Seven Swords (2005)

Seven Swords (2005)

Jul. 25, 2005 KR. HK. CN. 153 Min.
Your rating: 0
4 1 vote

Video trailer

Director

Tsui Hark
Director

Cast

Leon Lai isYang Yuncong
Yang Yuncong
Charlie Yeung isWu Yuanying
Wu Yuanying
Lu Yi isHan Zhibang
Han Zhibang
Liu Chia-liang isFu Qingzhu
Fu Qingzhu
Donnie Yen isChu Zhaonan
Chu Zhaonan
Sun Honglei isGeneral Fire-Wind
General Fire-Wind
Kim So-yeon isGreen Pearl
Green Pearl
Michael Wong isPrince Dokado
Prince Dokado
Chi Kuan-Chun isQiu Luo Dong
Qiu Luo Dong
Jason Pai Piao isLiu Jin Yi
Liu Jin Yi

Synopsis

Bollywoodကိုပဲလုပ်ပေးနေတဲ့အတွက် ဒီတစ်ခါမှာတော့
သိုင်းလောကဘက်ကိုပြန်လှည့်ပေးထားတာပါ။
၂၀၀၅ခုနှစ်မှာထွက်ခဲ့တဲ့ဒီဇာတ်လမ်းလေးဟာ နာမည်ကြီးတရုတ်သိုင်းဝတ္ထုတစ်အုပ်ဖြစ်တဲ့
“Seven Swordsmen from Mountain Tian”ကို
အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဒါ့အပြင် 2005မှာထွက်ရှိခဲ့တဲ့ “Seven Swordsmen” လို့
လူသိများတဲ့ “ကောင်းကင်တောင်မှဓားသူရဲကောင်း၇ဖော်”
TV Series နဲ့လဲ ခေတ်ပြိုင်ဇာတ်လမ်းဖြစ်ပါတယ်။
မြဝတီတို့ 5 Seriesတို့ကို ကြည့်ဖူးသူတွေကတော့
အဲ့ဒီရုပ်သံဇာတ်လမ်းတွဲကိုသိကြမှာပါ။
ကျွန်တော်ကတော့ နှစ်ကားစလုံးကိုသဘောကျပါတယ်။

တရုတ်နိုင်ငံကို မန်ချူးဘုရင်အုပ်စိုးနေတဲ့ကာလမှာ
သိုင်းပညာလေ့ကျင့်သင်ကြားခြင်းကို တားမြစ်ထားပြီး
သိုင်းပညာသည်တွေကို ခေါင်းဖြတ်ကွပ်မျက်ကာ
သိုင်းပညာသည်တွေကိုချိုးနှိမ်ထားတာပဲဖြစ်ပါတယ်။
မန်ချူးစစ်သူကြီးတစ်ယောက်ဟာ သိုင်းပညာသည်တွေကို
သာမက အပြစ်မဲ့ပြည်သူတွေကိုပါသတ်ဖြတ်ပါတော့တယ်
ဒီလိုနဲ့သတ်ဖြတ်လာလိုက်တာ “ဝူ”ဆိုတဲ့ သိုင်းပညာရွာပဲ
ကျန်ပါတော့တယ်။ အဲ့ဒီရွာလေးကလဲ မန်ချူးစစ်သူကြီးရဲ့
ရန်မှကာကွယ်ဖို့အတွက် ကောင်းကင်တောင်ကိုသွားကာ
ဓားသမားတွေရဲ့အကူအညီကိုတောင်းရပါတော့တယ်။
ဓားသမား၇ဖော်နဲ့မန်ချူးစစ်သူကြီးတို့ရဲ့တိုက်ပွဲမှာ
ဘယ်သူကျရှုံးမလဲ ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့
ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

ဒီဇာတ်လမ်းမှာဆိုရင်တော့ အများက IP Man မင်းသား လို့ လူသိများကြတဲ့ Donnie Yen, Leon Lai, Honglei
Sun, Charlie Yeung, Yi Lu, So-yeon Kim နဲ့
အခြားသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်လမ်းလေးဟာ သိုင်းဇာတ်လမ်းဖြစ်တာမို့လို့
သိုင်းကွက်အကြမ်းစားကြီးတွေကိုလဲ တဝကြီးကို
ကြည့်ရှုခံစားနိုင်မှာဖြစ်သလို တရုတ်နိုင်ငံရဲ့ မန်ချူးခေတ်
ကျေးရွာလူနေမှုဘဝကိုလဲ လေ့လာနိုင်မှာဖြစ်ပါတယ်။
ဒါ့အဖြင် ဒီဇာတ်လမ်းထဲမှာ 18+Scenes အနည်းငယ်
ပါဝင်နေတာဖြစ်လို့ ကြည့်ရှုရာမှာတော့ အနည်းငယ်မျှ
သတိထားစေလိုပါတယ်။

အညွှန်းရေးသားသူနဲ့ ဘာသာပြန်ပေးသူကတော့
Aung Pyae Kyaw(Zolomon) ပဲ ဖြစ်ပါတယ်။

 

Download Page

 

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services

Original title 七劍
TMDb Rating 6 37 votes

You May Also Like!

Like Us on Facebook



Facebook