2013
Kill Your Darlings (2013)
0
1080p
Kill Your Darlings (2013)
1940အစောပိုင်းကာလမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုတစ်ခုကိုကျူးလွန်ခဲ့တဲ့ နာမည်ကြီးကဗျာဆရာ ၃ယောက် အကြောင်းကိုခံစားရမှာပါ စိတ်ကူးအသစ်တွေနဲ့ စိတ်ခေါ်မှုအသစ်တွေကိုရင်ဆိုင်မဲ့ ကဗျာဆရာ ၃ယောက်ကတော့ Allen Ginsberg, Jack Kerouac နဲ့ William Burroughs တို့ပဲဖြစ်ပါတယ် Harry Potter မင်းသား Daniel Radcliffe ကိုမျက်မှန်လေးနဲ့ ကလေးရုပ်မပျောက်ဘဲ တွေ့ရမဲ့ဇာတ်ကားဖြစ်ပါတယ် IMDb: 6.5 Director: John Krokidas Stars: Daniel Radcliffe, Dane DeHaan, Michael C. Hall Genre: Biography, Drama, Romance File size: 1.1gb,500mb Link type: soliddrive  
0 /0
Horns (2013)
0
1080p
Horns (2013)
မြို့ငယ်လေးတစ်ခုမှာနေထိုင်တဲ့ Ig Perrish ဆိုတဲ့ ကောင်လေးရဲ့ချစ်သူ Merrin Williams ရက်စက်စွာအသတ်ခံရပြီးနောက် Ig ရဲ့မိဘတွေကအစ သူသတ်တယ်လို့ သံသယဝင်နေကြပါတယ် သူနဲ့ငယ်ငယ်ထဲကပေါင်းလာတဲ့ Lee ဆိုတဲ့ရှေ့နေကလွဲလို့ Ig ကိုဘယ်သူမှမယုံကြပါဘူး မကြာခင် Ig ရဲ့ခေါင်းမှာ ထူးဆန်းတဲ့ဂျို၂ချောင်းပေါက်လာပြီး လူတွေက သူတို့စိတ်ထဲက မကောင်းတဲ့အရာမှန်သမျှကို Ig ရှေ့မှာ ဝန်ခံကြပါတော့တယ် ဒီလိုနဲ့ ဂျို၂ချောင်းရဲ့အစွမ်းကိုသုံးပြီး ချစ်သူကိုသတ်သွားတဲ့ လူသတ်သမားကို Ig ဘယ်လိုရှာဖွေမှာလဲ ဂျိုတွေကရောဘာလို့ပေါက်လာရတာလဲ Ig ကသာမန်လူရောဟုတ်ရဲ့လား Harry Potter မင်းသားချောလေး  Daniel Radcliffe က Ig Perrish အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်   IMDb: 6.5 Director: Alexandre Aja Stars: Daniel Radcliffe, Juno Temple, Max Minghella Genre: Drama, Fantasy, Horror File size: 1gb,580mb Link type: soliddrive,openload  
0 /0
Enemy Empire (2013)
1
1080p
Enemy Empire (2013)
သဲကန္တာရထဲမှာ အရာရာဆုံးရှုံးထားတဲ့လူတယောက်က အန္တာရာယ်အခက်အခဲတွေကိုဖြတ်ကျော်ပြီး လူနှစ်ယောက်ကိုလိုက်ရှာတဲ့အကြောင်းကို အသားပေးရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ် သူ့လမ်းခရီးမှာ ဘယ်သူကကူညီပေးလို့ ဘယ်လိုအောင်မြင်သွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ IMDb - 3.1 Director: Michael Ryan Hahn Stars: Tristan James Butler, Elisabeth Meurer, Morgan Roberts Genre: Adventure, Fantasy, Sci-Fi File size: 1gb,470mb Link type: soliddrive,openload  
1 /1
The Invisible Woman (2013)
0
720p
The Invisible Woman (2013)
A Christmas Carol ဆိုတဲ့ နာမည်ကြီးဝတ္ထုရဲ့ စာရေးဆရာ ချားလ်စ်ဒစ်ကန်ကို လူတိုင်းသိကြမှာပါ သူ့ဘဝအကြောင်း ရုပ်ရှင်ကားတွေလဲ ထွက်ရှိထားပါတယ် ဒီတစ်ခေါက်ရုပ်ရှင်ကတော့ ချားလ်စ်ဒစ်ကန်ရဲ့ လူမသိသူမသိ တိတ်တိတ်ပုန်းချစ်သူကောင်မလေး အယ်လန်တာနန်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် 1850ကာလမှာ အယ်လန်က အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နာမည်ကြီးစာရေးဆရာ ချားလ်ရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့သူလေးဖြစ်ပါတယ် သမားရိုးကျဖြစ်လွန်းတဲ့ ဇနီးဖြစ်သူကို ငြီးငွေ့လာတဲ့ ချားလ်တစ်ယောက် မင်းသမီးငယ်လေး အယ်လန်နဲ့ တိတ်တိတ်ပုန်းချစ်သူတွေအဖြစ် သူ့ရဲ့နောက်ဆုံးထွက်သက်အထိ တွဲခဲ့ပါတယ် ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းပြီး ကိုယ်ပျောက်အမျိုးသမီးတစ်ယောက်လို နေထိုင်ဖို့ အယ်လန်တစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာ ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ် IMDb: 6.2 Director: Ralph Fiennes Stars: Ralph Fiennes, Felicity Jones, Kristin Scott Thomas Genre: Biography, Drama, History File size: 1gb,540mb Link type: soliddrive,openload Subtitles by www.khitmarket.com  
0 /0
Afternoon Delight (2013)
0
720p
Afternoon Delight (2013)
ရေချယ်ဟာ ဟာသညဏ်ရွှင်ပြီး ချစ်ဖို့ကောင်းတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ ကလေးတွေထိန်းကျောင်းရင်း လိင်ပိုင်းဆိုင်ရာသာယာမှုမရှိတော့တဲ့ ရေချယ် တဖြည်းဖြည်း စိတ်ပျက်လာပါတော့တယ် ထို့နောက် ရေချယ်ဟာ သူမရဲ့ အိမ်ထောင်ရေးကို ပိုမိုသာယာလာစေဖို့ အဖော်အချွတ်ကလပ်တစ်ခုကိုသွားရောက် လေ့လာခဲ့ပါတယ် အဲ့ဒီမှာပဲ မက်ကန်နာ ဆိုတဲ့ အဖော်အချွတ်မယ်လေးနဲ့​တွေ့မိပြီး သူမကို ကလေးထိန်းဖို့ နာနီအဖြစ် အိမ်ပေါ်ခေါ်တင်လိုက်တဲ့အခါမှာတော့.........   IMDB: 5.8 Director: Jill Soloway Writer: Jill Soloway Stars: Kathryn Hahn, Josh Radnor, Juno Temple Genres: Comedy, Drama File Size: 770mb/ Translated by Waihan Lin Htin Encoded by Myo Khant  
0 /0
Atlantis (TV Series 2013–2017) Season 02
9
Atlantis (TV Series 2013–2017) Season 02
Season 1 နောက်ဆုံးမှာ ပါစီဖုန်းကိုနယ်နှင်ဒဏ်ပေးလိုက်ပြီး မကြာခင်မှာ ဘုရင်မိုင်နော့စ် ကွယ်လွန်သွားပါတယ် အေရီယာနီလဲဘုရင်မ ဖြစ်သွားပြီး တိုင်းပြည်ကိုအုပ်ချုပ်နေတာ တစ်နှစ်လောက်ရှိနေပါပြီ နယ်နှင်ဒဏ်ပေးခံထားရတဲ့ ပါစီဖုန်းက တနှစ်လုံးလုံးတိတ်တဆိတ်လူစုနေခဲ့ပြီး အတ္တလန်တစ်ကိုဝင်သိမ်းဖို့ ကြိုးစားနေပါတယ် မင်းသမီးဘဝထဲက ဂျေဆင်နဲ့မနီးစပ်ခဲ့တဲ့ အေရီယာနီကတော့ ဘုရင်မ ဖြစ်သွားပြီးနောက်မှာ အချစ်ရေးထက် တိုင်းပြည်ရေးကိုသာပိုဦးစားပေးနေတာကြောင့် ဂျေဆင်နဲ့ဝေးမြဲဝေးနေဆဲပါပဲ ဟာကျူလီ ဂျေဆင်နဲ့ ပိုက်သာဂိုရက်တို့ရဲ့ သံယောဇဉ်တွေကတော့ ပိုပိုပြီးခိုင်မြဲလာတာကိုတွေ့ရမှာပါ season 1နဲ့မတူဘဲ အလှည့်အပြောင်းများစွာပါဝင်နေတာကို ကြည့်ရှုရမှာဖြစ်ပါတယ် IMDb: 6.7 Genre: Adventure, Drama, Fantasy Duration: 45mins Translator: ZERO KyawSoeLwin Editor: Zon Myat Noe Swe  
9 /2
Random Encounters (2013)
0
HD rip
Random Encounters (2013)
LA ကကော်ဖီဆိုင်လေးတစ်ခုမှာ ကံကြမ္မာအခွင့်အရေးပေးတဲ့တစ်နေ့ အချစ်စစ်တစ်ခုမွေးဖွားလာခဲ့တယ် ဒီအချစ်စစ်လေးကို နှစ်ဖက်အသိုင်းအဝိုင်းတွေနဲ့ အသက်မွေးဝမ်းကြောင်းကြားမှာ မပျက်စီးသွားအောင် ထိန်းသိမ်းကာကွယ်ရမဲ့ ချစ်သူနှစ်ဦးအကြောင်းကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ် IMDb: 4.9 Director: Boris Undorf Stars: Sean Young, Meghan Markle, Michael Rady Genre: Comedy File size: 450mb Link type: soliddrive Translated by MMsubtitles Encoded by Zon Myat Noe Swe Reviewed by Zon Myat Noe Swe  
0 /0
The Counselor (2013)
0
720p
The Counselor (2013)
ချမ်းသာပြီးအောင်မြင်နေတဲ့ ရှေ့နေတစ်ယောက်(အကြံပေးပုဂ္ဂိုလ်)က မကြာခင်မှာ သူ့ရဲ့သတို့သမီးလောင်းလေးနဲ့ လက်ထပ်တော့မှာပါ ဒါပေမဲ့ သူ့ရဲ့အမှုသည်ထဲကတစ်ယောက်ဖြစ်တဲ့ မှောင်ခိုသမားရဲ့ မူးယစ်ဆေးအမှုထဲ ဝင်ပါမိသွားပြီး သူ့ကိုယ်တိုင်သာမက သူ့ရဲ့သတို့သမီးလောင်းကိုပါ အသက်အန္တရယ်ခြိမ်းခြောက်လာတဲ့အခါ ဒီမူးယစ်ဆေးအမှုရဲ့နောက်ကွယ်က အမှန်တရားကို ရှာဖွေဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ် IMDb: 5.3 Director: Ridley Scott Stars: Michael Fassbender, Penélope Cruz, Cameron Diaz Genre: Crime, Drama, Thriller File size: 1.1gb,672mb Link type: soliddrive,openload
0 /0
Pioneer (2013)
0
1080p
Pioneer (2013)
80ခုနှစ်အစောပိုင်းကာလ နော်ဝေးဆီတော်လှန်ရေးဖြစ်ကာစ.... အမျိုးမျိုးသောဆီနဲ့ဓာတ်ငွေ့တွေကို မြောက်ပင်လယ်မှာရှာဖွေတွေ့ရှိခဲ့ကြပြီး အာဏာပိုင်တွေက မီတာ၅၀၀နက်တဲ့ပိုက်လိုင်းတွေကနေတဆင့် ဆီတွေထုတ်ဖို့ရည်ရွယ်ထားကြပါတယ် ပီတာဆိုတာ ကျွမ်းကျင်တဲ့ကားဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အန္တရယ်အများဆုံးအလုပ်ကို လုပ်ဖို့တာဝန်ပေးလိုက်ခံလိုက်ရပါတော့တယ် ဒီတာဝန်က ဘာဖြစ်မလဲ ပီတာအောင်မြင်ပါ့မလား IMDb: 5.6 Director: Erik Skjoldbjærg Stars: Aksel Hennie, Wes Bentley, Stephen Lang Genre: Thriller File size: 1gb,530mb Link type: soliddrive,openload
0 /0
Jack the Giant Slayer (2013)
7
1080p
Jack the Giant Slayer (2013)
ငယ်ငယ်ကကြားဖူးခဲ့တဲ့ ပဲပင်ကြီးနဲ့လူငယ်လေးဆိုတဲ့ပုံပြင်ကို အနည်းငယ်မွန်းမံရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ ဂျက်ဆိုတဲ့ကောင်လေးက ဦးလေးဖြစ်သူနဲ့အတူနေထိုင်ပြီး တနေ့မှာသူ့ဦးလေးက မြို့ထဲမှာမြင်းသွားရောင်းဖို့ ဂျက်ကိုစေလွှတ်လိုက်ပါတယ် ထိုနေ့မှာပဲ မင်းသမီးလေးအစ္စဘယ်နဲ့ အမှတ်မထင်တွေ့ဆုံပြီး ဂျက်ကစွဲလမ်းမိသွားပါတယ် လယ်ယာအတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ မြင်းရောင်းနေတဲ့ဂျက်ဆီက ဘုန်းတော်ကြီးတပါးက မြင်းလာဝယ်သွားပါတယ် ပိုက်ဆံပေးပြီးဝယ်သွားတာမဟုတ်ဘဲ ပဲစေ့အနည်းကိုသာ မြင်းဖိုးအဖြစ်ဂျက်ရရှိလိုက်ပါတယ် လက်ဗလာနဲ့အိမ်ပြန်လာတဲ့ဂျက်ကို ဦးလေးဖြစ်သူကစိတ်ဆိုးပြီး သူယူလာတဲ့ပဲစေ့တွေကို အိမ်အောက်ထဲလွှင့်ပစ်လိုက်ပါတော့တယ် ထိုနေ့ညမှာပဲ မိုးသည်းထန်းစွာရွာသွန်းပြီး မင်းသမီးအစ္စဘယ်ကလဲ သူမအဖေဘုရင်ကြီးနဲ့စိတ်ဆိုးပြီး နန်းတော်ထဲကထွက်ပြေးလာကာ ဂျက်ရဲ့အိမ်မှာမိုးခိုဖို့အကူညီတောင်းလိုက်ပါတယ် ထိုအချိန်မှာ မိုးရေထိသွားတဲ့ပဲစေ့တွေက အလွန်တရာကြီးထွားလာပြီး ကောင်းကင်ပေါ်အထိထိုးဖောက်သွားပါတော့တယ် ပဲပင်ကြီးနဲ့အတူ ကောင်းကင်ပေါ်ပါသွားတဲ့မင်းသမီးကို ကယ်တင်ဖို့ဂျက်နဲ့ မင်းမှုထမ်းတွေဘယ်လိုကြိုးစားကြမှာလဲ ဘီလူးသတ္တဝါကြီးနေထိုင်တဲ့ ကောင်းကင်ပေါ်ကိုရောက်သွားတဲ့ အစ္စဘယ်ကရော အန္တရာယ်ကင်းပါ့မလား ဘီလူးကြီးတွေက ပဲပင်ကြီးတွေကိုသုံးပြီး လူတွေနေတဲ့မြေပြင်ပေါ်အထိ ဆင်းလာကြတဲ့အခါ နန်းတော်နဲ့တိုင်းသူပြည်သားတွေကို ကာကွယ်ပေးမဲ့ ကယ်တင်ရှင်ကဘယ်သူဖြစ်လာမှာလဲ ဒီလိုစိတ်ဝင်စားစရာမေးခွန်းပေါင်းများစွာကို X-men ထဲမှာ Beast မင်းသားချောလေး Nicholas Hoult ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးထဲမှာကြည့်ရှုနိုင်ပါတယ် imdb - 6.3 Director: Bryan Singer Stars: Nicholas Hoult, Stanley Tucci, Ewan McGregor Genre: Adventure, Fantasy File ...
7 /3
Aurangzeb (2013)
1
720p
Aurangzeb (2013)
မွေးကထဲကကွဲကွာသွားတဲ့ အမွှာညီအကိုနှစ်ယောက်... ရဲမိသားစုတစ်စု.... ဂိုဏ်းစတားမိသားစုတစ်စု.... မိသားစုနှစ်ခုကြားကပြင်းထန်တဲ့အားပြိုင်မှုတွေ... ဒုစရိုက်မှုတွေနဲ့ပြည့်နေတဲ့ မြို့ငယ်လေး... သူတို့ဘာတွေဆက်ဖြစ်ကြမှာလဲ...??? မင်းသားချော Arjun Kapoor က နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ် IMDb: 6.6 Director: Atul Sabharwal Stars: Arjun Kapoor, Sasha Aagha, Prithviraj Sukumaran Genre: Action, Drama, Thriller File size: 980mb,650mb Link type: soliddrive,openload Encoder: Zon Myat Noe Swe  
1 /1
CBGB (2013)
10
1080p
CBGB (2013)
CBGB ဆိုတာ 1970လောက်မှာ ဟေလီခရစ္စတယ်ဆိုတဲ့ တစ်ခုလပ်တစ်ယောက်ပိုင်တဲ့ ကလပ်တစ်ခုဖြစ်ပါတယ် CBGB ကတနေ့မှာ underground rock 'n roll နဲ့ punk ဂီတတို့မွေးဖွားရာ နေရာတစ်ခုဖြစ်လာခဲ့ပါတယ် ခရစ္စတယ်က သူ့ကလပ်မှာဖျော်ဖြေဖို့ တေးဂီတအဖွဲ့တွေလိုက်လံငှားရမ်းခဲ့ပေမဲ့ အဆင်မပြေခဲ့တဲ့အတွက် rock ဆိုတဲ့ဂီတအသစ်ကို ကလပ်မှာစတင်လက်ခံလိုက်ပါတယ် အဲ့ဒီနောက်ပိုင်းမှာ ဟေလီခရစ္စတယ်က punk ဂီတကို လမ်းဖွင့်ပေးပြီး အနုပညာရှင်တိုင်းကို မြေတောင်မြှောက်ပေးခဲ့ပါတယ် ထို့နောက်မှာ ယနေ့ခေတ် punk ဂီတရဲ့ခေါင်းကိုင်ဖခင်တစ်ဦးဖြစ်လာပါတော့တယ် ဒီဇာတ်ကားထဲမှာ သီချင်းပေါင်းများစွာထည့်သွင်းထားပြီး 2016မှာကွယ်လွန်သွားခဲ့ပြီဖြစ်ပေမဲ့ Harry Potter fan တို့ရင်ထဲမှာအမြဲရှိနေမဲ့ Alan Rickman ကခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားပါတယ် IMDb: 6.6 Director: Randall Miller Stars: Alan Rickman, Malin Akerman, Justin Bartha Genre: Drama, Music File size: 950mb,500mb Link type: soliddrive,openload  
10 /1
The Lunchbox (2013)
9.5
1080p
The Lunchbox (2013)
Fernandes ဆိုသူက အထီးကျန်မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီတစ်ခုက accounting ဌာနမှာအလုပ်လုပ်ကိုင်ပါတယ် သူကမကြာခင် အငြိမ်းစားယူတော့မှာဖြစ်ပြီး မိဘမဲ့တစ်ယောက်ဖြစ်တဲ့ Shaikhကို သူ့နေရာကိုလွှဲပြောင်းပေးဖို့ သဘောတူထားပါတယ် တရက်မှာ သူ့ဆီကို ထမင်းချိုင့်တစ်ခုက လိပ်စာမှားရောက်လာပြီး အဲ့ဒါက Ila ဆိုတဲ့အိမ်ရှင်မတစ်ဦးက သူ့ယောက်ျားဆီကို အမြန်ချောပို့နဲ့ပို့လိုက်တဲ့ ထမင်းချိုင့်ဖြစ်နေပါတယ် Fernandes ကတော့ သူဝယ်စားနေကျဆိုင်က လက်ရာပိုကောင်းလာတယ်လို့ပဲ ထင်နေခဲ့ပါတယ် နောက်တရက်မှာတော့ ထမင်းချိုင့်ထဲမှာ စာလေးတစ်စောင်နဲ့အတူ Fernandes ဆီရောက်ရှိလာပါတယ် နောက်ပိုင်းမှာ Fernandes နဲ့ Ila တို့က စာတွေကတဆင့် အဆက်အသွယ်လုပ်ခဲ့ကြပါတော့တယ် Ila ကသူ့ယောက်ျားကို နောက်မီးလင်းနေတယ်လို့သံသယဝင်လာပြီး Fernandes နဲ့တိုင်ပင်ဖို့ စားသောက်ဆိုင်တစ်ခုမှာချိန်းလိုက်တယ် သူတို့နှစ်ယောက်ဆုံတဲ့အခါ ဘာတွေဆက်ဖြစ်လာမှာလဲ IMDb: 7.8 Director: Ritesh Batra Stars: Irrfan Khan, Nimrat Kaur, Nawazuddin Siddiqui Genre: Drama,Romance File size: 980mb,480mb Link type: soliddrive,openload  
9.5 /2
Iron Man 3 (2013)
0
1080p
Iron Man 3 (2013)
When Tony Stark's world is torn apart by a formidable terrorist called the Mandarin, he starts an odyssey of rebuilding and retribution.    
0 /0
Aashiqui 2 (2013)
9
1080p
Aashiqui 2 (2013)
IMDb - 7.0 Director: Mohit Suri Stars: Aditya Roy Kapoor, Shraddha Kapoor, Shaad Randhawa Genre: Drama,Music File size: 1.5gb,640mb Link type: soliddrive,openload Rahul ဆိုတာ အလွန်အောင်မြင်နေတဲ့ တက်သစ်စအဆိုတော်ကောင်လေးတယောက်ပါ အောင်မြင်လာပြီဆိုရင် ထုံးစံအတိုင်း ပျက်စီးတတ်တဲ့လူငယ်တွေရဲ့ သဘာဝအရ Rahul ကလဲ မူးယစ်ဆေးတွေ အရက်တွေသောက်ပြီး ပျက်စီးလာတဲ့အခါ ပရိတ်သတ်တွေရဲ့အားပေးမှုက အလိုလိုလျော့သွားပါတော့တယ် တညမှာတော့ အရက်ဆိုင်တဆိုင်မှာ Rahul အရက်သောက်နေတုန်း Aarohi ဆိုတဲ့ စင်တင်အဆိုတော် ကောင်မလေးတယောက်က Rahul ရဲ့သီချင်းကိုဆိုနေတာကို Rahul ကြားသွားပြီး ကောင်မလေးရဲ့အသံကိုအတော်လေးသဘောကျသွားပါတယ် နောက်ပိုင်း Rahul က ကောင်မလေးကိုမွန်ဘိုင်းခေါ်သွားပြီး နာမည်ကြီးအဆိုတော်တယောက်ဖြစ်အောင် အစစအရာရာကူညီပေးလိုက်တဲ့အခါ နဂိုပါရမီအခံရှိထားတဲ့ Aarohi က အချိန်ခဏလေးအတွင်းမှာ အောင်မြင်သွားပါတော့တယ် အနေနီးတာကြာလာတဲ့အခါ သူတို့နှစ်ဦးက သိပ်ချစ်ကြတဲ့ချစ်သူတွေ ဖြစ်သွားခဲ့ကြတယ် ဒါပေမဲ့ ...
9 /1
Pacific Rim (2013)
10
1080p
Pacific Rim (2013)
IMDb: 6.9 Director: Guillermo del Toro Stars: Idris Elba, Charlie Hunnam, Rinko Kikuchi Genre: Action,Adventure,Sci-fi File size: 1.5gb,630mb Link type: soliddrive,openload Kaiju လို့ခေါ်တဲ့ ရေနေမကောင်းဆိုးဝါးတွေက ပင်လယ်ထဲကနေ ကုန်းပေါ်တက်လာပြီး လူသားတွေကိုရန် ရှာတဲ့အခါ လူအသက်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတွေ ကမ္ဘာနဲ့ချီပြီးဖြစ်ပေါ်ခဲ့ပါတယ် ဒီမကောင်းဆိုးဝါးတွေကို အနိုင်ယူဖို့ Jaeger လို့ခေါ်တဲ့စက်ရုပ်တွေကို အမေရိကန်တွေကတီထွင်လိုက်ကြပြီး ဒီစက်ရုပ်ကို လူ၂ယောက်ထိန်းရပါတယ် စက်ရုပ်ရဲ့အတွင်းခန်းကနေ ပိုင်းလော့၂ယောက်ကထိန်းချုပ်ပြီး Kaiju တွေကိုတိုက်ခိုက်ရတာဖြစ်ပါတယ် ယခင်ပိုင်းလော့ဟောင်း (Charlie Hunnam) နဲ့ လေ့ကျင့်ရေးပိုင်းလော့လေး (Rinko Kikuchi)တို့နှစ်ယောက်တွဲပြီး Kaiju တွေကိုနှိမ်နင်းနိုင်ပါ့မလား  
10 /1
Snowpiercer (2013)
0
1080p
Snowpiercer (2013)
Director: Joon Ho Bong (as Bong Joon Ho) Stars: Chris Evans, Jamie Bell, Tilda Swinton Genre:Action, Drama, Sci-Fi Duration:126 min IMDb :7/10 Rotten Tomatoes:95% Metacritic:84% Captain America ကြီး Chris Evans ကို ဒီကားနဲ့စသိပြီးစကြိုက်တယ်လို့ပြောရမယ် ၂၀၁၃ တုန်းကတော့တော်တော်ပေါက်တဲ့ကားပေါ့။ ခုနှစ် ၂၀၃၁ မှာကမ္ဘာတစ်ခုလုံးအေးခဲပြီးနေရာတစ်ကာရေခဲပြင်တွေဖြစ်သွားတယ်။ ဒါပေမယ့်ထာဝရလည်ပတ်နေတယ်ဆိုတဲ့ရထားကြီး Snowpiercer ပေါ်မှာတော့အသက်ရှင်ကျန်ရစ်သူတွေကျန်ရစ်ခဲ့တယ် ၁၇ နှစ်လောက်ကြာပြီးကျန်ရစ်သူတွေရှိနေတဲ့ရထားပေါ်ကအကြောင်းကိုဇာတ်အိမ်တည်ထားတယ်။အသက်ရှင်သူတေဆိုပေမယ့် ရထားပေါ်မှာအခွင့်အရေးတန်းတူမရဘဲ ရထားနောက်ဆုံးတွဲကအဆင့်အနိမ့်ဆုံး ရှေ့တွဲရောက်လေပိုအဆင့်မြင့်လေပဲ။Chris ခေါင်းဆောင်တဲ့အဖွဲ့ကအဆင့်နိမ့်အတွဲမှာ ဆာလောင်မှုသိပ်မှုတွေ ဆင်းရဲစုတ်ပြတ်မှုတွေကြောင့် ရထားနောက်ဆုံးတွဲကနေ ရှေ့ဆုံးတွဲအဆင့်အမြင့်ဆုံးခေါင်းတွဲဆီရောက်အောင်သွားဖို့ကြိုးစားတဲ့အခါ ကြားထဲကအတွဲတွေမှာလူသတ်ပွဲတွေ ထူးခြားတဲ့အခန်းတွေနဲ့ နောက်ဆုံးမထင်မှတ်ထားတာတွေဖြစ်လာတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲဒေါင်းကြည့်လိုက်ကြပါ။  
0 /0
Atlantis (TV Series 2013–2017) Season 01 Complete
10
Atlantis (TV Series 2013–2017) Season 01 Complete
Merlin လို စိတ်ကူးယဉ်မှော်ဇာတ်လမ်းမျိုး ကြိုက်နှစ်သက်သူတွေအတွက် Atlantis ဆိုတဲ့ စိတ်ကူးယဉ်ဆန်စီးရီးလေးကို မိတ်ဆက်ပေးလိုက်ပါတယ် ဒီစီးရီးလေးထဲမှာတော့ ရှေးခေတ်ဂရိနတ်ဘုရားတွေနဲ့ မှော်ဝင်သတ္တဝါဆန်းတွေ ပါဝင်ပြီး စွန့်စားခန်းကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်သင့်တဲ့စီးရီးလေးပါ ဂျေဆင်ဆိုတဲ့ ကောင်လေးက အဖေဖြစ်သူရေငုပ်သင်္ဘောနဲ့ပျောက်ဆုံးသွားတာကို လိုက်ရှာဖို့ ပင်လယ်ထဲဆင်းသွားရင်း ရေအောက်မှာပျောက်ဆုံးနေတဲ့ ရှေးခေတ်အတ္တလန်တစ်မြို့တော်ကြီးဆီ မှော်ဆန်စွာရောက်ရှိသွားပါတယ် အတ္တလန်တစ်ကိုရောက်တဲ့အခါ တချိန်မှာ ဂန္တဝင်တွင်လာမဲ့ လူသား၂ဦးဖြစ်တဲ့ ပိုက်သာဂိုရက်နဲ့ ဟာကျူလီတို့က ဂျေဆင်နဲ့တွေ့ဆုံသွားပြီး ဂျေဆင်ရဲ့အဖေကိုရှာဖို့ ကူညီပေးကြပါတော့တယ် အဖေရှာပုံတော်ဖွင့်တဲ့ ဂျေဆင်က အတ္တလန်တစ်ရဲ့ အရေးပါသူတစ်ယောက်ဖြစ်နေပြီး ရက်စက်တဲ့ဘုရင်ရဲ့သမီးတော်လေးက ဂျေဆင်ကို မေတ္တာသက်ဝင်သွားပါတော့တယ် တဖက်မှာလဲ မင်းသမီးရဲ့မိထွေးဖြစ်တဲ့ ပါစီဖုန်းက သူ့တူနဲ့လက်ထပ်ပေးဖို့ မင်းသမီးလေးကို အတင်းအကျပ်တိုက်တွန်းနေပါတယ် ရှေ့ဖြစ်ဟောမှာပါတဲ့ ဂျေဆင်ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ နတ်ဘုရားတွေကတောင် ကြောက်ရတဲ့ ဂျေဆင်က သာမန်လူဖြစ်နိုင်ပါ့မလား ဂျေဆင်နဲ့ သူ့အဖေပြန်တွေ့နိုင်ပါ့မလား ဒါတွေသိချင်ရင်တော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ ဘာသာပြန်ပေးသူကတော့ ZERO KyawSoeLwin ဖြစ်ပါတယ်။    
10 /3
Bushido Man (2013)
0
720p
Bushido Man (2013)
စစ်သည်တော်တို့လမ်းကြောင်းကိုလိုက်တဲ့ ကွန်ဖူးသမား တိုရာမူရူးဟာ ကွန်ဖူးပညာရှင် ခုနှစ်ယောက်နဲ့တိုက်ခိုက်ဖို့ တစ်မြို့ပြီးတစ်မြို့ ခရီးဆက်ခဲ့ပါတယ်။ တစ်ယောက်ချင်းစီကိုဘယ်လိုအနိုင်ယူမလဲဆိုတာ ဒေါင်းကြည့်လိုက်ကြပါ..  
0 /0
Justice League: The Flashpoint Paradox (2013)
10
720p
Justice League: The Flashpoint Paradox (2013)
DC ရဲ့ နာမည်ကျော် Comics တစ်ပုဒ်ကို Animated Movie အဖြစ် အသက်သွင်းထားတဲ့ ဇာတ်လမ်းလေးပါ။ Comic Fan အများစုရဲ့ သဘောကျမှုကို ရရှိထားတာမို့လို့ အားလုံးသဘောကျကြမှာပါ။ ရုပ်ရှင်လောကမှာ နယ်ပယ်ချဲ့ထွင်လာတဲ့ DCEU ဟာ 2019 မှာ Flashpoint ကို ရုပ်ရှင်အဖြစ်အသက်သွင်းမယ် ဆိုပြီး ကြေငြာထားတာမို့လို့ Flashpoint ရဲ့ အကြောင်းကို ချိတ်ဆက်နားလည်မိစေရန်နဲ့ DC Fan တွေရဲ့ တောင်းဆိုမှုကြောင့် ဒီ Animated Movie လေးကို ဘာသာပြန်တင်ပြပေးထားတာပဲဖြစ်ပါတယ်။ Justice League အဖွဲ့ဝင်ဖြစ်တဲ့ Barry Allen (a.ka) The Flash ရဲ့မိခင်ဟာ သူကလေးဘဝမှာပဲ သေဆုံးခဲ့ရပါတယ်။ သူ့ရဲ့မိခင်ကိုကယ်တင်ဖို့အတွက် အချိန်နောက်ပြန်သွားကာ မိခင်ဖြစ်သူရဲ့သေဆုံးမှုကိုတားဆီးဖို့ကြိုးပမ်းရင်းနဲ့ မတော်တဆဖြစ်ရပ်တွေပေါ်ပေါက်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးလုမတတ်တွေဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်ဒီလိုတွေဖြစ်ရတာလဲ အချိန်နောက်ပြန်သွားရင်း Timelineပြောင်းလိုက်မိတဲ့အတွက် ဘယ်လိုရလဒ်ဆိုးတွေ ကြုံတွေ့လာမလဲ Timelineပြောင်းလိုက်တဲ့ရလဒ်ဟာ Justice League အဖွဲ့ဝင်တွေကို ဘယ်လိုသက်ရောက်လာမလဲဆိုတာကတော့… ဘာသာပြန်နဲ့ အညွှန်းကတော့ Aung Pyae Kyaw ဖြစ်ပါတယ်  
10 /1
Now You See Me (2013) 1080p
8
1080p
Now You See Me (2013) 1080p
အခုမင်းဘာမြင်ရသလဲ ငါပြောခဲ့တယ်မလား မင်းအနီးကပ်ကြည့်လေ မင်းမြင်ရတာနည်းလေပဲ လူကြီးမင်းတို့ ကျနော်တို့ အခု ဘဏ်ဓါးပြတိုက်ပြပါ့မယ် ဒါဟာတကယ်တော့ မျက်လှည့်ပွဲတစ်ခုပါ မြင်းစီးသမားလေးယောက်ဆိုတဲ့ မျက်လှည့်အဖွဲ့ရဲ့ ဘဏ်ဓါးပြတိုက်ပြမယ့် မျက်လှည့်ပြကွက် သူတို့တကယ်လဲဓါးပြတိုက်ပြသွားပါတယ် မျက်လှည့်ပွဲလာကြည့်တဲ့ ပရိသတ်ကိုလဲ သူတို့ဓါးပြတိုက်တဲ့ဘဏ်ကရလာတဲ့ပိုက်ဆံတွေ ကြဲချပီး လက်ဆောင်ပေးလိုက်သေးတယ်။ ဒါကမထူးဆန်းသေးပါဘူး တကယ်ထူးဆန်းတာက သူတို့ မျက်လှည့်ပြနေတဲ့အချိန်မှာပဲ တကယ့်ဘဏ်ကငွေတွေပျောက်ဆုံးသွားတာပဲ ဓါးပြတိုက်ပြခဲ့တဲ့ဘဏ်က သူတို့မျက်လှည်ပွဲနဲ့ မိုင်ပေါင်းသောင်းချီဝေးတဲ့ ဥရောပတိုက် ပြင်သစ်နိုင်ငံကဘဏ် အဲ့မှာတင်ပဲ ပြင်သစ်ကစေလွှတ်တဲ့ နိုင်ငံတကာရဲ စဲုထောက်မချောချောလေးနဲ့ FBIက ထူးချွန်ပြီး အပေါက်ဆိုးတဲ့ စုံထောက်ကျော်ငနဲတို့ ထိုမျက်လှည့်အဖွဲ့ကို ခြေရာခံဖမ်းဆီးဖို့ လိုက်ကြပါတော့တယ် အထက်ပါအကြောင်းအရာတွေက အပေါ်ယံတွေပဲရှိပါသေးတယ် လူကြီးမင်းတို့ ဒီဇာတ်လမ်းမှာ အရမ်းနက်နဲလွန်းတဲ့မြှုပ်ကွက်တွေရှိပါသေးတယ် အဲ့ဒါဘာတွေလဲဆိုတာကိုသိချင်ရင်တော့...........
8 /1
Fruitvale Station (2013) 1080p
10
1080p
Fruitvale Station (2013) 1080p
၂၂ အရွယ် လူမည်းအမျိုးသား အော်စကာဂရန့်ဟာ တစ်ချိန်က ဆမ်ကွမ်တင်မှာ နေခဲ့ဖူးပေမယ့် အခုချိန်မှာတော့ သူ့ရည်းစား နဲ့ သမီးငယ်လေးတို့ကို ထောက်ပံ့ဖို့ ရိုးသားတဲ့ဘ၀မှာ ကြိုးစားရှင်သန်နေသူဖြစ်ပါတယ်။ နောက်ကြောင်းပြန်မှုတွေအရ အော်စကာ့ဘ၀ရဲ့ နောက်ဆုံး နေ့ရက်ကို ပုံဖော်ထားပါတယ်။ အဲ့ဒီနေ့မှာ သူဟာ မိတ်ဆွေတွေ မိသားစုတွေနဲ့အတူ ဆန်ဖရန်စစ္စကိုမှာ နှစ်သစ်ကူးညနေ မီးပန်းတွေကြည့်ဖို့သွားခဲ့တယ်။အိမ်အပြန်လမ်းမှာ ရဲတွေနဲ့ အချင်းများရာကနေ ကြေကွဲစရာဖြစ်ရပ်ကြုံခဲ့ရပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ 1080p နဲ့ ကြည့်နိုင်ပါပြီ
10 /1
Scorned (2013) 1080p
10
Scorned (2013) 1080p
Crime, Thriller အမျိုးအစား ဇာတ်ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ဖောက်ပြန်တဲ့ ရည်းစားနဲ့ သူ့အခင်ဆုံးသူငယ်ချင်းကို အကွက်ချပြီး ပြန်လက်စားချေတဲ့ကားပါ။ ကယ်ဗင်နဲ့ ဆာဒီဟာ တွဲနေတာ ၆ လရှိခဲ့ပါပြီ။ဆာဒီဟာ ကယ်ဗင် သူ့ကို မကြာခင်လက်ထပ်ခွင့်တောင်းတော့မယ်လို့ ထင်တဲ့အကြောင်း သူငယ်ချင်းဖြစ်သူ ဂျှနီဖာကို ပြောပေမယ့် ဂျနီဖာက အားမပေးခဲ့ပါဘူး။ တစ်နေ့မှာတော့ ကယ်ဗင်ရဲ့ ဖုန်းထဲက ဖောက်ပြန်တဲ့ မက်ဆေ့ကို တွေ့သွားတဲ့အချိန်မှာ………. ဒီဇာတ်ကားမှာ မိသားစုနဲ့ မကြည့်သင့်တဲ့ အခန်းတစ်ခု နဲ့ အနည်းငယ်ရက်စက်တဲ့ အခန်းတစ်ချို့ပါတာကိုတော့ သတိပေးလိုပါတယ်။ အားပေးကြပါဦး
10 /1
The Purge (2013)
9.7
1080p
The Purge (2013)
၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့ မှာ ... ဂျိမ်း(စ်) ဆန်ဒင် [Ethan Hawke] ဟာ လော့စ်အိန်ဂျလိစ် မြို့ က သူ့ ရဲ့  အပန်းဖြေ စံအိမ်ကြီးကို ပြန်ပြီး သူ့ ဇနီး မေရီ [Lena Headey] နဲ့  သူတို့ ရဲ့  ရင်သွေးလေးတွေဖြစ်တဲ့ ဇိုဝီ [Adelaide Kane] နဲ့  ချာလီ [Max Burkholder] ကို စောင့်မျှော်နေခဲ့ပါတယ် ဂျိမ်းစ် က လုံခြုံရေး စနစ်တွေကို တာဝန်ယူဖြေရှင်းပေးတဲ့ ကုမ္ပဏီတစ်ခုက ၀န်ထမ်းတစ်ယောက်ဖြစ်ပါတယ် တစ်ညမှာတော့ အရေးပေါ်ကြေညာချက်တစ်ခုထုတ်ပြန်ပြီး အားလုံးကို ရွှေ့ ပြောင်းဖို့  အသိပေးထားတဲ့အချိန်မှာ ဇိုဝီ ဟာ သူ့ ကောင်လေး ...
9.7 /3
Hours (2013) 1080p
6.5
1080p
Hours (2013) 1080p
ဒီဇာတ်ကားဟာဆိုရင် မိမိရဲ့သားသမီးအပေါ်မှာ မိဘမေတ္တာဘယ်လောက်ကြီးမားတယ်ဆိုတာကို ပေါ်လွင်အောင် ဖော်ကျူးရိုက်ပြထားတဲ့ ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ မြို့မှာ ဟာရီကိန်းမုန်တိုင်းတွေ ကျနေတဲ့ကြားထဲမှာမှ နိုလန်(Paul Walker)တယောက် ဆေးရုံမှာ သူရဲ့ ဇနီးအရေးပေါ်မွေးဖွားမှုနဲ့ ကြုံလာရတော့တာပဲ သမီးလေးတယောက်ကို အောင်အောင်မြင်မြင်မွေးဖွားနိုင်လိုက်ပေမယ့် သူ့ရဲ့အရမ်းကိုချစ်ရတဲ့ ဇနီးကိုတော့ လက်လွတ်ဆုံးရှုံးလိုက်ရတယ်...မွေးလာတဲ့ကလေးကလည်း အသက်ရှုဖို့အခက်အခဲရှိတာကြောင့် မွေးမွေးချင်းကို ဖန်ပြွန်ထဲမှာ အောက်ဆီဂျင်ပိုက်နဲ့ထားရရှာတယ် မုန်တိုင်းကြောင့် ရေကာတာတွေကျိုး ဆေးရုံအထိပါရေများဝင်လာတော့မယ့်အရေးကြောင့် လူနာတွေဆရာဝန်တွေ တခြားတနေရာကို ရွေ့ပြောင်းကြပေမယ့် နိုလန်တယောက်ကတော့ သူ့သမီးလေးလေရှုစက်နဲ့ နေနေရတာဖြစ်တဲ့အတွက် လိုက်မသွားပဲ ဆေးရုံမှာပဲ နေရစ်ခဲ့တယ်...မုန်တိုင်းကြောင့် မီးများလည်း ပျက်ကုန်တဲ့အတွက် လေရှုစက်အလုပ်လုပ်ဖို့ မီးရအောင် နိုလန်တယောက်ဘယ်လိုကြိုးစားမှာလဲ? သူ့သမီးအသက်ရှင်အောင်ရော နိုလန်တယောက်လုပ်ပေးနိုင်ပါ့မလား ?.... ဖခင်တယောက်အနေနဲ့ သူ့သမီးအသက်ရှင်ရေးအတွက် ကြိုးစားပမ်းစားလုပ်ဆောင်သွားပုံတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားကောင်းလေးတကားဖြစ်ပါတယ်
6.5 /2
The Counselor (2013) 1080p
10
1080p
The Counselor (2013) 1080p
ဒီဇာတ်ကားလေးကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Ridley Scott ရဲ့  Crime, Thrillerအမျိုးအစား ရုပ်ရှင်လေးတစ်ခုပဲဖြစ်ပါတယ်/ ဇာတ်လမ်းလေးရဲ့ အစမှာတော့ The Counselor လို့  လူသိများတဲ့ အမျိုးသားတစ်ယောက်က သူရဲ့  အတူနေချစ်တူ လော်ရာ နဲ့ အိပ်ယာပေါ်မှာ စကားတွေပြောနေကြတာနဲ့  အစပြုထားပါတယ်/ အဲ့ဒီအချိန်မှာပဲ ... မက္ကစီကို နိုင်ငံရဲ့  တစ်နေရာမှာတော့ လူတစ်စုက နယ်စပ်ကို ကျော်ဖြတ်ပြီး ကိုကင်း အရောင်းအ၀ယ်လုပ်ဖို့  အတွက် စီစဉ်နေကြပါတယ်/အခြားတစ်ဖက်မှာတော့ The Counselor ဟာ အမ်စတမ်ဒမ် သို့ သွားရောက်ခဲ့ပြီး လော်ရာ ကို ချစ်ခွင့်ပန်ဖို့ အတွက် လက်ထပ်လက်စွပ်ကို ၀ယ်နိုင်ဖို့  ကြိုးစားပါတော့တယ်/ ဒီလိုနဲ့  နိုက်ကလပ် ...
10 /1
The Armstrong Lie (2013) 1080p Only
0
1080p
The Armstrong Lie (2013) 1080p Only
The Armstrong Lie ဆိုတဲ့ရုပ်ရှင်ဟာ Lance Armstrong အကြောင်းကိုရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ။ Lance Armstrong ဟာစက်ဘီးစီးချန်ပီယံ တဦး အမေရိကန်နိုင်ငံသား ဖြစ်ပါတယ်။ ၁၉၉၃မှာ ကမ္ဘာစက်ဘီးစီး ချန်ပီယံဆုကို စတင်ရရှိခဲ့ပါတယ်။ ထို့ပြင် ၁၉၉၉၊၂၀၀၀၊ ၂၀၀၁၊၂၀၀၂၊၂၀၀၃၊၂၀၀၄၊၂၀၀၅ ပြင်သစ်စက်ဘီးစီးပြိုင်ပွဲတွေမှာလဲ အနိုင်ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းလေးကတော့ ဘယ်အရာမှဖုံးကွယ်ထားလို့မရဘူးဆိုတာ ဖော်ပြထားတဲ့ ဇာတ်လမ်းလေးပါ။ သူဘာကြောင့် ဒီလိုဆုတွေဆွတ်ခူးခဲ့သလဲ၊ သူဟာတကယ်ထိုက်တန်ရဲ့လား ဆိုတာကို interview ရင်းသူအကြောင်းကိုထုတ်ဖော်ပြောပြခဲ့ပါတယ်။ သူဟာမူးယစ်ဆေးဝါးနဲ့ မကင်းခဲ့ပါဘူးဆိုတာကိုလဲ ဝန်ခံခဲ့ပါတယ်။ သူဘဝကိုဘယ်လိုပြုပြင်ခဲ့လဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ Documentary ဇတ်လမ်းလေးဖြစ်ပါတယ်။
0 /0
Autumn Blood (2013)
10
720p
Autumn Blood (2013)
ငယ်ရွယ်တဲ့ကလေးနှစ်ယောက် သူတို့အမေသေသွားတော့မိဘမဲ့ဖြစ်ပြီးကျန်ခဲ့တယ်။နောက်ပိုင်းအကြောက်တွေပျောက်ပြီး သူတို့အမေသေတာကိုလျှို့ဝှက်ကာ အသက်ရှင်နေထိုင်ခဲ့ကြတယ်။ ၁၆ ကောင်မလေးကရိုးသားပြီး ယောကျာ်းတွေရဲ့အန္တာရယ်ကို သတိမထားမိခဲ့ဘူး။ ၁၀ နှစ်အရွယ်သူ့မောင်လေးကလဲ လွန်ခဲ့တဲ့နှစ်တွေကအဖေသေသွားမှုကြောင့်စကားမပြောတတ်တော့ဘူး။ တရက်မှာ မြို့ဝန်ရဲ့သားဦးဆောင်တဲ့ကြောက်စရာကောင်းတဲ့မုဆိုးတွေအဖွဲ့ကကောင်မလေးကိုတိုက်ခိုက်ပြီး အဓ္ဓမကျင့်ခဲ့တယ်။ မြို့ကစုံစမ်းရေးအဖွဲ့မရောက်လာခင် မောင်နှမနှစ်ယောက် ဘယ်လိုအချင်းချင်းကာကွယ်စောင့်ရှောက်ပြီးအသက်ရှင်မလဲဆိုတာဒေါင်းကြည့်လိုက်ကြပါ။
10 /1
Warm Bodies (2013)
10
720p
Warm Bodies (2013)
ဇွမ်ဘီရောဂါဆိုးက အမေရိကန်ကို ဝင်ရောက်ဖျက်ဆီးသွားတဲ့အခါ လူတွေနဲ့ ဇွမ်ဘီတွေ နေတဲ့နေရာကို အလည်ကနေ တံတိုင်းကာပြီး သီးခြားနေထိုင်ခဲ့ကြတယ် R ဆိုတာ ဆယ်ကျော်သက် ဇွမ်ဘီကောင်လေးဖြစ်ပြီး စွန့်ပစ်လောယာဉ်ကွင်းထဲက လေယာဉ်ပျက်တစ်စီးထဲမှာ နေထိုင်သူပါ ဇွမ်ဘီဆိုတာ သေပြီးသားလူတွေဆိုပေမဲ့ အသိဥာဏ်လုံးဝမဲ့နေတဲ့ သတ္တဝါတွေတော့မဟုတ်ပါဘူး ဘွန်နီဆိုတဲ့ အရိုးခြောက်သတ္တဝါတွေကတော့ လူရော ဇွမ်ဘီကိုရော စားသောက်တတ်ကြပါတယ် ဂျူးလီကတော့ လူသားမိန်းကလေးဖြစ်ပြီး ပယ်ရီဆိုတဲ့ ချစ်သူကိုပိုင်ဆိုင်ထားသူပါ တနေ့မှာ ဂျူးလီ ပယ်ရီနဲ့ တခြားသူငယ်ချင်းတွေက R တို့ဇွမ်ဘီတွေနေတဲ့ လေယာဉ်ကွင်းကို လာရောက်တိုက်ခိုက်ကြတဲ့အခါ ဂျူးလီတို့ဘက်ကအရေးနိမ့်ပြီး ပယ်ရီကို R ကသတ်လိုက်တယ် ပယ်ရီရဲ့ဦးနှောက်ကို စားမိသွားတဲ့ R က ပယ်ရီရဲ့ စိတ်ခံစားချက်တွေကို ရရှိသွားပြီး ဂျူးလီကို စွဲစွဲလမ်းလမ်းချစ်မိသွားခဲ့တယ် လူသားတစ်ယောက်ကို ချစ်မိတဲ့ ဇွမ်ဘီလေးရဲ့ နောက်ဆုံးအဆုံးသတ်က ဘယ်လိုဖြစ်လာမှာလဲ အညွှန်းကို ဇွန်မြတ်နိုးဆွေ မှ ရေးပေးတာဖြစ်ပါတယ်။  
10 /1
Ugly (2013)
7
720p
Ugly (2013)
IMDB Rating : 8.2/10 ဆိုတော့ သိပ်တော့ ညွှန်းနေဖို့မလိုလောက်တော့ဘူး။ bollywood ရိုက်ကွက်တွေကလည်းသိတဲ့အတိုင်း။ ၁၀ နှစ်သမီးကောင်မလေးတစ်ယောက် သူ့အဖေနဲ့အပြင်ထွက်တဲ့နေ့မှာ ပြန်ပေးဆွဲခံခဲ့ရတယ်။သူ့မိဘတွေက ကွာရှင်းထားပြီး ကောင်မလေးရဲ့ပထွေးက ကောင်မလေးပျောက်ဆုံးမှုအတွက် လိုက်လံစစ်ဆေးခဲ့တယ်။ စုံစမ်းနေတုန်းမှာပဲ ဇာတ်ကောင်တွေရဲ့ရွံ့စရာကောင်းတဲ့ ဇာတ်လမ်းတွေအကြောင်းထုတ်ဖော် ပြောခဲ့ကြတယ်။ဘယ်သူမှဂရုမစိုက်ကြတဲ့ ကောင်မလေးကို ပထွေးနဲ့အဖေကြားပြိုင်ပွဲတစ်ခုလိုလိုက်ရှာကြတဲ့အခါဘာဖြစ်မလဲ ဒေါင်းကြည့်လိုက်ပါ။
7 /1
Curse of Chucky (2013) 1080p
0
1080p
Curse of Chucky (2013) 1080p
စိတ်ဖိစီးမှုတွေများနေတဲ့ ဆာရာက ဘီးတပ်ကုလားထိုင်ပေါ်က သမီးဖြစ်သူ နီကာနဲ့အတူ လူသူဝေးတဲ့ အိမ်ကြီးတစ်လုံးမှာ နေထိုင်ပါတယ် တရက်မှာ ဆံပင်အနီရောင်နဲ့ အရုပ်လေးတရုပ်ကို ဆာရာရရှိခဲ့ပြီး ကြောက်စရာကောင်းတဲ့ အရုပ်ပုံဖြစ်နေလို့ လွှင့်ပစ်လိုက်တယ် အဲ့ဒီညမှာပဲ ဆာရာသေဆုံးသွားပြီး ဆံပင်အနီရောင်နဲ့ ချက်ကီဆိုတဲ့ အရုပ်လေးကတော့ ဆာရာတို့အိမ်ထဲက ကုလားထိုင်ပေါ်ကိုရောက်နေပါတယ် နီကာရဲ့အမဖြစ်သူ ဘက်က သူ့ခင်ပွန်း အီရန် သူ့သမီး အဲလစ်စ် ကလေးထိန်း ဂျေး မိတ်ဆွေဖြစ်သူ ဘုန်းတော်ကြီးတစ်ပါးတို့နဲ့အတူ ဆာရာ့အသုဘအတွက် ဆာရာ့အိမ်ကိုရောက်လာကြပါတယ် အဲ့ဒီညမှာပဲ သူတို့တွေ ထူးဆန်းစွာ သေဆုံးသွားကြပြီး ဒီလူသတ်မှုတွေရဲ့နောက်ကွယ်မှာ ချက်ကီဆိုတဲ့ အရုပ်ပါဝင်ပတ်သတ်နေကြောင်း နီကာရိပ်မိသွားတဲ့အခါ.....
0 /0
The Conjuring (2013)
10
720p
The Conjuring (2013)
တစ္ဆေသရဲနဲ့ပတ်သက်တဲ့ ဟောလိဝု ရဲ့ ဇာတ်ကားတွေအားလုံးကြားမှာ ဒီကားက တမူထူးခြားစွာ လူတွေ ဂရုစိုက်ခံရတဲ့ ကားဖြစ်ပါတယ်။ တကယ်ဖြစ်ပျက်နေတာကို မှတ်တမ်းတင်တဲ့ပုံစံနဲ့ရိုက်ထားတာမို့ သည်းထိတ်ရင်ဖိုရသကို ထိရောက်အောင်ပေးနိုင်ပြီး ပရိသပ်ကိုမြောပါသွားအောင် ဆွဲဆောင်နိုင်ပါတယ်။ ကြောက်တတ်သူဆို ကြက်သီးပါ ထသွားနိုင်တဲ့အခန်းမျိုးတွေပါ ပါပါတယ်။ ဇာတ်လမ်းကတော့ မကောင်းဆိုးဝါးတွေ ရဲ့ ဒုက္ခပေးခြောက်လှန့်ခံရတဲ့ မိသားစု တစ်ခု အကြောင်းပါ။ သူတို့ပြဿနာကို ၀ိညာဉ်ထုတ်တဲ့ လင်မယား၂ယောက်ကို အကူညီတောင်းလိုက်ကြသည်။ ထိုလင်မယား ၂ယောက်ဟာ သိပ္ပံ ကိရိယာတွေ ကျမ်းစာအုပ်တွေ နဲ့ မကောင်းဆိုးဝါးကိုနှိမ်နှင်းကြသူများဖြစ်သည်။ လင်မယား၂ယောက်တွင် မိန်းမဖြစ်သူက မကောင်းဆိုးဝါးတွေကို မြင်နိုင်သည်။ အိမ်ရှင်မိသားစု နဲ့ ၀ိညာဉ်ထုတ်သူလင်မယားဟာ အိမ်ကြီးထဲက မကောင်းဆိုးဝါးတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို အသဲတထိတ်ထိတ်နဲ့ ကြည့်ရမဲ့ တစ္ဆေကားတစ်ကားဖြစ်ပါတယ်။
10 /1
Captain Phillips (2013) DVDRip
10
Captain Phillips (2013) DVDRip
2009 ဧပရယ် ရက်တစ်ရက်မှာ အမေရိကန် ကွန်တိန်နာတင် သဘောင်္ မာဆ့်ခ်အယ်လ်ဘားမားဟာ သူ့ ခရီးဆုံးကို ထွက်ခွာခဲ့ပါတယ်။ သာမန်နေ့တစ်နေ့လို့သူတို့ အထင်ဟာ ဆိုမာလီ ပင်လယ်ဓားပြတွေ သူတို့သဘောင်္ကိုဝင်စီးပြီး အားလုံးကို ဓားစာခံအဖြစ် ဖမ်းဆီးလိုက်ချိန်မှာတော့ ပြောင်းလဲသွားခဲ့တယ်။ သဘောင်္ရဲ့ ကပ္ပတိန် ရစ်ချက်ဖီးလစ်ဟာ သူ့အဖွဲ့ကို ကျူးကျော်သူတွေနဲ့ ခေါင်းဆောင် မူစ့်တို့ရန်က ကာကွယ်ရမှပါ။ ဓားပြတွေက ဒေါ်လာသန်းချီတောင်းဆိုခဲ့တယ်။ ကပ္ပတိန်ဖီးလစ်အနေနဲ့ အားလုံး အသက်ရှင်ပြီး ဘေးကင်းကင်းအိမ်ပြန်ရောက်ဖို့ သူ့ရဲ့ ဖြတ်ထိုးဥာဏ်ကို အသုံးပြုလှုပ်ရှားရပါလိမ့်မယ်။  
10 /1
Goliyon Ki Raasleela Ram-Leela (2013)
7
720p
Goliyon Ki Raasleela Ram-Leela (2013)
ဒီကားကိုတော့ သိပ်ညွှန်းပေးဖို့ မလိုဘူးထင်ပါတယ်။ ဆန့်ကျင်ဘက် ရန်သူ မိသားစု နှစ်ဘက်ဆိက ဆင်းသက်လာတဲ့ လူငယ်နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြရာက ဖြစ်လာတဲ့ နောက်ဆက်တွဲပြသနာတွေနဲ့ romeo-juliet ပုံစံ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘောလိဝုဒ်ရဲ့ နာမည်ကျော် စုံတွဲတစ်တစ်တွဲဖြစ်တဲ့ Ranveer Singh - Deepika Padukone ခေါင်းဆောင်ပါဝင်ထားပြီး Devdas ဒါရိုက်တာ Sanjay Leela Bhansali က ရိုက်ကူးပေးထားတာပါ။ ဘာသာပြန်သူကတော့ မူရင်း ထွမ်တွေထဲက တစ်ယောက်ဖြစ်တဲ့ Min Zaw Htwe ဖြစ်ပါတယ်။ အညွှန်းရေးသားသူကတော့ ကို Waihan Lin Htin ဖြစ်ပါတယ်  
7 /2
All Cheerleaders Die (2013) DVDRip 480p
10
DVD Rip
All Cheerleaders Die (2013) DVDRip 480p
Maddy ဆိုတဲ့ဆယ်ကျော်သက်အရွယ်ဆက်ဆံရေးမကောင်းတဲ့ ကောင်မလေးတစ်ယောက် Blackfoot High ဘောလုံးအသင်းက Captain ကိုလက်စားချေဖို့ကြံခဲ့တယ်။သူတို့ကျောင်းရဲ့ အကျော်အမော် ပန်းပွားအကအဖွဲ့ထဲဝင်ပြီး သူငယ်ချင်းအသစ်တွေကိုပါ သူ့လက်စားချေမှုထဲပါအောင် စည်းရုံးခဲ့တယ်။ ညစာစားပွဲမှာတလွဲတွေဖြစ်ပြီး သူတို့အကြံတွေ မမျှော်လင့်ဘဲအဆိုးတွေဖြစ်ကုန်ပြီး ကောင်မလေးတွေအကုန်သေသွားတယ်။နိမိတ်မကောင်းတာတွေ ထူးခြားတာတွေဖြစ်လာပြီး နောက်တစ်နေ့မှာလူသတ်သမားအကြည့်နဲ့ကောင်မလေးတစ်ယောက်ပေါ်လာတဲ့အခါမှာတော့ ဘာဆက်ဖြစ်မလဲဒေါင်းကြည့်လိုက်ကြပါ။ Review Credit - Kudo Shinichi  
10 /1
About Time (2013) DVDRip
0
DVD Rip
About Time (2013) DVDRip
ပျင်းခြောက်ခြောက်နှစ်သစ်ကူးညတစ်ညမှာ တင်မ်ရဲ့အဖေဟာ တင့်မ် ကို သူတို့မိသားစုမှာ အချိန်ခရီးသွားနိုင်တဲ့ စွမ်းရည် ရှိကြောင်း ပြောပြခဲ့ပါတယ်။ အဲ့ဒီစွမ်းရည်နဲ့ တင်မ် ဟာ သမိုင်းကို မပြောင်းလဲနိုင်ပေမယ့်   သူ့ဘ၀ကိုယ်သူ ပြောင်းလဲဖို့ ကြိုးစားပါတော့တယ် အဲ့ဒီ မဟာကြိုးစားအားထုတ်မှုကြီးကတော့ အချိန်ခရီးသွားပြီး သူ့အတွက် ရည်းစားတစ်ယောက်ဖြစ်လာအောင် ဖန်တီးခြင်းပါ ။ ကမ္ဘာကြီးကို ကယ်တင်ဖို့ ဘာဖို့ညာဖို့တွေ ကြားက ဖွန်ကြောင်ဖို့ အချိန်ခရီးသွားတဲ့ မဟာအချိန်ခရီးသွားသူကြီး  အကြောင်း ရိုက်ထားတာဖြစ်ပါတယ်။  
0 /0
Lootera (2013)
10
Lootera (2013)
ကြုံဖူးကြလား။ ဧည့်သည်တစ်ယောက်အဖြစ် ကိုယ့်ဘ၀ထဲကိုဝင်ရောက်လာ..။အတူတူသွား အတူတူစား တစ်ချို့နေရာတွေမှာ အတူတူနားဖြစ်ကြရင်းက နှလုံးသားချင်းနားလည် မျက်လုံးချင်းစကားတွေ အပြန်အလှန်ပြောပြီးမှ..။ သူ့ဘက်က (ကိုယ်ဘာအမှားမှ မလုပ်မိပါပဲ ရုတ်တရက်စိမ်းကားအေးစက်သွားတဲ့အခါ..။ ဒီရုပ်ရှင်ဟာ ၁၉၅၃ ကိုအခြေခံပါတယ်။ ဗာရွန်ဆိုတဲ့ ရှေးဟောင်းသုသေသနသမားကောင်လေး တစ်ယောက် မဏိပူပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ မြေပိုင်ရှင် တစ်ယောက်ဆီကို သူတို့ရွာက ရှေးဟောင်းဘုရားကျောင်းတစ်ခုအောက်မှာ ရှေးမျိုးနွယ်စုတစ်ခုရဲ့ အမွေအနှစ်တွေရှိတယ်။ လေ့လာတူးဖော် ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်လာခဲ့တယ်။ သူ့မှာစာရွက်စာတမ်းတွေ အခိုင်အမာ စကားပြောကြည့်ရင်း သူ့အသိဥာဏ် အပြုအမူတွေကို သဘောကျလာတော့ မြေပိုင်ရှင် အဘိုးကြီးဟာ တည်းခိုခန်းကနေ သူ့အိမ်ကို ပြောင်းလာဖို့အထိ ဖိတ်ခေါ်ရင်းနှီးလိုက်မိတယ်။ ဘယ်သူစိမ်းကိုမှ မတွေ့ကြုံဖူးတဲ့ သူဌေးသမီး ရိုးရိုးလေး ပါခီဟာ သူတို့အိမ်ကို လာတည်းတဲ့ သူစိမ်းဧည့်သည် ဗာရွန်ကို နှလုံးသား တစ်ခုလုံးရင်းနှီးမိလိုက်တော့တာပါပဲ။ တကယ်တမ်းတော့ ဗာရွန်ဟာ......     ကျွန်တော်တို့ ကျောင်းမှာသင်ခဲ့ဖူးတဲ့ The last ...
10 /1
Bombay Talkies (2013)
0
Bombay Talkies (2013)
Bombay Talkies ဟာ ဘောလိဝုဒ်ရုပ်ရှင်လောကမှာ အထူးခြားဆုံး ကားတစ်ကားလို့ပြောလို့ရပါတယ်။ မထူးခြားပဲ နေပါ့မလား။ ဒီကားဟာ ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် ရိုက်ခဲ့တာ ဖြစ်ပြီးတော့ ဘောလိဝုဒ်က တစ်ခါမှ မထိတွေ့ဖူးတဲ့ anthology film အဖြစ် ထွက်ရှိလာခဲ့တာပါ။ ရုပ်ရှင်တစ်ကားထဲမှာ segment လေးခုရှိနေပြီးတော့ အဲ့ဒီ လေးပိုင်းလုံးကို ဘောလိဝုဒ်ရဲ့ ထိပ်တန်းဒါရိုက်တာတွေက ပုံဖော်ရိုက်ကူးသွားခဲ့ပါတယ်။ အပိုင်း တစ်ခုချင်းစီမှာ ပေးချင်တဲ့ မက်ဆေ့ခ်ျ တစ်ခုစီ theme တစ်ခုစီ ရှိနေခဲ့ပါတယ်။ အပိုင်းလေးခုအတွက် ရိုက်သွားတဲ့ ဒါရိုက်တာတွေ ဘယ်သူလဲဆိုတာ သိရရုံနဲ့တင် လူရှိန်သွားမှာပါ။ အပိုင်းတစ်ခုစီရဲ့ နာမည်နဲ့ ဒါရိုက်တာနဲ့ ကျွန်တော်တွဲပြသွားပါ့မယ် (1)Ajeeb Dastaan Hai Yeh Directed by Karan Johar (2) Star Directed by Dibakar Banerjee ...
0 /0
Olympus Has Fallen (2013)
10
Olympus Has Fallen (2013)
2016 တုန်ုးက ထွက်ရှိခဲ့တဲ့ London has fallen ကို လုကြိုက်တော်တော်များခဲ့ပါတယ်။ London has fallen ရဲ့ အရင်ကား ဖြစ်တဲ့ Olympus has fallen ကို တင်ပေးလိုက်ပါတယ်။ LHF ကို ကြိုက်ပြီး OHFကို မကြည့်ရသေးတဲ့ လူတွေ အကြိုက်ဖြစ်မှာပါ။ အိုလံပက်စ် ကရော ဒီကားမှာ ဘယ်လိုကျရှုံးဦးမလဲ။ အိုလံပက်စ် ဆိုလို့ တခြားပြေးမမြင်လိုက်ပါနဲ့ အိမ်ဖြူတော်ရဲ့ လျှို့ဝှက်ကုတ်နာမည်ပါ။ အကြမ်းဖက်သမားတွေဟာ သမ္မတအိမ်တော်ကို တိုက်ခိုက် လာခဲ့ပါတယ်။ မိုက်ခ် ဘန်းနင်း ဟာ နာမည်ပျက်နေတဲ့ အိမ်ဖြူုတော် လျှို့ဝှက်အေးဂျင့်တစ်ယောက် ဖြစ်ပြီး အိမ်ဖြူတော်ထဲမှာ အကြမ်းဖက်သမားတွေကြား သမ္မတနဲ့ အတူပိတ်မိနေပါတယ်။ သူ့ရဲ့ တိုက်ရည်ခိုက်ရည် ညဏ်ရည်နဲ့ အိမ်ဖြူတော်နဲ့ အတူ သမ္မတကို ကယ်တင်ပြီး အန္တရယ်ကြားက လွတ်အောင် ဘယ်လိုကြံစည်မလဲဆိုတာကိုတော့ ...
10 /2
The Great Gatsby (2013)
10
1080p
The Great Gatsby (2013)
10 /1
Facebook