Pay the Ghost (2015)

Pay the Ghost (2015)

Evil walks among us. Sep. 16, 2015 US. 94 Min.
Your rating: 0
10 2 votes

Video trailer

Director

Uli Edel
Director

Cast

Synopsis

ပါမောက္ခမိုက်ခ်ကိုးလ်ဟာ သားလေးနဲ့ ဟော်လိုးဝင်းပွဲတော်ကို အတူသွားတုန်း ရုတ်တရက် သူ့သားလေး ပျောက်ဆုံးသွားပါတယ်။ တစ်နှစ်လောက်ကြာသွားတဲ့အထိ ဇွဲမလျှော့ဘဲ ဆက်ရှာဖွေခဲ့ရာမှာ တစ်ရက်မှာတော့ သူ့သားရဲ့ အသံကိုကြားရသလို ၀ိညာဉ်လို ပုံစံမျိုးနဲ့လည်းမြင်ခဲ့ရလို့ နောက်ကိုလိုက်ပေမယ့် မတွေ့ခဲ့ပါဘူး။

အဲဒီလိုလိုက်ရှာရင်း အဆောက်အအုံတစ်ခုနားရောက် တဲ့အခါမှာ မှုတ်ဆေးနဲ့ Pay The Ghost ဆိုတဲ့စာရေးထားတာတွေ့ခဲ့ပြီး အဲဒီစကားစုက သူ့သားရဲ့ ပုံရိပ်ကပြောတဲ့စကားနဲ့ တူနေတာကို သတိထားမိခဲ့ပါတယ်။ အဆောက်အအုံထဲကိုဝင်သွားတဲ့အခါမှာ အခြေအနေမဲ့တချို့နေထိုင် တာတွေ့ခဲ့ပြီး အမျိုးသမီးတစ်ယောက်က စူးစူးဝါးဝါးအော်ခဲ့တာကြောင့် အဲဒီလိုအော်သံမျိုး ဟော်လိုးဝင်းပွဲ မတိုင်ခင်နှစ်တိုင်းဖြစ်တဲ့ အကြောင်းမျက်မမြင် အခြေအနေမဲ့တစ်ယောက်က မိုက်စ်ကို ပြောပြခဲ့ပါတယ်။ မိုက်စ်က သူတွေ့ခဲ့တဲ့ နံရံပေါ်က စကားစုအကြောင်းမေးမြန်းခဲ့ပေမယ့် အခြေအနေမဲ့လူက မိုက်စ်ကိုဒီနေရာက မြန်မြန်ထွက်ခွာသွားဖို့ သတိပေးခဲ့ပါတယ်။

မိုက်စ်ရဲ့ဇနီးကလည်း သူ့သားရဲ့ စကူတာလေးက သူ့အလိုလို ရွေ့နေတဲ့အတွက် မိုက်ခ်ကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

အဲဒီညမှာပဲ မိုက်ခ်တို့အိမ်ရှေ့မှာ ရုတ်တရက်မီးပြတ်သွားခဲ့ပြီး မိုက်ခ်ပြတင်းပေါက်ကနေ ကြည့်လိုက်တဲ့အခါ ကလေးသုံးယောက်ပေါ်လာပြီး မီးလောင်သေဆုံးသွားကာ အသက်ဝိညာဉ်ကင်းမဲ့ပြီး အားနည်းဖျော့တော့နေတဲ့ ကလေးတွေအများကြီးရဲ့ ပုံရိပ်တွေကို မြင်ခဲ့ပါတယ်။

အဲဒါကြောင့် စိတ်စွမ်းအားရှင်အမျိုးသမီးကို ဖုန်းဆက်ခေါ်ပြီး အခြေအနေကို လေ့လာကြည့်စေရာမှာ မမြင်ရတဲ့ စွမ်းအားတစ်ခုရဲ့ တွန်းကန်ချက်ကြောင့်အမျိုးသမီး သေဆုံးခဲ့ပါတယ်။

အဲဒီနောက်မိုက်ခ်ကသူ့အမျိုး သမီးအခန်းက မသင်္ကာစရာအသံ တွေကြားတာကြောင့် တက်ကြည့် တဲ့အခါ သူ့ဇနီးက ကိုယ့်ကိုယ် ကိုယ် ဓားနဲ့လှီးဖြတ်ခဲ့တာကြောင့် အချိန်မီကယ်ဆယ်ခဲ့ရပါတယ်။ Pay The Ghost ဆိုတဲ့စကားစု က ဟော်လိုးဝင်းမှာ ကလေးပျောက်မှုတွေနဲ့ ဘယ်လိုဆက်စပ်နေတာလဲ။ မိုက်ခ်ကကော ပျောက်သွား တဲ့ သူ့သားလေးကို ပြန်ကယ်နိုင် မှာလားဆိုတာ ရင်တဖိုဖိုနဲ့သာ ဆက်ကြည့်လိုက်ပါဦးနော်။

ဘာသာပြန်ကတော့ ကို Waihan Lin Htin ပဲဖြစ်ပါတယ်။

Download(720p)

Download(360p)

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services

Original title Pay the Ghost
TMDb Rating 5.1 203 votes

You May Also Like!

Like Us on Facebook



Facebook