2004

Around the World in 80 Days (2004) 720p Only
10
720p
Around the World in 80 Days (2004) 720p Only
ဖီလီးယက်ဖော့ဟာ အင်္ဂလန် ဗစ်တိုးရီးယန်းမှာ နေထိုင်တဲ့ တီထွင်သူတစ်ယောက်ဖြစ်ပြီး သူဟာ ကမ္ဘာကြီးကို ရက် ရှစ်ဆယ်နဲ့ပတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နောက်ထပ် တီထွင်သူ တစ်ယောက်က သူ့ကို အဲ့ဒီခရီးသွားဖို့ စိန်ခေါ်မှုကို ဖီလီးယက် လက်ခံခဲ့တယ်။ သူ့နဲ့ အတူ ခရီးသွားဖော်ကတော့ သစ္စာရှိ အိမ်စေတစ်ယောက်ဖြစ်တဲ့ ပါဆီပါတောက်နဲ့ လှပတဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့ မိုနစ်ခ် ဖြစ်ပါတယ်။ ကွဲပြားတဲ့သယ်ယူပို့ဆောင်ရေးတွေ ပါဆီပါတောက်ရဲ့ သိုင်းပညာအစွမ်းတွေနဲ့ သူတို့ သုံးယောက် ကမ္ဘာပတ်ဖို့ထွက်လာကြပါတယ်။ သူတို့ခရီးစဉ်မှာ ဘာတွေဘယ်လိုကြုံတွေ့ကြမယ်ဆိုတာကို ဒေါင်းပြီး ရှုစားလိုက်ပါဦး။
10 /1
Hawking (2004)
7
720p
Hawking (2004)
စကြဝဠာကြီးမှာအစဖြစ်စဉ်ရှိတယ်ဆိုတာ သင်သိပါသလား Big Bang ဆိုတဲ့ပေါက်ကွဲမှုကြီးအပြီးမှာ စကြဝဠာကြီးကဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့တာလဲ ကြယ်တွေကြွေကျတဲ့အခါ စကြဝဠာထဲမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်သလဲ အစရှိတဲ့သင်မသိသေးတဲ့ စကြဝဠာကြီးရဲ့စိတ်ဝင်စားဖွယ်အဖြစ်အပျက်တွေကို အသက် 21နှစ်သာရှိသေးတဲ့ သွပ်ချာပါဒအကြောသေရောဂါသည် စတီဖင်ဟော့ကင်းဆိုသူ စကြဝဠာဗေဒပညာရှင်လေးက သီအိုရီပေါင်းများစွာထုတ်ထားခဲ့ပါတယ် နယူတန်တို့ အိုင်းစတိုင်းတို့နောက်ပိုင်းခေတ်မှာ ပေါ်ပေါက်လာတဲ့ စကြဝဠာဗေဒပညာရှင်လေး စတီဖင်ဟော့ကင်းရဲ့ဘဝဖြစ်စဉ်နဲ့ ဘဝကိုသူဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာတွေကို Hawking ဆိုတဲ့ရုပ်ရှင်လေးထဲမှာ ရှုစားနိုင်ပါတယ် ဒီကားလေးကိုကြည့်ပြီးလို့ သီအိုရီတွေတစ်ခုမှနားမလည်ရင်တောင်မှ ဘဝကိုဘယ်လိုအခြေအနေပဲရောက်ရောက် အရှုံးမပေးဘဲကြိုးစားချင်တဲ့စိတ်လေးတော့ပေါ်လာမှာသေချာပါတယ် ဇာတ်လမ်းကအတော်အေးပြီး သီအိုရီတွေအတွေးအခေါ်တွေနဲ့ပဲတစ်ကားလုံး ဆွဲခေါ်သွားမှာဖြစ်လို့ ဖီးလ်သမားတွေအတွက်ပိုအဆင်ပြေမဲ့ကားမျိုးပါ မင်းသားကကျနော်အကြိုက်ဆုံး Sherlock မင်းသား Benedict Cumberbatch ဆိုတော့ ပြောရရင်မင်းသားထိုင်ကြည့်ရတာနဲ့တန်နေတာ ငိငိ 2014 မှာထွက်ခဲ့တဲ့ Eddie Redmayne ရဲ့ The Theory of Everything နဲ့ဇာတ်လမ်းကျောရိုးတူပေမဲ့ Hawking မှာတော့ သီအိုရီပိုင်းကိုပိုဦးစားပေးထားတာတွေ့ရမှာပါ ကျန်တာတော့ကိုယ်တိုင်ကြည့်ပြီးဆက်ဝေဖန်ကြပေါ့ဗျာ အညွှန်းနဲ့ဘာသာပြန်သူကတော့ Zon Myat Noe Swe ဖြစ်ပါတယ်
7 /4

Facebook