Lights Out (2016)

Lights Out (2016)

Jul. 21, 2016 US. 81 Min.
Your rating: 0
10 2 votes

Video trailer

Director

Cast

Synopsis

ပေါလ် ဆိုတဲ့လူတစ်ယောက်ဟာ အလုပ်ချိန်နောက်ကျတဲ့အထိ အလုပ်လုပ်နေရင်းက အရိပ်ထဲက သဘာဝလွန် သတ္တ၀ါတစ်ကောင်ရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရပါတယ်။ သူ့ရဲ့ သား မာတင်ဟာလဲ အဲ့ဒီ သတ္တ၀ါရဲ့ခြောက်လှန့်မှုကို ရင်ဆိုင်ကြုံတွေ့နေရတာပါ။ သူ့အမေနဲ့ ဒိုင်ယာနာဆိုတဲ့ အရိပ်သဏ္ဍာန် သူငယ်ချင်းနဲ့ သူ့အမေ အခန်းထဲမှာ စကားတွေ ပြောပြောနေတာကို သူမြင်ပြီးတဲ့နောက် သူညဘက်တွေ မအိပ်တော့ပါဘူး။ တစ်ခြားအိမ်မှာ တစ်ယောက်တည်းနေတဲ့ သူ့အစ်မ ရေဘတ်ကာကို လူမှုဝန်ထမ်းအမျိုးသမီးက ခေါ်တွေ့တော့ ရေဘတ်ကာ သူ့မောင်ကို သူတစ်ယောက်တည်း နေတဲ့ အိမ်ကို ခေါ်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ ရေဘတ်ကာ ကိုယ်တိုင် ငယ်ငယ်က ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို ပြန်သတိရလာပြီး ရေဘတ်ကာ နဲ့ သူ့ ရည်းစား ဘရက်တို့ဟာ ဆိုဖီ(ရေဘတ်ကာနဲ့ မာတင်တို့ရဲ့ မိခင်) နဲ့ ဒိုင်ယာနာဆိုတဲ့ အမျိုးသမီးနှစ်ယောက်ကြားက ဆက်စပ်မှုတွေကို အဖြေရှာခဲ့ပါတယ်။ ရခဲ့တဲ့ အဖြေက သိပ်တော့ မလှပါဘူး။ Lights out ကို ၂၀၁၆ ရုပ်ရှင်ကားကြီးမထွက်ခင် ၂၀၁၃ ကတည်းက သတိထားမိတာပါ။ အပြည်ပြည်ဆိုင်ရာ သဲထိတ်ရင်ဖို ရုပ်ရှင်ကားတိုလေးတွေ ပြိုင်ကြတဲ့ ကားမှာ selection ကား ၂၀ ကိုကြည့်ပြီးတော့ lights out ကိုပဲ စိတ်ထဲ မှတ်မှတ်ရရရှိနေခဲ့တာ။ ကျွန်တော် အမှတ်မမှားရင် အဲ့ဒီကားကပဲ အကောင်းဆုံး ဆုရသွားခဲ့တယ်ထင်တယ်။ lights out ဟာ အင်တာနက်ပေါ်မှာ တမဟုတ်ချင်း ဆိုသလို နာမည်ကြီးသွားခဲ့တယ်။ Lights out ဇာတ်ကားတိုကို ရုပ်ရှင်ကားကြီးအဖြစ် ပြန်အသက်သွင်းမယ်ဆိုတော့ နည်းနည်း စိုးရိမ်ခဲ့မိတယ်။ ဘာဇတ်လမ်းမှ မရှိတဲ့ ၂ မိနစ်စာ ကားတိုလေးကို ယုတ္တိကျကျ ရိုက်ပြနိုင်ဖို့ဖြစ်နိုင်ပါ့မလား ပေါ့သွားမလားဆိုတဲ့ ထင်မြင်ချက်တွေကို တကယ်တမ်းထွက်လာတဲ့ Lights out (2016) က ချေဖျက်ပေးနိုင်ခဲ့ပါတယ်။ Lights out (2016) ဟာ David F. Sandberg အတွက် ပထမဆုံး ကားကြီး ဖြစ်ပေမယ့် box office မှာ ဘတ်ဂျက် $4.9 million ပဲသုံးပြီးတော့ $148 million သဲ့ယူနိုင်ခဲ့ရုံတင်မက ဝေဖန်ရေး ဆရာတွေဆီကလဲ အကောင်းဆုံးမှတ်ချက်တွေ ရခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင် အကြွေးတွေဝိုင်း ဘယ်သူမှ မသိတဲ့ ဒါရိုက်တာက ပြောပါတယ်။ Lights out ဟာ သူ့ဘ၀ကို နည်းပေါင်းစုံနဲ့ ပြောင်းလဲ ပေးခဲ့ပါတယ်တဲ့။ အခုလက်ရှိ မြန်မာမှာကော ကမ္ဘာမှာပါအောင်မြင်နေတဲ့ Annabelle: Creation (2017) ဟာ သူ့လက်ရာပါပဲ။ DC Extended Universe ကနေ လာမယ့် Shazam အတွက်လဲ ဒါရိုက်တာအဖြစ်တာဝန်ယူထားပြီးပါပြီ။

ဘာသာပြန်နဲ့အညွှန်းကတော့ ကို Waihan Lin Htin ပဲဖြစ်ပါတယ်

Download (1080p)

Download (360p)

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services

Original title Lights Out
TMDb Rating 6.3 1038 votes

You May Also Like!

Like Us on Facebook



Facebook