Lost River (2014)

Lost River (2014)

Dive deep into the underwater town Apr. 08, 2015 US. 95 Min.
Your rating: 0
8.5 2 votes

Video trailer

Synopsis

ဒီတစ်ပတ်အတွက်တော့ အား လပ်ရက်လေးမှာ ရုပ်ရှင်ကြည့် ရင်း အပန်းဖြေချင်သူတွေအတွက် အခုလတ်တလော ရုံတင်နေတဲ့ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ်ဒရာမာ ဇာတ်ကားလေး အ ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

တစ်ခုလပ်ဖြစ်တဲ့ ဘီလီဟာ ဘုန်းစ်နဲ့ ဖရန်ကီဆိုတဲ့ သားနှစ် ယောက်ကို စောင့်ရှောက်နေတဲ့ မိခင်ဖြစ်ပြီး ဘီလီနဲ့ ဘုန်းစ်က ဖရန်ကီကို ချစ်ကြပေမယ့် အပြင် မှာတော့ ခပ်တန်းတန်း ပုံစံနဲ့ပဲ နေကြတာပါ။ သူတို့နေတဲ့ မြို့မှာ ရက်စက်တဲ့ လူသတ်ကောင်ဘူလီ ဆိုသူရှိတာကြောင့် အဲဒီလူကို ရှောင်ပုန်းဖို့အတွက် ဘုန်းစ်ဟာ လူမနေတော့တဲ့ အိမ်တွေကို အ ချိန်အားတာနဲ့ လိုက်ရှာနေခဲ့ပါ တယ်။

တစ်ရက်မှာတော့ ဘုန်းစ်နဲ့ ဘူလီထိပ်တိုက်တိုးခဲ့တာကြောင့် ဘုန်းစ်အသက်လုပြီး ထွက်ပြေးခဲ့ရပါတယ်။

တစ်ဖက်မှာလည်း ကလေး နှစ်ယောက် အမေ ဘီလီဟာ အလုပ်လက်မဲ့ အနေအထားမို့ အိမ်လခပေးဖို့ရာ အခက်တွေ့နေ ပြီး အကြွေးတွေလည်း ၀ိုင်းနေခဲ့ ပါတယ်။ ဘီလီအကြွေးမဆပ်နိုင် ခဲ့ရင် သူတို့အိမ် ဖြိုချခံရမယ့် အခြေအနေအထိ ဖြစ်သွားခဲ့ပါ တယ်။

တစ်ရက်မှာတော့ သူတို့အိမ်နီးနားချင်းရက်ဆိုတဲ့ မိန်းကလေးနဲ့ သိကျွမ်းခဲ့ပြီး ရက်က သူ့အ ဘွားရယ်၊ သူ့ကြွက်ကလေးနစ်ခ် ရယ်နဲ့ အတူနေသူပါ။ ဟိုဟိုဒီဒီ လျှောက်သွားနေတဲ့ ဘုန်းစ်ဟာ မြစ်နဲ့ဆက်ထားတဲ့ ရေအောက်ပိုက်လမ်းကြောင်း တစ်ခုကိုရှာတွေ့ခဲ့ပြီး အဲဒီနေရာမှာ စွန့်ပစ်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ အများကြီးကို တွေ့ခဲ့ပါတယ်။

ဘုန်းစ်က ရက်နဲ့တွေ့ပြီး သူတွေ့ခဲ့တဲ့နေရာဟာ အရင်တုန်းကမြို့ငယ်တစ်ခု ဖြစ်ပုံရပြီး ရေကြီးပြီးတော့ မြို့ပျက်သွားတာ ဖြစ်နိုင်ကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီနေရာကတော့ ပျောက်ဆုံးနေတဲ့ မြစ်ဆိုတဲ့နေရာဖြစ်ကြောင်း ဘုန်းစ်သိရှိသွားခဲ့ပါတယ်။

ရက်ရဲ့ အဘွားဟာ အဲဒီလျှို့ဝှက်ဆန်းကြယ်မြို့ဟောင်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို သိရှိသူဖြစ်ပြီး အဲဒီဟာနဲ့ ဆက်စပ်တဲ့ဗီဒီယိုလည်းရှိကြောင်း ရက်က ပြောပြခဲ့ပါတယ်။

အဲဒီမြို့ဟာ ကျိန်စာသင့်နေခဲ့တာဖြစ်ပြီး ကျိန်စာပျက်ပြယ်ချင်တယ်ဆိုရင် ရေအောက်ထဲက မြေကြီးကို မြေပြင်ပေါ် သယ်ဆောင်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ မြို့ဟောင်းက ဘယ်လို ကျိန်စာမိနေတာလဲ။ ကျိန်စာ ပျက်ပြယ်ဖို့အတွက် ဘုန်းစ်နဲ့ ရက်တို့ ဘယ်လို ကြိုးပမ်းခဲ့ကြသလဲ။ သားနှစ်ယောက် အန္တရာယ်ကင်းဖို့အတွက် ဘီလီကလည်း ဘယ်လိုတွေ ကာကွယ်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းက စိတ်ကူးယဉ်ဆန်တာကြောင့် တချို့ ပရိသတ်တွေ ကြိုက်ချင်မှ ကြိုက်မယ့် အနေအထားမို့ ကောင်း၊ မကောင်းကိုတော့ ကိုယ်တိုင် မြည်းစမ်းရင်းအကဲဖြတ်ကြ ဦးပေါ့။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေကတော့ ဘီလီအဖြစ် ခရစ္စတီးနားဟန်းဒရစ်၊ ဘုန်းစ် အဖြစ် လီယန်ဒီကာစတက်ကာ၊ ရက်အဖြစ် ဆီရာရှားရော်နန်၊ ဘူလီအဖြစ် မက်စမစ်တို့ပဲ ဖြစ်ပါတယ်။
Review – 7Day Daily

Download(720p)

Download(360p)

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services

Original title Lost River
TMDb Rating 5.8 227 votes

You May Also Like!

Like Us on Facebook



Facebook