2015

Kingsman: The Secret Service (2014)
10
DVD Rip
Kingsman: The Secret Service (2014)
Eggys ဆိုတဲ့ကောင်လေးက သူ့အဖေဆုံးသွားပြီးနောက်မှာ သူ့အမေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ လူညစ်ပထွေးနဲ့အတူ နေထိုင်ပါတယ် ပထွေးက သူ့အမေနဲ့သူ့ကို ခြိမ်းခြောက်ငွေညှစ်တဲ့အခါ Eggys ကပိုက်ဆံရှာဖို့ လမ်းပေါ်ထွက်လာခဲ့တယ် အဲ့အချိန်မှာ သူအဖမ်းခံလိုက်ရပြီး သူ့အဖေမသေခင် အကူအညီလိုရင် ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပေးခဲ့တဲ့ လူတစ်ယောက်ဆီကို ဆက်သွယ်လိုက်တယ် Harry ဆိုတဲ့လူက Eggys အဖေဆီမှာ အကြွေးတင်ခဲ့ဖူးတဲ့အတွက် Eggys ကိုပြန်စောင့်ရှောက်ပေးခဲ့တယ် နောက်ပိုင်းမှာ Eggysရဲ့အဖေ က Kingsman လို့ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ အရေးပါသူဖြစ်ကြောင်းနဲ့ တာဝန်တစ်ခုကို ကြိုးစားနေရင်း သေဆုံးခဲ့ရကြောင်း Harry ကရှင်းပြလိုက်တယ် သူ့အဖေမအောင်မြင်ခဲ့တဲ့တာဝန်ကို Eggys ကဆက်လက်လုပ်ဆောင်နိုင်မှာလား အညွှန်းကို Zon Myat Noe Swe မှ ရေးပေးတာဖြစ်ပါတယ်။
10 /1
Justice League: Gods and Monsters (2015)
0
720p
Justice League: Gods and Monsters (2015)
Superman,Batman နဲ့ Wonder Woman တို့ကို အမြဲတမ်းကောင်းနေမယ်လို့ ထင်ပါသလား တစ်ခါတစ်ရံ ရာဇဝတ်မှုတွေကို နှိမ်နင်းရင်းနဲ့ ကိုယ်တိုင် ရာဇဝတ်သား ဖြစ်မှန်းမသိ ဖြစ်သွားတဲ့ ဒီ superhero ၃ယောက်ကို အမေရိကန်အစိုးရက အစိုးရခွင့်ပြုချက်မပါဘဲ ဘယ်လိုတိုက်ပွဲမှ မလုပ်ရဘူးဆိုပြီး စာချုပ်ချုပ်ဖို့ ဖိအားပေးလာတဲ့အခါ Justice League အဖွဲ့ဝင်တွေက လွယ်လွယ်နဲ့လက်မခံပါဘူး အစိုးရကို ပြန်လည်ဆန့်ကျင်ကြတဲ့အခါ အမေရိကန်သမ္မတ Amanda Waller ကြီးကိုယ်တိုင် ဖမ်းဆီးမိန့်ထုတ်လိုက်ရပါတော့တယ် Superman,Batman နဲ့ Wonder Woman တို့ ၃ယောက်က အမှန်တရားနဲ့ မိမိကိုယ်ကို ပြန်လည်ရှာဖွေနိုင်ပါ့မလား ဒီ annimation လေးရဲ့ ဇာတ်လမ်းတည်ဆောက်မှုက MCU ရဲ့ Civil War နဲ့ခပ်ဆင်ဆင်တူပေမဲ့ အဖွဲ့ကွဲပြီး အချင်းချင်းတော့ ပြန်မချကြပါဘူး mmsubtitles ကနေ နောက်ထပ် superhero annimated ...
0 /0
Hawaizaada (2015)
10
720p
Hawaizaada (2015)
အတန်းတစ်ခုတည်းကို ရှစ်ကြိမ်မြောက်ကျအပြီး ရှီဗီဟာ သူ အသစ်ရရှိလိုက်တဲ့ လွတ်လပ်မှုကိုခံစားရင်း ဆီတာရာနဲ့ တွေ့ဆုံပြီး မြားနတ်မောင်ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ ရမ္မက်ကြီးသူတစ်ယောက်ဖြစ်တဲ့ ဆီတာရာဟာ ဒေသခံ အဆိုတော်တစ်ယောက်ဖြစ်တယ်။ ရှီဗီရဲ့ ပုန်ကန်တတ်တဲ့ ဂရုမစိုက်တတ်တဲ့ ရှီဗီရဲ့ စရိုက်ကို စိတ်ကုန်လာတဲ့ နောက် သူ့ကို အိမ်ပေါ်က နှင်ချခဲ့တယ်။ လက်တွေ့ဘ၀ဟာ ဆီတာရာကိုထိတ်လန့်တုန်လှုပ်စေခဲ့တယ်။ သူ့အတွက် ရှီဗီ အရှက်ရ သိက္ခာကျမှာ စိုးရိမ်တဲ့အတွက် မြို့က ထွက်ခွာသွားခဲ့တယ်။ အဲ့ဒီနောက်တော့ ရှီဗီဟာ အထိန်းအကွပ်မဲ့ လမ်းကြောင်းပျောက်နေရင်း မကောင်းမှုတွေနဲ့ မွေ့လျော်လာပါတော့တယ်။ ရှက်ထရီကတော့ ပညာရှိ ပါရမီရှင် သိပ္ပံပညာရှင်တစ်ယောက်လဲဖြစ်ပြီး သူ ရှီဗားဘ၀ထဲကိုဝင်လာခဲ့တဲ့နောက် သူ့ကိုယ်သူထိန်းကျောင်းဖို့ ပညာသင် တရားချပေးရင်း သူ့ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အိမ်မက်ဖြစ်တဲ့ ကမ္ဘာ့ပထမဆုံးလေယာဉ်ပျံတည်ဆောက်ဖို့ကို ရှီဗီနဲ့ဝေမျှခဲ့တယ်။ မအောင်မြင်တဲ့ ချစ်သူတစ်ယောက် အဆိုတော်အမျိုးသမီးတစ်ယောက် မဖြစ်နိုင်တဲ့ စက်ကိရိယာတစ်ခုနဲ့ သူအိုတစ်ယောက်အိမ်မက်။ ရှီဗီဟာ သူ့ဆရာ မျှော်လင့်သလို ...
10 /1
Everly (2014) 1080p Only
0
1080p
Everly (2014) 1080p Only
အီဗာလီဟာ ကြမ်းကြုတ်တဲ့ ရာဇ၀တ်ဂိုဏ်းခေါင်းဆောင် တိုင်ကိုဆီမှာ အလုပ်လုပ်သလို သူနဲ့လဲ ပတ်သက်ခဲ့ဖူးတဲ့ မိန်းမပျက်တစ်ယောက်ပါ။ သူဟာ တိုင်ကိုရဲ့ အဖွဲ့အစည်းကို နှိမ်နင်းဖို့အတွက် ရဲဘက်ကို သတင်းပေးလိုက်တယ်ဆိုတာ သိရတဲ့နောက် မှာတော့ သူ့အဖွဲ့မှာ ရှိသမျှ တိုက်ခိုက်ရေး သမားတွေကို ကိုလွှတ်ပြီး အီဗာလီ ကို သတ်ခိုင်းခဲ့ပါတယ်။ တိုင်ကိုက သူ့လူတွေဟာ အီဗာလီကို နှိပ်စက်ပြီး လွယ်လွယ်နဲ့သတ်နိုင်မယ်လို့ ယူဆခဲ့ပေမယ့် သူ့အထင်မှားသွားတယ်။ ဒိအခြေအနေတွေကို ကြိုမြင်ခဲ့တဲ့ အီဗာလီက ကြိုဝှက်ထားတဲ့ သေနတ်ကိုထုတ်ပြီး အားလုံးကို ခုခံနိုင်ခဲ့တယ်။ တိုင်ကိုက ဒီအဆောက်အအုံထဲက လူတွေ အားလုံးကို အီဗာလီကို သတ်ဖို့ ဆုငွေထုတ်လိုက်ပါတော့တယ်..။ အဲ့ဒီအချိန်မှာ အီဗာလီက သူ့ မိခင်နဲ့ သမီးလေးဆီကို ဒီလူသတ်သမားတွေ ရောက်လာမှာစိုးရိမ်လို့ ဆက်သွယ်ပြီး ဒီအခြေအနေက လွတ်မြောက်စေဖို့ကြိုးစားနေပါတယ်။ ဘာသာပြန်သူကတော့ Waihan Lin Htin ပဲဖြစ်ပါတယ်
0 /0
Eden (2014)
0
720p
Eden (2014)
အမေရိကန်ဘောလုံးအသင်း စီးနင်းလာနဲ့ လေယဉ်က လူသူမရှိတဲ့ ပစိဖိတ်ကျွန်းတခုပေါ်ကို ပျက်ကျသွားပြီး မကြာခင် အစာရေဆာပြတ်လတ်သွားတော့တယ် သေရေးရှင်ရေးနဲ့ရင်ဆိုင်နေရပြီး လာကယ်မဲ့လူလဲမရှိခဲ့ဘူး အဖွဲ့တွင်း သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်ပေါ်လာပြီး အဖွဲ့တကွဲတပြားစီဖြစ်သွားတဲ့အခါ ရက်စက်တဲ့လူခေါင်းဆောင်တဲ့အဖွဲ့နဲ့ ကြင်နာတတ်တဲ့လူခေါင်းဆောင်တဲ့ အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲသွားပါတော့တယ် သူတို့နှစ်ဖွဲ့ ကျွန်းပေါ်မှာဘာတွေဆက်ဖြစ်ကြမှာလဲ    
0 /0
Dark Places (2015) 720p Only
10
720p
Dark Places (2015) 720p Only
ဒီနေ့တော့ မင်းသမီးအသားပေးလျှို့ဝှက်ဆန်းကြယ် ဇာတ်ကားသစ်လေး ပရိသတ်တွေ အတွက် တင်လိုက်ပါ တယ်။ မင်းသမီးရှားလိစ်သယ်ရွန်က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး Dark Places ဆိုတဲ့ ၀တ္ထုစာအုပ်ကို မှီငြမ်းပြီးပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လစ်ဘီဒေး ခုနစ်နှစ်အရွယ်တုန်းက ကန်ဆက်ပြည်နယ်ကျေး လက်ကယာ တောအိမ်လေးမှာသူ့ အမေနဲ့အစ်မတွေ အကုန်လုံးမျက်စိရှေ့တင် ရက်ရက်စက်စက်အသတ်ခံခဲ့ရပါတယ်။ ဒီလို အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကြောက်စိတ် ၀င်နေတဲ့ လစ်ဘီဟာအစ်ကိုဖြစ်သူကို တရားခွင်မှာ လက်ညှိုးထိုး ထွက်ဆိုမှုကြောင့် လစ်ဘီ့အစ်ကို ဘန်အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တရားခံ အစစ်ကတော့ လွတ်မြောက်နေခဲ့ပါတယ်။ မိသားစုတွေ မရှိတဲ့နောက် ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ဖြတ်သန်းခဲ့ရတဲ့ လစ်ဘီဟာ နှစ်တွေသာ ကြာသွားပေမယ့် ထောင်ကျခံနေရတဲ့ သူ့အစ်ကို ဘန်ဆီကိုတစ်ခါမှ သွားမတွေ့ခဲ့ပါဘူး။ တစ်ရက်မှာတော့ လစ်ဘီဟာ လူသတ်မှုကျူးလွန်သူအဖွဲ့ထဲက လိုင်းဝစ်သ်ဆိုသူ တစ်ယောက်နဲ့ ချိတ်ဆက်မိခဲ့ပြီး အဲဒီလူက လစ်ဘီကို သူတို့ဖွဲ့ထားတဲ့ ကလပ်အကြောင်းပြောပြခဲ့ပါတယ်။ အဲဒီလိုပြောရင်း လိုင်းက အကြောင်းအရာတစ်ခုကို ဖုံးကွယ်ထားခဲ့ပြီး အဲဒါကတော့ ...
10 /1
Cartel Land (2015) DVDRip 720p Only
0
DVD Rip
Cartel Land (2015) DVDRip 720p Only
ဒါရိုက်တာ Matthew Heineman ရဲ့ အမေရိကန်-မက္ကစီကို နယ်စပ်က မူးယစ်ဆေးဝါးပြသနာတွေ မူးယစ်ဆေးဝါးဂိုဏ်းတွေ မူးယစ်ဆေးဝါးထုတ်လုပ်ပုံတွေ အကြောင်း ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်ကားလေးပါ။ Rating အတော်ကောင်းပြီး ဗဟုသုတလဲရတဲ့ကားကောင်းလေးမို့ MMSub ပရိသတ်တွေကြည့်လို့ရအောင် တင်ပေးလိုက်တာပါ။      
0 /0
Mad Max: Fury Road (2015) 720p Only
10
720p
Mad Max: Fury Road (2015) 720p Only
ကမ္ဘာပျက်လုနီးဖြစ်နေတဲ့အနာဂါတ်ကာလတခုကိုရည်ညွှန်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာ အင်မော်တယ်ဂျိုးဆိုတဲ့ စည်းကမ်းမဲ့ဂိုဏ်းတခုကခေါင်းဆောင်က သဲကန္တာရထဲကမြို့ကြီးကို အုပ်ချုပ်နေပါတယ် ထိုမြို့မှာမွေးသမျှယောက်ျားလေးတွေကို အင်မော်တယ်ဂျိုးဆီဆက်သရပြီး စစ်သားကောင်လေးတွေအဖြစ် လေ့ကျင့်ပေးခြင်းကိုခံကြရပါတယ် အဲ့လိုငယ်ငယ်ထဲက အင်မော်တယ်ဂျိုးဆီရောက်ပြီး စစ်သားဖြစ်လာတဲ့ကောင်လေးတွေထဲမှာ နက်စ်ဆိုတဲ့ကောင်လေးလဲပါဝင်ခဲ့ပါတယ် မက်စ်ကတော့ ယခင်ကရဲတယောက်ဖြစ်ခဲ့ဖူးသူပါ ဇာတ်လမ်းအစမှာ သူ့ကို အင်မော်တယ်ဂျိုးရဲ့ စစ်သားလေးတွေဆီမှာ အဖမ်းခံထားရတာကို တွေ့ရမှာပါ နေမကောင်းဖြစ်နေတဲ့နက်စ်အတွက် လိုအပ်တဲ့သွေးကို မက်စ်ဆီကထုတ်ယူဖို့ အင်မော်တယ်ဂျိုးဆီက ခွင့်ပြုချက်ရသွားတာနဲ့တချိန်ထဲမှာပဲ ဖျူရီအိုးစားဆိုတဲ့ အာဏာရှိစစ်သမီးတယောက်က အင်မော်တယ်ဂျိုးရဲ့ မိန်းမ၅ယောက်ကို ကုန်တင်ကားထဲတိတ်တဆိတ်ခေါ်ဆောင်သွားပြီး သူမရဲ့မွေးရပ်မြေကိုခေါ်ဆောင်သွားဖို့ ကြိုးစားတာကိုသိသွားတဲ့ အင်မော်တယ်ဂျိုးက သူမကိုလိုက်ဖမ်းဖို့ စစ်သားကောင်လေးတွေကိုအမိန့်ပေးလိုက်ပါတယ် စစ်တပ်ကိုဦးဆောင်ရမဲ့နက်စ်ကသွေးသွင်းဖို့လိုအပ်နေတဲ့အခါ ဖမ်းထားတဲ့မက်စ်ကိုကားရှေ့မှာချည်ပြီးစစ်တိုက်ထွက်ပါတော့တယ် ကန္တာရထဲမှာသဲမုန်တိုင်းတိုက်တော့ မက်စ်ကကြိုးချည်ထားရာကလွတ်သွားပြီး ဖျူရီအိုးစားရဲ့ကားနောက်ကိုလိုက်ပါသွားပါတယ် ကန္တာရထဲကျန်ခဲ့တဲ့နက်စ်က နောက်ထပ်စစ်တပ်တွေနဲ့အတူ သူတို့နောက်ကိုလိုက်ဖမ်းတဲ့အခါ.......... မက်စ် ဖျူရီအိုးစားနဲ့ ဇနီး၅ယောက် သဲကန္တာရထဲကလွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့..... အညွှန်းရေးပေးသူကတော့ Zon Myat Noe Swe ပဲဖြစ်ပါတယ်  
10 /1
Bride Wars (2014) DVDRip 480p Only
0
DVD Rip
Bride Wars (2014) DVDRip 480p Only
2009တုန်းက ထွက်ရှိတဲ့ Bride Wars (2009) ကို ဗာရှင်းတစ်မျိုးနဲ့ ပြန်ရိုက်ထားတဲ့တရုတ်ကားလေးပါ။ ဇာတ်လမ်းပုံစံလေးကတော့ သိပ်ချစ်ကြတဲ့ သူငယ်ချင်း ကောင်မလေး နှစ်ယောက် တနေ့တည်း တခန်းမတည်းမှာ  မင်္ဂလာဆောင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ မင်္ဂလာခန်းမကလဲ တခန်းတည်းကျန်တော့တာဖြစ်ပြီး သူတို့နှစ်ယောက် သူအရင်ဆောင်မယ်  ငါအရင်ဆောင်မယ်နဲ့ သတို့သမီး အဖြစ်ကနေ ငါးစိမ်းသည်အဖြစ်သို့ ပြောင်းကာ ပက်ကြမ်းတိုက်ရတဲ့ အဖြစ် ရောက်ကုန်ပါတော့တယ်။ ဟာသကားလေးမို့ အားလုံး ရယ်မောပျော်ရွှင်နိုင်ကြပါစေ။  
0 /0
Blackhat (2015)
10
720p
Blackhat (2015)
ဟောင်ကောင်နျူကလီးယားစက်ရုံနဲ့ ချီကာဂိုက ကုန်သွယ်ရေးဌာန တို့ကို အမည်မသိ ကျူးလွန်သူတွေက ဟက်ခ်လုပ်သွားတဲ့အခါ ဖယ်ဒရယ်အေးဂျင့် ဗိုင်အိုလာဒေးဗစ်ဟာ အက်ဖ်ဘီအိုင်ကို အဲ့ဒီ ဆိုင်ဘာရာဇ၀တ်မှုကျူးလွန်သူတွေကို ရှာဖွေဖို့ တရုတ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အကြံပေးခဲ့ပါတယ်။ တရုတ် အဖွဲ့ရဲ့ ဦးဆောင်သူ ချန်ဒူးဝေက ရာဇ၀တ်မှုကျူးလွန်ပြီး ထောင်ကျနေတဲ့သူ ဟက်ကာ တစ်ခုဖြစ်တဲ့ နစ်ခ်ဟယ်သာဝေးကို ထောင်ကနေလွှတ်ပေးပြီး စုံစမ်းထောက်လှမ်းမှုမှာ ပါဝင်ကူညီဖို့ တောင်းဆိုခဲ့ပါတယ်။ နစ်ခ် နဲ့ သူ့ရဲဘက်တွေ သူ့သားကောင်တွေနောက် လိုက်နေတဲ့ အချိန်မှာ အဲ့ဒီအမှုကို ကျူးလွန်ခဲ့တဲ့ဟက်ကာတွေမှာ ကြီးမားတဲ့ အန္တရာယ်ပေးလာဖို့ ရှိကြောင်း အထောက်အထားတွေ တွေ့ရပါတော့တယ်။  
10 /2
A la mala (2015) DVDRip 720p Only
10
DVD Rip
A la mala (2015) DVDRip 720p Only
ကဲ ရယ်ချင်မောချင် သူတွေအတွက် ဟာသကားလေးလာပါပြီ။ ဒီဟာသကားလေးကတော့ နာမည်ကျော် သရုပ်ဆောင် မင်းသမီးတစ်ယောက်ရဲ့ သူငယ်ချင်းက သူ့ဘဲ ဘယ်လောက် သစ္စာရှိလဲ ဆိုတာကို သူ့သူငယ်ချင်း မင်းသမီးကို  စမ်းသပ်ခိုင်းတဲ့ ကားလေးဖြစ်ပါတယ်။ ဘယ်လို ဗရုတ်သုတ်ခတွေနဲ့ ရယ်ရဦးမလဲ သိချင်ရင်တော့ ဒေါင်းလုဒ်ဆွဲပြီး ကြည့်လိုက်ပါ အဆွေတော်တို့။  
10 /1
Agoraphobia (2015) 720p Only
0
720p
Agoraphobia (2015) 720p Only
ဟင်းလင်းပြင်အကြောက်လွန် စိတ်ဝေဒနာသည် မိန်းကလေးတစ်ယောက်ဟာ ဖလော်ရီဒါကီးစ်ရဲ့ အစွန်အဖျားမှာ သူ့ဖခင်ဆီက အိမ်တစ်လုံး အမွေဆက်ခံ ရရှိခဲ့ပါတယ်။ အိမ်ထဲမှာ ထူးခြားတဲ့ အကြောင်းအရာတွေ ကြုံလာရတဲ့နောက်ပိုင်း အိမ်တွင်းမှာ သူနဲ့အတူပိုကြောက်စရာကောင်းတဲ့ အရာတစ်ခု အတူတူရှိနေပြီဆိုတာ သူသိလာရပါတော့တယ်။ ပိုကြောက်စရာကောင်းတဲ့အရာက ဘယ်အရာပါလဲ ဆိုတာသိဖို့ ဒေါင်းကြည့်လိုက်ကြပါ။  
0 /0
Mr. X (2015)
3
Mr. X (2015)
နာမည်ဖတ်ပြီး ဘာဘာညာညာ မတွေးပါနဲ့ခင်ဗျာ။ ဒီကားက လုံးဝအသန့်လေးပါ။ နာမည်ကြည့်ပြီး ဘာညာထင်ပြီး ဒေါင်းရင်တော့ မှားပါလိမ့်မယ် မင်းသားက ကိုယ်ပျောက်နေပါတယ်။ လူဆိုးတစ်အုပ်ရဲ့ အသတ်ခံရပြီး မသေပဲ ကိုယ်ပျောက်စွမ်းအားရ သွားတဲ့ လူတစ်ယောက်ရဲ့ လက်စားချေတာကို တွေ့ရမှာဖြစ်ပါတယ်။ မာဗယ်ဟီးရိုးတွေလို စွမ်အားကြီးလေတာဝန်ကြီးလေ ဟီးရိုးတော့မဟုတ်ပါဘူး။ ကဲ ဘောလိဝုဒ်ဖန်းအပေါင်းတို့ Hollywoodရဲ့ Hollow manကို Inspiration လုပ်ထားတဲ့ ကားလေးကို ရှု့စားကြည့်ကြပါစို့။ 720p 360p    
3 /1
June (2015) DVDRip
0
DVD Rip
June (2015) DVDRip
June ဆိုတဲ့၉နှစ်အရွယ် မိဘမဲ့ကလေးမလေးတစ်ယောက်က သူမရဲ့ခန္ဓာကိုယ်ကို သဘာဝလွန်သတ္တဝါတစ်ကောင်နဲ့အတူ မျှဝေနေထိုင်ရသူလေးပါ ဒီသတ္တဝါရဲ့ရည်ရွယ်ချက်က ကမ္ဘာပေါ်ကလူသားမျိုးနွယ်ကို အမြစ်ဖြတ်ဖို့ပဲဖြစ်ပါတယ် ဒါဆို June တစ်ယောက်သူ့ကိုဘယ်လိုတားဆီးရမှာလဲ  
0 /0
By the Sea (2015) DVDRip
7
DVD Rip
By the Sea (2015) DVDRip
ဘရက်ပစ်နဲ့ အိန်ဂျလီနာဂျိုလီရဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။ သူတို့အတွဲကို တွဲမတွေ့ရတာကြာတဲ့ သူတို့ အတွဲလေးကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီကားလေးကို ၁၉၇၀ ပြင်သစ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ကွဲပြဲလု စာရေးဆရာနဲ့ အကမယ်ဟောင်းလေးတစ်ယောက် ရဲ့ အချစ်ရေးကို ရိုက်ပြထားတာဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ရေးကို ဘယ်လိုပုံနဲ့ ပြန်ပြုပြင်ကြမလဲ ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ပင်လယ်ကမ်းနားက မြို့လေးတစ်မြို့ဆီ သူတို့ အတူသွားပြီး ဘာတွေဖြစ်ဦးမလဲ ဆိုတာကိုတော့.. ကြည့်ရှု့ခံစားကြည့်ကြပါ။  
7 /1
Ek Paheli Leela (2015) DVDrip 720p
10
DVD Rip
Ek Paheli Leela (2015) DVDrip 720p
Ek Paheli Leela (2015) Leela (ယဉ်ယဉ်ကျေးကျေးဖတ်ကြပါ) ဆိုတဲ့ မိန်းမတစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ်သုံးရာက ရှိခဲ့တယ်။ သူမနဲ့ သူချစ်သူ ဟာ သိပ်ချစ်ခဲ့ကြတယ်။ တစ်နေ့မှာ သူမတို့ထဲကတစ်ယောက် အသတ်ခံခဲ့ရတယ်။ နှစ်သုံးရာ ကြာပြီးတဲ့နောက် သူတို့ ၂ယောက် လူပြန်ဝင်စားခဲ့ ကြတယ်။ လီလာကတော့ မီရာ အဖြစ် ၀င်စားပြီးလူဝင်စား အဖြစ်နဲ့ သူတို့၂ယောက်ရဲ့ ချစ်ခြင်းကို ပြန်အသက်သွင်းတဲ့အခါ ဘာတွေဖြစ်လာဦးမလဲ ရင်တမမ ခံစားရမဲ့ ကားကောင်းလေးဖြစ်ပါတယ်။ ဘောလိဝုဒ် လူဝင်စားကားဆိုတာ အဆန်းတော့ မဟုတ်ပေမဲ့ ရင်တမမ ဖြစ်ရမဲ့ အကြောင်းရင်းကတော့ ဆန်နီလီယွန်ရဲ့ အဖော်အချွတ်တွေကြောင့်ဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး ၀ါရင့်fan ကြီးတွေသိကြမှာပါ ဘောလိဝုဒ်ဖန် ဆန်နီဖန်တွေ အကြိုက်တွေ့မဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အညွှန်းရေးပေးသူကတော့ Wira Aung ဖြစ်ပါတယ်
10 /2
Calendar Girls (2015)
0
Calendar Girls (2015)
အခြေအနေ နောက်ခံအသိုင်းအ၀ိုင်း မွေးရပ်မြေ မတူညီကြတဲ့ မိန်းကလေး ငါးယောက်ဟာ အိန္ဒိယရဲ့ နာမည်အကြီးဆုံး နှစ်ပတ်လည် ပြက္ခဒိန်တစ်ခုမှာကိုယ်ဟန်ပြဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီပြက္ခဒိန်ကို စီစဉ်သူတွေကတော့ သြဇာရှိသူဌေးကြီး Rishabh Kukreja နဲ့ သူ့ သူငယ်ချင်း ဓာတ်ပုံဆရာ Timmy Sen တို့ပါပဲ။ ဒီရုပ်ရှင်ဟာကန့်လန့်ကာ နောက်ကွယ်မှာ တကယ်တမ်း ဘယ်လိုရှိကြလဲ။ မအောင်မြင်ခင် ကာလနဲ့ အောင်မြင်မှုနဲ့ ကျော်ကြားမှုတွေ ရယူပိုင်ဆိုင်နိုင်သွားတဲ့အခါ ဘယ်လိုတွေဖြစ်ကြလဲဆိုတဲ့ ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ အရှုပ်အထွေး ပြိုင်ဆိုင်မှုတွေအကြောင်း ကို တစ်စွန်းတစ်စ တွေ့မြင်စေမှာပါ။ ၂၀၀၈ တုန်းက ပီစီလေးနဲ့ အရမ်းအောင်မြင်ခဲ့တယ် Fashion ကိုကြိုက်တယ်ဆိုရင် ဒီကားကိုလဲ သေချာပေါက်ကြိုက်မှာပါ။ ဘာသာပြန်ပေးသူနဲ့ အညွှန်းရေးပေးသူကတော့ ကို Waihan Lin Htin ပဲဖြစ်ပါတယ်  
0 /0
Tales of Halloween (2015)
10
Tales of Halloween (2015)
ဒါရိုက်တာ10ယောက်ရဲ့ ဟောလိုးဝင်းနဲ့ပတ်သတ်တဲ့ ဇာတ်လမ်း10ခုလုံးကို ဒီကားထဲမှာကြည့်ရှုရမှာဖြစ်ပါတယ် ဇာတ်လမ်းတပိုင်းချင်းစီက horror ပရိတ်သတ်တွေအကြိုက်တွေ့စေမှာ သေချာပါတယ် သရဲ တစ္ဆေ ဂိုးလ် နတ်ဆိုးအစရှိတဲ့ ဟောလိုးဝင်းအထိမ်းအမှတ် မကောင်းဆိုးဝါးအားလုံးကိုလဲ ဒီကားထဲမှာတွေ့ရမှာဖြစ်ပါတယ်  
10 /1
A Hitman in London (AKA) Skin Traffik (2015)
1
A Hitman in London (AKA) Skin Traffik (2015)
Skin Traffic Hit man တစ်ယောက်ဟာ လူမဆန်တဲ့ ဂန်းစတား ( Original ganster ထဲက မဟုတ်)ရဲ့ လက်ထဲကနေ လူကုန်ကူးခံရတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်တင်ရင်း အရှုပ်တော်ပုံ တစ်ခုထဲ ၀င်ပါမိခဲ့ပါတယ်။ လူကုန်ကူးတဲ့ ဂန်းစတားတွေနဲ့ Specila Hit man ကြီး ဘယ်လိုတိုက်ပွဲဖြစ်ကြဦးမလဲဆိုတာတော့ ဒီကားလေးမှာ ရှု့စားကြည့်ပါ။ အော်လယ်ဂင်နယ် ဂွမ်းစတား ကြည့်ပြီး အားမလို အားမရ ဖြစ်နေသူများ ဒီကားမှာ Hit manu ဂန်းစတားတွေကို ဖြုတ်တာကို အားပါးတရ ရှု့စားရမှာဖြစ်လို့ အက်ရှင်ကားကြိုက်တဲ့ ပရိတ်သတ်ဆို လက်မနှေးပဲ ဒေါင်းကြည့်ကြပါ ခင်ဗျာ။    
1 /1
Steve Jobs (2015)
0
Steve Jobs (2015)
ဒီကားလေးကတော့ I phone ကို ထွင်ခဲ့တဲ့ နည်းပညာလောက ကိုပြောင်းလဲစေခဲ့တဲ့ apple ရဲ့ Ceo steve job အကြောင်းကို ရိုက်ကူးထားတဲ့ Biography ကားလေးဖြစ်ပါတယ်။ ဒီကားမှာ apple နည်းပညာပစ္စည်းတွေနဲ့ ပက်သက်လို့ဖော်ပြထားတဲ့ အပြင် R Rate ပါရထားတဲ့ ကားတာဖြစ်တာကြောင့် အဟမ်း သိကြမှာပါ.... စတိဗ်ဂျော့ရဲ့ Biography လေးကားထွက်ခဲ့တဲ့ အထဲ IMDB 7.2 အထိရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားလေးကိုတော့ စတိဗ် သေတဲ့ အချိန်နဲ့ အဆုံးမသတ်ထားပဲ IMac ပေါ်ထွက်လာတဲ့ အနေနဲ့အဆုံးသတ်ထားပါတယ်။ ဒရာမာဆန်ဆန် ရိုက်ကူးထားတာဖြစ်လို့ ရုပ်ရှင်တစ်ကားအနေနဲ့ ခံစားနိုင်မဲ့အပြင် ထုတ်ကုန်တွေ အကြောင်းပါပါဝင်ထားပါတယ်။ နည်းပညာလောကသမိုင်းစိတ်ဝင်စားသူတွေ ကြည့်ရှု့သင့်ပါတယ်။ စတိဗ်ဘယ်လိုလူမျိုးလဲ သိချင်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။    
0 /0
Marvel’s Daredevil (TV Series 2015-) Season 01
10
Marvel’s Daredevil (TV Series 2015-) Season 01
Marvel series တွေထဲမှာ Daredevil ကတော့ စူပါဟီးရိုးဆိုပေမယ့် ပုံစံတစ်မျိုးနဲ့ လာပါတယ်။ မက်သယူးဆိုတဲ့ကောင်လေးဟာ ငယ်ငယ်တုန်းက အက်ဆီးဒင့်တစ်ခုမှာ မျက်စိထဲ ဓာတုပစ္စည်းတစ်ခုခု ဝင်သွားလို့ မျက်စိကွယ်ပုံနဲ့ ဇာတ်လမ်းကို စတင်ထားပါတယ်။ သူ့အဖေကတော့ လက်ဝှေ့သမားတစ်ယောက်ပါ ဟဲလ် ကစ်ချန်ဆိုတဲ့မြို့လေးရဲ့ ဒုစရိုက်လောကမှာ ရုရှားဂိုဏ်းရယ် တရုတ်ဘိန်းအဖွဲ့ရယ် ဝီလ်ဆင် ဖစ်ဆိုတဲ့ လူတစ်ယောက်ရယ် မင်းမူထားပါတယ်။ ဝီလ်ဆင် ဖစ်ဆိုတဲ့လူက ဒုစရိုက်ဂိုဏ်းကို ချုပ်ကိုင်ထားရုံသာမက ရဲအရာရှိ၊ ရှေ့နေ၊ တရားသူကြီး၊ လွှတ်တော်အမတ်တွေထိ သြဇာအာဏာ သက်ရောက်လှပါတယ်။ ဒီတော့သူနဲ့ထိပ်တိုက်တွေ့ရင် ထောင်ကျနိုင်တဲ့လူလည်း အပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်သလို သူနဲ့ယှဉ်ပြိုင်တဲ့ အမှုဆိုတာလည်း ကျိန်းသေပေါက် ရှုံးမှာပဲ ဖြစ်ပါတယ်။ ဥပဒေဆိုတာ ပိုက်ဆံရှိတဲ့လူတွေရဲ့လက်ထဲမှာပဲရှိပါတယ်။ ဒီတော့ တရားမျှတမှုဆိုတာ ဟဲလ် ကစ်ချန်မြို့ငယ်လေးထဲမှာ ဆိုးဝါးနေပါတယ်။ မက်သယူးနဲ့သူ့သူငယ်ချင်း နီလဆင်ဖစ်ဆိုတို့ဟာ လူငယ်ရှေ့နေအဖြစ် ဇာတ်လမ်းထဲမှာ စတင်ထားပါတယ်။ တစ်နေ့တော့ကာရန် ...
10 /1
Fantastic Four (2015)
0
Fantastic Four (2015)
Marvelရဲ့ Hero Team တွေထဲက တစ်ခုဖြစ်တဲ့ Fantastic Four ရဲ့ Reboot versionတစ်ခုဖြစ်ပါတယ်။ သူငယ်ချင်း ငါးယောက်ဟာ အာကာသ လေ့လာရေး ခရီးတစ်ခုထွက်ခဲ့ ရာက မတော်တဆမှုကြောင့် စွမ်းအားတစ်ခုစီ ပိုင်ဆိုင်လာခဲ့ ကြပါတယ်။ မစ္စတာ အံ့ဖွယ် ကိုယ်ပျောက်မယ် မီးမုန်တိုင်းနဲ့ ကျောက်ဘီလူး ဒေါက်တာ ဒွန်း စသဖြင့် ဖြစ်လာကြပါတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ရည်ရွယ်ချက် ခံယူချက်မတူတဲ့ အခါ သူတို့ ဘယ်လို ထိပ်တိုက်တွေ့ရဦးမလဲဆိုတာကို ကြည့်ရှု့ရမဲ့ စိတ်ကူးယဉ် သိပ္ပံ စူပါဟီးရိုးကားတစ်ခုဖြစ်ပါတယ်။ ဒီကားဟာ effect တွေ အရင်ကားထက်သာလွန်အောင် ပြုလုပ်ထားပါတယ်။  
0 /0
He Named Me Malala (2015)
10
He Named Me Malala (2015)
သေနတ်အပစ်ခံရတဲ့ ပညာရေးလိုလားသူ ပါကစ္စတန် ကျောင်းသူလေး မာလာလာရဲ့ အကြောင်းကို ရိုက်ထားတဲ့ Documentary video ဖြစ်ပြီး တကယ့် အပြင်က ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်တဲ့ အပြင် သရုပ်ဆောင်တွေကလည်း တကယ့်အပြင်က လူတွေပဲဖြစ်ပါတယ်။ သိသင့်တဲ့ အကြောင်းအရာတစ်ခုအနေနဲ့ ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ အညွှန်းကတော့ ဇွန်မြတ်နိုးဆွေ ဖြစ်ပါတယ်
10 /1
Richard the Lionheart: Rebellion (2015)
0
Richard the Lionheart: Rebellion (2015)
ဥရောပသမိုင်းမှာ ဘုရင် ဟင်နရီတွေ သိပ်များတဲ့အထဲက ဒီကားလေးက ဒုတိယ ဟင်နရီဘုရင် လက်ထက်မှာ ဇာတ်အိမ်တည်ထားတဲ့ ကားလေးဖြစ်ပါတယ်။ သမိုင်းစာမျက်နှာတွေထဲက မကြာခဏ စစ်ဖြစ်နေပြီး နှစ်တစ်ရာစစ်ပွဲတွေပါ ဖြစ်တက်တဲ့ ပြင်သစ်နဲ့အင်္ဂလိပ် စစ်ပွဲနောက်ခံနဲ့ တွေ့ရမဲ့ ကားလေးဖြစ်ပါတယ်။ ၁၁၇၃ မှာ ပြင်သစ်နဲ့ အင်္ဂလိပ်တို့ရဲ့ စွမ်းအားယှဉ်ပြိုင်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ သွေးအေး ရက်စက်တဲ့ ဟင်နရီ ဘုရင်ဟာ သူ့မိဖုရား အယ်လီယာနော် ကို အကျဉ်းချလိုက်ပါတယ်။ ရဲရင့်ပြီး ခြေင်္သေ့နှလုံးသား ရှိသူလို့ တင်စားခဲရတဲ့ မင်းသားရစ်ချက်စ်နဲ့ သူ့အကိုတွေဟာ သူတို့ ရဲ့ အကြင်နာမဲ့တဲ့ အဖေကို ပုန်ကန်ခဲ့ ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ပြင်သစ်နဲ့ အင်္ဂလိပ်တို့ရဲ့ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း ကံတရားကို အဆုံးအဖြတ်ပေးမဲ့ အချိန်ရောက်လာခဲ့ပါတယ်။ အဖေကို ပုန်ကန်တဲ့ မင်းသားနှစ်ယောက်ရော အောင်မြင်မလား ရက်စက်တဲ့ ဘုရင်ဟင်နရီကိုရော ချေမှုန်းနိုင်မလား။ ...
0 /0
Max (2015)
10

Max (2015)

2015
Max (2015)
Kyle Wincott ဆိုသူက စစ်ပွဲထဲမှာသေဆုံးသွားတဲ့အခါ သူရဲ့အချစ်တော်စစ်ခွေးလေး Max က သခင်ကိုလွမ်းဆွတ်ပြီး စိတ်ဓာတ်အကြီးအကျယ်ကျဆင်းသွားခဲ့တယ် Maxကဘယ်သူ့စကားကိုမှနားမထောင်တော့လို့ လူတွေကသူ့ကိုစွန့်ပစ်လိုက်ဖို့ ကြံစည်လိုက်ကြပါတော့တယ် Kyle ရဲ့ညီဖြစ်သူ Justin က Maxကိုတွေ့တဲ့အခါ မွေးစားဖို့ဆုံးဖြတ်လိုက်တယ် အကိုဆုံးသွားလို့ပူဆွေးနေတဲ့ Justin နဲ့ သခင်ဆုံးသွားလို့စိတ်ဓာတ်ကျနေတဲ့ခွေးလေး Maxတို့ ဘဝတူအချင်းချင်းတွေ့မိသွားကြတဲ့အခါ ဖြတ်မရတဲ့သံယောဇဉ်တွေဖြစ်ပေါ်လာပါတော့တယ်    
10 /1
Paranormal Activity: The Ghost Dimension (2015)
0
Paranormal Activity: The Ghost Dimension (2015)
ရိုင်ယန်နဲ့အမ်မလီတို့က သမီးငယ်လေးလိုင်လာနဲ့အတူ အိမ်တစ်အိမ်ကိုပြောင်းလာကြပြီး အိမ်ထဲမှာကင်မရာတစ်လုံးနဲ့ တိတ်ခွေတွေကိုတွေ့ရှိခဲ့ကြတယ် အဲ့ဒီကင်မရာကနေတဆင့် သာမန်လူတွေမမြင်နိုင်တဲ့ ပရလောကသားတွေကို မြင်နိုင်တယ်ဆိုတာ သူတို့သိသွားကြတဲ့အခါ............. သမီးဖြစ်သူလိုင်လာကို အန္တရယ်ပြုဖို့ကြိုးစားလာကြတဲ့ ပရလောကသားတွေကို ရိုင်ယန်နဲ့လိုင်လာတို့က ဘယ်လိုရင်ဆိုင်သွားကြမှာလဲ      
0 /0
Hamari Adhuri Kahani (2015)
10
Hamari Adhuri Kahani (2015)
Hamari Adhuri Kahani ငါတို့ရဲ့မပြည့်စုံတဲ့ဇာတ်လမ်းဆိုတဲ့ အိန္ဒိယစိတ်ကူးယဉ်ဒရမ်မာဇာတ်ကားကို ၂၀၁၅မှာ ဒါရိုက်တာ Mohit Suri ကရိုက်ကူးခဲ့ပြီး Vishesh Films နဲ့ Fox Star Studios လက်အောက်ခံ Mahesh Bhattကုမ္ပဏီ ကထုတ်လုပ်ခဲ့ပါတယ် Emraan Hashmi, Vidya Balan, နဲ့ Rajkummar Rao တို့ကအဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့ Bhattရဲ့မိဘတွေဖြစ်တဲ့ Nanabhai Bhatt နဲ့ Shirin Mohammad Ali တို့နဲ့ သူ့ရဲ့မိထွေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။  
10 /1
Dil Dhadakne Do (2015)
6.5
Dil Dhadakne Do (2015)
Dil Dhadakne Do ဟာ ဘောလိဝုဒ်ရဲ့ အသည်းကျော် သုံးယောက်ဖြစ်တဲ့ ရန်ဗီးဆင်း ပရီယန်ကာချိုပရာနဲ့ အနူရှကာရှာမားတို့ခေါင်းဆောင်ပါဝင်တဲ့ မိသားစုဟာသကားတစ်ကားဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မသင့်မြတ်ကြတဲ့လင်မယားနှစ်ယောက် လက်ထပ်ပွဲ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇိမ်ခံသဘောင်္ကြီးပေါ်မှာ အမျိုးတွေနဲ့ ကျင်းပရင်း အမျိုးအချင်းချင်းပြိုင်ဆိုင်ကြတာတွေ ညီအစ်ကို မောင်နှမ ကြားက ပြဿနာတွေ ကိုဟာသလေးတွေနဲ့ တင်ဆက်ထားတာပါ။ အဓိက သရုပ်ဆောင်တွေတင်မကဘူး ဇာတ်ပို့တွေကပါ ထိပ်တန်းတွေဖြစ်တဲ့အပြင် အထူးဧည့်သည်သရုပ်ဆောင်နဲ့ နောက်ခံ ဇာတ်ကြောင်းပြောသူအဖြစ် အမီခန်းကပါ အားဖြည့်ထားပါသေးတယ်။ ဆုပေးပွဲ အရပ်ရပ်မှာ ၅၂ ဆုထိ ဆန်ကာတင်ဝင်ပြီးတော့ ၉ ဆု ရရှိခဲ့ပါတယ်။    
6.5 /2
Anegan (2015)
10
Anegan (2015)
Anegan ကိုတော့ သိပ်ညွန်းပေးစရာ လိုမယ်မထင်ပါဘူး။ မြန်မာပြည်မှာ လာရောက်ရိုက်ကူးသွားပြီး မြန်မာနိုင်ငံရဲ့ ရှုမျှော်ခင်း လှလှတွေကို အကောင်းဆုံး ဖန်တီး ပုံဖော်နိုင်ခဲ့တဲ့အတွက် မြန်မာ့ပရိသတ်တွေကြားမှာ နာမည်ကြီးပြီးသားပါ။ ထိပ်တန်း တမီလ် မင်းသား ဒါနွတ်ရှ်ခေါင်းဆောင်ပါဝင်ပြီး ဘ၀ သုံးခုကို ဖြတ်သန်းခဲ့တဲ့ အချစ်ကြီးချစ်ကြတဲ့ ချစ်သူ နှစ်ယောက်ရဲ့ ဇာတ်လမ်းကို အမိုက်စား စွန့်စားခန်းတွေနဲ့ တွေ့မြင်ရမှာပါ။  
10 /2
Bajrangi Bhaijaan (2015)
10
Bajrangi Bhaijaan (2015)
ဇာတ်လမ်းက နာမည်ကြီး နေပြီးသားဆိုတော့အထူးတလည်တော့ညွှန်းနေဖို့မလိုလောက်တော့ပါဘူး။ ဒီကားက နိုင်ငံနှစ်ခုကိုအခြေခံပြီး အမုန်းပွားနေတဲ့ မွတ်စလင်မ်နဲ့ဟိန္ဒူ နှစ်ဘက်ရင်ထဲက အမုန်းတရားတွေကိုအတိုင်းအတာတစ်ခုအထိချေဖျက်ပေးချင်တဲ့ ရည်ရွယ်ချက်လည်းရှိပုံရပါတယ်။ ဘာသာမတူ ဇာတ်ခြားနေတာထက် လူသားဆန်မှု သံယောဇဉ် နဲ့ လူကြီးတွေရဲ့ အစဉ်အဆက်အမုန်းတရားတွေက ကလေးတွေနဲ့ မဆိုင်တဲ့အကြောင်းကို အိန္ဒိယ ဇာတ်လမ်းတွေရဲ့ ဇာတ်အိမ်ခိုင်ခံ့မှုနဲ့တွဲပြီး သရုပ်ဖော်သွားပါတယ်။ မွတ်စလင်မ် ကလေးမလေး နဲ့ ဟိန္ဒူ ဗြဟ္မဏ တစ်ဦး တို့ရဲ့ ကြားက ခိုင်မြဲတဲ့သံယောဇဉ် ကို ရင်နင့်အောင်ခံစားရစေလောက်တဲ့အထိ ဇာတ်လမ်း ရော သရုပ်ဆောင်တွေကရောဆွဲခေါ်သွားနိုင်ပြီး IMDB 8.2 ရထားတဲ့ ဇာတ်ကားလေးမို့ တစ်ရှူးဆောင်ပြီးကြည့်လိုက်ကြပါ ။  
10 /2
Puli (2015)
10
Puli (2015)
မင်းသား ဗီဂျေးရဲ့ ထုံးစံအတိုင်း ပြောင်စရာရှိရင် ပြောင်စပ်စပ်လုပ်လိုက် ကြမ်းစရာရှိရင် ကြမ်းလိုက်နဲ့ သရုပ်ဆောင်ထားတဲ့ Fantasy ကားကောင်းလေးတစ်ကားပါ။ ဗယ်ဒါလာ ဆိုတဲ့ မကောင်းဆိုးဝါး တစ်ခု လူသားတွေကို အုပ်စိုးနေတဲ့အချိန် ။ ထို ဗယ်ဒါလာတွေရဲ့ မျက်လုံးဟာ အပြာရောင်ဖြစ်ပီး ဒေါသထွက်ရင် အစွယ်တွေထွက်လာတယ် ကြမ်းတမ်းခက်ထန်တယ် ။ ဗယ်ဒါလာတွေလူတွေအပေါ် အရမ်းပြင်းပြင်းထန်ထန် အုပ်ချုပ်တယ် အခွန်တွေအရမ်းကောက်တယ် လူသားတွေခင်မျာ အံကြိတ်ခါးစီးခံနေရတာပေါ့။ ဗယ်ဒါလာတွေ အုပ်စိုးထားတဲ့ ရွာတွေထဲက ရွာလေးတစ်ရွာရဲ့ မြစ်ကမ်းကို ကလေးတစ်ယောက် မျောလာတာကနေ လူသားတွေအတွက် မျှော်လင့်ချက်ရောင်နီလေး စသမ်းလာတော့တာပါပဲ။ ထို ကလေးလေးကတော့ မက်ဟူဒီရာ (ခေါ်) ပူလီ(ကျား) လို့ အမည်တွင်လာမည့် လူစွမ်းကောင်းငပြောင်လေးပဲ ဖြစ်ပါတော့တယ်။ ကျန်တာကိုတော့ ဇာတ်လမ်းမှာပဲ ဆက်လက်ရှုစားကြပါ။ ဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ Myo Khant (KCG)ပဲဖြစ်ပါတယ်  
10 /1
Drishyam (2015)
10
Drishyam (2015)
ဇာတ်လမ်းက ထိုင်ရေးရင် တမေ့တမောကြီးရေးရမှာ ဖတ်ရတဲ့သူတွေ မျက်စိနောက်မယ် ပြီးတော့ ဖီးလ်ပျက်မယ် ဒါကြောင့် မရေးတော့ဘူး   ပညာပေးဇာတ်လမ်းတစ်ပုဒ်ပဲ ဗဟုသုတဆိုတာ ဘယ်လောက်အရေးပါကြောင်းဆိုတာကိုပြသွားတဲ့ကား ထိုင်ရာမထ ဇာတ်လမ်းထဲမျောပါသွားအောင် စွဲဆောင်သွားတဲ့ကား တစ်ကားပါ လေးတန်းမအောင်တဲ့သာမန်အိမ်ထောင်သည်အမျိုးသားတစ်ယောက် နဲ့ ပြည်နယ်ရဲ့ ရဲချုပ်မကြီးတစ်ဦး တို့ရဲ့ ညဏ်ကစားပွဲ သာမန်ပြိုင်ပွဲလေးမဟုတ့်ဘူးနော် ဘယ်သူပဲရှုံးရှုံး ရှုံးတဲ့လူဘက်က ဆုံးရှုံးရမှာတွေအများကြီး အသက် ၊ ဘ၀ ၊ မိသားစု အကုန်ရင်းပြီး ညဏ်ကစားရမယ့်ပွဲ ဒီကားလေးကို မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့်ပါ အသိပညာဆိုတာ ဘယ်လိုအရေးပါလဲဆိုတာလေး တစ်ခုတော့ ရင်ထဲရောက်မှာပါ ကြည့်ဖို့​တိုက်တွန်းပါရစေ    
10 /2
Kuch Kuch Locha Hai (2015)
10
Kuch Kuch Locha Hai (2015)
 ဒီဇာတ်ကားကတော့  သရုပ်ဆောင် Shanaya (Sunny Leone) ရဲ့ အလှတရားညို့အားကို  တောင့်မခံနိုင်တော့တဲ့ အိမ်ထောင်သည်ဘဲကြီးတစ်ဗွေ မိန်းမခရီးသွားတုန်း အကြံအဖန်ထုတာကို ဟာသနှောပြီး ရိုက်ကူးထားတာပါ ရီလဲရီရသလို ဆန်နီရဲ့ ဇာတ်ဝင်ခန်းတွေ ရောက်တိုင်း  ပါးစပ်အဟောင်းသား ဖြစ်ရလောက်အောင် လန်းလှပါတယ် ပြီးတော့ အိမ်ထောင်ရေးဖောက်ပြန်တာမကောင်းကြောင်းကိုလဲ လှလှလေး နန်းဆန်စွာနဲ့ ပညာပေးထားတဲ့ ကားလေးပါ ကဲကဲ ရှုစားလိုက်ပါဦးဗျာ
10 /2
NH10 (2015)
5.5
NH10 (2015)
သိပ်ချစ်ဖို့ကောင်းတဲ့ Anushka Sharma လေးကို ဒီဇာတ်လမ်းမှာ ကြမ်းကြမ်းတမ်းတမ်းဖိုက်တာမလေးအဖြစ်မြင်တွေ့ရမှာပါ နိုင်ငံခြားအညွှန်းဆိုက်တွေကတော့ ဒီဇာတ်ကားဟာ သင့်ကို ပါးစပ်အဟောင်းသားဖြစ်စေမှာပါ လို့ ညွှန်းထားပါတယ် ဇာတ်လမ်းပုံစံလေးကတော့ ကြင်စဇနီးမောင်နှံနှစ်ယောက် သူတို့ရဲ့​သွားချင်ခဲ့တဲ့ စိတ်ကူးယဉ်ခဲ့ရတဲ့ အပန်းဖြေခရီးလေးတစ်ခုကို သွားရာမှ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းနဲ့ ငြိ ကာ အိပ်မက်ဆိုးတစ်ခု ဖြစ်သွားရပါတော့တယ် ။ ကဲ ဒီလောက်ပါပဲ ဘယ်လိုဘယ်ပုံဖြစ်ပျက်ခဲ့တာလဲဆိုတာ ကိုယ့်ဘာသာကြည့်လိုက်ပါတော့........
5.5 /2
Detective Byomkesh Bakshy! (2015)
10
Detective Byomkesh Bakshy! (2015)
ပျောက်ဆုံးနေသော ဓာတုဆရာတစ်ဦး အမှု အား အလွတ်စုံထောက် ဘတ်ခ်ရှေးမှ ထောက်လှမ်းပုံ       အဂျစ်ဘာနာဂျီးဟာ သူ့ဖခင် ရုတ်တရက် အစရှာလို့မရအောင် ပျောက်ဆုံးသွားတဲ့ နောက် လူငယ်အလွတ်တန်းစုံထောက် ဗျိုကတ်ရှ် ဘတ်ခ်ရှီးကို အမှုသွားအပ်တယ်။ မိတ်ဆက်စကား တစ်ခွန်းနှစ်ခွန်းပြော အမှုအကြောင်း တစ်စွန်းတစ်စမှာတင် ဘတ်ခ်ရှီး ရဲ့ ကောက်ချက်ချပုံ အယူအဆတွေအရ ပိတ်ထိုးပစ်လိုက်တယ်။ ဆိုလိုတာက ကိုယ်တို့ ဇာတ်လိုက်ဟာ မျက်နှာမြင်ရိုက်ချင်စရာ အသံကြား ပိတ်ထိုးစရာ ပါရမီတွေနဲ့ပြည့်စုံသူပေါ့။ အဲ့ဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့ဟာသူ စိတ်ပျက်လက်ပျက် လက်ဖက်ရည်သောက်နေရင်းက တစ်ဖက်စားပွဲမယ် မနက်က အမှုလာအပ်တဲ့ ဖခင်ပျောက်သားတစ်ယောက်ရဲ့ သောက ကိုတွေ့ရင်း ဒီအမှုထဲမှာသူဝင်ပါမိကာ သာမန်လူပျောက်လေး တစ်ခုကို ရေဆုံးရေဖျားလိုက်ရင်းက ကျော်တို့ရဲ့ အလွတ်စုံထောက် ဘတ်ခ်ရှီးလ်ဟာ အရှုပ်တော်ပုံတစ်ခုနဲ့ ပတ် သက်မိပါတယ်။ လူပျောက်မှုကနေ လူသေမှု လူသတ်မှု ပါတီ အချင်းချင်း ...
10 /3
Ant-Man (2015)
0
Ant-Man (2015)
အခုမိတ်ဆက်ပေးမဲ့ကားကတော့ MCU ခေါ် Marvel Cinematic Universe ရဲ့ ကားကောင်းတွေထဲက တစ်ခုဖြစ်တဲ့ The Antmanကား ဖြစ်ပါတယ်။ ဒီကားမှာ Avengers အဖွဲ့ရဲ့ သူခိုး ဟီးရိုး တစ်ယောက်အကြောင်းရိုက်ပြထားတာဖြစ်ပါတယ်။ စကော့ဟာ ထောင်က လွတ်လာတဲ့ သူခိုးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ သူမတူအောင်တော်တဲ့ သူခိုးအစွမ်းနဲ့ ဒေါက်တာ ဟန့်ရဲ့ ဝတ်စုံကိုခိုးမိတဲ့အခါ သူဟာ ဒီဝတ်စုံကို ဝတ်ဖို့ ကံပါလာသူ ဖြစ်သွားခဲ့ပါတယ်။ သူဟာ ကိုယ်ကို အကြီးအသေးလုပ်လို့ရပြီး ပုရွတ်ဆိတ်တွေကိုပါ ထိန်းချုပ်လို့ရတဲ့ လူဖြစ်အောင် ဟန့် ပန်ရဲ့ လေ့ကျင့်မှုကိုခံယူရတော့ပါတယ်။ သူနဲ့  နည်းပညာတူ ဝတ်စုံတစ်ခုကို ဟန့်ရဲ့ ကုမ္ပဏီက CEOက ထွင်ပြီး အန္တရယ်ပြုတော့မဲ့အခါ သူနဲ့ ဟန့်ပေါင်းပြီး တားဆီးဖို့ ဖြစ်လာပါတယ်။ သူ့မှာ ကွာရှင်းထားတဲ့ မိန်းမနဲ့ သမီးလေးရှိပြီး သူ့သမီးလေးအတွက်သူက ...
0 /0
Baahubali: The Beginning (2015)
0
Baahubali: The Beginning (2015)
Baahubali 2 မတင်ခင် ပြန်နွှေးလို့ရအောင် ပထမကားကို တင်ပေးလိုက်ပါတယ် အားလုံး သိတဲ့အတိုင်း ထွေထွေထူးထူးပြောစရာမလိုအောင် ကောင်းလွန်းတဲ့ ကုလားကားပါ Imdb 8.5ဆိုတဲ့နှုန်းက နည်းတဲ့အားလားဗျ Mahismathi စီရင်စုမှာနေထိုင်တဲ့ လူမျိုးစုတွေထဲမှ Sanga နဲ့သူမခင်ပွန်းတို့က ရေနစ်နေတဲ့ နို့စို့အရွယ်ကလေးတယောက်ကို ကယ်တင်လိုက်ကြပါတယ် သို့ပေမဲ့ ဒီကလေးရဲ့ အတိတ်ရော အနာဂါတ်ကိုပါ ကြိုတင်သိမြင်ခြင်းမရှိကြပါဘူး တဖြေးဖြေးနဲ့ ဒီကလေးက Shivudu အဖြစ်ကြီးပြင်းလာပြီး တောင်တန်းတွေကို စူးစမ်းလိုစိတ်ပြင်းပြနေပါတယ် ဒီလိုနဲ့ပဲ သူ့ဘဝဇစ်မြစ်ကို လေ့လာသင်ယူမိသွားပြီး သူ့ဘဝရဲ့ရည်ရွယ်ချက်တခုလုံးဖြစ်တဲ့ တန်ခိုးရှင် Bhallala Deva နဲ့ရင်ဆိုင်ရင်း အဆုံးသတ်ဖို့ အကြောင်းကို သဘောပေါက်သွားပါတော့တယ်  
0 /0
Gabbar Is Back (2015)
0
Gabbar Is Back (2015)
Gabbar Singh Rajput (Akshay Kumar) တစ်ယောက် Anti-Corruption Force (ACF) လို့ခေါ်တဲ့ ကိုယ်ထူကိုယ်ထတပ်ဖွဲ့ကိုထူထောင်ပြီး စနစ်ဆိုးထဲကအကျင့်စာရိတ္တပျက်ပြားပြီး လာဘ်စားတဲ့လူတစ်ယောက်ချင်းစီကိုပြန်ပေးဆွဲ ရှင်းပစ်ခဲ့တယ်။ ရဲတပ်ဖွဲ့နဲ့အစိုးရကဒီလိုသတ်ဖြတ်မှုတွေကိုဖြေရှင်းဖို့ Balbir Singh (Sonu Sood) ကိုခေါင်းဆောင်တာဝန်ယူခိုင်းလိုက်တယ်။ရဲတပ်ဖွဲ့ဝင်ဟောင်း Suryam (Prakash Raj) ရဲ့အကူအညီကိုယူပြီး Gabbar နဲ့ရင်ဆိုင်တွေ့ကြတဲ့အခါဘယ်လိုဆက်ဖြစ်မလဲဆိုတာဒေါင်းကြည့်လိုက်ကြပါ။  
0 /0
Phantom (2015)
10
Phantom (2015)
ဒီနေ့အတွက်တော့ အိန္ဒိယ အက်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက အက်ရှင်ဇာတ်ကားတွေ တစ်ကားထက်တစ်ကား အပြိုင်အဆိုင်ဖြစ်အောင် ရိုက်ပြနေတဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ ကြည့်လို့ကောင်းတဲ့ ကားတစ်ကား ဖြစ်ပါတယ်။ လတ်တလော ထွက်ထားတဲ့ အိန္ဒိယဇာတ်ကားတွေထဲက ကားကောင်း တစ်ကားအဖြစ်နဲ့ ရွေးချယ်ပေးလိုက်ပါ တယ်။ အိန္ဒိယရဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးတွေဖြစ်တဲ့ ဆာအိဖ်အလီခန်းနဲ့ ထရီနာကိဖ်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အိန္ဒိယ တပ်မတော်ရဲ့ဗိုလ် မှူးတစ်ဦးဖြစ်တဲ့ ဒန်နီယယ်ဟာ တိုက်ပွဲတစ်ပွဲမှာ မတော်တဆ သူ့တပ်သားတွေသေဆုံးခဲ့ရာကနေ သူ့ကိုရာထူးကနေပယ်ချပြီး အကျဉ်းချခံခဲ့ရပါတယ်။ ဒီနောက်မှာ သူက အိန္ဒိယ တပ်ဖွဲ့ကနေ အပြီးလမ်းခွဲပြီး တခြားနေရာတစ်ခုမှာ အခြေချနေတဲ့အချိန် အိန္ဒိယရဲ့ လုံခြုံရေးတပ်ဖွဲ့က သူ့ကိုမရမက ပြန်ခေါ်ဖို့ ကြိုးစားပါတယ်။ အဓိကကတော့ မွမ်ဘိုင်းအကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး နောက်ကွယ်ကနေ စေခိုင်းခဲ့တဲ့ ထိပ်တန်းအကြမ်းဖက်ခေါင်းဆောင်တွေကို တိတ်တဆိတ် ချေမှုန်းဖို့ တာဝန်ပေးတာဖြစ်ပါ တယ်။ ဒီအထဲမှာ နိုင်ငံပေါင်းစုံက အကြမ်းဖက် ခေါင်းဆောင်တွေ ပါဝင်ပြီးတော့ ဒီစစ်ဆင်ရေးအတွက် ...
10 /1
Bajirao Mastani (2015)
10
Bajirao Mastani (2015)
Bajirao ဆိုသူသည်​ ဘုရားသခင်​မှ ဖန်​ဆင်း​ပေးလိုက်​​သော မြင်းစီးစစ်​သည်​​တော်​ အဖြစ်​တင်​စားခံရ​တဲ့ စစ်​သည်​​တော်​ တစ်​ဦးဖြစ်​ပြီး Peshwas နက္ခတ်​မှာ ​မွေးဖွားသန့်​စင်​ခဲ့တာ​ကြောင့်​ စစ်​ပွဲ​တွေနဲ့ အကျိုး​ပေး​ကောင်းတယ်​။ အဓိက စစ်​ပွဲကြီး​ပေါင်း ၄၁ ပွဲကို အနိုင်​ယူတိုက်​နိုင်​ခဲ့ပြီး စစ်​ပွဲရှုံးတယ်​ဆိုတာ မရှိခဲ့ပါဘူး။ ဒါ​ကြောင့်​ Bajirao ကိုစစ်​ပွဲ​တွေရဲ့ အရှင်​သခင်​လို့​ခေါ်တဲ့ “RANMARD” လို့​ခေါ်တွင်​ကြပုံကို ရိုက်​ကူးတင်​ဆက်​ထား​သော အိန္ဒိယ ရာဇဝင်​ အချစ်​ အက်​ရှင်​ ဇာတ်​ကားတစ်​ကားဖြစ်​ပါတယ်​။ တစ်ဘက်မှာလည်း မင်းသမီးနှစ်ဦးရဲ့ အချစ်တွေကိုပုံစံနှစ်မျိုးနဲ့ ထည့်ရိုက်ပြထားပါတယ်။ စစ်ဘီလူးကြီး ရဲ့အသည်း ကိုဖမ်းစားပြီး ရူးသွပ်သွားအောင်ပြုစားခဲ့တဲ့ မင်းသမီး (Deepika Padukone) ရဲ့ သရုပ်ဆောင်ကွက်တွေကိုလည်း အံ့မခန်းရှုစားရဦးမှာပါ အိန္ဒိယ ရာဇ၀င်ကားကောင်းကြိုက်သူတွေအတွက် Bajirao အဖြစ် Ranveer Singh ကသရုပ်ဆောင်ထားပြီး နာမည်ကျော်မင်းသမီးနှစ်လက်ဖြစ်တဲ့ Priyanka Chopra နဲ့  Deepika Padukone အပြိုင်အဆိုင်သရုပ်ဆောင်ပုံတွေ ကိုပါတပြိုင်နက်ခံစားရမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။    
10 /2

Facebook