2001

Kabhi Khushi Kabhie Gham (2001)
8.4
Kabhi Khushi Kabhie Gham (2001)
IMDB Rating 7.5 အထိရရှိထားတဲ့ Bollywood Drama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ မိသားစုတွင်းမှာဖြစ်လေ့ရှိတဲ့ ပြဿနာလေးတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ Dramaကားလေးပဲဖြစ်ပါတယ်။ မိသားစုတစ်ခုမှာ ဖခင်ဖြစ်သူသာလျှင် အခရာဖြစ်တယ် ဆိုတဲ့ ရှေးရိုးဆန်တဲ့အယူအဆကိုကိုင်စွဲထားတဲ့ ဇာတ်မြင့်အနွယ်ဝင် ဖခင်တစ်ဦးဟာ သူ့ရဲ့သားတွေကို အရမ်းလဲချစ်သလို သူ့သားတွေကိုလဲ သူ့အမိန့်ကိုနာခံစေချင်ပါတယ်။ ဒါပေမယ့် သားကြီးဖြစ်သူဟာ မိမိနဲ့အဆင့်အတန်းမတူတဲ့ မိန်းကလေးတစ်ဦးကိုချစ်မိသွားတဲ့အခါမှာ ဖခင်ရဲ့အမိန့်ကိုဖီဆန်ဖို့ကြိုးစားခဲ့ပါတယ်။ ဖခင်ကလဲမိမိသဘောတူနဲ့သာလက်ထပ်ရမည်ဖြစ်ကြောင်း မျိုးရိုးနိမ့်သူနှင့်မပေးစားနိုင်ကြောင်း သားဖြစ်သူကိုအမိန့်ပေးခဲ့ပါတယ်။ ဖခင်ရဲ့အတ္တကြီးတဲ့ချစ်ခြင်းမေတ္တာတရားနဲ့ သားဖြစ်သူရဲ့ မာနကင်းစင်တဲ့မေတ္တာတရားတို့ရဲ့အားပြိုင်ပွဲကြောင့် မိသားစုထဲကအခြားသူတွေပါထိခိုက်ရကြောင်း မာနကင်းစင်တဲ့မေတ္တာတရားသာလျှင် လောကမှာ အကောင်းမွန်ဆုံးဖြစ်ကြောင်းကို ဒါရိုက်တာKaran Johar က အချိတ်အဆက်မိမိ ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Bollywood မင်းသားကြီး Amitabh Bachan, Jaya Bachan, Bollywood ရဲ့ Khin Khan တွေထဲက တစ်ဦးဖြစ်တဲ့ Shah Rukh Khan, Hrithik Roshan, Kajol, Kareena Kapoor Khan တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ ရိုက်ကူးချက်ကောင်းမွန်ခြင်း ဝတ္ထုကောင်းမွန်ခြင်း သရုပ်ဆောင်တို့၏သရုပ်ဆောင်ကောင်းမွန်ခြင်းတို့ကြောင့် Bollywood Dramaကားချစ်သူတွေအတွက် မျက်ရည်ကျလောက်အောင်အထိကောင်းမွန်တဲ့ ...
8.4 /5

Facebook