It Stains the Sands Red (2016)

It Stains the Sands Red (2016)

Oct. 08, 2016 US. 92 Min.
Your rating: 0
0 0 votes

Video trailer

Synopsis

တခြား zombie ကားတွေနဲ့မတူဘဲ တမျိုးကွဲထွက်နေတဲ့ဇာတ်လမ်းလေးပါ လူနဲ့ zombie ကြားက သံယောဇဉ်တွေကို ရိုက်ပြထားတယ်ဆိုပေမဲ့ Warm Body လောက်လဲ romatic မဆန်ပြန်ဘူး Horrror လားဆိုတော့လဲမဟုတ် သေချာတာကတော့ မင်းသမီးအသားပေးဇာတ်လမ်းမျိုးပါ မော်လီဆိုတဲ့ကောင်မလေးတစ်ယောက်က 5နှစ်အရွယ်သားလေးကို အမဖြစ်သူနဲ့ထားရစ်ခဲ့ပြီး ချစ်သူအသစ်နဲ့အတူ zombie ရောဂါပြန့်နေတဲ့ Las Vegas ကနေ လေယဉ်နဲ့ထွက်ပြေးဖို့ကြိုးစားနေသူတစ်ယောက် လမ်းမှာမထင်မှတ်ဘဲ သူနဲ့သူ့ချစ်သူ နစ်ခ်တို့စီးလာတဲ့ကားပျက်သွားပြီး နစ်ခ်ကို zombie တစ်ကောင်ကကိုက်သတ်လိုက်တယ် အဲ့တော့ မော်လီတစ်ယောက် အထုပ်ဆွဲလို့ သဲကန္တာရကိုဖြတ်ပြီး မိုင် 30လောက်ဝေးတဲ့ လေယဉ်ကွင်းကိုလမ်းလျှောက်သွားဖို့အကြောင်းဖန်လာခဲ့တယ် ဒီခရီးသွားရမှာသူတစ်ယောက်ထဲတော့မဟုတ်ဘူး သူ့ချစ်သူနစ်ခ်ကိုကိုက်သတ်လိုက်တဲ့ zombie တစ်ကောင်က မော်လီသွားလေရာ နောက်ကနေတောက်လျှောက်လိုက်လာတယ် အစပိုင်းတော့ မော်လီလဲထွက်ပြေးပေမဲ့ မြင်ကွင်းရှင်းနေတဲ့သဲကန္တာရထဲမှာ ပုန်းစရာကွယ်စရာလဲမရှိလေတော့ zombie ကိုမျက်ခြေမဖြတ်နိုင်ခဲ့ဘူး zombie ကလဲ မော်လီနောက် ခပ်လှမ်းလှမ်းကနေ တောက်လျှောက်လိုက်လာရင်း ရက်ကြာလာတဲ့အခါ စကားပြောဖော်မရှိတဲ့ မော်လီက zombieကိုစကားတွေပြောရင်း သူတို့နှစ်ယောက်ခင်မင်သွားတယ် စကားလဲနားမလည် ပြန်လဲမပြောတတ်တဲ့ zombie တစ်ကောင်ကို မော်လီတစ်ယောက် သံယောဇဉ်တွယ်မိသွားတဲ့အခါ……. သဲကန္တာရထဲက ကောင်မလေးတစ်ယောက်နဲ့ zombie တစ်ကောင်တို့ကို အဓိကရိုက်ပြထားတဲ့ဒီကားလေးက ကြောက်စရာမကောင်းပေမဲ့ ချစ်ခြင်းမေတ္တာနဲ့ ရီစရာတွေကိုခံစားရစေမှာတော့ သေချာပါတယ်

Translator/Encoder/Review – Zon Myat Noe Swe

 

Download (720p)

Download (480p)

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services

Original title It Stains the Sands Red
TMDb Rating 5.1 10 votes

You May Also Like!

Like Us on Facebook



Facebook