Drifter (2017)

Drifter (2017)

Live in fear. Oct. 19, 2016 US. 86 Min.
Your rating: 0
0 0 votes

Video trailer

Synopsis

အဖေအသတ်ခံလိုက်ရလို့ တရားခံကိုလက်စားချေဖို့လိုက်ရှာနေတဲ့ အိမ်ခြေမဲ့ညီအကို2ယောက်
သဲကန္တာရကိုဖြတ်ပြီး ကားတစ်စီးနဲ့ခရီးထွက်နေတုန်း အကိုမရှိတဲ့အချိန် ညီကိုရိုက်နှက်ပြီး လူတစ်စုကားလာလုကြတယ်
ကံကောင်းလို့ကားမပါသွားပေမဲ့ ညီကတော့ဒဏ်ရာပြင်းထန်စွာရပြီး ခရီးမဆက်နိုင်တော့အခြေအနေဖြစ်သွားတဲ့အခါ
အကိုကနီးစပ်ရာမြို့ငယ်တစ်ခုကိုဝင်ပြီး ဆေးရုံဆေးခန်းတွေ့လိုတွေ့ငြား လိုက်ရှာပေမဲ့ မတွေ့ခဲ့ဘူး
မကြာခင်မြို့ထဲကမိန်းကလေးတစ်ဦးနဲ့တွေ့ပြီး ဒဏ်ရာရထားတဲ့ညီဖြစ်သူကိုကူညီပေးဖို့ သူမအိမ်ကိုခေါ်သွားပေးလိုက်တယ်
သူတို့ညီအကို2ယောက်ရောက်နေတဲ့ မြို့ကို စိတ္တဇဆန်ဆန်အစွမ်းရောက်မိသားစုတစ်စုက အုပ်ချုပ်နေပြီး လူစိမ်းဝင်လာတာကို
သဘောမကျတဲ့ခေါင်းဆောင်နဲ့ သူတို့ညီအကိုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ………….
တစ်ကားလုံး သွေးသံတရဲရဲနဲ့ အပြောအဆိုခပ်ကြမ်းကြမ်းတွေပါဝင်ထားလို့ R-rated ဖြစ်နေတယ်ဆိုတာလေးကိုတော့
မကြည့်ခင်သတိပြုစေလိုပါတယ် တချို့သောခပ်ရိုင်းရိုင်းစကားလုံးတွေကို ဇာတ်ကားရဲ့မူလရသပျောက်မှာစိုးရိမ်လို့
မဖြတ်ထားသလို သွယ်ဝိုက်ဘာသာပြန်ထားခြင်းလဲမရှိလို့ ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ်လို့ ကြိုပြောပါရစေ
ဇာတ်ကားထဲက ss တစ်ချို့ကိုလဲပြပေးထားပါတယ် ကြည့်သင့်မကြည့်သင့်ဆုံးဖြတ်လို့ရအောင်ပါ

ဘာသာပြန်နှင့်အညွှန်းကတော့ Zon Myat Noe Swe ပဲဖြစ်ပါတယ်

 

Download Page

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services
Original title Drifter
TMDb Rating 6.7 3 votes

You May Also Like!

Like Us on Facebook



Facebook