2012

Cleanskin (2012)
0
720p
Cleanskin (2012)
မအောင်မြင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ အကြမ်းဖက်သမား အက်စ်နဲ့ပေါ လက်ထဲဖောက်ခွဲရေး ပစ္စည်းတွေပါသွားခဲ့ပါတယ်။ ဗြိတန် လျှို့ဝှက်အေးဂျင့် အီဝမ်နဲ့မက်စ်ကို သူတို့ဆရာက ရွေးကောက်ပွဲမရောက်ခင် အကြမ်းဖက်သမားတွေကို ဖမ်းဖို့ တာဝန်ပေးခဲ့ပါတယ်။ အက်စ်ဟာ ဗုံးကြဲလေယာဉ်တစ်ခုကိုသုံးပြီး စားသောက်ဆိုင်တစ်ခုထဲက လူတွေကို သတ်ဖို့ လုပ်ခဲ့ပါတယ်။အီဝမ်ဟာ အကြမ်းဖက်မှုတစ်ခုမှာ သူ့မိန်းမသေခဲ့တဲ့ အတွက် စိတ်ဒဏ်ရာရနေပြီး အကြမ်းဖက်သမားလို့ သူထင်တဲ့ မူစလင်တစ်ယောက်ကို သတ်ခဲ့ပါတယ်။ ဒီလိုသူရဲ့ လုပ်ဆောင်မှုတွေကို သူလော့ကာသော့တစ်ခုကို ကုတ်အင်္ကျီအိတ်ထဲ မရှာတွေ့ခင်အထိ သူ့ဆရာက ကာကွယ်ပေးခဲ့ပါတယ်။ သူဟာ နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်နေတဲ့လူတစ်ယောက်ရဲ့ အကြောင်းကိုသိပြီး ဖွင့်ချပြတဲ့အခါ ဘာတွေဖြစ်လာဦးမလဲဆိုတာကို ကြည့်ရှု့ ခံစားကြည့်ကြပါ။ အမျိုးအစားက Action,Crime,Drama,Thriller ဖြစ်ပြီး Lord OF the Ringသရုပ်ဆောင် Sean Bean အဓိက ပါဝင်ထားပါတယ်။ Imdb 6.3/10 Director: Hadi Hajaig Stars: Sean Bean, Charlotte Rampling, Abhin Genre: Action, Crime, Drama File size: 970mb,520mb Link tye: soliddrive,openload  
0 /0
The Lucky One (2012)
0
720p
The Lucky One (2012)
လိုဂန်ဆိုတဲ့ စစ်သားလေးက အီရတ်မှာ စစ်ပွဲ၃ပွဲတာဝန်ထမ်းဆောင်နေတုန်း (ဘေးကင်းအောင်နေပါ)ဆိုတဲ့ စာတန်းလေး ရေးထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံကိုရှာတွေ့ခဲ့တယ် ဘာရယ်မဟုတ် ဓာတ်ပုံလေးကို အိတ်ထဲထည့်သိမ်းရင်း စစ်ပွဲတွေမှာ ဘေးကင်းကင်းနဲ့ အသက်ရှင်နိုင်ခဲ့တဲ့အတွက် ဓာတ်ပုံထဲကမိန်းကလေးက သူ့အတွက် ကံကောင်းစေတယ်လို့ မှတ်ယူလိုက်တယ် စစ်ပွဲကနေပြန်ရောက်လာတော့ ဓာတ်ပုံထဲကမိန်းကလေးကို လိုက်ရှာဖို့ ကြိုးစားခဲ့ပေမဲ့ ရှာမတွေ့ခဲ့ဘူး နောက်တော့ ဓာတ်ပုံနောက်ကျောကအမှတ်အသားလေးကတစ်ဆင့် မိန်းကလေးက လူဝီစီးယားမြို့မှာရှိနေတယ်ဆိုတာကို သဲလွန်စရသွားခဲ့တယ် အဲ့ဒီမြို့ကိုသွားရှာတော့ မိန်းကလေးနာမည်က ဘက်ဆိုတာ သူသိခဲ့ရတယ် သူဘယ်လောက်ထိ လိုက်ရှာခဲ့ရလဲဆိုတာ ဘက်ကိုတွေ့တော့ ပြောပြဖို့ကြိုးစားပေမဲ့ စကားလုံးတွေက ထွက်မလာခဲ့ဘူး ဘက်ကတော့ သူ့ကို အလုပ်လုပ်ချင်လို့လာတယ်ထင်ပြီး သူတို့အိမ်ရဲ့မိသားစုလုပ်ငန်းအတွက် အလုပ်လုပ်ဖို့ခေါ်သွားလိုက်တယ် အစပိုင်းမှာ ဘက်ကလိုဂန်ကို သိပ်သဘောမကျပေမဲ့ ဘက်ရဲ့အဖွားကတော့ အလုပ်ခန့်ဖို့သဘောတူပြီး အိမ်မှာပါပေးနေလိုက်ပါတော့တယ် နောက်တော့ ဘက်မှာသားတစ်ယောက်ရှိနေတာနဲ့ ဘက်ရဲ့ယောက်ျားနဲ့ကွာရှင်းထားပြီး ထိုသူက ရဲတစ်ယောက်ဖြစ်တဲ့အပြင် ဘက်နဲ့ရထားတဲ့ သားလေးကို ပြန်ယူဖို့ အမြဲခြိမ်းခြောက်ကြိုးစားနေတယ်ဆိုတာ လိုဂန်သိသွားတဲ့အခါ........ ဘက်ကတကယ်ပဲ လိုဂန်အတွက် ကံကောင်းစေတဲ့တစ်ယောက်ဖြစ်နေမှာလား အချစ်ဝတ္ထုတွေရေးတဲ့နေရာမှာ သိပ်ကိုပါရမီပါလွန်းတဲ့ Nicholas Sparks ရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသားချော Zac Efron က ...
0 /0
The Scent (2012) 720p Only
5
720p
The Scent (2012) 720p Only
Seon-woo ဆိုတဲ့ အလွတ်စုံထောက်တစ်ယောက်ဆီကို Soo-Jin ဆိုတဲ့ စကီးအလန်းလေးရောက်လာပြီး သူမရဲ့ယောက်ျား တခြားမိန်းမတစ်ယောက်နဲ့​ဖောက်ပြန်နေတဲ့သတင်းကြားလို့​ အဲ့ဒါတကယ်ဟုတ်မဟုတ် သက်သေအနေနဲ့ ဓာတ်ပုံရိုက်ပေးဖို့ အလုပ်အပ်ခဲ့ပါတယ် အဲ့လိုနဲ့ Seon woo တစ်ယောက် ဓာတ်ပုံရိုက်ဖို့သွားတဲ့အခါ Soo Jin ရဲ့ယောက်ျားက သေနေပါပြီ ဒီတော့ အလွတ်စုံထောက် Seon woo တစ်ယောက် ပြေးရပါပြီ ရဲတွေက သူ့ကိုတရားခံလို့​ထင်သွားပြီလေ။ Seon woo နောက်ကိုလိုက်နေတဲ့ Gil ro ဆိုတဲ့စုံထောက်တစ်ယောက်ကလဲ လိုက်နေပါသေးတယ်။ Seon woo တစ်ယောက် လူသတ်သမားအစစ်ကို ရအောင်ရှာမှပဲ သူလွတ်တော့မှာပါ။ အဲ့ဒီနောက် ဘာဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားလေးမှာ ဆက်ကြည့်လိုက်ပါ။ 18+လေးတွေ အနည်းအကျဉ်း ပါတဲ့အတွက် လူကြီးမိဘများနဲ့အတူကြည့်လို့​မသင့်တော်သလို ၁၈အောက်ကလေးများလဲ နားကြပ်ဆောင်ပီးမှ ကြည့်ကြပါလို့ တိုက်တွန်းပါရစေ။ ဘာသာပြန်ကတော့ ကိုဝေဟံလင်းထင်ဖြစ်ပါတယ်။ IMDB: 5.8 Director: Hyeong-Joon Kim Writers: Seong-gu Hwang, ...
5 /1
Zambezia (2012)
10
1080p
Zambezia (2012)
ကိုင်ဆိုတဲ့ သိန်းငှက်ငယ်လေးတစ်ကောင်က အဖေဖြစ်သူနဲ့အတူနေထိုင်ပေမဲ့ သူ့မှာသူငယ်ချင်းမရှိဘူးလို့ထင်နေသူပါ အပြင်လောကကိုထွက်ပြီး ကမ္ဘာအနှံ့လျှောက်သွားဖို့လဲ ဆန္ဒရှိနေပြီး အဖေကတော့ခွင့်မပြုပါဘူး တရက်မှာတော့ ငှက်ကျားတစ်အုပ်ရောက်လာပြီး ကိုင်တို့ဆီမှာနေခွင့်တောင်းခဲ့ပါတယ် ငှက်ကျားက သူတို့တွေက ဇမ်ဘီးဇီးယားဆိုတဲ့ ငှက်မြို့တော်ကိုသွားနေတာဖြစ်ကြောင်းနဲ့ ငှက်မြို့တော်ကို ဟာရီကိန်းဆိုတဲ့အဖွဲ့က ကာကွယ်ပေးနေကြောင်း ကိုင်ကိုပြောပြခဲ့ပါတယ် ဇမ်ဘီးဇီးယားကိုသွားဖို့ စိတ်အားထက်သန်နေတဲ့ ကိုင်က အဖေကိုပုန်ကန်ပြီး အရောက်သွားတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံလာရမလဲ IMDb: 5.8 Director: Wayne Thornley Stars: Leonard Nimoy, Jeremy Suarez, Abigail Breslin File size: 800mb,400mb Link type: soliddrive,openload  
10 /1
Agneepath (2012)
10
1080p
Agneepath (2012)
အိန္ဒိယနိုင်ငံရဲ့ကျွန်းဆွယ်ရွာလေးတရွာဖြစ်တဲ့ မန်ဒွာရွာလေးမှာ ကိုကင်းပေါများလျက်ရှိပြီး ရွာသားတွေကတော့ ဗဟုသုတနည်းပါးလှပါတယ် ဒီအချက်ကိုအခွင့်ကောင်းယူပြီး အမြတ်ထုတ်ချင်နေတဲ့ စီးပွားရေးသမား ကန်ချာက ရွာထဲမှာဆားစက်ရုံဆောက်မယ်ဆိုပြီး ရွာသားတွေရဲ့လယ်ယာတွေကို စတင်ငှားရမ်းပါတော့တယ် ကန်ချာရဲ့ရည်ရွယ်ချက်က ကိုကင်းစက်ရုံဆောက်ဖို့အတွက်ပဲဖြစ်ပါတယ် ကန်ချာရဲ့အကြံကိုရွာကကျောင်းဆရာက ရိပ်မိသွားပြီး လယ်ယာမြေတွေကန်ချာကိုမငှားကြဖို့ ရွာသားတွေကိုတိုက်တွန်းတဲ့အခါ ကန်ချာအလွန်ဒေါသထွက်သွားပြီး ကျောင်းဆရာအကွက်ဆင်ကာ ရွာထိပ်ကသစ်ပင်ကြီးမှာ ဆွဲကြိုးချသတ်ပစ်လိုက်ပါတယ် ဒီဖြစ်ရပ်ကိုကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ ကျောင်းဆရာရဲ့၁၂နှစ်အရွယ်သားဖြစ်သူ ဗီဂျေးက ကိုယ်ဝန်ဆောင်မိခင်နဲ့အတူ ရွာကထွက်ပြေးလာခဲ့ရပါတယ် 15နှစ်ကြာပြီးတဲ့အခါ ဗီဂျေးက ကန်ချာကိုလက်စားချေဖို့ မွန်ဘိုင်းက ကန်ချာရဲ့ပြိုင်ဘက်မူးယစ်ဆေးလုပ်ငန်းရှင်ကြီး လာလာဆီမှာအလုပ်လုပ်ပေးရင်း လာလာအတွက်သားအရင်းတယောက်လိုဖြစ်လာခဲ့တယ် ကန်ချာကိုလက်စားချေဖို့အတွက် 15နှစ်လုံးလုံးကြိုးစားခဲ့တဲ့ဗီဂျေးတယောက် အောင်မြင်နိုင်ပါ့မလားဆိုတာတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ကြပါ   IMDb - 7.0 Director: Karan Malhotra Stars: Hrithik Roshan, Priyanka Chopra, Sanjay Dutt Genre: Action, Crime, Drama File size: 1.6gb,850mb Link type: soliddrive,openload
10 /2
Marvel’s Ultimate Spider-Man (2012) Season 1
9.8
Marvel’s Ultimate Spider-Man (2012) Season 1
ဇာတ်ကားအညွှန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားအညွှန်းကိုတော့ arrow group မှ အကို kyaw zin lin က တင်ဆက်ပေးထားပါတယ်။ အခုမိတ်​ဆက်​​ပေးမှာက​တော့ marvel animated series ​ကောင်း​တွေထဲက တခုဖြစ်​တဲ့ ultimate spiderman ပဲဖြစ်​ပါတယ်​ Peter parker (spiderman) တစ်​​ယောက်​ ကိုယ့်​နည်းကိုယ့်​ဟန်​နဲ့ မြို့ကိုကာကွယ်​​နေချိန်​မှာရုတ်​တရက်​ nick fury ကြီး​ရောက်​ချလာပီး spidy ကို ပို​တော်​ပို​ကောင်းတဲ့ hero တစ်​​ယောက်​ဖြစ်​လာ​အောင်​ ​လေ့ကျင့်​​ပေးမယ်​ဆိုပီး shield အဖွဲ့ထဲ​ခေါ်လာပီးတဲ့​နောက်​မှာ​တော့……. ဒီ serie လေးကို စတင်ခဲ့တဲ့ရက်က 2012 april 1 ဖြစ်ပြီး 2017 jan 7 မှာမှပြီးသွားတဲ့ဇာတ်လမ်းပါ။ Disney xd channel မှာပြသခဲ့ပြီး Program creators:Stan Lee, Brian Michael Bendis, Steve Ditko တို့ကနေပြီး စီစဉ်ခဲ့တာပါ။ ဒီseries​လေးက​တော့ marvel animated ...
9.8 /6
Arrow (TV Series) Season 04
6
Arrow (TV Series) Season 04
Arrow Season 4 ကို ရောက်ရှိလို့လာပါပြီ။ Ra's Al Ghul ရဲ့သေဆုံးမှုအပြီးမှာ Star City လည်းငြိမ်းချမ်းစပြုလာပါပြီ။ Oliver ပေးခဲ့တဲ့ကတိအတိုင်း Malcolm Merlyn ကလဲ League of Assassins ရဲ့Ra's Al Ghul အသစ် ဖြစ်လာပါပြီ။ Oliver ကလဲ သူချစ်တဲ့ Felicity နဲ့ ( ) ဘဝတစ်ခုကိုထူထောင်ဖို့အတွက်The Arrow ဘဝကိုစွန့်လွှတ်ကာ Star City ကနေ ထွက်ခွာသွားခဲ့ပါပြီ။ ဒါပေမယ့် အားလုံးတည်ငြိမ်အေးချမ်းနေတဲ့ဘဝထဲကိုကြမ္မာဆိုးတစ်ခုဝင်ရောက်လာပါတော့တယ်။ The Ghosts လို့ ခေါ်တဲ့ အကြမ်းဖက်အဖွဲ့တစ်ခုကStar City ကို စတင်တိုက်ခိုက်ပြီးတော့ ဒုစရိုက်မှုတွေကိုလုပ်လာပါတော့တယ်။ Team Arrowအဖွဲ့ဝင်တွေဖြစ်ကြတဲ့ Thea Queen, Laurel Lance, John Diggle တို့ဟာ အဲ့ဒီအဖွဲ့ကိုတားကြပေမယ့်လည်းအခြေအနေတွေဆိုးဝါးလို့နေပါတယ်။အဲ့ဒီအကြမ်းဖက်အဖွဲ့ရဲ့နောက်ကွယ်မှာ သြဇာအာဏာ ကြီးမားပြီး အလွန်အန္တရာယ်များတဲ့လူတစ်ယောက်နဲ့အဖွဲ့အစည်းတစ်ခုရှိနေပြန်ပါသေးတယ်။ Star City မှာ ပရမ်းပတာဖြစ်နေတဲ့အခြေအနေတွေကိုကျန်နေတဲ့ Team Arrow ...
6 /2
Hate Story (2012)
6.7
720p
Hate Story (2012)
IMDb: 5.3 Director: Vivek Agnihotri Stars: Nikhil Dwivedi, Gulshan Devaiah, Paoli Dam Genre: Drama Thriller File size: 1.2gb,650mb Link type: soliddrive,openload ကလျာဆိုတဲ့ သတင်းထောက်မလေးက နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဆစ်နဲ့ ချစ်သူတွေဖြစ်ပြီး မကြာခင် ကိုယ်ဝန်ရလာတဲ့အခါ ဆစ်က ကလျာကိုပြန်ပေးဆွဲပြီး ကိုယ်ဝန်ကိုဖိအားပေးဖျက်ချလိုက်ပါတယ် ဒါကိုမကျေနပ်တဲ့ကလျာက ဆစ်ကိုလက်စားချေဖို့အတွက် သူမရဲ့ခန္ဓာကိုယ်ကို လက်နက်အဖြစ်အသုံးချရင်း လိင်အလုပ်သမအဖြစ်နဲ့ ဆစ်ရဲ့အနားကို နောက်တစ်ခါပြန်ချဉ်းကပ်လာပါတော့တယ်      
6.7 /3
Hate Story 2 (2014)
3.5
720p
Hate Story 2 (2014)
Sonikaဆိုတဲ့ ဓာတ်ပုံဆရာမလေးကို ပိုးပန်းနေသူ ၂ဦးရှိနေပါတယ် တဦးက သူမရဲ့ကျောင်းနေဖက် Akshayဖြစ်ပြီး နောက်တဦးက ခက်ထန်တဲ့နိုင်ငံရေးသမား Mandar ပဲဖြစ်ပါတယ် Mandar ကသူမဘဝကိုပိုင်ဆိုင်သွားပြီး သူ့ရဲ့ရက်စက်တဲ့အလိုဆန္ဒအတွက် အပျော်မယားအဖြစ်သာ ထားရှိပါတယ် Akshay ရဲ့အကြောင်းပြချက်မဲ့တဲ့ အချစ်တွေ သူမအပေါ်ရှိနေမှန်း သိသွားတဲ့အခါ သူမကသူနဲ့အတူ ဒေသသစ်တခုကို ရက်အနည်းငယ်လောက် စိတ်အပန်းဖြေဖို့ ထွက်ပြေးသွားပါတယ် Mandarနဲ့သူ့လူတွေက Akshayတို့ကိုရှာတွေ့သွားပြီး Akshayကိုသတ်ပစ်လိုက်တဲ့အခါ သာယာစပြုနေတဲ့ Sonikaရဲ့ဘဝလေးက လူယုတ်မာလက်ထဲကို ပြန်လည်ရောက်ရှိသွားပါတယ် ဒီဖြစ်ရပ်တွေအပြီးမှာတော့ ချစ်သူကိုလူမဆန်စွာသတ်ဖြတ်ခဲ့ကြတဲ့ Mandarနဲ့သူ့လူတွေကို သတ်ပြီးလက်စားချေဖို့် Sonikaတယောက်ထွက်ခွာလာပါတော့တယ် Imdb: 4.5 Director: Vishal Pandya Stars: Sushant Singh, Surveen Chawla, Jay Bhanushali Genres: Drama, Thriller File size: 1.2gb,640mb Link type: soliddrive,openload Translator: Waihan Lin Htin Encoder: Zon Myat Noe Swe
3.5 /2
Arrow (TV Series) Season 03 (Complete)
8
Arrow (TV Series) Season 03 (Complete)
Arrow Season 3 ကို ရောက်ရှိလို့လာပါပြီ။ ဒီ Season ဟာ DC Comis Fan တွေအတွက် အနည်းငယ်ပေါ့သွားသလိုဖြစ်ပေမယ့်လို့ တကယ်ကိုတစ်မူထူးခြားတဲ့ Season တစ်ခုဖြစ်တယ်လို့တော့ ပြောချင်ပါတယ်။ Season 3 မှာ Slade Wilson ရဲ့ Starling City ကို အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှာ Starling City ဟာ ငြိမ်သက်စပြုလာပါပြီ။ ဒါပေမယ့် ခြစားမှုတွေ ဒုစရိုက်မှုတွေကတော့ ရှိနေဆဲပါပဲ။ ဟိုတစ်ချိန်က Team Arrow ထဲမှာ Oliver Queen (a.k.a) The Arrow, John Diggle နဲ့ Felicity Smoak တို့သာရှိနေပေမယ့် ယခုမှာတော့ Roy Harper ကလဲ Arsenal အဖြစ် ဝင်ရောက်ပါဝင်လာပါပြီ။ မထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုကြောင့် Oliver Queen တို့ဟာ မျှော်မှန်းမထားနိုင်လောက်အောင် ရက်စက်ပြီးတော့ ကြောက်စရာကောင်းတဲ့အဖွဲ့အစည်းတစ်ရပ်ကို သွားပြီးနှိုးဆွမိလိုက်သလိုဖြစ်သွားပါတယ်။ Oliver တို့တွေ ဘယ်လိုအဖွဲ့အစည်းကိုသွားပြီးထိခိုက်မိတာလဲ။ ဘယ်သူတွေကျဆုံးရဦးမှာလဲ။ ဒီအဖွဲ့အစည်းကိုအနိုင်ရဖို့ ဘာတွေပေးဆပ်ရဦးမှာလဲဆိုတာကတော့…
8 /1
Justice League: Doom (2012) 1080p
3
Justice League: Doom (2012) 1080p
ဒီတစ်ခါတော့ Justice League : Doom ဆိုတဲ့ DC ရဲ့ နာမည်ကျော် Animated Movie လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီတစ်ခါမှာတော့ Justice League အဖွဲ့ကြီးအနေနဲ့ JL အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အဓိကရန်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ Legion of Doom ဆိုတဲ့ အဖွဲ့နဲ့ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ Legion of Doom အဖွဲ့ရဲ့ အဓိကခေါင်းဆောင်ကတော့ Vandal Savage ဆိုတဲ့ villain တစ်ယောက်ဖြစ်ပြီး တစ်ကမ္ဘာလုံးကိုအုပ်ချုပ်ဖို့ အတွက် Legion of Doom ကို ဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ Justice League အဖွဲ့အနေနဲ့ Legion of Doom ကို ဘယ်လိုရင်ဆိုင်ရမှာလဲ။ ကမ္ဘာကိုဖျက်ဆီးဖို့အတွက် Vandal Savage ဆီမှာ ဘယ်လိုအကြံအစည်တွေ ရှိနေလဲဆိုတာကတော့… ဘာသာပြန်နဲ့ အညွှန်းကိုတော့ ညီလေး ...
3 /1
Missing (TV Series 2012) Season 01
8
Missing (TV Series 2012) Season 01
ကမ္ဘာပေါ်မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့ တစ်ခုထဲသောအရာ ပျောက်ဆုံးသွားရင် အဲ့ဒီအရာကိုပြန်ရဖို့ ဘယ်မဆိုလုပ်မိမှာသေချာပါတယ် ရေဘက်ကာဝင်းစတုန်းနဲ့ ပေါလ်ဝင်းစတုန်းတို့က CIA အေးဂျင့်တွေဖြစ်ကြပြီး ဇနီးမောင်နှံတွေလဲဖြစ်ကြပါတယ် မိုက်ကယ်ဆိုတဲ့ သားလေးတစ်ယောက်ရှိပြီး တစ်နေ့မှာ အကြမ်းဖက်သမားတစ်စုရဲ့ လုပ်ကြံမှုကြောင့် ပေါလ်သေဆုံးသွားပြီး ရေဘက်ကာကလဲ CIA အလုပ်ကနေထွက်လိုက်ပါတော့တယ် သားလေးမိုက်ကယ်နဲ့အတူ နေထိုင်လာရင်း 10နှစ်အကြာမှာ ရောမကိုသွားရင်း မိုက်ကယ်ပြန်ပေးဆွဲခံလိုက်ရပါတယ် ဒီအခါ ရေဘက်ကာတစ်ယောက် သားဖြစ်သူကို လိုက်ရှာရင်း CIA အေးဂျင့်တစ်ယောက်ဖြစ်တဲ့ ဒတ်စ်နဲ့ ရင်းနှီးသွားပြီး သူမကို လိုက်ကူညီပေးပါတော့တယ် ရေဘက်ကာတစ်ယောက် သူ့သားမိုက်ကယ်ကို ပြန်တွေ့နိုင်ပါ့မလား............  
8 /1
Arrow (TV Series) Season 02 Complete
9
Arrow (TV Series) Season 02 Complete
Season 1 မှာ The Dark Archer မယ်လ်ကွန်မာလင်ရဲ့ ငလျင်စက်ဒဏ်ကြောင့် အိုလီဗာအနေနဲ့ သူအချစ်ဆုံးသူငယ်ချင်း တွမ်မီကိုဆုံးရှုံးခဲ့ရပါတယ်။ သူငယ်ချင်းဖြစ်သူသေဆုံးပြီးတော့ အိုလီဗာတစ်ယောက် လျန်ယုကိုပြန်သွားပြီး ဇာတ်မြှုပ်နေထိုင်ပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ အိုလီဗာတို့မိသားစုရဲ့ ကွင်းလုပ်ငန်းစုဟာ မိခင်ဖြစ်သူမွိုင်ရာကွင်းရဲ့လုပ်ရပ်ကြောင့် ကုမ္ပဏီပျက်တော့မလိုဖြစ်နေပါတယ်။ သူငယ်ချင်းဖြစ်သူ ဂျွန်ဒစ်ဂယ်နဲ့ဖယ်လစ်စစ်တီတို့ရဲ့တိုက်တွန်းမှုကြောင့် စတာလင်မြို့ကိုပြန်လာပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ သူချစ်တဲ့မြို့တော်ကြီးဟာ ငလျင်ဒဏ်ကြောင့် အရင်ကထပ်ပိုပြီးပျက်ဆီးနေတာကိုတွေ့လိုက်ရတဲ့အခါ အိုလီဗာကွင်းအနေနဲ့ သားတစ်ယောက်ရဲ့တာဝန်ကို ယူရမှာလား ဒါမှမဟုတ် ခေါင်းစွပ်စွပ်ပြီး ကင်းသမားတစ်ယောက်အနေနဲ့ မြို့တော်ကို တရားမျှတမှုလွှမ်းမိုးအောင်လုပ်ရမှာလားဆိုတာကတော့… Spoiler သဘောမျိုးပြောရမယ်ဆိုရင် ဒီ Season မှာ DC Comics ရဲ့ နာမည်ကြီးCharacterတစ်ယောက်ကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။  
9 /3
Arrow (TV Series) Season 01
10
Arrow (TV Series) Season 01
2012 ခုနှစ်မှာ စတင်ပြသခဲ့တဲ့ CW Arrowverse ရဲ့ ပထမဆုံးနဲ့ Darkest အဖြစ်ဆုံး TV Series ပဲဖြစ်ပါတယ်။ DC Comic ရဲ့ နာမည်ကျော် Green Arrow Character ကို အခြေပြုရိုက်ကူးထားတာပါဖြစ်ပါတယ်။ Starling မြို့သား ဘီလျံနာသူဌေးသား အိုလီဗာကွင်း ဖခင်ဖြစ်သူနဲ့ပင်လယ်ခရီးထွက်ရာမှ သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းမှာ ၅နှစ်ကြာသောင်တင်ခဲ့ပါတယ်။ အိုလီဗာတစ်ယောက် သူ့ဇာတိမြို့ကိုပြန်လာချိန်မှာ မြို့တော်တစ်ခုလုံး ရာဇဝတ်မှုတွေ အကျင့်ပျက်ခြစားမှုတွေ ဖုံးလွှမ်းနေခဲ့ပြီး ပြိုလဲလုနီးပါးဖြစ်နေပါတယ်။ Starling City ရဲ့ ပျက်ဆီးမှုတွေကို ပြင်ဆင်ဖို့ ဖခင်ကိုဂုဏ်ပြုဖို့ သူချစ်ရသူတွေကိုကာကွယ်ဖို့ အစ်ကိုတစ်ယောက်တာဝန်ကျေပွန်ဖို့ တစ်ခုခုလုပ်ရပါတော့မယ်။ အဲ့ဒီအချိန်မှာပဲ Starling မြို့မှာ ကင်းသမားတစ်ယောက် ရောက်ရှိလာပြီး မြို့ရဲ့ဒုစရိုက်မှုတွေကို ဥပဒေပြင်ပကနေ တိုက်ခိုက်ပါတော့တယ်။ အိုလီဗာကွင်းနဲ့ကင်းသမားကြားမှာ ဆက်နွယ်မှုတွေရှိနေလား? Starling City ကို ဘယ်လိုဒုစရိုက်သမားတွေကချုပ်ကိုင်နေတာလဲ အိုလီဗာကွင်းတစ်ယောက် ...
10 /3
The Avengers (2012) 1080p
10
1080p
The Avengers (2012) 1080p
တက်ဆာရက်စ် လို့ခေါ်တဲ့ ကျောက်တုံးတစ်ခုကို ရှီးအဖွဲ့ကလေ့လာတဲ့အခါ စကြာဝဋ္ဌာအပေါက်တစ်ခု ပွင့်ပြီး လိုကီ ထွက်ပေါ်လာခဲ့တယ်။ သူဟာ Hawkeyeကို စိတ်ညှို့ခိုင်းစေပြီး တက်ဆာရက်စ် ကို ခိုးယူသွားတယ်။ လိုကီဟာ အပေါက်တစ်ခုကို ဖွင့်ပြီး အခြားကမ္ဘာသားတွေ အကူအညီနဲ့ ကမ္ဘာကို သိမ်းပိုက်ဖို့ လုပ်တဲ့အခါ နစ်ဖျူရီဟာ လိုကီကို တားဆီးဖို့ ကမ္ဘာပေါ်က အစွမ်းဆုံး ဟီးရိုးတွေကို စုစည်းခဲ့တယ်။ သူတို့က Captain america ,Iron Man , Black Widow,Hulk တို့ပါ သူတို့ လိုကီကို ဖမ်းမိပြီးတဲ့အခါ Thor နဲ့Hawkeye တို့ပါ ပါဝင်လာခဲ့ပြီး စည်းလုံးမှုမရှိတဲ့ Avengers တွေကို ကော်စင် သေဆုံးမှုက စည်းလုံးစေခဲ့ပြီးတဲ့အခါ ကမ္ဘာကို သူတို့အတူ ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုအကောင်းဆုံး အက်ရှင်ခန်းတွေနဲ့ အတူ ခံစားကြည့်ရှု့ရမှာဖြစ်ပါတယ်။ MCUရဲ့ ခြောက်ကားမြောက် ကားဖြစ်ပြီး ...
10 /1
Arrow (TV Series) Season 06
7.4
Arrow (TV Series) Season 06
CW ရဲ့ Arrow TV Series ပြန်လာပါပြီ။ ပြီးခဲ့တဲ့ Season 5 မှာ အိုလီဗာတစ်ယောက် အေဒရီယန်ချေ့စ်ကိုလိုက်လံဖမ်းဆီးရင်းနဲ့ လျန်ယုကျွန်းကြီးတစ်ကျွန်းလုံး ပေါက်ကွဲသွားတာကို အားလုံးလဲတွေ့မြင်ကြည့်ရှုလိုက်ရမှာပါ။ အိုလီဗာဟာ သူ့သားကိုကယ်လိုက်နိုင်ပေမယ့် တစ်ချို့တစ်ဝက်ကိုတော့ မကယ်တင်လိုက်နိုင်ပါဘူး အခု Season 6 မှာ ပရိသတ်ချစ်သော Character တစ်ချို့လည်း ကျွန်းပေါ်မှာ သေဆုံးသွားမှာဖြစ်ပါတယ်။ ဒီ Season မှာ Character အများစုလဲ ပြန်လည်ပါဝင်လာမယ်လို့ Producer ကလဲ ပြောပါတယ်။ ဘယ်သူတွေသေဆုံးမလဲ ဘယ်သူတွေရှင်သန်မလဲ S5 မှာပါဝင်ခဲ့တဲ့ ပရိသတ်အချစ်တော် ဆလိတ်ဒ်ဝီလ်ဆင်(Deathstroke)လဲ S6မှာပြန်ပါလာမလား အိုလီရဲ့ဘဝဟာ ဘယ်လိုပုံစံတွေ ဖြစ်လာမှာလဲဆိုတာကိုတော့… ဘာသာပြန်နဲ့အညွှန်းကတော့ ညီလေး အောင်ပြည့်ကျော်ပဲ ဖြစ်ပါတယ်။
7.4 /5
Thaandavam (2012)
10
Thaandavam (2012)
ကန်နီဆိုတဲ့Tamilလူမျိုးမျက်မမြင်တစ်ယောက်ဟာ သူ့ဘဝဝမ်းရေးအတွက် ချာ့ခ်ျကျောင်းတစ်ခုမှာ စန္ဒယားတီးရင်းနဲ့ အသက်မွေးနေရပါတယ်။ တစ်နေ့ ဆာရာဆိုတဲ့ Miss London နဲ့ ကန်နီတို့တွေ မတော်တဆတွေ့ဆုံသွားတဲ့အခါ ဆာရာက ကန်နီ့ကိ သနားချစ်ခင်သွားမိပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆာရာတစ်ယောက် ကန်နီရဲ့ဘဝအမှန်ကိုသိရှိသွားတဲ့အခါမှာ … London အပါအဝင် အင်္ဂလန်နိုင်ငံတစ်ဝှမ်းမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီးတဲ့နောက် လူချမ်းသာအများစုဟာ လူတစ်ယောက်ရဲ့သတ်ဖြတ်ခြင်းကို ခံရပါတော့တယ်။ ဒီလူသတ်မှုတွေဟာ ဘယ်လိုကြောင့်ဖြစ်တာလဲ ဘာဖြစ်လို့အသတ်ခံရတာလဲ။ သတ်တဲ့သူကဘယ်သူလဲ ဗုံးပေါက်ကွဲမှုရဲ့နောက်ကွယ်မှာ ဘာတွေရှိသလဲ ဘာကြောင့်ဒီလိုတွေဖြစ်ရတာလဲ။ ဒီပေါက်ကွဲမှုတွေကြောင့် ဘယ်လိုတွေထိခိုက်နစ်နာခဲ့ရသလဲ အစရှိတဲ့ သည်းထိတ်ရင်ဖိုဖြစ်ရပ်တွေကို တစ်ခုပြီးတစ်ခု အချိတ်အဆက်မိမိ ရိုက်ကူးပြသထားတဲ့ တမီလ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ ဘာသာပြန်နဲ့အညွှန်းကတော့ Aung Pyae Kyaw ဖြစ်ပါတယ်
10 /1
21 Jump Street (2012)
8
720p
21 Jump Street (2012)
2005 ခုနှစ်တုန်းက Schmidt နဲ့ Jenkoတို့က အထက်တန်းကျောင်းမှာ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ် 2012 ရောက်တော့ သူတို့၂ယောက်လုံး ရဲတွေအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေကြပါပြီ မူးယစ်ဆေးအမှုတစ်ခုကို ဖော်ထုတ်ဖို့အတွက် သူတို့၂ယောက်ကို အထက်ကျောင်းသားဟန်ဆောင်ပြီး ကျောင်းပြန်တက်ဖို့ တာဝန်ပေးခံလိုက်ရတဲ့အခါ ဘယ်လိုဟာသအလွဲတွေဖြစ်ပြီး လူဆိုးတွေကို ဘယ်လိုဖမ်းဆီးသွားနိုင်မှာလဲ
8 /3
Metal Hurlant Chronicles (TV Series) Season 02 Complete
6
Metal Hurlant Chronicles (TV Series) Season 02 Complete
ဒီဇာတ်လမ်းကို တင်ချင်လို့သာရေးရတာ အတော်ပင်ပန်းခဲ့ပါတယ် ဒိန်းမိတ်ဘာသာစကားကနေ အင်္ဂလိပ် အင်္ဂလိပ်ကနေ မြန်မာလို အဆင့်ဆင့်ထပ်လုပ်ရတော့ စာတွေကလဲ လွဲချော်မှုတွေက များ တစ်ချို့ဟာတွေဆို ကိုယ်တိုင်ပါ နားမလည်လောက်အောင်ဖြစ်ခဲ့ရပါတယ်။ ဇာတ်လမ်းတော့မညွှန်းတော့ဘူး ညွှန်းစရာလဲ ဘယ်အစ ဖမ်းဆွဲရမလဲမသိဘူး။ ဒီလိုကားပုံစံမျိုးကိုကြိုက်တဲ့သူရောရှိပါ့မလားမသေချာဘူးရယ်။ ဒါပေမယ့်လဲ စမိတဲ့ဇာတ်ဆုံးအောင်ကဖို့ ဆီဇင်တူး ကို အဆုံးထိ ရေးတင်ပေးလိုက်ပါသည်။ ဘာသာပြန်သူကတော့ Myo Khant(KCG) ဖြစ်ပါတယ်     ဆီဇင်ဝမ်း မကြည့်ရသေးတဲ့သူများ  အောက်ကလင့်ခ်မှာ သွားရောက် ဒေါင်းယူနိုင်ပါပြီ Season 01  
6 /4
Jab Tak Hai Jaan (2012)
8.6
Jab Tak Hai Jaan (2012)
ဆမား အနန်းဟာ လန်ဒန်မြို့က အလုပ်ကြိုးစားတဲ့ ရွှေ့ပြောင်းအလုပ်သမားဖြစ်ပြီး သူ့ဘ၀ရဲ့ အချစ်ဖြစ်လာမယ့် နတ်သမီးလေးလို လှတဲ့ မီရာ နဲ့ မကြာခဏတွေ့ဆုံမှုလေးတွေကနေ အချစ်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဇာတ်လမ်းလေးမစခင် မှာ အဆုံးသတ်သွားရတဲ့ အကြောင်းကတော့ မီရာဟာ ဘုရားသခင်ကို စူးစူးနစ်နစ်ယုံကြည်သူဖြစ်ပြီး ဘုရားသခင်နဲ့ ကတိတွေ အပေးအယူတွေ လုပ်လေ့ရှိပါတယ်။ တစ်နေ့မှာ ဆမား မတော်တဆမှုတစ်ခုနဲ့ သေရေး ရှင်ရေး ကြုံနေရချိန်မှာ စိတ်ဖိစီးနေတဲ့ မီရာဟာ ဘုရားသခင်နဲ့ အပေးအယူတစ်ခုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဆမားကိုသာ အသက်ရှင်ခွင့်ပေးမယ်ဆိုရင် ဆမားနဲ့သူ တစ်သက်လုံးဝေးဝေးနေပါ့မယ်ဆိုတာပါ။ မီရာ့ရဲ့ တစ်ဇွတ်ထိုးဆုံးဖြတ်ချက်ကို စိတ်နာသွားတဲ့ ဆမားဟာ ဘုရားသခင်ကိုစိန်ခေါ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဝေးဝေးနေတိုင်းသာ တကယ် အသက်ရှင်ရကြေးဆို သေခြင်းရဲ့ နူတ်ခမ်းဝကို နေ့တိုင်း ခုန်ဆင်းပြမယ်ဆိုပြီးတော့ ဗုံးတွေကိုအသက်မဲ့အန္တရာယ်ကင်းအောင်လုပ်တဲ့ တပ်ဖွဲ့မှာ အကာအကွယ်မယူပဲ လုပ်ငန်းဆောင်ရွက်တတ်တဲ့ မသေနိုင်တဲ့သူတစ်ယောက်ဆိုပြီး နာမည်ကြီးလာခဲ့ပါတော့တယ်။ အဲ့ဒီမှာ ဆမားရဲ့ဘ၀ကို ၀င်ရောက်လာတော့ ...
8.6 /5
Rurouni Kenshin: Origins (2012)
0
Rurouni Kenshin: Origins (2012)
ဒီဇာတ်ကားလေးကတော့ ဟိုးအရင်တုန်းက တီဗွီမှာ လာခဲ့ဖူးတဲ့ ပါးပေါ်မှာ ကြက်ခြေခတ်ရာလေးနဲ့​ ဓါးသမားလေး ဟီမူရာဘတ်တိုဆိုင်း (ခေါ်) ဟီမူရာကန်းရှင်း ကာတွန်းဇာတ်လမ်းတွဲ ကို Live Action အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ကားပါ။ Trilogy သုံးကားတွဲဖြစ်ပြီး ယခု ပထမကားမှာတော့ ကန်ရှင်းဟာ ကာတွန်းထဲကလိုပဲ ခြေသလုံးအိမ်တိုင်သွားလာရင်း ကာအိုယူ ၊ ဆာနိုစကီ ၊ မျိုးဂျင် တို့နဲ့ ဆွေမျိုးတွေလို ရင်းနှီးသွားပုံတွေ။ သူ့နာမည်ကို အသုံးချကာ လူသတ်နေတဲ့ လူဆိုးကြီးကို နှိမ်နင်းပုံတွေကို ရိုက်ပြထားတာပါ။ Warner Bros ရုပ်ရှင်ကုမွဏီကနေ ထုတ်လုပ်ထားတာဖြစ်ပီး တိုက်ခိုက်ရေးပိုင်းတွေ ကင်ဒိုဓါးခုတ်လွှဲပုံတွေဟာ အသက်ပါလွန်းတာကြောင့် ကြည့်ရသူ ရင်တမမနဲ့ ဖြစ်စေမယ့် ဂျပန်ဓါးသိုင်းစွမ်းရည်ကို အသားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
0 /0
Barfi (2012)
10
Barfi (2012)
Imdb 8 ကျော် rating ကားတွေဟာ အညွှန်း သိပ်ပေးစရာမလိုဘူးထင်ပါတယ်။ အချစ်ကိုဦးစားပေးတဲ့ကားမျိုး ရင်ထဲကို ခပ်ပြင်းပြင်းထိစေတဲ့ ဇာတ်လမ်းတွေကိုမှ ကြိုက်သူတိုင်းအတွက်တော့ မလွတ်တမ်းကြည့်ရမဲ့ ဇာတ်လမ်းမျိုးပါ။ ဆွဲ့အနားမကြား အမိမဲ့သား ကောင်လေးတစ်ယောက် ချစ်ခြင်းတရားသံယောဇဉ် ဆိုတာကို စကားလုံးတွေ၇ှိမှပုံဖော်နိုင်တာလား။ စကားလုံးတွေမပါဘဲ ပေးနိုင်တဲ့ရသတွေ ဓါတ်ပုံသမားတွေရဲ့ မြင်ကွင်းဆန်ဆန် အနုပညာလက်ရာမြောက် ရိုက်ချက်တွေ နဲ့ ဇာတ်လမ်းတည်ထားတဲ့ ရထားလေးနဲ့မြို့လေး Darjeeling ကို တခေါက်လောက်တော့ ရောက်ဖူးချင်လိုက်တာလို့ ဖြစ်သွားစေနိုင်လောက်မဲ့စွဲဆောင်မှုမျိုး ပေးနိုင်တဲ့ နုဖတ်နေတဲ့ဇာတ်ကားကောင်းတစ်ခုပါ။  filmfare award မှာ ၁၃ ခုဆန်ကာတင်ဝင်ပီး ဆုခုနှစ်ခုရထားသောကားလဲဖြစ်သောကြောင့် ကောင်းမကောင်းဆိုတာ ပြောဖို့လိုမယ်ကိုမထင်တော့ပါဘူးနော် ဘာသာပြန်ပေးသူကတော့ Waihan Lin Htin ပဲဖြစ်ပါတယ်      
10 /2
Snow White and the Huntsman (2012)
0
Snow White and the Huntsman (2012)
ဒီကားလေးက ကျွန်တော်တို့ ငယ်ငယ်က ကြားဖူးပြီး ကာတွန်းကား ကြည့်ဖူးနေတဲ့ Snow Whiteနှင့် လူပုလေးခုနှစ်ယောက်ရဲ့ Reboot Version မျိုးဖြစ်ပြီး မတူကွဲပြားတဲ့ ပုံစံတစ်ခုအနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဒီကားမှာတော့ စနိုးဝှိုက်ဟာ ငယ်စဉ်ကတည်းက အကျဉ်းချခံထားရတဲ့ ဘုရင့်သမီးလေး ဖြစ်ပြီး အရွယ်ရောက်လာတဲ့တစ်နေ့မှာ သူ့အသက်ကို ဘုရင်မကြီးက ရန်ရှာလာတဲ့အခါ ထွက်ပြေးရင်း တောထဲကို ရောက်သွားတဲ့အခါ တောထဲမှာ မုဆိုး နဲ့ လူပုလေးတွေနဲ့ ဘယ်လိုတွေ့ကြမလဲ။ တိုင်းပြည်ကိုရော ပြန်လည်ရနိုင်ဦးမလား ဆိုတာတွေ့ရမှာဖြစ်ပြီး အခြား Snow White ကားတွေနဲ့ ကွာခြားချက်က မုဆိုး ဇာတ်ကောင်တစ်ခု ပါလာတာဖြစ်ပါတယ်။ ဒီ Reboot versionလေးကို ခရစ်စတင်းစတီးဝက်စ်နဲ့ ခရစ် ဟန်းဝို့စ်တို့က သရုပ်ဆောင်ပေးထားပြီး 2016မှာ Huntsman Winter warဆိုပြီး Sequelတစ်ခု ထွက်ထားတဲ့ကားလေးဖြစ်ပါတယ်။
0 /0
Battleship (2012)
7.4
Battleship (2012)
နိုင်ငံတကာစစ်ရေးပြပွဲအတွက် ရောက်ရှိလာသောနိုင်ငံအနှံ့မှ စစ်င်္ဘောတွေဟာ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်အတွင်းသို့ရောက်ရှိနေချိန် လူသားသမိုင်းတစ်လျှောက်လုံးမှာအကြီးမားဆုံး အန္တရာယ်တစ်ခုနဲ့ရင်ဆိုင်တွေ့ရှိလိုက်ရပါတယ် အဲ့ဒါကတော့ တခြားသောစကြာဝဌာမှ ဂြိုလ်သားတွေရဲ့ကျူးကျော်မှုဖြစ်ပါတယ် အကယ်၍ သူတို့သာ အဲ့ဒီစစ်ပွဲကိုရှုံးခဲ့ရင် ကမ္ဘာကြီးတစ်ခုလုံးဝဂြိုလ်သားတွေရဲ့နယ်ချဲ့မှုကိုခံရတော့မယ် ကဲဒီတော့ လူသားတွေဒီစစ်ပွဲကိုနိုင်မှာလား ဂြိုလ်သားတွေက ကမ္ဘာမြေရဲ့ ဘယ်အရာကို အလိုရှိလို့လာခဲ့တာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ အဖြေရှာလိုက်ကြပါစို့  
7.4 /7
Arrow (TV Series) Season 05
10
Arrow (TV Series) Season 05
2012ခုနှစ်ကတည်းက CWရုပ်သံလိုင်းကနေ ပြသလာခဲ့တဲ့ DC Comicsရဲ့Characterတွေကိုအခြေခံရိုက်ကူးထားတဲ့ ဒီTV Seriesဟာ အခုဆိုရင် Season 5 ကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ Season 4 မှာတုန်းကဖြစ်ပျက်ခဲ့တဲ့ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်တွေကြောင့် ဒစ်ဂယ်နဲ့သီယာတို့ဟာ မူလအဲရိုးအသင်းကြီးကနေထွက်ခွာသွားပါတော့တယ်။ အိုလီဗာကွင်းနဲ့ဖယ်လစ်စစ်တီတို့ပဲ အဲရိုးအသင်းကြီးမှာ ကျန်ခဲ့ပါတော့တယ်။ အဲ့ဒီအချိန်မှာ အိုလီဗာကွင်းဟာ စတားမြို့တော်ရဲ့မြို့တော်ဝန်တစ်ဦးဖြစ်နေပါပြီ။ဒါကြောင့်မို့လို့ အိုလီဗာဟာ နေ့အချိန်မှာမြို့တော်ဝန်အသွင်နဲ့လှုပ်ရှားကာ ညအချိန်မှာ တစ်ယောက်တည်းပဲဂရင်းအဲရိုးအသွင်နဲ့ပဲ ရာဇဝတ်မှုတွေကို တိုက်ဖျက်ရပါတော့တယ်။ အိုလီဗာတစ်ယောက်မြို့တော်ဝန်ရာထူးရလိုက်တဲ့အခါမှာ ခေါင်းရှုပ်စရာတွေကြုံလာရပါတော့တယ်။ မြို့တော်ဝန်အလုပ်ဟာ ထင်ထားတာထပ်ပိုရှုပ်ထွေးပြီး မြို့တော်ဝန်အသွင်နဲ့လုပ်ဆောင်ရမယ့်တာဝန်ဟာ ဂရင်းအဲရိုးအသွင်နဲ့လုပ်ဆောင်ရမယ့်တာဝန်ထက် ပိုကြီးလေးတာကိုနဖူးတွေ့ဒူးတွေ့သိလိုက်ရပါတော့တယ်။ ဒါကြောင့်မို့လို့ဖယ်လစ်စစ်တီဟာ အိုလီဗာ့ကို အဲရိုးအသင်းသစ်ဖွဲ့စည်းဖို့အကြံပေးပါတော့တယ်။ အဲဒီအချိန်မှာပဲစတားမြို့တော်ကို တိုဘိုင်းရပ်စ်ချက်ခ်ျ ဒုစရိုက်ခေါင်းဆောင်အသစ်တစ်ယောက် ရောက်လာပါတော့တယ်။ အိုလီဗာ့ကိုကော ဂရင်းအဲရိုးကိုပါရှင်းပစ်မှသာလျှင် စတားမြို့တော်တစ်ခုလုံးကိုသိမ်းယူနိုင်မှာဖြစ်ကြောင်းကိုလဲ တိုဘိုင်းရပ်စ်ချက်ခ်ျကသိနေပါတယ်။ ဒါ့ကြောင့်မို့လို့လဲ တိုဘိုင်းရပ်စ်ချက်ခ်ျက အိုလီဗာ့ကိုသတ်ဖို့ကြိုးပမ်းပါတော့တယ်။ တိုဘိုင်းရပ်စ်ချက်ခ်ျကအိုလီဗာ့ကိုသတ်ဖို့လုပ်နေတုန်းမှာ တိုက်ခိုက်ရေးပညာနဲ့မြားပစ်ပညာမှာ ကျွမ်းကျင်တဲ့သူတစ်ဦးရောက်ရှိလာပြီးတော့ တိုဘိုင်းရပ်စ်ချက်ခ်ျကိုတားဆီးပါတော့တယ်။ ဂရင်းအဲရိုးဟာသူ့အတွက်သာဖြစ်ကြောင်း သူကိုယ်တိုင်သာဂရင်းအဲရိုးကိုသတ်မှာဖြစ်ကြောင်း တိုဘိုင်းရပ်စ်ချက်ခ်ျကိုပြောပါတော့တယ်။ တိုဘိုင်းရပ်စ်ချက်ခ်ျကိုတားဆီးတဲ့သူဟာ သူ့ကိုယ်သူ ပရိုမီးသီးယပ်စ် လို့ ခေါ်ပါတယ်။ ပရိုမီးသီးယပ်စ်ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ဟာ အိုလီဗာကွင်းကိုနာကျင်ခံစားရအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ပရိုမီးသီးယပ်စ်ရဲ့ရည်ရွယ်ချက်ကပဲ အထမြောက်မှာလား ဒါမှမဟုတ် ဂရင်းအဲရိုးကပဲ ပရိုမီးသီးယပ်စ်ကိုအနိုင်ယူနိုင်မှာလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ ဒီSeason 5 ကတော့ အရင်Seasonတွေနဲ့မတူညီပဲ တစ်မူထူးခြားနေတယ်ဆိုတာကို ကြည့်ရှုသူတွေအနေနဲ့ ခံစားနိုင်လိမ့်မယ် လို့ ကျွန်တော်ယုံကြည်မိပါတယ် အခု ဒီSeason 5 ကို အပိုင်း ၁ ကနေ ၁၁ အထိ Myo Khant(KCG)ကဘာသာပြန်ပေးထားတာဖြစ်ပြီး ၁၂ ကနေ ထွက်သမျှအထိ Aung Pyae Kyaw(Zolomon) မှ ...
10 /7
Lincoln (2012)
6
720p
Lincoln (2012)
အမေရိကန်ပြည်တွင်းစစ်က အဆမတန်ကြီးထွားနေတဲ့အချန်မှာ သမ္မတလင်ကွန်းတယောက် ဘယ်လိုတွေကြိုးစားဖြေရှင်းခဲ့လဲဆိုတာ သင်သိလိုက်မှာမဟုတ်ပါဘူး ဒီဇာတ်ကားလေးကတော့ သင့်ကိုသမ္မတလင်ကွန်းရဲ့ဘဝဖြစ်စဉ်တွေဆီအရောက်ခေါ်ဆောင်ပေးသွားမှာပါ.  
6 /2

Facebook