Table 19 (2017)

Table 19 (2017)

Jan. 20, 2017 US. FI. 87 Min.
Your rating: 0
0 0 votes

Video trailer

Director

Cast

Anna Kendrick isEloise McGarry
Eloise McGarry
Craig Robinson isJerry Kepp
Jerry Kepp
June Squibb isJo Flanagan
Jo Flanagan
Lisa Kudrow isBina Kepp
Bina Kepp
Stephen Merchant isWalter Thimble
Walter Thimble
Tony Revolori isRezno Eckberg
Rezno Eckberg
Maria Thayer isInfamous Kate Milner
Infamous Kate Milner
Andrew Daly isLuke Pfaffler
Luke Pfaffler

Synopsis

Pitch Perfect ထဲက လူကောင်သေးသေးနဲ့ အသံအားကောင်းတဲ့ သွက်သွက်လက်လက်မင်းသမီးလေး Anna Kendrick ကို သိကြမှာပါ။ 2017 March လကထွက်တဲ့ ဒီ Table 19 ဆိုတဲ့ Drama film/Comedy ကားလေးမှာ သူဟာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ Eloise (Anna Kendrick) ဆိုတဲ့ သူငယ်ချင်းလက်ထပ်ပွဲမှာ သတိုးသမီးအရံလုပ်မယ့်ကောင်မလေးဟာ အဲ့ဒီသူငယ်ချင်းရဲ့မောင်လဲဖြစ် သူ့ရဲ့ချစ်သူလည်းဖြစ်တဲ့ သတိုးသားအရံ Teddy ရဲ့ Message မှတဆင့် လမ်းခွဲခြင်းကို ခံလိုက်ရပါတယ်။ ဒါကြောင့် Eloise တစ်ယောက် သတိုးသမီးအရံအဖြစ်မှနှုတ်ထွက်ကာ လက်ထပ်ပွဲသွားသင့်မသွားသင့် ချီတုံချတုံဖြစ်ပြီးမှ သူငယ်​ချင်းရဲ့မျက်နှာထောက်ပြီး သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။
မင်္ဂလာဆောင်ထဲလည်းရောက်သွားရော ခန်းမထဲမှာ ချောင်ကျတဲ့ ဆယ့်ကိုးခုမြောက်စားပွဲမှာ သူနဲ့လုံးဝမသိတဲ့ သူစိမ်းတွေနဲ့အတူ ထိုင်ရဖို့ဖြစ်လာပါတယ်။ ဒီလက်ထပ်ပွဲကို မလာလဲအရေးမကြီးတဲ့လူတွေ စုထားတဲ့စားပွဲမှာ Eloise တစ်ယောက်ဘာဆက်ဖြစ်မလဲ။ ဒီလူတွေရဲ့လျို့ဝှက်ချက်ကရော ဘာဖြစ်မလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

တစ်ခုရှိတာက အနောက်တိုင်း မင်္ဂလာဆောင်တွေက ကျွန်တော်တို့ မင်္ဂလာဆောင်တွေနဲ့ တောတော်လေးကွာခြားပါတယ်။ ဖိတ်စာအဖိတ်ခံရပြီဆိုရင် လာနိုင်ရင်လာနိုင်တဲ့အကြောင်း မလာနိုင်ရင်မလာနိုင်တဲ့အကြောင်း အကြောင်းပြန်ပေးရပါတယ်။ဒီမှာလို ဧည့်သည်တွေကခဏလာ ပြန်သွားတာမျိုးမဟုတ်ဘဲ တစ်နေကုန်နေပေးရတာပါ။ အနားယူလို့ရအောင် အခန်းတွေတော့ စီစဉ်ပေးထားလေ့ရှိပါတယ်။ မင်္ဂလာဆောင်တဲ့ခန်းမအဖြစ် Ballroom လို ခန်းမကျယ်ကြီးထဲမှာ ဧည့်သည်တွေကို နံပါတ်အစဉ်အတိုင်း စားပွဲဝိုင်းလေးတွေနဲ့ နေရာချပေးထားပါတယ်။ ဥပမာ သတို့သား သတိုးသမီးနဲ့ အရံတွေက စားပွဲနံပါတ်တစ်ပေါ့။ ပြီးရင် နံပါတ်နှစ်မှာ နှစ်ဖက်မိဘတွေ။ ပြီးရင် သူငယ်ချင်းတွေ စသဖြင့် ပိုခင်မင်တဲ့သူကို အနီးဆုံးမှာ နေရာချပေးလေ့ရှိကြပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ခန်းမထဲချောင်အကျဆုံးကတော့ စားပွဲနံပါတ်ဆယ့်ကိုးပါ။ ပြောရရင် သတိုးသားသတိုးသမီးနဲ့ မရင်းနှီးတဲ့သူတွေ ဒီပွဲကိုမလာလဲအရေးမကြီးတဲ့ လူတွေရဲ့အကြောင်းကို ဟာသဆန်ဆန်လေးရိုက်ကူးထားတာပါ။

Teddy Millner အဖြစ် Wyatt Russell
Jerry Kepp အဖြစ် Craig Robinson
Bina Kepp အဖြစ် Lisa Kudrow
Walter Thimble အဖြစ် Stephen Merchant
Jo Flanagan အဖြစ် June Squibb တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဘာသာပြန် နဲ့ အညွှန်းရေးပေးသူကတော့   Yin Nyein Oo ပဲ ဖြစ်ပါတယ်

 

Download Page

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services

Original title Table 19
TMDb Rating 6 107 votes

You May Also Like!

Like Us on Facebook



Facebook