2005

Supernatural (TV Serie) Season 1
8.8
Supernatural (TV Serie) Season 1
မိခင်ရဲ့ထူးဆန်းစွာမီးလောင်သေဆုံးမှုအပြီးမှာ အဖေဖြစ်သူရဲ့ထိန်းကျောင်းမှုအတိုင်းကြီးပြင်းခဲ့ရတဲ့ ညီအကို၂ဦး..... ဇနီးရဲ့သေဆုံးမှုက သာမန်မဟုတ်ဘဲ မကောင်းဆိုးဝါးနဲ့ပတ်သတ်နေတာကိုသိနေတဲ့ ဂျွန်က သူ့ဘဝတလျှောက်လုံး လက်စားချေဖို့အတွက်ပဲကြိုးပမ်းနေခဲ့ပြီး သား၂ယောက်ဖြစ်တဲ့ ဆမ်နဲ့ဒင်းန်ကိုလဲ မိမိခြေရာနင်းနိုင်အောင် ပြုစုပျိုးထောင်ခဲ့ပါတယ် သားအဖ၃ယောက်ရဲ့ လက်စားချေမဲ့ခရီးတလျှောက်မှာ မကောင်းဆိုးဝါးတွေ နတ်ဆိုးတွေနဲ့ သဘာဝလွန်သတ္တဝါပေါင်းများစွာကိုလဲ ရင်ဆိုင်ကြရဦးမှာပါ   သာသာပြန်သူ Ko Waihan Lin Htin ဖြစ်ပါတယ်    
8.8 /4
Constantine (2005) 1080p
10
1080p
Constantine (2005) 1080p
တစ်နေ့မှာ ပယောဂနှင်သူ ဂျွန်ကွန်စတန်တင်တစ်ယောက် မမျှော်လင့်ပဲနဲ့ မိန်းကလေးတစ်ယောက်ကိုဝင်ပူးနေတဲ့ မကောင်းဆိုးဝါးစစ်သည်တစ်ယောက်ကို ငရဲပြန်ပို့ပြီးတဲ့အခါမှာ ကမ္ဘာကြီးမှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ ဖြစ်လာဦးမယ်ဆိုတာကို သတိပြုမိလိုက်တဲ့အခါမှာ အစ္စဘယ်လ်ဆိုတဲ့စိတ်ဝေဒနာရှင်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာကို သူ့အစ်မဖြစ်သူ ရဲစုံထောက် အန်ဂျလာ က မယုံကြည်နိုင်ဖြစ်နေပြီး ဒီကိစ္စရဲ့နောက်ကွယ်မှာ တခြားကိစ္စတွေရှိနေကြောင်းကို ရိပ်မိလာပြီးတော့ ဂျွန်ကွန်စတန်တင်ဆီကိုသွားပြီး တိုင်ပင်ပြီးတော့ စုံစမ်းလာတဲ့အခါမှာ… Matrix မင်းသား ပါဝင်သရုပ်ဆောင်ထားတာမို့လို့ ဘယ်လိုတွေမိုက်မလဲဆိုတာကိုတော့ အထူးတလည်ညွှန်းဖို့ သိပ်မလိုတော့ဘူးလို့ထင်ပါတယ်။ ဘာသာပြန်နဲ့အညွှန်းကတော့ ညီလေး အောင်ပြည့်ကျော် ဖြစ်ပါတယ်။
10 /3
Supernatural (TV Series) Season 13
10
Supernatural (TV Series) Season 13
ကျနော်တို့ ပရိတ်သတ်တွေ 5လကြာစောင့်မျှော်နေခဲ့ရတဲ့ Supernatural ပြန်လာပါပြီ မနက်အစောပိုင်းက CW မှာပြသပြီး နာရီပိုင်းအတွင်းမှာ ပရိတ်သတ်တွေအတွက် Ko Waihan Lin Htin ကအမြန်ဆုံး ဘာသာပြန်ပေးလိုက်ပါပြီ ဒီအပိုင်းမှာတော့ Winchester ညီနောင်က Lucifer ရဲ့သား Jack ကို အန္တာရာယ်ပေးမဲ့လူလို့ထင်ပြီး သတ်ပစ်ဖို့စဉ်းစားနေကြပါတယ် Castiel လဲသေသွားပါပြီ Mary နဲ့ Lucifer ကတော့ ကမ္ဘာတဖက်ခြမ်းကို ရောက်နေကြပါတယ် Crowley တကယ်သေသွားတာလား Castiel ကရောပြန်ရှင်လာဦးမှာလား Jack ကရောလူကောင်းလား လူဆိုးလားဆိုတာတွေကို ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ
10 /20
The Mistress of Spices (2005)
7.5
720p
The Mistress of Spices (2005)
အိန္ဒိယ သူလေး တီလိုဟာ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရှိပါတယ်။ သူမ မိဘတွေကို လူဆိုးတွေက သတ်သွားတဲ့အခါ သူုမပြန်ပေးဆွဲ ခံခဲ့ရပါတယ်။ သူမ လွတ်မြောက်သွားခဲ့ပြီး ဟင်းခတ်အမွှေးအကြိုင် ကျွမ်းကျင်သူဖြစ်လာပြီး သူမကို ဆန်ဖရန်စ္စကိုက ဈေးတစ်ခုကို လွှတ်တာခံခဲ့ရပါတယ်။ သူမဟာ လိုက်နာရမဲ့ စည်းမျဉ်းအချို့ကို အမေရိကန်လူမျိုးတစ်ယောက်နဲ့ ချစ်ကြိုက်မိရာက ဖောက်ဖျက်မိတဲ့အခါ ဟင်းခတ်အမွှေးအကြိုင်တွေကူမကို ဘယ်လို ဒဏ်ပေးမလဲဆိုတာကိုတော့..... ဒီကားလေးမှာခံစားကြည့်ကြပါ။ ဇာတ်လမ်းသွားကလည်းထူးခြားပြီး မြင်​နေကြ ဇာတ်လမ်းမဟုတ်တဲ့ အတွက် ဘောလိဝုဒ်ဖန်တွေ အကြိုက်တွေ့စေမဲ့ ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ ဘာသာပြန်နဲ့အညွှန်းကတော့ Myo Khant (KCG) ဖြစ်ပါတယ်။
7.5 /2
Seven Swords (2005)
4
Seven Swords (2005)
Bollywoodကိုပဲလုပ်ပေးနေတဲ့အတွက် ဒီတစ်ခါမှာတော့ သိုင်းလောကဘက်ကိုပြန်လှည့်ပေးထားတာပါ။ ၂၀၀၅ခုနှစ်မှာထွက်ခဲ့တဲ့ဒီဇာတ်လမ်းလေးဟာ နာမည်ကြီးတရုတ်သိုင်းဝတ္ထုတစ်အုပ်ဖြစ်တဲ့ "Seven Swordsmen from Mountain Tian"ကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် 2005မှာထွက်ရှိခဲ့တဲ့ "Seven Swordsmen" လို့ လူသိများတဲ့ "ကောင်းကင်တောင်မှဓားသူရဲကောင်း၇ဖော်" TV Series နဲ့လဲ ခေတ်ပြိုင်ဇာတ်လမ်းဖြစ်ပါတယ်။ မြဝတီတို့ 5 Seriesတို့ကို ကြည့်ဖူးသူတွေကတော့ အဲ့ဒီရုပ်သံဇာတ်လမ်းတွဲကိုသိကြမှာပါ။ ကျွန်တော်ကတော့ နှစ်ကားစလုံးကိုသဘောကျပါတယ်။ တရုတ်နိုင်ငံကို မန်ချူးဘုရင်အုပ်စိုးနေတဲ့ကာလမှာ သိုင်းပညာလေ့ကျင့်သင်ကြားခြင်းကို တားမြစ်ထားပြီး သိုင်းပညာသည်တွေကို ခေါင်းဖြတ်ကွပ်မျက်ကာ သိုင်းပညာသည်တွေကိုချိုးနှိမ်ထားတာပဲဖြစ်ပါတယ်။ မန်ချူးစစ်သူကြီးတစ်ယောက်ဟာ သိုင်းပညာသည်တွေကို သာမက အပြစ်မဲ့ပြည်သူတွေကိုပါသတ်ဖြတ်ပါတော့တယ် ဒီလိုနဲ့သတ်ဖြတ်လာလိုက်တာ "ဝူ"ဆိုတဲ့ သိုင်းပညာရွာပဲ ကျန်ပါတော့တယ်။ အဲ့ဒီရွာလေးကလဲ မန်ချူးစစ်သူကြီးရဲ့ ရန်မှကာကွယ်ဖို့အတွက် ကောင်းကင်တောင်ကိုသွားကာ ဓားသမားတွေရဲ့အကူအညီကိုတောင်းရပါတော့တယ်။ ဓားသမား၇ဖော်နဲ့မန်ချူးစစ်သူကြီးတို့ရဲ့တိုက်ပွဲမှာ ဘယ်သူကျရှုံးမလဲ ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ ဒီဇာတ်လမ်းမှာဆိုရင်တော့ အများက IP Man မင်းသား လို့ လူသိများကြတဲ့ Donnie Yen, Leon Lai, Honglei Sun, Charlie Yeung, Yi Lu, So-yeon Kim နဲ့ အခြားသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းလေးဟာ သိုင်းဇာတ်လမ်းဖြစ်တာမို့လို့ သိုင်းကွက်အကြမ်းစားကြီးတွေကိုလဲ တဝကြီးကို ကြည့်ရှုခံစားနိုင်မှာဖြစ်သလို တရုတ်နိုင်ငံရဲ့ မန်ချူးခေတ် ကျေးရွာလူနေမှုဘဝကိုလဲ လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အဖြင် ဒီဇာတ်လမ်းထဲမှာ 18+Scenes အနည်းငယ် ပါဝင်နေတာဖြစ်လို့ ကြည့်ရှုရာမှာတော့ အနည်းငယ်မျှ သတိထားစေလိုပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်ပေးသူကတော့ Aung ...
4 /1
Supernatural (TV Series) Season 12 Complete
9.3
Supernatural (TV Series) Season 12 Complete
ဆီဇင်၁၂အစအဆုံးဖြစ်ပါတယ်။ အားလုံးကို 720p နဲ့ တင်ပေးထားတာဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလိုအပ်မယ့် ဇာတ်လမ်းတွဲမဟုတ်တာကြောင့် သိပ်ရှည်ရှည်ဝေးဝေး မညွှန်းတော့ပါဘူး။ ဆီဇင် ဆယ့်တစ် အဆုံးမှာ ဘုရားသခင်တို့မောင်နှမ ပျော်ပွဲစားထွက်သွားတဲ့အတွက် လူ့ပြည်မှာ အုပ်ထိန်းသူမဲ့နေတဲ့ လူစီဖာတစ်ယောက် လုပ်ချင်တာ လျှောက်လုပ်နေရာကနေ ဇာတ်လမ်းကို စထားပြီးတော့ ဗြိတိန်အက္ခရာလူသားတွေ အမေရိကားကို ကြိုးကိုင်ဖို့ ကြိုးစားပုံတွေ မြင်တွေ့ရမှာပါ ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ ဆီဇင် ၁ ကနေ အခု ဆီဇင် ၁၂ အဆုံးထိ ဘာသာပြန်ပေးခဲ့တဲ့ ကို Waihan Lin Htinပဲ ဖြစ်ပါတယ်။  
9.3 /16
Elektra (2005)
7
Elektra (2005)
ဒီဇာတ်လမ်းက Marvel Comic ဇာတ်ကောင် Elektra Natchios အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ အလတ်ထရာက စစ်သူရဲကောင်းတဦးဖြစ်ပြီး သူမသေဆုံးသွားချိန်မှာ သူမဆရာဖြစ်သူ ကီမာဂုရီကအသက်ပြန်သွင်းပေးထားလိုက်ပါတယ်။ ထို့နောက် အလတ်ထရာက ကြေးစားလူသတ်သမားတဦးဖြစ်လာပါတော့တယ်။ ကတိအတိုင်း သတ်ပေးရမဲ့စာရင်းမှာ နောက်ဆုံးကျန်တဲ့ သားအဖ၂ယောက်ကို သတ်ခါနီးမှ အလတ်ထရာက မသတ်နိုင်တော့ပါဘူး။ ထိုပြင် ထိုသားအဖ၂ယောက်ကို သဘာဝလွန်လူသတ်သမားတွေလက်ထဲကပါ လိုက်လံကာကွယ်ပေးဖို့ကြိုးစားပါတော့တယ်။
7 /3

Facebook