2010

Group Sex (2010)
7
1080p
Group Sex (2010)
လိင်ကိစ္စကိုအသဲအသန်စွဲလန်းနေတဲ့ လူတွေအတွက် ရောဂါကုထုံးတစ်ခုအကြောင်းကို ဟာသနှောပြီးရိုက်ကူးထားတာဖြစ်ပါတယ် ဟာသကားဆိုပေမဲ့ မိသားစုနဲ့အတူမကြည့်သင့်တာတော့ နာမည်နဲ့တင်သိမယ်ထင်ပါတယ် လိင်ကိစ္စအကြောင်း နက်နက်နဲနဲရှင်းပြထားပြီး စကားလုံးအသုံးအနှုန်းကြမ်းတမ်းနိုင်ပါတယ် 2010ကရိုက်ကူးထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် 2012မှသာပြသနိုင်ခဲ့ပါတယ် သရုပ်ဆောင်တွေထဲမှာ ထူးထူးခြားခြားပါဝင်နေတာကတော့ Supernatural fan တွေရဲ့အချစ်တော် ဘုရားသခင် Chuck က Donny အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် Rob Benedict ရဲ့ငယ်ဘဝကိုတဖန်ပြန်လည်ခံစားရမှာပါ IMDb: 5.1 Director: Lawrence Trilling Stars: Josh Cooke, Greg Grunberg, Odette Annable,Rob Benedict Genre: Comedy File size: 920mb,450mb Link type: soliddrive,openload  
7 /1
The Tourist (2010)
0
1080p
The Tourist (2010)
ဒီကားမှာစူပါတွေဖြစ်တဲ့ Johnny deep နဲ့ Angelina Jole တို့ကို တွဲဖက်တွေ့မြင်ရမှာဖြစ်ပါတယ်။ Johhy Deepဟာ အသဲကွဲတာကို ကုစားဖို့ အီတလီနိုင်ငံ ဗင်းနစ်မြို့ကို ခရီးထွက်ခဲ့သူတစ်ယောက် အဖြစ် ပါဝင်ထားပြီး Joleကတော့ သူုမရည်းစားလို့ Johnnyကိုလူတွေထင်အောင်တည်ကြက် အဖြစ်အသုံးချခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ရည်းစားကို ရဲတွေရော သူငွေခိုးခဲ့တဲ့ လူတွေကပါ လိုက်ဖမ်းနေတဲ့အတွက် သူမတို့၂ယောက်ဘယ်လိုပြေးကြဦးမလဲ ဆို တာနဲ့ ဘာဆက်ဖြစ်ကြဦးမလဲ ဆိုတာတော့ ကြည့်ရှု့ခံစား ကြည့်ကြပါ။ IMDb: 6.0 Director: Florian Henckel von Donnersmarck Stars: Johnny Depp, Angelina Jolie, Paul Bettany Genre: Action, Adventure, Crime File size: 1gb,500mb Link type: soliddrive,openload  
0 /0
My Name Is Khan (2010)
10
720p
My Name Is Khan (2010)
ရစ်ဇ၀မ်ခန်းဟာ မွေးရာပါ.. Asperger's syndrome ကိုခံစားနေရတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့မွေးရာပါ ရောဂါအရ ရစ်ဇ၀မ်ဟာ အ၀ါရောင် စူးရှတဲ့အသံတွေ နဲ့လူသစ်ပတ်ဝန်းကျင်သစ်တွေကိုကြောက်တတ်ပါတယ်။ (ဒါကလဲသူ့ညီရဲ့ဇနီးစိတ်ပညာရှင်က လေ့လာကြည့်မှသိတာပါ) ဒီလို အားနည်းချက်နဲ့ လူတစ်ယောက်ဟာ . ကျွန်တော့်နာမည်ခန်း..ကျွန်တော်အကြမ်းဖက်သမားမဟုတ်ဘူး ဆိုတာ ကို ဘာကြောင့် လိုက်ပြောဖို့ ဖြစ်လာစေခဲ့သလဲ။ . ကျွန်တော့်နာမည်ခန်း..ကျွန်တော်အကြမ်းဖက်သမားမဟုတ်ဘူး ဆိုတာကို ပြောဖို့ ဘယ်လိုအခက်အခဲတွေကို ဖြတ်သန်းရမလဲဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ရှာရွတ်ခန်း ကာဂျိုး ကာရန်ဂျိုဟာ တို့တွဲမိလိုက်ရင် မပေါက်တဲ့ကားမရှိသလောက်အောင်မြင်ခဲ့တဲ့မင်းသားမင်းသမီးဒါရိုက်တာ အတွဲတွေပါ..။ကားရိုက်သိပ်ကျဲတဲ့ကာဂျိုးကိုဒီဇာတ်ကားမှာပြန်တွေ့ရတာ kabhi khushi kabhi gharmဇာတ်ကားနောက်ပိုင်းဒီဇာတ်ကားမှာ ပထမဆုံးပြန်မြင်ရပါတယ်။ ကာဂျိုးကတော့အရင်အတိုင်းလှနေတုန်း သူ့နေရာနဲ့သူအပိုအလိုမရှိကွက်တိပါပဲ။ ပြောရရင်ဒီဇာတ်ကားမှာသူနေရာသိပ်မရပါဘူး။ ကာရန်ဂျိုဟာကတော့ သူကိုင်လိုက်သမျှကို အောင်မြင်အောင်ရိုက်ပြနိုင်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ် ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်ဟာရှာရွတ်ခန်းဖြစ်သလို ဇာတ်လမ်းတစ်ခုလုံးကိုသယ်သွားခဲ့တာလဲသူပါပဲ..။ ဇာတ်ကားမှာသူပါမှန်းသိပေမယ့် ပိတ်ကားပေါ်မှာတော့ ကျွန်တော်တို့မြင်နေကျရှာရွတ်ခန်းဟာလုံးဝပျောက်နေခဲ့ပြီး.. ရစ်ဇ၀မ်ခန်းကိုပဲမြင်ရပါလိမ့်မယ်။ ဒါကြောင့်လဲ နှစ်ပေါင်းတွေအခုလောက်ကြာတဲ့အထိအနိမ့်အမြင့်အတက်အကျြ မန်တဲ့ ဒီလောကမှာ ရှာရွတ်ခန်းဆိုတဲ့နာမည်တစ်လုံးကမယိုင်နဲ့ခဲ့တာ။ယူကေမှာရုံတင်ခဲ့တဲ့ ကားတွေထဲက၀င်ငွေစံချိန်တင်ဇာတ်ကားဆယ်ကားရဲ့ စာရင်းမှာ အခုလက်ရှိ my name is khan အပါအ၀င်ရှာရွတ်ခန်းကား ကိုးကားပါဝင်ပါတယ်။ ဒီဇာတ်ကားဟာ အပစ်အခတ် အညှစ်အသတ် နဲ့အညစ်အပတ်တွေကို ...
10 /1
Justice League: Crisis on Two Earths (2010)
0
Justice League: Crisis on Two Earths (2010)
DC ရဲ့ နာမည်ကျော် Animated Movie တစ်ကားနဲ့ ထပ်မံမိတ်ဆက်ပေးပါရစေ။ Multiverse တွေ အများကြီးထဲမှာ Earth တွေ အများကြီးရှိပါတယ်။ Superman ရဲ့ အဓိက villain တစ်ယောက်ဖြစ်တဲ့ Lex Luthor ဟာ Earth တစ်ခုမှာ လူကောင်းတစ်ယောက်ဖြစ်နေပြီး Justice League အဖွဲ့ရဲ့ Leader တစ်ဦးဖြစ်နေပါတယ်။ လူကောင်း Lex Luthor ရဲ့ ကမ္ဘာမှာ Crime Syndicate လို့ ခေါ်တဲ့ Superpower တွေ ရရှိထားတဲ့ လူတစ်စုက အလွန်သောင်းကျန်းဆိုးဝါးကာ ကမ္ဘာကိုအုပ်စိုးဖို့ကြံစည်နေပါတယ်။ ဒီလိုနဲ့ လူကောင်း Lex Luthor ကလဲ Superman တို့ရှိရာကမ္ဘာကို လာရောက်ပြီးတော့ Crime Syndicate ကို နှိမ်နင်းပေးဖို့ အကူအညီတောင်းခံပါတော့တယ်။ Crime Syndiacte နဲ့ ...
0 /0
The Pacific (TV Series) Season 1 Complete
7.5
The Pacific (TV Series) Season 1 Complete
Band of Brothers လိုစစ်ပွဲနောက်ခံ ဇာတ်လမ်းမျိုး ကြိုက်တတ်သူတွေအတွက် နောက်ထပ်စီးရီးကောင်းတစ်ခုပါ ဒီစီးရီးကလဲ အပိုင်း 10ပိုင်းထဲနဲ့ ဇာတ်သိမ်းထားတာပါ IMDB rating 8.3ထိရရှိထားပြီး ဒုတိယကမ္ဘာစစ်အတွင်းက မရိမ်းတပ်သားလေးတွေအကြောင်းကို ရပ်သပ်ရှုမောဖွယ်ရိုက်ကူးထားတာဖြစ်ပါတယ်  
7.5 /2
Valley of the Wolves: Palestine (2011) 720p Only
7.5
720p
Valley of the Wolves: Palestine (2011) 720p Only
တူရကီကွန်မန်ဒိုတပ်ဖွဲ့တစ်ဖွဲ့က Palestine ကိုသွားရောက်ပြီး အစ္စရေးကွန်မန်ဒိုတွေလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ တူရကီအလုပ်သမားတွေအတွက် လက်စားချေဖို့ စတင်ခဲ့ကြပါတယ် အစ္စရေးခေါင်းဆောင် ဂါဇာကို လိုက်လံရှာဖွေကြရင်း မမျှော်လင့်တဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့လိုက်ရတဲ့အခါ........ ဒီကားလေးကို mmsubtitles အတွက် ဘာသာပြန်အသစ်ဖြစ်တဲ့ Thi Ha Lin (TU myitkyina) မှဘာသာပြန်ပေးထားတာဖြစ်ပါတယ် အသစ်ဖြစ်လို့ အမှားတစ်စုံတစ်ရာရှိရင် ခွင့်လွှတ်ပေးကြဖို့လဲ ကြိုတင်တောင်းပန်အပ်ပါတယ်
7.5 /4
Legend of the Guardians: The Owls of Ga’Hoole (2010) 1080p
6.3
1080p
Legend of the Guardians: The Owls of Ga’Hoole (2010) 1080p
ပြန်ပေးဆွဲခံလိုက်ရတဲ့ ဇီးကွက်ငယ်လေးတစ်ကောင်နဲ့ သူ့သူငယ်ချင်းတွေရဲ့ စွန့်စားခန်းတွေကို ဇာတ်အိမ်လှလှပပနဲ့ ရိုက်ကူးထားတဲ့ animation ကားကောင်းလေးဖြစ်ပါတယ် အညွှန်းအရှည်ကြီးရေးပေးသူကတော့ ဇွန်မြတ်နိုးဆွေ ပဲ ဖြစ်ပါတယ်။
6.3 /4
Guzaarish (2010) 720p Only
10
720p
Guzaarish (2010) 720p Only
အီသန်မက်စ်ကရန်ဟက်စ်ဟာ တစ်ချိန်က ကမ္ဘာအတော်ဆုံးမျက်လှည့်သမား တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပြကွက်တစ်ခု ချွတ်ချော်မှားယွင်းခဲ့ပြီးနောက် ခြေလက်အင်္ဂါလေးခုလုံး မလှုပ်မရှားနိုင်ဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လုံး သူ့ကျန်းမာရေးဟာ တည်ငြိမ်တယ်လို့ပြောရမယ်။ ဒါဟာ သူ့ရဲ့ တာဝန်ကျေပွန်လွန်းတဲ့ သူနာပြု အမျိုးသမီး မစ္စ ဆိုဖီယာဒီဆူဇာ ကျေးဇူးတွေ အများကြီးပါတယ်လို့ ဆိုရပါလိမ့်မယ်။သူဟာ အိမ်မှာနေထိုင်ပြီးတော့ အလုပ်လုပ်တယ်။ သူ့ရဲ့ မချုပ်ထိန်းနိုင်တဲ့ ဇ၀နဥာဏ်နဲ့ မျက်လှည့်အသစ်တွေကို စာအုပ်တွေ ရေဒီယို အစီအစဉ်တွေက တစ်ဆင့် ဖြန့်ချိတယ်။ တစ်ဖြည်းဖြည်းနဲ့ သူ့ကျန်းမာရေး ယိုယွင်းလာတာကြောင့် ဆေးရုံမှာ တက်ပြီးတော့ အသက်ကယ်ကိရိယာ အကူအညီတွေနဲ့ အသက်ဆက်ရဖို့ ဖြစ်လာခဲ့တဲ့ အခြေအနေမှာ အဲ့ဒါကို ရှောင်လွဲနိုင်ဖို့ တရားရုံးကို ဦးတည်လျှောက်ထားလွှာဟာ သူ့ပတ်ဝန်းကျင်က လူတွေအားလုံး အံ့သြထိတ်လန့်စရာဖြစ်ခဲ့ရပါတယ်။ ဒီကားလေးက ကျွန်ောတ့်အတွက်တော့ တွေးစရာလေးတွေပေးခဲ့တဲ့ကားဖြစ်ပြီး တကယ့်ကို နှစ်သက်ခဲ့မိတဲ့ ကားတွေထဲက တစ်ကားဖြစ်ပါတယ်..။ ဟောင်းပေမဲ့လဲ ကောင်းနေဆဲBollywood ဇာတ်ကားတစ်ကား ပါ.။
10 /2
Cop Out (2010) DVDRip 720p Only
7
DVD Rip
Cop Out (2010) DVDRip 720p Only
ဝါရင့်စုံထောက် ဂျင်မီမွန်ရိုးဟာ လာမယ့်သူ့သမီးမင်္ဂလာဆောင်အတွက် စိုက်ထုတ်ပေးရဖို့ ငွေလိုအပ်နေပါတယ်။ ဒီတော့ သူရခဲ့တဲ့ ဆုဖြစ်တဲ့ ၅၂ ပတ်ဖ်ကို ဘေ့စ်ဘောကဒ်ကို ရောင်းထုတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူငွေသားအဖြစ်မပြောင်းလဲခင်မှာပဲ အဲ့ဒီကဒ်က အခိုးခံလိုက်ရတယ်။ ဂျင်မီနဲ့ သူ့ပါတနာ ပေါလ်တို့ဟာ အားကစား အမှတ်တရပစ္စည်းတွေအပေါ်စွဲလန်းမှုရှိနေတဲ့ ဂိုဏ်းစတား တစ်ယောက်နဲ့ ရင်ဆိုင်ရပါတယ်။ ပထမ ဂျင်မီ နဲ့ ပေါလ်အနေနဲ့ နိုင်ငံခြား ဘဏ်စာရင်းတွေထဲက ငွေပေါင်းများစွာအတွက် သော့ချက်တစ်ခုဖြစ်တဲ့ လူသတ်မှု မျက်မြင်သက်သေ မိန်းမလှလေးတစ်ယောက်ကို အရင်ဆုံးကယ်တင်ရဖို့ ဖြစ်လာပါတယ်။ အဲ့ဒီနောက်တော့.......................  
7 /1
127 Hours (2010) 720p only
9.7
127 Hours (2010) 720p only
ဒီကားကတော့ အလန်းစား ဘိုင်အိုဂရပ်ဖီကားတစ်ကားဖြစ်ပါတယ်။ ဒီကားလေးမှာတော့ စပိုက်ဒီ ရဲ့ ကားမှာ ဟယ်င်္ရီအဖြစ်နဲ့ လူသိများတဲ့ ဂျိမ်းဖရန်ကို ပါဝင်ထားပါတယ်။ ဒီကားက စိတ်ဓာတ် ကျတက်တဲ့ လုတွေ ကြည့်သင့်တဲ့ ကားထဲပါ တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ တောထဲမှာ တစ်ယောက်ထဲ ရိက္ခာမရှိတော့ပဲ ၁၂၇ နာရီ ဘယ်လို ကျော်ဖြတ်မလဲ ရင်သပ်ရှုမော ကြည့်ရမဲ့ ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ ဒီကားလေးဟာ Imdb 7.6ရထားပေမဲ့ R rateကားမို့ ၁၈အောက် ကလေးတွေ မကြည့်သင့်တဲ့ ကားတစ်ကားဖြစ်နေတာတော့ စိတ်မကောင်းစရာပါ။ ကဲ လူကြီးတွေ မသိအောင်သာ ကြည့်ကြပါ။ ကျောင်းတက်ရမဲ့ ရက် ၃၀၀ ကို ဒီလောက်မဆိုးသေးပါဘူးလို့ နှလုံးသွင်းကြပါ။      
9.7 /3
Alice in Wonderland (2010)
0
Alice in Wonderland (2010)
1951 ခုနှစ်ကထွက်ရှိခဲ့တဲ့ Alice in Wonderland ဆိုတဲ့ကာတွန်းကားလေးကို ငယ်ငယ်ကကြည့်ဖူးကြမှာပါ အခုဒီကားလေးက အဲ့ဒီကာတွန်းကားအတိုင်းတပုံစံထဲတူအောင် လူသရုပ်ဆောင်တွေနဲ့ပြန်လည်ဆန်းသစ် ရိုက်ကူးထားတာဖြစ်ပါတယ် ကာတွန်းကားမှာထဲက စိတ်ကူးယဉ်ဆန်တဲ့ပြကွက်တွေအများကြီးပါဝင်ခဲ့လို့ လူတွေနဲ့ပြန်ရိုက်တဲ့အခါမှာလဲ အတော်လေးကြည့်ကောင်းလှပါတယ် သရုပ်ဆောင်အပိုင်းမှာလဲ မင်းသားကြီး Johnny Depp ပါဝင်ထားတဲ့အတွက် ပြောစရာမလိုအောင်ပြည့်စုံနေပါပြီ ဇာတ်လမ်းအကျဉ်းလေးကတော့ အရာရာကိုစူးစမ်းလေ့လာလိုတဲ့ 19နှစ်အရွယ်ကောင်မလေးအဲလစ်စ်က သူမရဲ့စေ့စပ်ပွဲနေ့မှာ ယုန်လေးတကောင်ကို လိုက်ဖမ်းရင်း တွင်းနက်ကြီးတခုထဲပြုတ်ကျသွားရာကနေ ထူးဆန်းတဲ့တိုင်းပြည်တခုကိုရောက်ရှိသွားပါတယ် မြေအောက်တိုင်းပြည်ကိုရောက်ရှိသွားပြီးမကြာခင်မှာ တိုင်းပြည်တခုလုံးရဲ့ကံကြမ္မာက အဲလစ်စ်အပေါ်ကျရောက်နေတယ်ဆိုတာ သိရှိသွားပြီး အဖြူရောင်ဘုရင်မရဲ့ထီးနန်းကိုပြန်လည်ရယူပေးဖို့ အနီရောင်ဘုရင်မကိုအနိုင်တိုက်ပေးဖို့အတွက် အဲလစ်စ်ကကူညီပေးလိုက်ရပါတယ် နောက်ဆုံးမှာ အဲလစ်စ်က အနီရောင်ဘုရင်မကို ဘယ်လိုတိုက်ခိုက်သွားမှာလဲဆိုတာတော့ ကာတွန်းကားထဲအတိုင်း အလန်းစားeffectတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်  
0 /0
Band Baaja Baaraat (2010)
10
Band Baaja Baaraat (2010)
ရှရူတီကတ်ကာ (အနူရှကာရှာမား) ဟာ အနာဂတ်ဦးတည်ချက်ကြီးမားပြီး မင်္ဂလာဆောင်ပွဲစီစဉ်သူလောကကို ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူဟာ အပျော်အပါးမက် ရည်မှန်းချက် မရှိပေါ့ဆဆ ကောင်လေးတစ်ယောက်ဖြစ်တဲ့ ဘစ်တူးရှာမား( ရန်ဘီးဆင်း) နဲ့ မင်္ဂလာဆောင်ပွဲတစ်ခုမှာ မတော်တဆတွေ့ဆုံခဲ့ပြီး သူ့ရဲ့ အိမ်မက် မင်္ဂလာဆောင်စီစဉ်သူ စီးပွားရေးကို တွဲလုပ်ဖို့ဖြစ်လာခဲ့တယ်။ သူတို့ နှစ်ဦးသဘောတူညီထားတာကတော့ စီးပွားရေး တစ်ခုတွဲလုပ်တဲ့အခါ ခံစားချက်တွေ ပါလို့မဖြစ်ဘူး ဒီတော့ ဘယ်တော့မှ လုပ်ငန်းဖော်ဆိုတဲ့ စည်းကို မကျော်ရဘူးဆိုပြီးတော့ပါ။ အချိန်တွေကြာလာ သံယောဇဉ်တွေ ရင့်သန်လာတဲ့ နောက် တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ပြောင်းလဲလာတဲ့အခါ သူတို့ သဘောတူညီချက်ကို လိုက်နာနိုင်ပါဦးမလား ဘယ်သူကစပြီးတော့ ဖောက်ဖျက် ဘယ်သူကရှောင်ထွက်မှာလဲ ? Band Baaja Baaraat ဟာ ၂၀၁၀ တုန်းက ထွက်ရှိခဲ့ပြီး လက်ရှိ ဘောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသားစာရင်းဝင် ရန်ဗီးဆင်းရဲ့ ပထမဆုံးဇာတ်ကားပါ။ အဲ့ဒီတုန်းက ၀ါရင့် မင်းသား မင်းသမီးတွေရဲ့ ဇာတ်ကားတွေကို ကျော်တက်ပြီး တစ်နှစ်တာအတွက်ဆုအများဆုံးရရှိခဲ့တဲ့ ...
10 /3
Dear John (2010)
9
Dear John (2010)
တောင်ကာရိုလိုင်းနာက အထူးစစ်သား ဂျွန်ဟာ သူ့ရဲ့ ဂျာမန်စစ်မြေပြင်ကနေ သူ့အဖေမုဆိုးဖိုထံနွေရာသီ ခွင့်ရက်ရှည် ထွက်ခဲ့ပါတယ်။ တရက်မှာ ဂျွန်က ဆာဗန်နာဆိုတဲ့ ကောလိပ်ကျောင်းသူကောင်မလေး ရေနစ်တာကို ကယ်ရင်း ဆာဗန်နာရယ် သူ့အဖော် တွေရယ် ဂျွန်ရယ် သူငယ်ချင်းတွေဖြစ်သွားပါတယ် နောက်ပိုင်းမှာ ဂျွန်နဲ့ဆာဗန်နာ ချစ်သူတွေဖြစ်သွားကြပြီး ဆာဗန်နာကဂျွန်တို့သားအဖနဲ့ အတော်လေးရင်းနှီးသွားပါတော့တယ် ဒီလိုနဲ့ ဂျွန်ကခွင့်ရက်ကုန်လို့ တပ်ထဲပြန်သွားတဲ့အခါ ဆာဗန်နာနဲ့ဆက်သွယ်ဖို့ စာလေးတွေကိုပဲအားကိုးခဲ့ရပါတယ် ဒီစာလေးတွေက သူတို့ကြားမှာ ဘယ်လိုထူးခြားမှုတွေနဲ့ ဆက်သွယ်ပေးထားမှာလဲ လူနှစ်ဦးရဲ့အချစ်ကို စာရွက်ကလေးတွေထဲကတဆင့် ဘယ်လိုပုံဖော်ပေးသွားမှာလဲဆိုတာကို Best Seller စာရေးဆရာ Nicholas Sparks ရဲ့ Dear John ဆိုတဲ့ဝတ္ထုလေးထဲကအတိုင်း ဒါရိုက်တာ Lasse Hallström က အစွမ်းကုန်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် Nicholas Sparks ဝတ္ထုဆိုမှတော့ အချစ် အလွမ်း ကြည်နူးမှုရသတွေအပြည့်ခံစားရပြီပေါ့ဗျာ ဘာသာပြန်သူကတော့ Myo Khant(KCG) ပဲဖြစ်ပါတယ်  
9 /2

Facebook