2014

Hate Story 2 (2014)
0
720p
Hate Story 2 (2014)
Sonikaဆိုတဲ့ ဓာတ်ပုံဆရာမလေးကို ပိုးပန်းနေသူ ၂ဦးရှိနေပါတယ် တဦးက သူမရဲ့ကျောင်းနေဖက် Akshayဖြစ်ပြီး နောက်တဦးက ခက်ထန်တဲ့နိုင်ငံရေးသမား Mandar ပဲဖြစ်ပါတယ် Mandar ကသူမဘဝကိုပိုင်ဆိုင်သွားပြီး သူ့ရဲ့ရက်စက်တဲ့အလိုဆန္ဒအတွက် အပျော်မယားအဖြစ်သာ ထားရှိပါတယ် Akshay ရဲ့အကြောင်းပြချက်မဲ့တဲ့ အချစ်တွေ သူမအပေါ်ရှိနေမှန်း သိသွားတဲ့အခါ သူမကသူနဲ့အတူ ဒေသသစ်တခုကို ရက်အနည်းငယ်လောက် စိတ်အပန်းဖြေဖို့ ထွက်ပြေးသွားပါတယ် Mandarနဲ့သူ့လူတွေက Akshayတို့ကိုရှာတွေ့သွားပြီး Akshayကိုသတ်ပစ်လိုက်တဲ့အခါ သာယာစပြုနေတဲ့ Sonikaရဲ့ဘဝလေးက လူယုတ်မာလက်ထဲကို ပြန်လည်ရောက်ရှိသွားပါတယ် ဒီဖြစ်ရပ်တွေအပြီးမှာတော့ ချစ်သူကိုလူမဆန်စွာသတ်ဖြတ်ခဲ့ကြတဲ့ Mandarနဲ့သူ့လူတွေကို သတ်ပြီးလက်စားချေဖို့် Sonikaတယောက်ထွက်ခွာလာပါတော့တယ် Imdb: 4.5 Director: Vishal Pandya Stars: Sushant Singh, Surveen Chawla, Jay Bhanushali Genres: Drama, Thriller File size: 1.2gb,640mb Link type: soliddrive,openload Translator: Waihan Lin Htin Encoder: Zon Myat Noe Swe
0 /0
Maleficent (2014)
0
1080p
Maleficent (2014)
ယုတ်မာတဲ့စုန်းမကြီးက ကျိန်စာတိုက်လိုက်လို့ အသက်၁၆နှစ်မှာ အပ်စူးပြီး ထာဝရသတိလစ်မေ့မျောရမဲ့ မင်းသမီးလေးပုံပြင်ကို လူတိုင်းသိပြီးဖြစ်မှာပါ မင်းသမီးလေးကို စုန်းမကြီးက ဘာလို့ကျိန်စာတိုက်ရတာလဲဆိုတာရော သိကြပါသလား ပုံပြင်ကောင်းတစ်ပုဒ်စီတိုင်းမှာ ဗီလိန်ကောင်းတစ်ယောက်စီပါလေ့ရှိပါတယ် ဗီလိန်တွေရဲ့ နောက်ကွယ်က ဘာလို့ဗီလိန်ဖြစ်လာရလဲဆိုတဲ့ ဇာတ်လမ်းကိုထုတ်ဖော်ကြည့်မယ်ဆိုရင်တော့ သင်တို့အားလုံးလဲ ဗီလိန်တွေကိုချစ်တတ်လာမှာသေချာပါတယ် ဒီဇာတ်ကားလေးကတော့ မယ်လီဖီးဆန့်ဆိုတဲ့ ဗီလိန်နတ်သမီးအကြောင်းကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ် IMDb: 7.0 Director: Robert Stromberg Stars: Angelina Jolie, Elle Fanning, Sharlto Copley Genre: Action,Adventure,Family File size: 1.8gb,460mb Link type: soliddrive  
0 /0
Tinker Bell and the Pirate Fairy (2014)
9
720p
Tinker Bell and the Pirate Fairy (2014)
  IMDb: 6.6 Director: Peggy Holmes Stars: Mae Whitman, Christina Hendricks, Tom Hiddleston အမှုန်ထိမ်းသိမ်းသူ ဇာရီနာဆိုတဲ့ နတ်သမီးလေးက ဘုရင်မနဲ့အထင်လွဲပြီး အရေးကြီးတဲ့အပြာမှုန်ကိုယူပြီး အဝေးကိုထွက်ပြေးသွားခဲ့တယ် လမ်းမှာပင်လယ်ဓားမြအုပ်စုနဲ့တွေ့ပြီး လမ်းမှားရောက်သွားတဲ့အခါ တင်ကာဘဲလ်နဲ့ သူငယ်ချင်းတွေက လိုက်ကယ်ရမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာထူးခြားတာကတော့ ကျနော့်အချစ်တော် Lokiမင်းသားကြီး Tom Hiddleston ကဗီလိန်ကြီး ပင်လယ်ဓားမြဂျိမ်းစ်အဖြစ် အသံသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် File size - 930mb / 370mb Link type - soliddrive  
9 /1
Tinker Bell and the Legend of the NeverBeast (2014)
10
720p
Tinker Bell and the Legend of the NeverBeast (2014)
IMDb: 7.3 Director: Steve Loter Stars: Ginnifer Goodwin, Mae Whitman, Rosario Dawson ပျော်ပျော်နေတတ်ပြီး အရည်အချင်းရှိတဲ့ သတ္တဝါထိန်းနတ်သမီးလေး Fawn က စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီးဆုံးဖြတ်လို့မရဘူးဆိုတဲ့ စကားအတိုင်း သတ္တဝါလေးတွေကိုလဲ သူတို့ရဲ့အစွယ်ကိုကြည့်ပြီး အန္တရာယ်ပေးနိုင်တယ်လို့ ဆုံးဖြတ်လို့မရဘူးဆိုတာကို ယုံကြည်သူလေးပါ NeverBeast လို့ခေါ်တဲ့ထူးဆန်းသတ္တဝါကြီးတစ်ကောင်နဲ့ Fawnတို့ ဘယ်လိုလုပ်ပြီး မိတ်ဆွေတွေဖြစ်သွားကြမှာလဲ Tinkerbell နဲ့သူငယ်ချင်းတွေကတော့ ဒီဇာတ်လမ်းထဲမှာ ဇာတ်ရံအနေနဲ့ပဲပါဝင်ထားပြီး Fawn ကတော့အဓိကပါ နတ်သမီးစစ်တပ်ကနေ NeverBeast ကိုဖမ်းဖို့လိုက်လာတဲ့အခါ Fawn တစ်ယောက် သူ့မိတ်ဆွေကိုဘယ်လိုကာကွယ်မှာလဲ 2016 ခုနှစ်မှာ Golden Reel Award ဆုကိုထိုက်တန်စွာရရှိခဲ့တဲ့ annimation ကောင်းလေးဖြစ်ပါတယ် File size - 900mb / 370mb Link type - soliddrive  
10 /1
You’re Not You (2014)
0
720p
You’re Not You (2014)
ဒရမ်မာကားလေးပါ ကိတ်ဆိုတဲ့စဒ္ဒရားဆရာမက အသက်35နှစ်ရှိပြီဖြစ်ပြီး အီဗန်ဆိုတဲ့ ခင်ပွန်းနဲ့အတူနေထိုင်ပါတယ် ဘက်ဆိုတဲ့ကောင်မလေးကတော့ ကောလိပ်ကျောင်းသူဖြစ်ပြီး ကိတ်ကိုကူညီဖို့အလုပ်ကို လက်ခံလိုက်ပါတယ် ကိတ်ကသူမရဲ့ရောဂါကြောင့် စဒ္ဒရားဆက်တီးလို့မရတော့တဲ့အခါ ဘက်ကဘယ်လိုကူညီမှာလဲ File size – 1 gb / 620 mb Link type – openload
0 /0
The Voices (2014)
5
DVD Rip
The Voices (2014)
ImdB: 6.4 Director:  Marjane Satrapi Stars:  Ryan Reynolds, Gemma Arterton, Anna Kendrick ဂျယ်ရီဆိုတဲ့ကောင်လေးက မြို့ငယ်လေးမှာနေထိုင်ပြီး ရေချိုးကန်တွေလုပ်တဲ့စက်ရုံမှာ မနက်9နာရီကနေ ညနေ5နာရီအထိအလုပ်လုပ်ပါတယ် သူကအင်မတန်သဘောကောင်းသူဖြစ်ပေမဲ့ သူ့မှာစိတ်ရောဂါတစ်မျိုးရှိနေပါတယ် ဘယ်လိုစိတ်ရောဂါလဲဆိုတော့ အသံတွေကိုကြားနေရတဲ့ စိတ်ရောဂါတစ်မျိုးပါ သာမန်အသံတွေတော့ဘယ်ဟုတ်မလဲ သူမွေးထားတဲ့ခွေးနဲ့ကြောင်က သူ့ကိုစကားလိုက်ပြောတဲ့အသံတွေပါ စိတ်ကောင်းမရှိတဲ့ကြောင်နဲ့ သဘောကောင်းတဲ့ခွေးတို့ရဲ့လမ်းညွှန်မှုတွေကြားမှာ ဂျယ်ရီတစ်ယောက် ရုံးကသူစိတ်ဝင်စားနေတဲ့ကောင်မလေးကို သတ်လိုက်မိတဲ့အခာ....... Deadpool မင်းသား Ryan Reynolds နဲ့ မင်းသမီးချော Anna Kendrick တို့ရဲ့လိုက်ဖက်ညီတဲ့ သရုပ်ဆောင်မှုတွေကို ဟာသအနည်းငယ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ် File size – 675 mb Link type – soliddrive/openload
5 /1
Yellowbird (2014)
0
720p
Yellowbird (2014)
IMDb - 5.5 Director -Christian De Vita Stars -Arthur Dupont, Sara Forestier, Bruno Salomone ငှက်ဝါလေးဆိုတာကတော့ ခပ်သေးသေးနဲ့ မိဘမဲ့ငှက်လေးတစ်ကောင်ဖြစ်ပါတယ် သူဟာအသိုက်ကိုဘယ်တုန်းကမှ စွန့်ခွာလေ့ရှိတဲ့ငှက်မဟုတ်ပါဘူး မိသားစုမရှိတဲ့ငှက်ဝါလေးက တနေ့မှာတော့ မိသားစုကိုအပြင်းအထန်လိုချင်လာပါတော့တယ် ရာသီချိန်ရောက်လို့ ငှက်အုပ်တစ်ခုလုံး အာဖရိကကိုပြောင်းရွှေ့တဲ့အခါ ဒီငှက်အုပ်တစ်ခုလုံးကိုဦးဆောင်ဖို့တာဝန်က ငှက်ဝါလေးဆီကျရောက်လာတဲ့အခါ......... File size – 1.7 gb / 630 mb Link type – openload / soliddrive  
0 /0
The Maze Runner (2014)
0
720p
The Maze Runner (2014)
ImdB: 6.8 Director: Wes Ball Stars: Dylan O'Brien, Kaya Scodelario, Will Poulter ဓာတ်လှေကားတခုထဲမှာနိုးထလာပြီး အတိတ်ကိုဘာမှမမှတ်မိတော့တဲ့ သောမတ်စ်က ဆယ်ကျော်သက်ကောင်လေး၃၀ကြားကို ရောက်ရှိသွားပါတယ် သူတို့အားလုံးကလဲ အတိတ်အကြောင်းဘာမှမှတ်မိတော့ဘဲ အလုံပိတ်ထားတဲ့ပတ်ဝန်းကျင်ကြီးမှာ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အသက်ရှင်နေထိုင်ဖို့ကြိုးစားနေကြရတာပါ အဲ့နေရာမှာပဲ The Gladeဆိုတဲ့အပြေးသမားအဖွဲ့က ဝင်္ကဘာထဲကလွတ်လမ်းကိုရှာဖို့ နေ့တိုင်းကြိုးစားနေကြပါတယ် သတိလစ်နေတဲ့ ကောင်မလေးတယောက် သူတို့နေရာကိုရောက်ရှိလာပြီးချိန်မှာတော့ အားလုံးအတွက်​ ​မျှော်​လင့်​ချက်လမ်းစကိုတွေ့ရှိသွားကြပါတယ် ထို့နောက် ကောင်လေးအဖွဲ့၂ဖွဲ့ကွဲသွားပါတယ် ဝင်္ကဘာထဲမှာဆက်နေပြီး အသက်ရှင်နေထိုင်ဖို့ကြိုးစားမဲ့အဖွဲ့နဲ့ လွတ်လမ်းရှာပြီး အပြင်ရောက်အောင်ထွက်မဲ့အဖွဲ့တို့ပဲဖြစ်ပါတယ် File size – 1.3 gb / 550 mb Link type – openload / soliddrive Encoder – Zon Myat Noe Swe  
0 /0
Z Nation (TV Series 2014- ) Season 04
0
Z Nation (TV Series 2014- ) Season 04
Z Nation season 4 ပြန်လာပါပြီ ဒီseasonမှာတော့ မာဖီနဲ့ဝါရန်က ဇိုနာဆိုတဲ့ ဖုတ်ကောင်ကင်းမဲ့ဇုမ်ထဲကို ရောက်ရှိနေကြပါတယ် ဇိုနာထဲမှာလူဦးရေအနည်းငယ်သာရှိပြီး အားလုံးက ပုံမှန်အတိုင်းပျော်ရွှင်စွာ နေထိုင်လျက်ရှိကြပါတယ် မာဖီရဲ့သွေးကနေဖော်စပ်ထားတဲ့ ကာကွယ်ဆေးသုံးထားတဲ့လူတွေပဲ ဇိုနာထဲမှာဘေးကင်းကင်းနေရတာဖြစ်ပါတယ် ဇိုနာကိုဝါရန်ဘယ်လိုလုပ်ရောက်သွားတာလဲ တစ်သောင်းနဲ့ကျန်တဲ့လူတွေကရော ဘယ်ရောက်နေတာလဲ အားလုံးအဆင်ပြေနေချိန်မှာ မာဖီရဲ့ကာကွယ်ဆေးက ဘေးထွက်ဆိုးကျိုးတွေရှိလာတဲ့အခါ........... အညွှန်းနဲ့ဘာသာပြန်သူ ဇွန်မြတ်နိုးဆွေဖြစ်ပါတယ် ဘာသာပြန်အခက်အခဲကြောင့် နောက်ကျခဲ့ရတာကိုတောင်းပန်ပါရစေ ဘာသာပြန်တဲ့ညီမလေးကလဲ ဒီ season 4ရောက်မှ စလုပ်ပေးတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးပါ
0 /0
Mardaani (2014)
10
Mardaani (2014)
အိန္ဒိယဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာလူကုန်ကူးမှုတွေရဲ့ အချက်အချာဖြစ်ပါတယ် တစ်နှစ်ကို ကလေးပေါင်း ၄၀၀၀၀ လောက်လူကုန်ကူး ခံနေရပြီး ၈ မိနစ်တိုင်းမှာ မိန်းကလေးတစ်ယောက်ပျောက်ဆုံးနေပါတယ် မှုခင်းဌာနရဲတပ်ဖွဲ့က ရဲတစ်ယောက်ဖြစ်တဲ့ Shivani Shivaji Roy ( rani) မွေးစားသမီး pyaari အဖမ်းခံခဲ့ရတဲ့နောက် ဒီအဖွဲ့အစည်းရဲ့ အစအနကို ခြေရာခံမိလာပါတယ်။ သူ့သမီးကိုပြန်ရလာပေမယ့် အဖွဲ့ကိုတော့ တစ်ချိန်လုံးစောင့်ကြည့်နေခဲ့တယ်။ အဲ့ဒါကို ရိပ်မိသွားတဲ့ ဂိုဏ်းခေါင်းဆောင်ဟာ သူ့အပေါ် ခြိမ်းခြောက်မှုတွေလုပ်လာပါတယ် အမျိုးသမီး ရဲ တစ်ယောက်ဖြစ်တဲ့ shivani ဟာ လူအင်အားတောင့်တင်းပြီးလက်တံရှည်လှတဲ့ လူကုန်ကူးဂိုဏ်းကိုရင်ဆိုင်နိုင်ပါ့မလား။ အားလုံးချစ်ကြတဲ့ rani mukherji ခေါင်းဆောင်ပါဝင်ထားပြီး IIFA Awards,Filmfare Awards တွေမှာ အကောင်းဆုံးမင်းသမီးဆန်ကာတင်ဝင်ခဲ့သလို Stardust Awards မှာတော့ အကောင်းဆုံးမင်းသမီးဆုရခဲ့ပါတယ်။ Mardaani ဟာ ဘောလိဝုဒ်မှာမြင်ရခဲတဲ့ Thriller ကားကောင်းတစ်ကားပါ။ (အညွှန်းကို ကိုဝေဟံလင်းထင်မှ ရေးသားပေးတာဖြစ်ပါတယ် File size - 1.3 GB / 550 MB Link type - openload/soliddrive Translator ...
10 /1
The Guvnors (2014) 1080p
7.5
1080p
The Guvnors (2014) 1080p
The Guvnors ဆိုတာက တခေတ်တခါက နာမည်ကြီးခဲ့တဲ့ လူမိုက်ဂိုဏ်းတခုပဲဖြစ်ပါတယ် သူတို့ဟာ နယ်မြေတခုအထိကို သြဇာညောင်းအောင် ကိုယ်တွယ်နိုင်ခဲ့တဲ့အဖွဲတဖွဲ့လည်းဖြစ်ကြတယ် သြဇာညောင်းတယ်ဆိုတာကလည်း ဇာတ်ကားထဲမှာ သူတို့ရဲ့ ဆုံးပုံဆိုးကွက်တွေကိုတွေ့ရှိရမှာပါ Guvnors အဖွဲထဲမှာ Mitch ဟာ ခေါင်းဆောင်တယောက်ဖြစ်သလို သူငယ်ချင်းတွေအပေါ်မှာလည်း ဘော်ဒါအကန့်ပြည့်တဲ့သူတယောက်လည်းဖြစ်တယ်...တနေ့မှာတော့ Mitch ဟာ Guvnors အဖွဲ့ကနေ ရုတ်တရက်ပျောက်သွားပါတော့...Guvnors လည်းပျောက်ကွယ်လှနီးပါးဖြစ်သွားပြီ/အကုန်လုံးဟာ အလုပ်ကိုယ်စီလူမိုက်ဘ၀ ဇာတ်မြုပ်ပြီး လူကောင်းဘ၀နဲ့ပဲနေနေကြတော့တယ် ခေတ်တွေအလီလီပြောင်းလာတဲ့နောက်မှာတော့ ADam ဦးဆောင်တဲ့ လူမိုက်အဖွဲ့ဟာ တဖြည်းဖြည်းနာမည်ကြီးလာပါတော့တယ်...ဒါပေမယ့် သူတို့တွေဘယ်လောက်ပဲမိုက်မိုက် Guvnors အဖွဲ့ကို မမှီဘူးလို့ အနှိုင်းခံရတာ မခံနိုင်တဲ့အဆုံး Guvnors အဖွဲ့သားတွေကိုလိုက်ရှာပါတယ်/ Guvnors အဖွဲ့ရဲ့ စုစည်းရာအရက်ဆိုင်ထဲမှာ Mitch တို့ကို ငယ်စဉ်ကတည်းက စောင့်ရှောက်ခဲ့တဲ့ အဖိုးကြီး မစ်ကီနဲ့ Adam တို့အဖွဲငြိရာကနေစတာပါပဲ...မစ်ကီ အသတ်ခံလိုက်ရတဲ့အချိန်မှာတော့ Guvnors အဖွဲသားတွေ ပြန်လည်ထွက်ပေါ်လာပြီး Adam တို့နဲ့ ဘယ်လိုရင်ဆိုင်မှာလဲ / ကြမ်းကြမ်းတမ်းတမ်းရိုက်ကားထားတဲ့ အက်ရှင်ဒရမ်ကားတကားဖြစ်ပါတယ်
7.5 /2
Redirected (2014)
10
720p
Redirected (2014)
rating 6.8 ရှိတဲ့ကားဆိုတော့ အညွှန်းတွေအရှည်အဝေးသိပ်ညွှန်းမနေတော့ပါဘူးဗျာ။ John, Ben, Tim and Michael ဆိုတဲ့သူငယ်ချင်းလေးယောက်အရှေ့ဥရောပမှာ ပထမဆုံးအကြိမ်ဘဏ်ဓားပြတိုက်ပြီးအိမ်ပြန်လာခဲ့တယ်။ ဂိုဏ်းရာဇာတစ်ယောက်ရဲ့တရားမ၀င်ကတ်ကိုယူလာမိတဲ့အခါ သူတို့အိမ်အပြန်လမ်းမှာသူတို့ဟာ လူသတ်သမားတွေ၊ မိန်းမတွေ၊ လာဘ်စားတဲ့ရဲတွေ၊ မှောင်ခိုသမားတွေ နဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာဒေါင်းကြည့်လိုက်ပါ။ Review credit – Mahar Sayar Gyii မြန်မာစာတမ်းထိုး - Waihan Lin Htin
10 /1
Youngistaan (2014) 1080p
10
1080p
Youngistaan (2014) 1080p
ငယ်ရွယ်လွတ်လပ်ပြီး ဂိမ်းပရိုဂရမ်တွေရေးတဲ့ Abhimanyu Kaul တစ်ယောက် ဂျပန်မှာ သူ့ရည်းစား Anwita Chauhan နဲ့အတူနေထိုင်တယ်။ သူတို့တွေရဲ့ပျော်ရွှင်နေတဲ့ဘ၀လေး ဘ၀ရဲ့အခက်အခဲတွေကိုစတင်ကြုံလာရတယ်။မျိုးရိုးမြင့်ကမွေးဖွားလာတဲ့ Abhimanyu သူ့ရည်းစားအပေါ်အချစ်နဲ့သေခါနီး သူ့အဖေရဲ့ကတိအကြားဗျာများလာတဲ့အခါ သူ့ဆန္ဒနဲ့သူ့ဘ၀ကိုဆန့်ကျင်ခဲ့ရပြီး အဖေ့စကားနားထောင်ခဲ့ရတယ်။ချစ်သူအပေါ်ထားတဲ့အချစ်ကလဲ မပြတ်နိုင်တဲ့အခါ Abhimanyu တစ်ယောက် ဘယ်ဘက် ကိုရွေးချယ်မလဲဆိုတာ ဒေါင်းကြည့်လိုက်ကြပါ။
10 /1
Last Shift (2014) 1080p
5
1080p
Last Shift (2014) 1080p
အလုပ်ဝင်ကာစ ရဲအရာရှိလေး Loren အတွက် ပထမဆုံးတာဝန်ကတော့ ပြောင်းရွှေ့တော့မယ့် ရဲစခန်းမှာ ညဂျူတီစောင့်ဖို့ ဖြစ်ပါတယ်။ ရဲစခန်းအဆောက်အဦသစ်ကို ပြောင်းရွှေ့နေပြီဖြစ်လို့ စခန်းမှာ သူမ တစ်ယောက်တည်းသာ ကျန်ခဲ့ပါတယ်။ ပြောင်းဖို့ကျန်နေသေးတဲ့ ပရိဘောဂအချို့နဲ့ စာရွက်စာတမ်းတွေတော့ အနည်းငယ်ကျန်ပါသေးတယ်။ ညဦးပိုင်းလောက်မှာ ဘာမှမထူးခြားပေမယ့် ညလယ်ပိုင်းမှာ ဗီရိုရွှေ့သံတွေလိုလို တံခါးခေါက်သံလိုလို အသံဗလံတွေ ကြားလာရပါတယ်။ စခန်းထဲကို လှည့်ကြည့်တော့လည်း အားလုံးတိတ်ဆိပ်ငြိမ်သက်နေတယ်။ စခန်းအသစ်နဲ့ ဆက်သွယ်ဖို့ ထားခဲ့တဲ့ ဂျူတီဖုန်းကို ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာတဲ့အတွက် ကိုင်လိုက်တော့ မိန်းကလေးတစ်ယောက် ငိုကြွေးပြီး အကူအညီတောင်းနေသံ ကြားရတယ်။ Loren က စခန်းပြောင်းသွားပြီဖြစ်လို့ စခန်းအသစ်ဂျူတီခန်း ဖုန်းနံပါတ်ပေးလိုက်တော့လည်း ဖုန်းခဏချပြီး ပြန်ခေါ်လာပြန်ရော။ သူ့ကို လိုက်သတ်နေလို့ ကယ်ပါ တဲ့။ ဘယ်နေရာမှာလဲ ဘာဖြစ်တာလဲ မေးတော့လည်း သေချာမဖြေဘဲ ငိုနေတယ်။အဲဒနောက်တော့ ရဲစခန်းအဆောက်အဦဟောင်းထဲမှာ ကြောက်လန့်တုန်လှုပ်စရာ ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပျက်လာပြီး စခန်းအသစ်ကို ဘာလို့ ...
5 /1
Divergent (2014) 1080p
9.5
1080p
Divergent (2014) 1080p
ကမ္ဘာကြီးကို အယူဝါဒအရ အပိုင်းတွေ အပိုင်းတွေ ပိုင်းထားတဲ့အချိန်... ထရစ်ဟာ သူမဟာ သူများနဲ မတူတာကို သတိပြုမိခဲ့တယ်။ သူမတို့ အုပ်စု ကြီးကနေ ခွဲထွက်ရမဲ့ နည်းလမ်းကို ရှာဖွေခဲ့တယ်။ သူမနဲ့ နောက်ထပ် လေးယောက် ဘာတွေလုပ်ကြမလဲဆိုတာကို ကြည့်ုရမဲ့ ကားကောင်းလေးဖြစ်ပါတယ်။ ဒီကားလေးဟာ အနာဂတ်ကာလမှာ ဇာတ်အိမ်တည်ထားလို့ ခေတ်လွန်သိပ္ပံကား နှစ်သက်သူတွေ အကြိုက်ဖြစ်စေမှာပါ။ အညွှန်းကို ဇွန်မြတ်နိုးဆွေ မှရေးပေးတာဖြစ်ပါတယ်။
9.5 /2
Gone Girl (2014) 1080p
6.5
1080p
Gone Girl (2014) 1080p
နစ်ခ်နဲ့အေမီတို့ရဲ့ 5နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့မှာ အေမီပျောက်ဆုံးသွားတယ်ဆိုပြီး နစ်ခ်က ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ် အေမီရဲ့ ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ အမှုကြောင့် မီဒီယာတွေကရော ရဲတွေကပါ နစ်ခ်အပေါ်အထူးစိတ်ဝင်စားလာကြပြီး မကြာခင်မှာပဲ အားလုံးက တူညီတဲ့မေးခွန်းတစ်ခု နစ်ခ်ကိုမေးလာပါတော့တယ် အေမီကို နစ်ခ်သတ်လိုက်တာလားဆိုတဲ့ မေးခွန်းပါပဲ အားလုံးက နစ်ခ်ကို သံသယဝင်လာတဲ့အခါ အေမီပျောက်ဆုံးမှုမှာ နစ်ခ်တကယ်ပဲ အပြစ်ကင်းသလားဆိုတာကတော့ အချိန်ကပြောပြပေးသွားမှာပါ ဒီကားထဲမှာ superhero fan တွေရဲ့အချစ်တော့ Batman ကြီး Ben Affleck က နစ်ခ်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ဘာသာပြန်သူကတော့ ကို Min Zaw Htwe ဖြစ်ပြီး အညွှန်းကိုတော့ Zon Myat Noe Swe မှရေးပေးတာဖြစ်ပါတယ်။
6.5 /2
Glass Chin (2014)
0
720p
Glass Chin (2014)
ငါးချီမြောက်အလဲထိုးခံရပြီးတဲ့နောက် ဘောက်ဆင်သမား ဘက်ဒ်ဂေါ်ဒွန်ဟာ စင်ပေါ်က ဘ၀ကိုကျောခိုင်းခဲ့ပါတယ်။ လတ်တလောမှာ နယူးဂျာစီက တိုက်ခန်းငယ်တစ်ခုမှာ သူ့ကောင်မလေးနဲ့အတူနေထိုင်ရင်း အောင်မြင်ခဲ့တဲ့ မန်ဟက်တန်နေ့ရက်တွေကို ပြန်သတိရနေပါတယ်။ ကစားပွဲထဲကိုပြန်ဝင်ဖို့အတွက်သူဟာ လူလိမ်လူညစ် စားသောက်ဆိုင်လုပ်ငန်းရှင် တစ်ဦးနဲ့ အပေးအယူလုပ်ခဲ့တယ်။ လျင်မြန်တဲ့ အကွက်ဆင် ထိုးပွဲတွေဟာ လွယ်လွယ်ကူကူအကျိုးအမြတ်ရရှိပေမယ့် သူတို့ အပေးအယူတွေ အထုပ်ပြေလာတဲ့ အချိန်မှာ နောက်ဆက်တွဲရလဒ်အနေနဲ့ ဘက်ဒ်ဟာ သူ့ဝါသနာနဲ့ သိက္ခာကြား ရွေးချယ်ရမယ့် အခြေအနေဖြစ်လာတဲ့အခါ.....။
0 /0
Z Nation (TV Series 2014- ) Season 3
9
Z Nation (TV Series 2014- ) Season 3
စောင့်လိုက်ရလို့ တောင်းပန်ပါတယ် Z nation season 3 ပြီးရင် season 4 လာဖို့ ထပ်စောင့်ရပါဦးမယ် September 29 မှာ season 4 ပြန်လာရင်တော့ တစ်ပတ်တစ်ပိုင်းပဲ ကြည့်ရတော့မှာပါ Season 3မှာ မာဖီရဲ့ ကမ္ဘာသစ်တည်ထောင်မဲ့ အစီအစဉ်ကြီးကို တွေ့မြင်ရမှာပါ ဒီ season မှာတော့ 10K က အဓိကဇာတ်ကောင်လိုဖြစ်လာပြီး မြို့သားဇိကတော့ အခန်းအနည်းငယ်ပဲ ပါဝင်တော့မှာဖြစ်ပါတယ် ဖုတ်ကောင်တွေကို ထိန်းချုပ်ခိုင်းစေပြီး လူတွေကိုတော့ လူတပိုင်းဖုတ်တပိုင်း သတ္တဝါတွေဖြစ်အောင် ဆေးအသစ်နဲ့ ဖန်တီးမဲ့ မာဖီရဲ့ ရက်စက်မှုတွေကို ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါ  
9 /5
Redeemer (2014)
0
720p
Redeemer (2014)
အက်ရှင်ကားတွေထဲမှာမှ ထူးထူးခြားခြား ချီလီအက်ရှင်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားထဲက မင်းသား Marko Zaror အကြောင်း အရင်ပြောချင်ပါတယ် ချီလီမင်းသားတွေထဲမှာမှ Mandrill (2009) တို့ Kiltro (2006) တို့လို ခပ်ကြမ်းကြမ်း အက်ရှင်ကားတွေရိုက်ပြီး Hollywood ဈေးကွက်ကို ထိုးဖောက်နေတဲ့ မင်းသားကိုပြောပါဆိုရင် ကျနော်ကတော့ Marko Zarorလို့ပဲပြောမှာပါ အက်ရှင်ကားတွေရိုက်တိုင်း stunt မသုံးဘဲ ကိုယ်တိုင် သရုပ်ဆောင်လေ့ရှိတဲ့ Marko Zaror က လက်တွေ့ဘဝမှာလဲ ကိုယ်ခံပညာ အထူးတတ်ကျွမ်းသူတစ်ယောက် ဖြစ်ပါတယ် ဒါရိုက်တာ Ernesto Díaz Espinoza ဟာဆိုရင်လည်း ဂန္တဝင်လက်ရာတွေကို ဖန်တီးတဲ့နေရာမှာ အင်မတန်ထူးချွန်တဲ့ ဒါရိုက်တာတစ်ယောက်ပါ ပါရမီရှင် မင်းသားနဲ့ ထူးချွန်တဲ့ ဒါရိုက်တာတို့ရဲ့ ပေါင်းစပ်မှုက သူမတူအောင် ထူးခြားနေမယ်ဆိုတာတော့ သေချာပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မူးယစ်ဆေးကုန်သည်ကြေးစားတစ်ယောက်က သူ့အပြစ်တွေအတွက် သွေးကြွေးပြန်ဆပ်ဖို့ကြိုးစားတဲ့အကြောင်းကို အက်ရှင်ခန်းအပြည့်နဲ့ ...
0 /0
Lucy (2014)
0
720p
Lucy (2014)
သာမန်လူတစ်ယောက်ဟာ သူတို့ရဲ့ ဦးနှောက်ကို ဘယ်လောက်များအသုံးချနိုင်မလဲ၊ ဦးနှောက်တစ်ခုလုံးကို အသုံးချလို့ရတဲ့ လူက ဘယ်လိုဖြစ်သွားမလဲ။ စကားလက် ဂျိုဟန်ဆန် အဓိကသရုပ်ဆောင်ထားတဲ့ ဒီကားလေးက တော်တော်ကောင်းတဲ့ ကားတစ် ခုလို့ သတ်မှတ်လို့ရပါတယ်။ လူစီဟာ သူငယ်ချင်းတစ်ယောက် ဒုက္ခပေးလို့ ဘုမသိဘမသိနှင့် ဆေးတစ်မျိုးကို ဗိုက်ထဲထည့်သယ်ပေးရတာဖြစ်ပါတယ်။ ဆေးက မတော်တဆပွင့်ကျသွားခဲ့လို့ IQ မြင့်သွားတဲ့အခါ လူဆိုးတွေက သူမနောက်ကို လိုက်လာတဲ့ အခါ သူမကိုယ်တိုင်တွေးတောင် မတွေးဖူးခဲ့တဲ့ IQ အထိ မြင့်သွားခဲ့ပါတယ်။ God levelအထိ ရောက်သွားခဲ့တာဖြစ်ပြီး ဘယ်လိုရောက်သွားသလဲတော့ ကိုယ်တိုင်ပဲ ကြည့်ရှု့ကြည့်ကြပါ။
0 /0
22 Jump Street (2014)
0
720p
22 Jump Street (2014)
ယခင် 21 Jump Street ရဲ့အဆက်ဖြစ်တဲ့ ဒီဇာတ်ကားဟာလဲပေါ့သေးသေးတော့မဟုတ်ပါဘူး။ Imdb 7.1 အထိရထားတဲ့ မှုခင်းဟာသအက်ရှင် ဇာတ်ကားအကောင်းစားတစ်ကားပါ။ အရင်ကားရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Phil Lord နဲ့ Christopher Miller တို့ပဲ အသက်သွင်းပေးထားပါ။ မင်းသား Channing Tatum, Jonah Hill, Ice Cube တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ အရင် 21 Jump Street မှာ ရဲအရာရှိ ရှမစ်နဲ့ ဂျန်ကိုတို့ သူငယ်ချင်းနှစ်ယောက် အထက်တန်းကျောင်း နှစ်ခါပြန်တက်ပြီးသည့်သကာလ( ဒုတိယအခေါက်က ရဲသူလျှိုအနေနဲ့သွားတာပါ) ဒီတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက် ပြည်နယ်ကောလိပ် ကို ကျောင်းသားဟန်ဆောင်ပြီး သွားတက်ရမှာပါ အကြောင်းရင်းကတော့ အဲ့ဒီကောလိပ်က လူငယ်တွေကြားမှာ စိတ်ကြွဆေးတစ်မျိုး ပျံနှံ့နေလို့ ဖြန့်ချီတဲ့သူ ဘယ်သူလဲဆိုတာ စုံစမ်းဖို့ပါ ဒီတစ်ခါလဲ သူတို့ ဘယ်လိုမျိုး ...
0 /0
Escobar: Paradise Lost (2014) 720p Only
0
720p
Escobar: Paradise Lost (2014) 720p Only
Nicko နဲ့သူ့အကိုက ကနေဒါကနေ ဘဝကိုပိုအဆင်ပြေအောင် ကြိုးစားဖို့ ကိုလမ်ဘီယာကမ်းခြေတွေဆီကို ထွက်လာခဲ့ကြတယ် ကမ်းခြေကရွာသူလေး Maria နဲ့ Nicko ဆုံမိပြီး မကြာခင် ချစ်ကျွမ်းဝင်သွားခဲ့တယ် နောက်တော့ မာရီယာရဲ့ဦးလေး Pablo က မူးယစ်ဆေးရောင်းသမားဆိုတာ Nicko သိသွားခဲ့တယ် El Patron ဆိုသူနဲ့တွေ့ဆုံမိပြီးနောက်ပိုင်းမှာတော့ သူ့မိသားစုကိုကယ်တင်ဖို့ Nicko တယောက် မဖြစ်နိုင်တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်လာခဲ့ရတယ် Pablo မှာရော တခြားဘာအကြံတွေရှိနေမှာလဲ  
0 /0
Happy New Year (2014)
10
720p
Happy New Year (2014)
King Khan (SRK) ရဲ့ ဇာတ်ကားတွေဟာ ဘယ်လိုကားမျိုးပဲဖြစ်ြဖစ် ပရိသတ်ကို ရသတစ်မျိုးတော့ ပေးခဲ့တာများပါတယ်။ အခု ဒီကားလေးဟာဆိုရင် ဒူဘိုင်းရဲ့ ရှုခင်းတွေကို တ၀ကြီးခံစားရမယ့်ကားဖြစ်ပြီး နောက်ဆုံး SRK စင်ပေါ်မှာ ပြောသွားတဲ့စကားတွေဟာ ဦးနှောက်ထဲကနေတဆင့် ရင်ထဲကို တိုက်ရိုက်ထိစေမယ့် စကားလေးတွေပါ။ ဟာသဆန်ဆန်ကားမို့ ပေါ့ပေါ့ပါးပါးဆိုပေမယ့် နောက်ဆုံးပိုင်း မျက်ရည်တစ်စက်က ဟာ ဒါကြောင့် ရှရွတ်ခန်း ဆိုတာ ခုထိ ဘောလိဝုဒ်ရဲ့ ဘုရင် ဖြစ်နေသေးတာကိုးလို့  ကိုယ့်ကိုကိုယ်ပြန်ပြောမိသွားပါလိမ့်မယ်။ ကဲ ဇာတ်လမ်းပုံစံလေးကို ပြောပြမယ်ဗျာ... ငယ်ငယ်က သူ့အဖေကို တန်ဖိုးရှိစိန်ကြီးခိုးသွားတယ်ဆိုပြီး မတရားစွတ်စွဲကာ ထောင်ချခဲ့တဲ့လူတစုကို လက်စားချေဖို့ ချာလီဆိုတဲ့ လမ်းဘေးဖိုက်တာတယောက်ဟာ သူ့သူငယ်ချင်းတွေနဲ့အတူ နှစ်သစ်ကူးညမှာ စိန်ကြီးကိုခိုးဖို့ကြိုးစားကြပါတယ် အထူးချမှတ်ထားတဲ့အစီအစဉ်အရ အကပြိုင်ပွဲကို အရင်ဝင်ပြိုင်ကြရပြီး ချာလီနဲ့သူငယ်ချင်းတွေ စိန်ကိုဘယ်လိုရအောင် ယူသွားကြမလဲဆိုတာ ငွေကြေးအကုန်အကျခံရိုက်ကူးထားတဲ့ ဒီကားလေးထဲမှာစောင့်ကြည့်လိုက်ကြပါ
10 /1
Interstellar (2014) 720p Only
6.3
720p
Interstellar (2014) 720p Only
အနာဂါတ်သိပ္ပံခေတ်လွန်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းလေးမှာ Cooper ဆိုတဲ့ သိပ္ပံပညာရှင်နဲ့အာကာသယာဉ်မှူးဟောင်းတစ်ယောက်ဖြစ်ပြီး Murph နဲ့ Tom ဆိုတဲ့ သမီးနဲ့သားတစ်ယောက်စီပိုင်ဆိုင်ထားသူဖြစ်ပါတယ် ကမ္ဘာပေါ်မှာအငတ်ဘေးဆိုက်လာပြီး မကြာခင်မှာရှိသမျှအစားအစာတွေ ပြတ်လတ်သွားတော့မယ်ဆိုတာကို လူတွေသဘောပေါက်သွားတဲ့အခါ ဒီပြသနာက NASA ခေါင်းပေါ်ကျလာခဲ့တယ် အာကာသထဲကကြယ်တွေကြားကိုသွားပြီး လူသားတွေနေလို့ရမဲ့ကမ္ဘာသစ်တစ်ခုကို ရှာဖွေဖို့ NASA ကအကြံထုတ်ရပါတော့တယ် ဒီအကြံကိုအကောင်ထည်ဖော်ဖို့ အာကာသယာဉ်ကြီးကိုမောင်းပြီး ကြယ်တွေကြားခရီးသွားနိုင်တဲ့လူက Cooper အပြင်တစ်ခြားလူမရှိတာကြောင့် ဒီတာဝန်ကို Cooper ယူလိုက်ရပါတော့တယ် Cooper တစ်ယောက်ဒီတာဝန်ကိုအောင်မြင်နိုင်ပါ့မလား Christopher Nolan ရိုက်ကူးထားသမျှထဲကအကောင်းဆုံးဇာတ်ကားစာရင်းဝင်ထားတဲ့အတွက် ကြည့်လို့အရမ်းကောင်းပါတယ်လို့ တကူးတကပြောပြီးညွှန်းနေစရာလိုမယ်မထင်ပါဘူး  
6.3 /3
Big Eyes (2014) DVDRip
0
DVD Rip
Big Eyes (2014) DVDRip
1950 ဆန်ဖရန်စစ္စကိုမှာ မာဂရက်ဆိုတဲ့အမျိုးသမီးက ခင်ပွန်းကစွန့်ပစ်သွားလို့ ကလေးတစ်ယောက်နဲ့ ရုန်းကန်နေရတဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ် မာဂရက်က မျက်လုံးအိမ်ကျယ်ကျယ်နဲ့ ကလေးတစ်ယောက်ပုံကို ဆွဲဖို့ကြိုးစားနေပြီး ဝေါ့တာဆိုတဲ့အငယ်စားပန်းချီဆရာတစ်ယောက်က မာဂရက်ကို ကလေးတစ်ယောက်ထက်ပိုကောင်းတဲ့ ပန်းချီကားတစ်ချပ်ကိုဆွဲဖို့တိုက်တွန်းနေသူဖြစ်ပါတယ် အမှန်တော့ မာဂရက်ရဲ့မျက်လုံးအိမ်ကျယ်ကျယ်နဲ့ ကလေးပုံပန်းချီကားကို ဝေါ့တာကသူ့နာမည်တပ်ပြီးရောင်းစားဖို့စီစဉ်နေခြင်းဖြစ်ပါတယ် မာဂရက်တစ်ယောက် သူ့မဘဝအတွက်အရေးကြီးတဲ့အမှန်တရားကို ပြန်လည်ဖော်ထုတ်နိုင်မှာလားဆိုတာကိုတော့...  
0 /0
Black & White: The Dawn of Justice (2014) DVDRip
5.5
DVD Rip
Black & White: The Dawn of Justice (2014) DVDRip
တောင်ပိုင်းဌာနက ရဲအရာရှိ ၀ူယင်ရှောင်းဟာ ဘိုးအင်း ၇၇၇ လေယာဉ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ပြီးတဲ့နောက် ဆိပ်ကမ်းမြို့မှာ အားလုံးက သူရဲကောင်းလို့ သတ်မှတ်ထားခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီငြိမ်းချမ်းရေးဟာ ယာယီပဲဖြစ်ခဲ့တယ်။ တစ်မြို့လုံးမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ နာရီပိုင်းအတွက်း ဆက်တိုက်ဖြစ်လာခဲ့ချိန်မှာတော့ ဒါဟာ စေ့စပ်သိုသိပ်တဲ့ ပူးပေါင်းကြံစည်မှုတစ်ခုရဲ့ အစသက်သက်ပါ။ အမှန်တရားဘက်ကရပ်တည်ပြီး စိတ်လိုက်မာန်ပါတတ်တဲ့ ၀ူဟာ အရည်အချင်းရှိသလိုမာနလဲကြီးတဲ့ ချန်ဇန်းနဲ့ အတူ ဗုံးခွဲတိုက်ခိုက်မှုတွေကို စုံစမ်းပါတော့တယ်။ စုံစမ်းနေစဉ်ကာလမှာပဲ သူတို့ရှာတွေ့တဲ့ သဲလွန်စတွေဟာ အဝေးပြေးလမ်းပေါ်က ပြန်ပေးဆွဲမှုတစ်ခုနဲ့ ဆက်စပ်နေတာ သိခဲ့ရတယ်။ အဆိုးဆုံးကတော့ နောက်ထပ် အသေခံဗုံးခွဲသမားဟာ တစ်ချိန်က ၀ူကို လေယာဉ်အကြမ်းဖက်ကိစ္စမှာ ဖြေရှင်းဖို့ ကူညီပေးခဲ့ပြီး ၀ူ့ရဲ့ အကူအညီနဲ့ သေဆုံးမှုကို အတုဖန်တီးပြီး သူ့ရည်းစားနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ ဇူဒါဖူ ဖြစ်ပါတယ်။ အဲ့ဒီမှာ ၀ူနဲ့ချန်းနှစ်ယောက်ထပ်သိလိုက်ရတာက လက်ရှိကြုံနေရတဲ့ ဗုံးပေါက်ကွဲမှုတွေဟာ အကြီးအကျယ်ဖျက်ဆီးပြမယ့် လုပ်ရပ်အတွက် ရှေ့ပြေးသက်သက်ဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့က စရိုက်လက္ခဏာချင်းလဲ ကွာခြား စိတ်ဝမ်းကွဲနေတဲ့ သူတို့နှစ်ယောက်ပါပဲ  
5.5 /2
Bad Turn Worse (2013) 720p Only
10
720p
Bad Turn Worse (2013) 720p Only
ဒီဇာတ်ကားလေးကတော့ လူငယ်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ထွက်ပေါက်ရှာရင်း ရာဇဝတ်မှုမကင်းတဲ့လမ်းကြောင်းပေါ်ရောက်သွားတတ်ပုံကို ပညာပေးဆန်ဆန်ရိုက်ကူးထားတဲ့ မှုခင်းဒရမ်မာကားကောင်းလေးပါ Texas မြို့က ဆယ်ကျော်သက်၃ယောက်က ချည်ထည်စက်ရုံမှာပဲ အဆုံးသတ်နေရတဲ့ သူတို့ရဲ့ဘဝအတွက် ထွက်ပေါက်ရှာရင်း မမျှော်လင့်ပဲ သူတို့ထဲကတယောက်က လူမှားပြီး ပြန်ပေးဆွဲမိသွားပါတယ် ထို့နောက် ရှုပ်ထွေးတဲ့ ပြစ်မှုကြားထဲမှာ ထပ်မံပိတ်မိသွားကြပါတော့တယ် အညွှန်းရေးပေးသူကတော့ ဇွန်မြတ်နိုးဆွေ ဖြစ်ပါတယ်  
10 /1
A Walk Among the Tombstones (2014) DVDRip 720p Only
0
DVD Rip
A Walk Among the Tombstones (2014) DVDRip 720p Only
Matt ဆိုတာ အရက်စွဲနေတဲ့ရဲစုံထောက်တစ်ယောက်ဖြစ်ပြီး 1991ခုနှစ်လောက်က New York မှာနေထိုင်ခဲ့တယ် 1999မှာတော့ ရဲဘဝကနေအနားယူလိုက်ပြီး လိုင်စင်မရှိတဲ့ အလွတ်စုံထောက်အဖြစ် ဆက်လက်နေထိုင်ခဲ့တယ် တရက်မှာ Matt ရဲ့လုပ်ဖော်ကိုင်ဖက် Peter Kristo က သူ့အကို Kenny Kristo ဆီကိုသွားလည်ဖို့ Matt ကိုဖိတ်လိုက်တယ် Kennny ကမူးယစ်ကုန်သည်တစ်ယောက်ဖြစ်ပြီး သူ့ဇနီး Ann ကို ပြန်ပေးသမားတွေက ပြန်ပေးဆွဲပြီးသတ်ပစ်လိုက်ကြတယ်ဆိုတာ Matt ကိုပြောပြလိုက်တယ် Kennny က သူ့ဇနီးအတွက်လက်စားချေချင်နေပြီး ဒီအမှုကိုဖော်ထုတ်ပေးဖို့ Matt ကိုတောင်းဆိုတဲ့အခါ အစပိုင်းမှာ ငြင်းဆန်ခဲ့ပေမဲ့ နောက်ပိုင်း Matt ကသဘောတူလိုက်တယ် နောက်တော့ ဒီအမှုကိုလိုက်ရင်း Kenny နဲ့ပတ်သတ်နေတဲ့ မိန်းမတစ်ယောက်ကို ပြန်ပေးသမားတွေကသတ်သွားပြီး Kenny ရဲ့အရေးကြီးအချက်အလက်တွေကို ယူသွားတယ်ဆိုတာကိုပါ Matt သိသွားခဲ့တယ် Kenny ရဲ့14နှစ်အရွယ်သမီးလေးပါ ပြန်ပေးဆွဲခံလိုက်ရတဲ့အခါ ပြန်ပေးသမားတွေကိုရှာဖွေဖို့ Matt ...
0 /0
Guardians of the Galaxy (2014) 1080p
10
1080p
Guardians of the Galaxy (2014) 1080p
MCU ရဲ့ အာကာသထဲမှာ ဇာတ်အိမ်တည်ထားတဲ့ ကားတစ်ကား ဖြစ်ပြီး Thanosကို စတင်မိတ်ဆက်ပေးထားတဲ့ကားလည်းဖြစ်ပါတယ်။ ကမ္ဘာမြေပေါ်က ကလေးလေးတစ်ယောက်ကို ဂြိုလ်သားတွေခေါ်ဆောင်ကာ မွေးခဲ့ပြီးနောက် အဲ့ဒီကလေးလေး ကြီးလာတဲ့အခါ အာကာသ ကြမ်းပိုးတစ်ယောက်ဖြစ်လာပြီး သူ့မိတ်ဆွေဖွဲ့မိတဲ့ အာကာသ ရာဇ၀တ်သားတွေနဲ့ အတူ စကြာဝဋ္ဌာကို အတူကာကွယ်တဲ့အခါ Gurdian of the galaxyဆိုတဲ့ အဖွဲ့ကြီးဖြစ်လာပါတယ်။ လူဆိုးသူခိုးလို့ သတ်မှတ်ထားရတဲ့ လူတွေတောင် မိတ်ဆွေအတွက် ဘယ်လိုအနစ်အနာခံခဲ့ ကြလဲဆိုတာကိုတော့ ကြည့်ရှု့ခံစား ကြည့်ကြပါ။    
10 /1
Ask Me Anything (2014) 720p Only
10
720p
Ask Me Anything (2014) 720p Only
ကိတ်ဟာ သူ့အနာဂတ်မှာ ဘာဖြစ်ချင်လဲ မသိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကောလိပ်ကနေ တစ်နှစ်ထွက်ခွာခဲ့ပါတယ်။ တကယ်တမ်းကတော့ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာရွေးချယ်ခွင့်တွေကို စူးစမ်းချင်တာကြောင့်ပါ။ သူဟာ သူ့ဘ၀အကြောင်း ကွဲပြားတဲ့ ရှု့ထောင့်ကနေ အသေးစိတ်ရေးသားတဲ့ ဘလော့တစ်ခုကိုဖန်တီးတယ် ဒါပေမယ့် သူ့လိင်ကိစ္စလှုပ်ရှားမှုတွေကို အသားပေးတယ်။ သူယောက်ျားပေါင်းများစွာနဲ့ပတ်သက်လာခဲ့တဲ့နောက်မှာ ဒီလောက်စောမယ်လို့ သူကြိုမတွေးထားခဲ့တဲ့ အနာဂတ်အကြောင်း မဖြစ်မနေ ဆုံးဖြတ်ဖို့ ဖြစ်လာပါတော့တယ်။  
10 /1
Z Nation (TV Series 2014- ) Season 2 Complete
10
Z Nation (TV Series 2014- ) Season 2 Complete
အားလုံးစောင့်မျှော်နေတဲ့ Z Nation season 2 ပြန်လာပါပြီ season အဆုံးမှာ မာဖီဖောက်ခွဲခဲ့တဲ့ နျူကလီးယားဗုံးကြီးပေါက်ကွဲသွားပြီးနောက် ကျနော်တို့ရဲ့ သူရဲကောင်းတွေက လူစုခွဲပြီး နောက်ထပ်ဖြစ်လာမဲ့ပေါက်ကွဲမှုတွေကို ကြိုးစားတားဆီးကြရမှာပါ မြို့သားဇိကလဲ ဖုတ်ကောင်တွေနဲ့ ရင်ဆိုင်နေရပြီး အဖွဲ့နဲ့ဆက်သွယ်လို့မရနိုင်သေးတာကို တွေ့ရမှာပါ တစ်ပိုင်းထက်တစ်ပိုင်းပိုပြီး စိတ်ဝင်စားဖို့ကောင်းလာတယ်ဆိုတာ ကျနော်ပြောရင်ယုံမှာမဟုတ်ဘူး ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါတော့     ဆီဇင်ဝမ်းမကြည့်ရသေးတဲ့သူများ ဒီလင့်ခ်ကို သွားပါ http://mmsubtitles.co/tvshows/z-nation-tv-series-2014-season-1/  
10 /1
Annabelle (2014)
10
1080p
Annabelle (2014)
မီရာနဲ့ဂျွန်တို့ကပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြတဲ့ စုံတွဲဖြစ်ပြီး မီရာကကိုယ်ဝန်ရှိလာတဲ့အခါ အလုပ်ကြောင့်မီရာကိုသိပ်ဂရုမစိုက်နိုင်တဲ့ ဂျွန်က အရုပ်တွေစုရတာဝါသနာပါတဲ့မီရာအတွက် အန်နာဘယ်ဆိုတဲ့ရှေးဟောင်းအရုပ်မလေးကို လက်ဆောင်အဖြစ်ဝယ်ပေးလိုက်တယ် မကြာခင်အိမ်နီးချင်းတွေကို သရဲခြောက်ခံလိုက်ရတဲ့အပြင် သူတို့အိမ်ပါမီးလောင်သွားတဲ့အခါ မီရာက အန်နာဘယ်ကိုလွှင့်ပစ်ပြီး အိမ်အသစ်ပြောင်းဖို့ဆုံးဖြတ်လိုက်ပေမဲ့ အိမ်အသစ်ကိုရောက်တော့ အထုတ်တွေဖြည်ရင်း အန်နာဘယ်ကိုအထုတ်ထဲမှာပြန်တွေ့လိုက်ရတယ် မကြာခင်မီရာက သမီးလေးတယောက်မွေးပြီး အတော်ထိတ်လန့်စရာကောင်းတာတွေကို မီရာတွေ့ကြုံလိုက်ရတယ် စာအုပ်ဆိုင်မှာအလုပ်လုပ်တဲ့သူငယ်ချင်းအီဗာလင်းကိုပြောပြတဲ့အခါ အန်နာဘယ်မှာဝင်ရောက်ပူးကပ်နေတဲ့ဝိဥာဉ်က မီရာသမီးရဲ့ဝိဥာဉ်ကိုလိုချင်နေတယ်ဆိုတာ သူတို့အားလုံးသဘောပေါက်သွားကြတယ် ဂျွန်နဲ့တိုင်ပင်ပြီး ဘုန်းတော်ကြီးတပါးကိုအကူအညီတောင်းပေမဲ့ အန်နာဘယ်ကအစွမ်းပိုကြီးနေတာကြောင့် ဘုန်းကြီးကဆေးရုံရောက်သွားရတယ် ဒါဆို ကလေးမလေးရဲ့ဝိဥာဉ်ကို အန်နာဘယ်လက်ထဲက ဘယ်သူကကယ်တင်ပေးနိုင်တော့မှာလဲ    
10 /1
And So It Goes (2014) DVDRip
0
DVD Rip
And So It Goes (2014) DVDRip
Oren ဆိုတဲ့လူတစ်ယောက်က ဇနီးသေဆုံးပြီးမကြာခင်မှာ သူ့ငယ်စဉ်ကနေခဲ့တဲ့မြို့လေးကိုပြန်လာခဲ့တယ် သူ့အိမ်ဘေးမှာနေတဲ့ Leah ဆိုတဲ့အမျိုးသမီးကြီးကလဲ သူ့အမျိုးသားဆုံးတာမကြာသေးလို့ ဝမ်းနည်းပူဆွေးနေတဲ့အချိန်ဖြစ်နေတယ် ပြောရမယ်ဆိုရင်တော့ သူတို့နှစ်ယောက်အချင်းချင်းအားပေးကြရင်း ရင်းနှီးသွားကြတယ်ပေါ့ဗျာ တရက်မှာ Orenရဲ့သားက 9နှစ်အရွယ်သူ့သမီးလေးကို ခဏထိန်းပေးဖို့လာအပ်သွားတဲ့အခါ ကလေးတွေနဲ့သိပ်အဆင်မပြေတဲ့ Oren တစ်ယောက်တိုင်ပတ်ပါလေရော ဒီတော့ ဘေးအိမ်က Leah ကိုအကူညီတောင်းရင်း အထီးကျန်နေတဲ့ Leah ဘဝထဲကို ချစ်စရာကလေးတစ်ယောက်ဝင်ရောက်လာပြီးနောက်ပိုင်းမှာ သူမဘဝလေးစိုစိုပြေပြေဖြစ်သွားတဲ့အကြောင်းကို ကြည်နူးဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် အညွှန်းရေးပေးသူကတော့ Zon Myat Noe Swe ဖြစ်ပါတယ်  
0 /0
American Heist (2014) 720p Only
10
720p
American Heist (2014) 720p Only
 အကိုဖြစ်သူ ဖရန်ကီကို ကျေးဇူးဆပ်ဖို့ အကြွေးကျန်နေတဲ့ ဂျိန်း.နဲ့ ဖရန်ကီ တို့ဟာ ပစ်မှုတစ်ခုကို ကျုးလွန်ခဲ့ ကြတယ်။ ဖရန်ကီ ထောင်ထဲရောက်သွားတဲ့အချိန် ဂျိန်းက သူ့ရဲ့ ရည်းစားဟောင်း အမ်မလီနဲ့အတူတူ ဘ၀ကို ပြန်စခဲ့ပါတယ်။ ဖရန်ကီဟာ ငွေမရှိ သွားစရာမရှိပဲ လမ်းမတွေပေါ်ကို ပြန်ရောက်လာခဲ့တဲ့အခါ .... ဂျိန်းနဲ့ဖရန့်ကီတို့ ဘာတွေဆက်ဖြစ်ကြဦးမလဲဆိုတာ ကြည့်ရှု့ခံစားကြည့်ကြပါ။ Sex အခန်းအနည်းငယ်ပါဝင်ထားတဲ့ အတွက် R rate ဖြစ်နေပြီး ၁၈မပြည့်ပဲမကြည့်သင့်ပါဘူး။ အမျိုးအစားက Action Crime Drama Thriller ဖြစ်ပြီး ဟိုးအရင် နာမည်ကြီးခဲ့တဲ့ King Kong , Splice ကားတွေထဲက မင်းသား အဓိက ပါဝင်ထားတဲ့ ကြည့်ပျော်တဲ့ ကားလေးတစ်ခုပဲဖြစ်ပါတယ်။  
10 /1
A Haunted House 2 (2014) 480p
0
480p
A Haunted House 2 (2014) 480p
2013 တုန်းကထွက်ရှိခဲ့တဲ့ A Haunted House ရဲ့ဒုတိယမြောက်ဇာတ်လမ်းဖြစ်ပါတယ် ပထမကားမှာသူ့ရည်းစားကီရှာကိုပူးနေတဲ့ ဝိဥာဉ်ကိုထုတ်ခဲ့ပြီးနောက် ကားတိုက်မှုတခုမှာကီရှာသေဆုံးသွားတဲ့အခါ မယ်ကွန်းက အခုကားမှာနောက်ရည်းစားအသစ်နဲ့ ဘဝသစ်စဖို့အိမ်သစ်တလုံးကိုပြောင်းလာခဲ့တယ် သူ့ရည်းစားအသစ်ဖြစ်တဲ့မီဂန်မှာ ကလေး၂ယောက်ပါလာခဲ့ပြီး နောက်ထပ် သဘာဝလွန်ဖြစ်ရပ်တွေက မယ်ကွန်းဆီထပ်မံရောက်ရှိလာပြန်တယ် သရဲကားဆိုပေမဲ့ horror အမျိုးအစားမဟုတ်ဘဲ ဟာသနှောထားလို့ကြောက်တတ်တဲ့လူတွေကြည့်ရင်လဲအဆင်ပြေစေမှာပါ      
0 /0
Against the Sun (2014) DVDRip 480p
0
DVD Rip
Against the Sun (2014) DVDRip 480p
ဒုတိယကမ္ဘာစစ်ရဲ့ အဆိုးရွားဆုံး ဖြစ်ရပ်မှန်ဇာတ်လမ်းတွေထဲက တစ်ခုပါ။ အမေရိကန် လေတပ်သား သုံးယောက်ဟာ တောင်ပစိဖိ သမုဒ္ဒရာထဲကို ပျက်ကျပြီး ဖောင်သေးသေးလေးတစ်ခုပေါ်ရောက်သွားခဲ့ရပါတယ်။ ပတ်ဝန်းကျင်မှာ သမုဒ္ဒရာကြီးကသာ ၀ိုင်းနေပြီး စားစရာမရှိ ရေမရှိ လာကယ်ဖို့ မျှော်လင့်ချက်လဲမရှိပါဘူး။ မဖြစ်နိုင်ချေတွေ အများကြီးမှာမှ ဒီသူစိမ်းနီးပါး လူသုံးယောက်ဟာ ဘေးကင်းလုံခြုံမယ့် မိုင်ထောင်ချီအရပ်ကို ရွက်လွှင့်နေရင်း သူတို့ရင်ဆိုင်ရမယ့် ရန်သူတွေကတော့ မုန်တိုင်းတွေ ငါးမန်းတွေ ငတ်မွတ်မှုဘေးနဲ့ အချင်းချင်း ကိုယ်တိုင်ပါပဲ  
0 /0
ABCs of Death 2 (2014) DVDRip
10
DVD Rip
ABCs of Death 2 (2014) DVDRip
ဇာတ်ကားနာမည်ကိုက ABCs of Death တဲ့ သေခြင်းပေါင်းစုံကို ဒီကားလေးကြည့်ပြီး သင်လိုက်ပါဦး ဒါရိုက်တာ ၂၆ယောက်က ရက်စက်တဲ့ ရင်သပ်ရှုမောစရာ ရိုက်ချက်တွေ ကြမ်းတမ်းမှုတွေနဲ့ သေခြင်းပေါင်း ၂၆ မျိုးကို ရိုက်ပြထားတာပါ။ တစ်ချို့အခန်းတွေက ရီလဲရီရသလို တစ်ချို့အခန်းတွေကျလဲ အတော်လေးလန့်ဖို့ကောင်းပါတယ်။ ဇာတ်ကားကိုက ပရိသတ်ကိုအချိုကျွေးလိုက် အခါးကျွေးလိုက်နဲ့ ကလိနေတာဖြစ်လို့ ကြည့်ရင်းနဲ့  အသဲယားလာမယ့်ကားဆိုတာ အမှန်ပါပဲခင်မျာ။  
10 /1
A Good Marriage (2014) DVDRip 720p
10
DVD Rip
A Good Marriage (2014) DVDRip 720p
The Shawshank Redemption လိုမျိုး ဇာတ်ကားကောင်းတွေ 1408 လို Triller အလန်းစားတွေ The Green Mile လို ဇာတ်ကားအနှစ်ကြီးတွေ ကို ရေးခဲ့တဲ့ စာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုကို ရိုက်ကူးထားတဲ့ကားအမိုက်စားလေးဖြစ်ပါတယ် Thriller ကြိုက်တဲ့သူတွေအတွက်တော့ ရှယ်ပဲပေါ့ဗျာ ဇာတ်လမ်းပုံစံလေးကတော့ အမျိုးသမီးတစ်ယောက် ယောက်ျားတစ်ယောက်နဲ့  လက်ထက်ပြီး ၂၅နှစ်ကြာ ပြီးမှ သူ့ယောက်ျားရဲ့ ယုတ်မာတဲ့ လျှို့ဝှက်ချက်ကို သိခဲ့သွားတာကို ရိုက်ပြထားတာပါ.. ဘယ်လိုမျိုးသိခဲ့လဲ ဘာလျှို့ဝှက်ချက်လဲ သိချင်ရင်တော့ ဒီကားလေးမှာ ကြည့်ရှု့ခံစားကြည့်ကြပါ  
10 /1
Dragon Nest: Warriors’ Dawn (2014)
0
Dragon Nest: Warriors’ Dawn (2014)
Altera တိုင်းပြည်ကြီးက လူသားတွေကြားထဲကမှ ဒဏ္ဍာရီနဂါးနက်ကြီးကို သစ္စာခံထားတဲ့ Elves နဲ့ Evil ဆိုတဲ့ သတ္တဝါကြီး၂ကောင်ရဲ့ မလွယ်ကူတဲ့ငြိမ်းချမ်းရေးနဲ့ နှစ်ပေါင်းများစွာ ကြည့်ရှုခံနေရပါတယ် သို့ပေမဲ့ နဂါးနက်ကြီးက သတ္တဝါကြီး၂ကောင်ကို Alteraတိုင်းပြည်ဆီ ဖြတ်ကျော်ချီတက်ဖို့ စေလွှတ်ရင်း သူ့ရဲ့ဆောင်းခိုနေရာကနေ မွှေဖို့စတင်လိုက်ပါတယ် Evil ရဲ့အောင်မြင်မှုက ဘေးသင့်ခါနီးဖြစ်သွားတဲ့အခါ Elvis နဲ့ လူသားအုပ်စုအနည်းငယ် အတူပေါင်းပြီး နဂါးနက်ကြီရဲ့ဂူဆီသွားတဲ့ ဖုံးကွယ်ထားသောလျှို့ဝှက်လမ်းကို ရှာဖွေဖို့နဲ့ ဖျက်ဆီးပစ်ဖို့ ကြိုးစားကြပါတော့တယ် ဒါပေမဲ့ သူတို့အားလုံးရဲ့ ကံတရားက ငယ်ရွယ်တဲ့စစ်သည်တော်လေး Lambert ရဲ့လက်ထဲမှာ ရှိနေနိုင်ပါတယ် Lambert ကတော့ အားလုံးရှုံးသွားမယ်ဆိုရင်တောင် သူ့ရဲ့စွမ်းရည်နဲ့ ယုံကြည်မှုတွေကို ဆင့်ခေါ်ပြီး နဂါးနက်ကြီးနဲ့ သူကိုယ်တိုင် ရင်ဆိုင်ရမှာဖြစ်ပါတယ် သူတို့အားလုံး နဂါးနက်ကြီးကို အနိုင်ယူနိုင်မှာလား Elvis နဲ့ Evil ကရော နဂါးနက်ကြီးကို ဘာလို့သစ္စာဖောက်ခဲ့ကြတာလဲ ဆိုတာကို ခံစားကြည့်ကြပါ။  
0 /0
Hercules (2014) 1080p
10
1080p
Hercules (2014) 1080p
နတ်မင်းရဲ့သားတော် ခွန်အားအကြီးဆုံးလူသား ဟာကျူလီ.... သူ့ကို ဇာတ်ကားအမျိုးမျိုး Version အမျိုးမျိုးမှာ မင်းသားအမျိုးမျိုးနဲ့ အသက်သွင်းခဲ့ကြပါတယ်။ ဒီတစ်ခါတော့ Smart down လောကကနေ မင်းသားအဖြစ် အောင်မြင်လာပြီး ဝင်ငွေအများဆုံးမင်းသားဖြစ်လာတဲ့ ဒဝိန်းဂျွန်ဆင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီကားလေးမှာ ဒဝိန်းဂျွန်ဆင်ရဲ့ ခပ်မိုက်မိုက် Bodyနဲ့ ခွန်အားကြီးတဲ့ ဟာကျူလီဇာတ်ရုပ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကတော့ ဟာကျူလီရဲ့ မိန်းမနဲ့ကလေးတွေသေပြီးနောက် ပိုင်းမှာ ဇာတ်အိမ်တည်ထားပြီး ဟာကျူလီ သူ့အဖွဲ့နဲ့အတူ ကြေးစားလုပ်တဲ့ ပုံစံနဲ့ အသက်သွင်းထားပါတယ်။ ဂရိကား ကောင်းကောင်းကြိုက်တဲ့လူတွေ Mythology fanတွေ အပြင် Actionကားကြိုက်တဲ့လူတွေလည်း လက်မနှေးပဲ ကြည့်သင့်တဲ့ ကားကောင်းတစ်ခုဖြစ်ပါတယ်။
10 /2

Facebook