1992

Malcolm X (1992)
10
Malcolm X (1992)
အညွှန်းကိုတော့ သိပ်များများမရေးတော့ပါဘူး။ ဒီကားရဲ့ ဒါရိုက်တာ Spike Lee ပြောတဲ့စကားလေးကိုပဲပြန်ပြောပြပါရစေ။ အကြီးကျယ်ဆုံးသော ဘဝအထုပ္ပတ္တိ ဇာတ်လမ်းရုပ်ရှင်တွေထဲမှာ Malcolm X ဇာတ်ကားဟာ တစ်ခုအပါအဝင်ပေါ့ ။ ကိုယ့်ကိုယ်ကို သူရဲကောင်းတစ်ယောက်အဖြစ် မြှင့်တင်ပြောင်းလဲခြင်းမပြုရမီမှာ လမ်းဘေးတွေမှာ၊ အကျဉ်းထောင်တွေမှာ အောက်တန်းကျစွာနေခဲ့ရတဲ့ သောကတွေနဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်ရဲ့ ဘဝ ကို အစပြုခင်းကျင်းပြသထားတဲ့ ဇာတ်လမ်းပါ။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ ပိုမိုရှင်းလင်းစွာနားလည်လာတာက ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝကို ပြောင်းလဲပစ်ဖို့အတွက် စွမ်းအားတွေ ဘယ်လိုရှိနေတယ်ဆိုတာနဲ့ ကံကြမ္မာဟာ ဘယ် ဇာတာ ကတ်ပြားနဲ့မှ မသက်ဆိုင်ဘူးဆိုတာပါပဲ။ ဒီဇာတ်ကားဟာ ပညာပေးဇာတ်ကားလဲဖြစ်၊ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ဇာတ်ကားလဲ ဖြစ်ပါတယ်။ ပြီးတော့ အရေးကြီးဆုံးအချက်ဖြစ်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ မရှိမဖြစ်ရှိရမဲ့ ကောင်းမွန်သော ဖျော်ဖြေတင်ဆက်မူကို ပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းလဲဖြစ်ပါတယ်။ ၃နာရီခွဲနီးပါးရှိတဲ့ဇာတ်ကားမို့ အတတ်နိုင်ဆုံး ကွာလတီမထိအောင် ချုံ့ထားပေမဲ့ ဆိုဒ်တော့နည်းနည်းများပါမယ်။  
10 /1

Facebook