UNGLI (2014)

UNGLI (2014)

Nov. 28, 2014 IN. 114 Min.
Your rating: 0
0 0 votes

Video trailer

Director

Renzil D'
Director

Cast

Sanjay Dutt isInspector Kaali
Inspector Kaali
Neha Dhupia isNews Reporter
News Reporter
Shraddha Kapoor isItem Number
Item Number

Synopsis

ကြည့်ပျော်ရှုပျော် ဖြစ်တဲ့အပြင် ဇာတ်လမ်းကောင်း တစ်ခုလည်း ဖြစ်တာကြောင့် ရွေးချယ်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားပိုစတာကို ကြည့်ရင်တော့ အပ်ကြောင်းထပ်နေတဲ့ သူခိုးဇာတ်လမ်းလို့ ထင်ပါလိမ့်မယ်။ တကယ်တော့ ဒီကားက အိန္ဒိယက ခြစားနေတဲ့ အကျင့်ပျက်အဖွဲ့အ စည်းတွေကို ဥပဒေ ပြင်ပကနေ ပညာပေးတဲ့ အကြောင်းရိုက်ကူး ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

မွမ်ဘိုင်းမြို့မှာ ဆရာဝန်၊ သတင်းထောက်၊ အိုင်တီပညာရှင်အနေနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြတဲ့ လူငယ်အဖွဲ့တစ်ဖွဲ့ရှိပြီး အဲဒီအဖွဲ့ကို မှုခင်းသတင်းထောက်အာဘေးက ဦးဆောင်ပါတယ်။ သူတို့အဖွဲ့မှာ နောက်ထပ်အလုပ် တစ်ခုရှိပါတယ်။ အဲဒီအလုပ်က တော့ မွမ်ဘိုင်းမြို့မှာ လာဘ်စားမှု ဆိုးရွားလှပါတယ်ဆိုတဲ့ အစိုးရ၀န်ထမ်းတွေကို ပညာပေးတာဖြစ် ပါတယ်။

ဥပမာအားဖြင့် ပင်စင်လစာလာထုတ်တဲ့အဘိုးအိုကို အချိန်ဆွဲ ပြီး ငွေတောင်းတဲ့ ပင်စင်ရုံးက လူတွေကို ပညာပေးတာကို ပြော ပြပါမယ်။ အဲဒီဝန်ထမ်းတွေကို အဖွဲ့ဝင်လေးယောက်ပါတဲ့ သူတို့ အဖွဲ့က ညဘက်ကြီးလိုက်ဖမ်းပြီး ဘောလုံးကွင်းထဲခေါ်သွားတယ်။ နောက်အဲဒီလူတွေကို ခန္ဓာကိုယ် မှာ ဗုံးတွေကိုယ်စီကပ်၊ ဘောလုံး ကွင်းတစ်ပတ်ကို မရပ်မနားပြေး စေပါတယ်။ ပြေးတာရပ်တာနဲ့ ဗုံးကွဲမယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဒီလူတွေဗုံးကိုယ်စီနဲ့ ပြေး နေကြောင်းကို မီဒီယာတွေနဲ့ ရဲတွေဆီဖုန်းဆက်၊ ဘောလုံးကွင်းထဲ အားလုံးအလုပ်ရှုပ်နေချိန်မှာ ဒီဖြစ်ရပ်ကို ဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်။ တကယ်တမ်းတော့ သူတို့ တပ်ပေးလိုက်တဲ့ ဗုံးတွေက အတုတွေဖြစ်ပါတယ်။

ဒီနောက်မှာ သူတို့ရိုက်ထားတဲ့ ဗီဒီယိုကို အွန်လိုင်းကို လွှင့်တင်ပြီး လူတွေနဲ့ အဖွဲ့အစည်းတွေကို သတိပေးတာက တကယ်လို့များ လူထုကြားထဲမှာ နောက်ထပ် လာဘ်စားတဲ့လူတွေရှိရင် ဒီလို ပညာပေးခံရမယ်ဆိုပြီး ကြေညာပါတယ်။ သူတို့လုပ်တဲ့လုပ်ရပ်ကို ပြည်သူတွေက သဘောကျပြီး နာမည်ပေးလိုက်ကြတယ်။ လက်ချောင်းများတဲ့။ ဒီနောက်ပိုင်းမှာ သူတို့အဖွဲ့တွေက ဆက်တိုက်ပညာပေးတာတွေ လုပ်ပါတယ်။ မသ မာတဲ့နိုင်ငံရေးသမားအိမ်ထဲ ညဘက်ခိုးဝင်ပြီး မေ့ဆေးပေးပြီး ကျောကုန်းမှာ လက်ခလယ်ထောင်ပြနေတဲ့ပုံစံ တက်တူးထိုးပေးခဲ့တာမျိုး၊ ဈေးနှစ်ဆတောင်းပြီး ခရီးဝေးမှလိုက်ချင်တဲ့ တက္ကစီသမားကို လူကိုကြိုးတုပ်ပြီးလူရော၊ ကားရော တခြားမြို့ကိုသွားတဲ့ ကုန်တင်ရထားနဲ့ တင်ပေးလိုက်တာမျိုးတွေ အစုံပါပဲ။

ဒီအခြေအနေတွေကြောင့် သူတို့အဖွဲ့က သတင်းဌာနတွေမှာ နာမည်ကြီးလာပြီး ရဲတပ်ဖွဲ့က အပူတပြင်းစုံစမ်းဖို့ ပြင်ပါတော့တယ်။ သူတို့တွေ ဘာကြောင့် ဒီလိုတွေလုပ်သလဲဆိုတဲ့ ဇာတ်လမ်းကလည်းရှိပါသေးတယ်။ ဒီ အဖွဲ့ကို ဖမ်းဖို့အတွက် ရဲအရာရှိ ကာလီကိုတာဝန်ပေးခဲ့ပြီး ကာလီက သူတို့ရဲမှူးကြီးရဲ့သား နီခေလ်းကို သူနဲ့တွဲလုပ်ဖို့ ခေါ်ပါတယ်။ သူတို့အစီအစဉ်က နီခေးလ်ကို ဒီအဖွဲ့ထဲစပိုင်အနေနဲ့ ၀င်ခိုင်းပြီး အပိုင်ဖမ်းဖို့ပါ။ တိုတိုပြောရရင် နီခေးလ်က သူတို့အဖွဲ့ထဲရောက်သွားတယ်။ ဒီအဖွဲ့ထဲရောက်ပြီး သူတို့တွေဘာကြောင့် ဒီလိုတွေ လုပ်နေသလဲ သိရတဲ့အချိန်မှာတော့ နီခေးလ်လည်း ဒီအဖွဲ့တွေနဲ့ တစ်သားတည်းဖြစ်သွားတယ်။

ဒီဇာတ်လမ်း ဘာဆက်ဖြစ်မလဲ သိချင်သေးရင်တော့ ဒေါင်းကြည့်လိုက်ပါလို့ ပြောပါရစေ

 

 

Download Page

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services

Original title UNGLI
TMDb Rating 6.5 6 votes

You May Also Like!

Like Us on Facebook



Facebook