ads
Don’t Breathe (2016) 1080p

Don’t Breathe (2016) 1080p

This house looked like an easy target, until they found out what was inside. Aug. 25, 2016 US. 88 Min.
Your rating: 0
0 0 votes

Video trailer

Synopsis

သရဲခြောက်တဲ့အခန်းတွေမပါပေမဲ့ Horror အရသာကိုအပြည့်အဝခံစားရမဲ့ ဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ် သရဲကားကိုမှ Horror လို့သတ်မှတ်ထားသူတွေရဲ့ အတွေးကိုတက်တက်စင်အောင်လွဲသွားစေမဲ့ ကားလေးဆိုရင်လဲ မမှားပါဘူး ဇာတ်လမ်းကတော့ကြီးကျယ်လှတယ်လို့ မဆိုနိုင်ပေမဲ့ တစ်ညတာအဖြစ်အပျက်လေးကိုသာ ပုံဖော်ထားတဲ့ ဒီဇာတ်ကားလေးထဲမှာ သူငယ်ချင်း၃ယောက်ကြားကသံယောဇဉ်တွေနဲ့ ဖခင်တယောက်ရဲ့မေတ္တာတွေကို တွေ့မြင်ရမှာပါ ဇာတ်လမ်းအစမှာ မန်းနီး ရော့ကီနဲ့ အဲလက်စ်တို့ကို ဆယ်ကျော်သက်ဖောက်ထွင်းရေးသမားလေးတွေအဖြစ် အရင်ဆုံးတွေ့ရမှာပါ မန်းနီးနဲ့ရော့ကီကတော့ စုံတွဲပေါ့လေ တနေ့မှာ လူနေအိမ်တွေနဲ့အလှမ်းဝေးတဲ့ ရပ်ကွက်တခုက မျက်မမြင်သူဌေးကြီးတယောက်ရဲ့အိမ်ကို ဝင်ရောက်ဖောက်ထွင်းကြဖို့အကြောင်းဖန်လာပါတယ် ဒီမျက်မမြင်လူကြီးရဲ့သမီးကို တခြားပိုက်ဆံရှိအသိုင်းအဝိုင်းတခုက သူဌေးသမီးလေးက ကားနဲ့ဝင်တိုက်မိပြီးသေဆုံးသွားခဲ့ပေမဲ့ အမှုကိုငွေနဲ့ပိတ်ခံခဲ့ရတယ် ဒီအမှုအတွက် ငွေအတော်များများလျော်ကြေးရထားတာကိုသိနေတဲ့ မန်းနီး ရော့ကီနဲ့ အဲလက်စ်တို့က သူတို့ဖောက်ထွင်းပြီးရလာတဲ့ပိုက်ဆံတွေနဲ့ ကယ်လီဖိုးနီးယားမှာအခြေချပြီး ဘဝသစ်စဖို့ရည်ရွယ်ချက်ကိုယ်စီနဲ့ မျက်မမြင်အဖိုးကြီးရဲ့အိမ်ထဲကို ဖောက်ဝင်လာခဲ့ကြတယ် သူတို့မသိလိုက်တာက မျက်မမြင်အဖိုးကြီးက တချိန်ကစစ်သားဟောင်းကြီးတယောက်ဆိုတာပါပဲ သူ့အိမ်ထဲကိုကျူကျော်လာတဲ့လူတွေရှိမှန်းသိသွားတဲ့ မျက်မမြင်အဖိုးကြီးက ကျူးကျော်သူတွေကို ပြန်ချောင်ပိတ်ဖမ်းပြီး အသေသတ်ပစ်ဖို့ကြိုးစားတဲ့အခါ ခြောက်ခြားဖွယ်အိမ်ကြီးထဲက သွေးဆာနေတဲ့ဆိုက်ကိုလူသတ်သမားကြီးလက်ထဲက ကျူးကျော်သူတွေ အသက်ရှင်ရက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါ

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services

Dadv
Original title Don't Breathe
TMDb Rating 6.7 1713 votes

Like Us on Facebook



Facebook