှ မရေတွက်နိုင်လောက်အောင်များပြားတဲ့ ဝိဥာဉ်တွေက ဘုရားကျောင်းတဖက်ခြမ်းက သက်ရှိလောကဆီကို ဝင်ရောက်လာကြပါတော့တယ်။   IMDB: 5.3 Directors: Johannes Roberts Stars: Sarah Wayne Callies, Jeremy Sisto, Sofia Rosinsky Genre: Horror File size: 1.1gb,450mb Link type: soliddrive  
0 /0
Deepwater Horizon (2016)
0
1080p
Deepwater Horizon (2016)
ဒီကားလေးအကြောင်းအမြည်းမပြောခင် ကြိုပြောချင်တာက ဒါတကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတယ်ဆိုတာပါပဲ 2010 အေပရယ်လတုန်းက အမေရိကန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်တဲ့ Transocean သမုဒ္ဒရာထဲက အကြောင်းတွေကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားအစမှာ ထိုအဖြစ်အပျက်မှာ အမှန်တကယ်ပါဝင်တွေ့ကြုံခဲ့တဲ့ လျှပ်စစ်အင်ဂျင်နီယာ မိုက်ဝီလီယမ်ကိုယ်တိုင်ပြောပြထားတဲ့ အသံဖိုင်လေးနဲ့စတင်ထားပါတယ် အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ အဆိုးဝါးဆုံး ဖြစ်ခဲ့တဲ့ Deepwater Horizon ရဲ့ပေါက်ကွဲမှုအကြောင်းကို စိတ်ဝင်စားရင် အခုပဲကြည့်ရှုလိုက်ပါ   IMDb - 7.2 Director: Peter Berg Stars: Mark Wahlberg, Kurt Russell, Douglas M. Griffin Genre: Action,Drama,Thriller File size: 1.1gb,500mb Link type: soliddrive  
0 /0
End of a Gun (2016)
0
1080p
End of a Gun (2016)
ဈေးဝယ်စင်တာလုံခြုံရေးအစောင့်တစ်ယောက်နဲ့ ဖယ်ဒရယ်အေးဂျင့်ဟောင်းတစ်ယောက်တို့က မူးယစ်ဆေးအမှုတစ်ခုနောက်ကိုလိုက်လံစုံစမ်းကြရင်း အန္တာရာယ်ထဲကျရောက်နေတဲ့ အမျိုးသမီးတစ်ဦးကို ကယ်တင်လိုက်နိုင်တဲ့အကြောင်းကို မင်းသားကြီး စတီဗင်စီးဂဲလ်ခေါင်းဆောင်ပါဝင်ပြိး စိတ်ဝင်စားဖွယ်ရိုက်ကူးထားပါတယ် Imdb - 3.9 Director: Keoni Waxman Stars: Steven Seagal, Florin Piersic Jr., Jade Ewen Genres: Action | Crime | Thriller Translator: Myo Khant Encoder: Zon Myat Noe Swe  
0 /0
Banjo (2016)
2
720p
Banjo (2016)
မိုက်ကီဆိုတဲ့အသံဖမ်းပညာရှင်တဦးက မွန်ဘိုင်းမြို့ကပွဲတော်တခုရဲ့ ဂီတသံစဉ်တခုကိုအသံသွင်းပြီး အမေရိကန်ကသူငယ်ချင်းဖြစ်သူ ဒီဂျေပညာရှင် ခရစ္စတီးနားဆီကိုပို့လိုက်တယ် ကိုယ်ပိုင်သံစဉ်တွေနဲ့ပြိုင်ပွဲဝင်ဖို့အတွက် သံစဉ်ရှာမရသေးတဲ့ ခရစ္စတီးနားက မိုက်ကီပို့လိုက်တဲ့အသံဖိုင်ထဲက ဘင်ဂျိုသံကိုအတော်လေးသဘောကျသွားပြီး တီးခတ်သူနဲ့အဖွဲ့ကိုလိုက်ရှာဖို့ မွန်ဘိုင်းကိုရောက်လာခဲ့တယ် ဘင်ဂျိုသံပိုင်ရှင် တာရတ်ဆိုတဲ့ကောင်လေးက သူ့သူငယ်ချင်းအဖွဲ့နဲ့အတူ ပွဲတော်တွေမှာအပျော်ဖျော်ဖြေလေ့ရှိပြီး အချိန်ပိုင်းအလုပ်ကိုလဲလုပ်လေ့ရှိတယ် တရက်မှာ အမေရိကန်ကလာတဲ့ဧည့်သည်မလေး ခရစ္စတီးနားအတွက် လမ်းပြအဖြစ် အချိန်ပိုင်းအလုပ်လုပ်ဖို့ အခေါ်ခံလိုက်ရတဲ့အခါ.............. IMDb: 5.1 Director: Ravi Jadhav Stars: Riteish Deshmukh, Nargis Fakhri, Aditya Kumar Genre: Action,Drama,Romance File size: 1.5gb,650mb Link type: soliddrive  
2 /2
Hacksaw Ridge (2016)
10
1080p
Hacksaw Ridge (2016)
ဒါကတော့ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ရပ်မှန်ကိုပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် Desmond T. Doss ဆိုတာ ဒုတိကမ္ဘာစစ်အတွင်းသွေးချောင်းစီးခဲ့တဲ့ အိုကီနာဝါတိုက်ပွဲမှာ သေနတ်တချက်မှမပစ်ခတ်ခဲ့ဘဲ လူပေါင်း75ယောက်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့သူအဖြစ် အမေရိကန်သမိုင်းမှာ ပထမဆုံးမှတ်တမ်းဝင်နိုင်ခဲ့သူဖြစ်ပါတယ် ဒီကားလေးထဲမှာ Desmond T. Doss ရဲ့ဘဝအကြောင်းနဲ့ စစ်ပွဲကြီးကိုသူဘယ်လိုရင်ဆိုင်ခဲ့လဲဆိုတာတွေကို အကျယ်တဝင့်ရိုက်ကူးပြသထားပါတယ် ဇာတ်လမ်းအကျဉ်းလေးက............... ပထမကမ္ဘာစစ်ပြီးခါစကာလ Lynchburg မှာ Desmond Doss နဲ့ Hal ဆိုတဲ့ညီအကို၂ယောက်နေထိုင်ခဲ့ကြတယ် သူတို့ရဲ့အဖေ Tom Doss ကပထမကမ္ဘာစစ်ရဲ့ စစ်ပြန်တဦးဖြစ်ပြီး အခုချိန်မှာတော့ အရက်သမားလုံးလုံးဖြစ်ကာ မိန်းမကိုမကြာခဏရိုက်နှက်နှိပ်စက်လေ့ရှိသူတဦးဖြစ်နေပါတယ် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်စစ်တပ်ထဲကို စေတနာ့ဝန်ထမ်းလုပ်ဖို့ရောက်ရှိလာတဲ့ Desmond Dossဆိုတဲ့လူငယ်လေးက လူသားချင်းသတ်ဖြတ်ရတာကို မနှစ်သက်သလို စစ်လက်နက်တွေကိုရွံမုန်းနေသူဖြစ်နေတဲ့အခါ အမိမြေကိုကာကွယ်ဖို့သူနာပြုအဖြစ် အကောင်းဆုံးကြိုးစားရန်ရွေးချယ်လိုက်ရပါတော့တယ် ဘဝတူစစ်သားတွေကြားထဲမှာ ငကြောက်လေးအဖြစ်အမြဲအနှိမ်ခံ အစခံနေရတဲ့ စစ်သားလေးကသေနတ်တချက်မှမပစ်ခဲ့ဘဲ လူ့အသက်တွေကိုကယ်တင်နိုင်ခဲ့တဲ့ ပထမဆုံးစစ်သားအဖြစ်သမိုင်းတင်နိုင်ခဲ့တဲ့ Desmond Doss အဖြစ် The Amazing Spiderman ဇာတ်ကားတွေထဲမှာ ...
10 /2
The Jungle Book (2016)
0
720p
The Jungle Book (2016)
ဝံပုလွေမကြီးကစောင့်ရှောက်ထားတဲ့ Mowgli ဆိုတဲ့ လူသားကောင်လေးတစ်ယောက်ရဲ့ တောတွင်းစွန့်စားခန်းဖြစ်ပါတယ် Mowgli ကလေးဘဝက ကျားသစ်တစ်ကောင်က ကယ်တင်ထားခဲ့ပြီး ဝံပုလွေမကြီးရဲကလက်ထဲအပ်ကာ တောတွင်းတိရစ္ဆာန်များနဲ့အတူ ပျော်ရွှင်စွာကြီးပြင်းလာခဲ့ပါတယ် တောထဲကယုတ်မာတဲ့ကျားကြီးက Mowgli ကိုသတ်ဖို့ကြိုးစားတဲ့အခါ လူသားတွေနေတဲ့ရွာကို သွားနေဖို့ ကျားသစ်ကြီးကလိုက်ပို့ပေမဲ့ လမ်းမှာကျားနဲ့တွေ့ပြီး တိုက်ခိုက်တဲ့အခါ Mowgli ကလွတ်မြောက်သွားပါတယ် လမ်းမှာ မြွေကထပ်ပြီးတိုက်ခိုက်တဲ့အခါ Mowgli လေးကို ဝက်ဝံကြီးကကယ်တင်ရပြန်ပါတယ် မကြာခင် Mowgli နဲ့ဝက်ဝံကြီး မိတ်ဆွေတွေဖြစ်သွားပေမဲ့ ကျားကြီးကတော့ သူ့ကိုသတ်ချင်နေတုန်းပါပဲ တောတွင်းသားလေး Mowgli ဘာဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲခံစားလိုက်ကြပါ 2017 အော်စကာဆုပေးပွဲမှာ Best Achievement in Visual Effects ဆုကိုထိုက်တန်စွာရရှိထားတဲ့ ဇာတ်ကားလေးဖြစ်လို့ အလန်းစား Visual Effect တွေကိုကြည့်ရှုရမှာဖြစ်ပါတယ် IMDb: 7.5 Director: Jon Favreau Stars: Neel Sethi, Bill Murray, Ben Kingsley Genre: Adventure,Drama,Family File size: 1.2gb,500mb Link type: soliddrive  
0 /0
I Am Wrath (2016)
5.5
720p
I Am Wrath (2016)
ငါ့နာမည် ဒေါသ တဲ့ ဇာတ်ကားနာမည်ကိုကလန့်စရာ ပြီးတော့ warthဆိုတာ ရိုးရိုးဒေါသမဟုတ်ဘူး ချူပ်ထိန်းထားရာကနေဝုန်းခနဲထပေါက်ကွဲသွားတဲ့ဒေါသမျိုး ဟုတ်ပြီထားတော့ ဒါက ဇာတ်ကားနာမည် နောက်တခု မင်းသား ဂျွန်ထရာဗိုတာ သူ့ကိုမသိတဲ့လူရှိမယ်တော့မထင်ပါဘူး ဒီမင်းသားရဲ့သရုပ်ဆောင်ချက်တွေကို သိတယ်မလား လူကောင်းဇာတ်ရုပ် လူဆိုးဇာတ်ရုပ် အစုံပိုင်တဲ့မင်းသား ဒီလောက်ဆို ဒီဇာတ်ကား ကောင်းမကောင်းသိလောက်ပြီနော် ကဲအခု အညွှန်းလေးပြောပြမယ် ဇာတ်လမ်းက ဒီလို ခပ်အေးအေးနေတဲ့မင်းသား သူ့မိန်းမရုတ်တရက်အသတ်ခံလိုက်ရတယ် အသတ်ခံရတာကသူ့မျက်စိရှေ့တင် ခါးပိုက်နှိုက်တဲ့သူကပစ်သတ်သွားတာ သာမန်ကြည့်ရင်တော့ ဒါရိုးရိုး လုယက်ရာကနေ လူသတ်သွားတဲ့အမှုပေါ့ ရဲတွေကအဲ့လိုပဲသတ်မှတ်ထားတယ် မင်းသားကိုလဲ အဲ့လိုပဲပြောတယ် မင်းသားက သူတရားခံကိုမှတ်မိပါတယ်ပြောတော့ ရဲတွေက တရားခံကို သူ့ရှေ့မှာဖမ်းပေးတယ် ပြီးတော့ ပြန်လွှတ်တယ် အဲ့ဒီတော့ မင်းသားခင်မျာ မတရားခံလိုက်ရတာပေါ့ သူ့ခင်မျာကိုယ့်မိန်းမ ကိုယ့်မျက်စိရှေ့မှာ အသတ်ခံလိုက်ရတာကို ကြုံတွေ့ခဲ့ရတဲ့ ဝေဒနာ ကိုယ့်မိန်းမအတွက် တရားမျှတမှု ပြန်လုပ်မပေးနိုင်မယ့်ဝေဒနာ နောက်အဖော်မဲ့အထီးကျန်သွားတဲ့ ဝေဒနာ အဲ့ဒီ ဝေဒနာဒဏ်တွေကမင်းသားကိုဖိစီးပြီး ...
5.5 /2
Doctor Strange (2016)
10
1080p
Doctor Strange (2016)
Marvel စူပါဟီးရိုးတွေထဲမှာ တဦးထဲသောမှော်ဆရာကြီး Stephen Strange.......... မှော်အစွမ်းတွေကိုမပိုင်ဆိုင်ခင်က ထူးချွန်ထက်မြက်သလောက်အတ္တလဲကြီးတဲ့ အာရုံကြောခွဲစိတ်ဆရာဝန်ဘဝနဲ့ Doctor Strange..... သိပ္ပံပညာကိုသာယုံကြည်တဲ့ ဆရာဝန်တယောက်ကို မှော်အစွမ်းတွေကိုပိုင်ဆိုင်ဖို့ ကံကြကမ္မာကအခွင့်အရေးပေးတဲ့နေ့မှာ ပြင်းထန်တဲ့ကားတိုက်မှုတခုကြောင့် သူ့ရဲ့လက်၂ဖက်လုံးလှုပ်မရတော့တဲ့ အခြေအနေအထိရောက်သွားခဲ့တယ် ဘဝကိုတော်ရုံနဲ့အရှုံးမပေးချင်တဲ့ Stephen တယောက် သူ့မှာရှိသမျှစည်းစိမ်ချမ်းသာအကုန်ပုံအောပြီး သူ့လက်၂ဖက်ကိုပြန်လည်ကုသဖို့ နည်းလမ်းရှာပေမဲ့ ပိုက်ဆံတွေသာကုန်သွားပြီး နည်းလမ်းရှာမတွေ့တဲ့အခါ တသက်လုံးထားခဲ့တဲ့ အတ္တမာနတွေအကုန် ခဝါချလိုက်ဖို့အချိန်ကိုရောက်သွားပါတယ် အဆုံးသတ်သွားပြီလို့ယူဆလိုက်တဲ့ Stephenဘဝကို ပြန်လည်စတင်ဖို့ အကြောင်းဖန်လာသူက တချိန်ကအောက်ပိုင်းသေလူနာအဖြစ် Stephenနဲ့တွေ့ရဖို့ရက်ချိန်းယူခဲ့ပေမဲ့ သူငြင်းခဲ့တဲ့ Jonathan Pangborn ဖြစ်နေခဲ့တယ် အခုချိန်မှာထိုလူက လမ်းပြန်လျှောက်နိုင်နေတာကို Stephenမြင်သွားတဲ့အခါ Jonathan ဘယ်ဆေးရုံမှာကုခဲ့သလဲဆိုတာ သူအရမ်းစိတ်ဝင်စားသွားတယ် ဒါပေမဲ့ Jonathan ဆေးကုခဲ့တဲ့နေရာက သူထင်သလိုဆေးရုံတခုမဟုတ်ဘဲ ရှမ်းဘဲလားက Kamar-tajဆိုတဲ့ဘုရားကျောင်းတခုဖြစ်နေတယ် ထိုနေရာကို နောက်ဆုံးမျှော်လင့်ချက်နဲ့ Stephenရောက်သွားတဲ့အခါ Marvel လောကအတွက် တဦးထဲသောမှော်ဆရာလူစွမ်းကောင်း Doctor Strange ဖြစ်လာစေဖို့ ထူးခြားစွာအစပြုခဲ့ပါတော့တယ် (Reviewed ...
10 /1
100 Streets (2016)
0
1080p
100 Streets (2016)
တော်တော်လေးကိုကွဲပြားတဲ့ လူ၃ယောက်က လန်ဒန်မှာ သူတို့ရဲ့ဘဝတွေအတွက် ဘယ်လိုရုန်းကန်ရလဲဆိုတာ Drama အပြည့်နဲ့ ရှုစားရမှာဖြစ်ပါတယ် အိမ်ထောင်ရေးကို ပြန်လည်အဆင်ပြေဖို့ကြိုးစားနေတဲ့ Rugby ကစားသမားတစ်ယောက်ကနေစပြီး စိတ်ဓာတ်ကျနေတဲ့ အငှားကားမောင်းသမားတစ်ယောက်ရယ် ဘဝကိုကောင်းမွန်အောင်ပြန်လည်ကြိုးစားနေတဲ့ ဒုစရိုက်အဖွဲ့ဝင် အထိကို ဘဝ၃ခုစုံလင်အောင် အထင်အရှားပြသထားပြီး လူ့သဘောရဲ့ အကောင်းဆုံးအချက်နဲ့ အဆိုးဆုံးအချက်တို့ကို အသေအချာရှင်းပြထားပါတယ် လူ့သဘာဝရဲ့အမှန်တရားများစွာကိုရိုက်ကူးပြသထားပေမဲ့ ဇာတ်လမ်းကတော့ သစ်ပြီးဆန်းသစ်လှတယ်မရှိပါဘူး ကျနော်ကတော့ rating 7/10 ပေးထားပါတယ် IMDb: 5.7 Directors:  Jim O'Hanlon Stars: Idris Elba, Gemma Arterton, Tom Cullen Genre: Drama File size: 1.2gb,450mb Link type: soliddrive,openload
0 /0
Zootopia (2016)
0
720p
Zootopia (2016)
Animation ဇာတ်ကားတွေထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ Disney ရဲ့ဇာတ်ကားဖြစ်လို့ အများကြီးညွှန်းစရာတော့မလိုပါဘူး။ ဒီဇာတ်ကားလေးက ဆိုပေမဲ့ ကြည့်တတ်မယ်ဆိုရင် တကယ့်ကိုပညာရတဲ့ကားလေးပါ။ ဇာတ်ကားထဲမှာ ရဲမေအရမ်းဖြစ်ချင်နေတဲ့ တောရွာကယုန်မလေးဂျူဒီဟော့ပ်ရဲ့ အရာရာကိုလွယ်လွယ်နဲ့အရှုံးမပေးတတ်တဲ့စိတ်နဲ့ မြေခွေးလေးနစ်ရဲ့ ခပ်ပြောင်ပြောင်စတိုင်လေးတွေကို တွေ့မြင်ရမှာပါ။ ကမ္ဘာကျော်အဆိုတော် ရှက်ကီရာကိုယ်တိုင် အသံသရုပ်ဆောင်အဖြစ်ပါဝင်ထားသလို ဇာတ်လမ်းရဲ့အဓိကဇာတ်ဝင်သီချင်းကိုပါ သီဆိုပေးထားပါတယ်။ ဇာတ်ကောင်လေးတွေကအစ ချစ်ဖို့ကောင်းနေတော့ ကြည့်ရတာအဆင်ပြေစေမှာပါ။ ဇာတ်ကောင်တွေကိုပဲညွှန်းနေလို့ ဇာတ်လမ်းကိုမကောင်းမှာလဲ စိတ်မပူလိုက်ပါနဲ့ animation fan တယောက်မဟုတ်ဖူးဆိုရင်တောင် ဒီဇာတ်ကားလေးကို လုံးဝသဘောကျသွားမှာပါ။ IMDb: 8.1 Directors: Byron Howard, Rich Moore Stars: Ginnifer Goodwin, Jason Bateman, Idris Elba Genre: Animation,Adventure,Comedy File size: 800mb,500mb Link type: soliddrive,openload Translator: Myo Khant (KCG) Encoder: Zon Myat Noe Swe  
0 /0
Sing My Life (2016) 720p Only
0
Sing My Life (2016) 720p Only
"Sing my life"ဆိုတဲ့ဂျပန်ကားလေးကတော့ 2014တုန်းက"Miss Grannyကို"ပြန်ရိုက်ထားတာပါ... ကိုရီးယားဗားရှင်းထဲမှတော့ မင်းသမီးတွေကအသက်သိပ်မကွာကြဘူး ဆိုပေမယ့်... ဒီဂျပန်ကားထဲမှာတော့ Katsuက 73နှစ်အရွယ်အဘွားကြီးတယောက်ပေါ့... ဖွားဖွားကအသက်ကြီးသွားပေမယ့် သူ့ရဲ့ပိုးတွေကတော့ကျန်ရှိနေတုန်းပဲပေါ့... တရက်ကျ ဓာတ်ပုံစတူဒီယိုတစ်ခုကိုဖွားဖွားသွားလည်တဲ့အခါ ဖွားဖွားကိုအသက်၂၀ကောင်မလေးဘဝကိုပြန်ပို့ခံလိုက်ရပြီးတော့ ဖွားဖွားရဲ့မအောင်မြင်ခဲ့တဲ့အိမ်မက်တွေကိုပြန်လည်အသက်သွင်းခွင့်ပေးလိုက်ပါတော့တယ်... ဘာသာပြန်ကတော့ Myo Khant ဖြစ်ပါတယ်။
0 /0
Boys in the Trees (2016) 1080p
10
1080p
Boys in the Trees (2016) 1080p
စကိတ်ဂိုင်းတွေဖြစ်တဲ့ Corey နဲ့ Jonah တို့ အထက်တန်းကျောင်းကိုနှုတ်ဆက်ကြတဲ့ လူပျိုဖော်ဝင်တဲ့ညတစ်ညပေါ့... ထိုညမှာ Corey က ငယ်သူငယ်ချင်းဟောင်း Jonah နဲ့ အမှတ်မထင်ဆုံပြီး အိမ်အပြန်လမ်းမှာရှေးဟောင်းနှောင်းဖြစ်တွေ ဝိညာဉ်တွေအကြောင်းပြောကြတဲ့အကြောင်းတွေကို သည်းထိတ်ရင်ဖိုဇာတ်လမ်းအဖြစ်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်...။ ဘာသာပြန်ပေးသူကတော့ Myo Khant ဖြစ်ပါတယ်။  
10 /1
L (2016)
10
720p

L (2016)

2016
L (2016)
ဒီဇာတ်ကားလေးကတော့ "Janne Da Arc"ဆိုတဲ့ရော့ခ်ဘန့်တစ်ခုရဲ့vocalistဖြစ်တဲ့Yasuရဲ့ "Acid Black Cherry"ဆိုတဲ့အယ်ဘမ်ကိုအခြေခံပြီးရိုက်ကူးထားတာပါ... 'L'ဆိုတဲ့မိန်းကလေးတစ်ယောက် သူ့ရဲ့အချစ်ကိုရှာဖွေတဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့dramaကားကောင်းလေးပါ... အဖြူအမည်းလောကထဲကနေ ဆေးရောင်စုံကမ္ဘာကိုရောက်သွားတဲ့ ကောင်မလေး တစ်ယောက် အရောင်တွေစုံလင်တဲ့လောကရဲ့ စိတ်ဓာတ်တွေကို တွေ့ကြုံခံစားခဲ့ရပုံကို ရိုက်ပြထားပြီး နောက်ဆုံး အဖြူအမည်းသဲကွဲတဲ့ လောကကြီးက မာယာကင်းတယ်ဆိုတာသိသွားပါတော့တယ်... ဘာသာပြန်နဲ့အညွှန်း ရေးပေးသူကတော့ Myo Khantပဲ ဖြစ်ပါတယ်။
10 /2
Sarrainodu (2017)
8.3
Sarrainodu (2017)
Vairam Danish ဆိုတာ လူတကာနဲ့ဆန့်ကျင်ဘက် သတ်ဖို့ဖြတ်ဖို့ဝန်မလေးတဲ့ ရက်စက်သူတစ်ယောက်ဖြစ်ပါတယ် သူ့ကိုမကျေနပ်တာက စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ Ghana ပါပဲ သူတို့နှစ်ယောက်ရင်ဆိုင်တွေ့ရင် ဘာတွေဖြစ်လာမှာလဲ Ghana ကဘာလို့ Vairam ကိုအမြင်မကြည်ရတာလဲ ဒီဇာတ်ကားလေးက youtube မှာကြည့်ရှုသူအများဆုံး Hindi ဇာတ်ကားအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ် File size - 1.1 gb Link type - soliddrive Encoder - Myo Khant (KCG)  
8.3 /4
Suntan (2016)
10
Suntan (2016)
Kostis ဆိုတဲ့ အသက်40အရွယ်ဆရာဝန်တစ်ယောက်က ဂရိကျွန်းတစ်ခုမှာ ဆေးခန်းဖွင့်ဖို့သွားရောက်နေထိုင်ခဲ့တယ် ဆောင်းရာသီမှာ သူတစ်ယောက်ထဲနေထိုင်ခဲ့ပြီး နွေရာသီရောက်လာတဲ့အခါ ကမ်းခြေကို ပျော်ပွဲစားထွက်လာတဲ့ လူရမ်းကားတွေရောက်လာခဲ့တယ် Anna ဆိုတဲ့မိန်းမလှတစ်ဦးကို Kostis တွေ့မိပြီး ချစ်သွားတဲ့အခါ သူမအထင်ကြီးအောင် သူမအချစ်ကိုရအောင် ကြိုးစားခဲ့တယ် Anna ဆိုတာ 19နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါ..... File size - 980 mb Link type - soliddrive Translator / Encoder - Myo Khant (KCG)    
10 /1
Allegiant (2016) 1080p
6.5
1080p
Allegiant (2016) 1080p
တိုက်ခိုက်သူတွေကြောင့် ကမ္ဘာကြီးအစိတ်စိတ်အမွှာမွှာပြိုကွဲသွားပြီးနောက်မှာ ထရစ်က ချီကာဂိုကိုပိုင်းခြားထားတဲ့နံရံကိုကျော်ပြီး လွတ်မြောက်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ ကမ္ဘာကြီးရဲ့ထိတ်လန့်ဖွယ်ဖြစ်ရပ်တွေကို ဘယ်လိုရှာတွေ့သွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ အညွှန်းကို ဇွန်မြတ်နိုးဆွေ ဖြစ်ပါတယ်။
6.5 /2
Kidnap Capital (2016)
10
720p
Kidnap Capital (2016)
အမေရိကန်နိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့သူတွေကို လမ်းဘေးဂိုဏ်းတစ်ခုက ပြန်ပေးဆွဲလာပြီးတော့ ပြန်ပေးငွေတောင်းယူတဲ့ပုံစံကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ပြန်ပေးဆွဲခံရတဲ့သူတွေကလဲ လွတ်မြောက်ဖို့ ကြိုးပမ်းရာမှတစ်ဆင့် ဖြစ်ပေါ်လာတာတွေကတော့… ဘာသာပြန်သူကတော့ အောင်ပြည့်ကျော်ပဲ ဖြစ်ပါတယ်။
10 /1

Facebook