2003

Love Actually (2003)
0
720p
Love Actually (2003)
စုံတွဲလေးတွဲ လူ၈ယောက် အချစ်အောက်မှာကျရှုံးလိုက် အချစ်ကိုစိတ်ကုန်သွားလိုက်နဲ့ ဇာတ်လမ်းကိုပုံဖော်ထားတဲ့ အချစ်အသားပေးကားလေးပါ ဂျွန်နဲ့ဂျူဒီတို့ကတော့ သိပ်ချစ်ကြတဲ့စုံတွဲတွေပေါ့ ဒေးဗစ်ဆိုတဲ့မြို့တော်ဝန်ကတော့ နာတာလီဆိုတဲ့ လက်ထောက်မလေးကို စိတ်ဝင်စားနေပြီး သူ့အစ်မ ကာရန်က ဟယ်ရီဆိုတဲ့လူနဲ့ လက်ထပ်ထားပါတယ် ဟယ်ရီကလဲ သူ့လက်ထောက်မလေး မီရာနဲ့ကြိတ်ပုန်းခုတ်နေပြန်တယ် ကာရန်ရဲ့သူငယ်ချင်း ဒယ်နီရယ်က မကြာသေးခင်ကမှ မုဆိုးဖိုဖြစ်ထားပြီး သူ့မှာ၁၁နှစ်အရွယ် သားလေးတစ်ယောက်ရှိပါတယ် ဂျေမီဆိုတဲ့စာရေးဆရာလေးက အင်္ဂလိပ်စကားမတတ်တဲ့ ပေါ်တူဂီလူမျိုး အော်ရီလီယာနဲ့အတူ ပြင်သစ်မှာစာရေးဖို့ ခရီးသွားနေတဲ့အချိန်မှာ သူ့ချစ်သူကောင်မလေးက တခြားတယောက်နဲ့တွဲတာကိုမိသွားပြီး ဖြတ်ပစ်လိုက်တယ် ဇာတ်လမ်းထဲပါတဲ့ ဇာတ်လိုက်တွေအကြောင်းပြောတာနဲ့တင် ရှုပ်ကုန်ပြီဆိုတော့ ဇာတ်လမ်းကို ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါတော့ Sherlock ဇာတ်လမ်းတွဲမှာ Benedict Cumberbatchနဲ့တွဲပြီး John Watson အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Martin Freeman က ဒီကားထဲမှာ John အဖြစ်သရုပ်ဆောင်ထားပါတယ် ဘာသာပြန်ပေးတဲ့သူကတော့ Yin Nyein Oo ဖြစ်ပြီးတော့ အညွှန်းရေးပေးသူကတော့ Zon Myat Noe ...
0 /0
Freaky Friday (2003)
5
Freaky Friday (2003)
တက်ကိုလီမန်ဆိုတဲ့ အလုပ်များတဲ့မုဆိုးမ အမေမှာ အန်နာ ကိုလီမန်ဆိုတဲ့ ရော့ခ်စတားသမီးလေးတစ်ယောက်ရှိတယ်။ သူတို့ သားအမိ၂ယောက် ကတစ်ယောက်နဲ့ တစ်ယောက် နားလည်မှု သိပ်မရှိကြပါဘူး တစ်နေ့...ကြာသပတေးတစ်ည တရုတ်ဆိုင်တစ်ခုမှာ မုန့်စားရင်း ဆိုင်ပိုင်ရှင် အမေက သူတို့ သားအမိ၂ယောက်ကို ကံကြမ္မာကွက်ကီး တစ်ခုစီ ကျွေးလိုက်တယ်။ စားအပြီးမှာ သူတို့ ငလျင်လှုပ်တာကိုခံစားရပြီး သောကြာနေ့မှာ စိတ်နဲ့ ကိုယ် ပြောင်းသွားပါတယ်။ အမေစိတ်နဲ့ သမီးကိုယ်ဖြစ်နေပြီး သမီးစိတ်နဲ့ အမေကိုယ်ဖြစ်နေတဲ့အခါ ဘယ်လိုအလွဲတွေ ကြုံရမလဲ... ကျိန်စာ ဖြေနိုင်တဲ့ နည်းကလည်း တစ်ဦးပေါ်တစ်ဦး ကိုယ်ကျိုးစွန့်ပြီးချစ်တဲ့ နည်းနဲ့ သာုဖြစ်နိုင်တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ သူတို့သားအမိ ၂ယောက်ရော တစ်ယောက်အပေါ်တစ်ယောက် နားလည်လာနိုင်မှာလားဆိုတာ ကြည့်ရှု့ခံစား ကြည့်နိုင်ပါတယ်။ ဒီဇာတ်ကားကို ဘာသာပြန်သူကတော့ Yin Nyein Oo ဖြစ်ပြီး အညွှန်းကို ဝီရအောင်မှရေးသားပေးတာဖြစ်ပါတယ်
5 /1

Facebook