Detective Byomkesh Bakshy! (2015)

Detective Byomkesh Bakshy! (2015)

Apr. 03, 2015 IN. 148 Min.
Your rating: 0
10 3 votes

Video trailer

Director

Cast

Sushant Singh Rajput isDetective Byomkesh Bakshy
Detective Byomkesh Bakshy
Anand Tiwari isAjit Bandyopadhyay
Ajit Bandyopadhyay
Divya Menon isSatyabati
Satyabati
Neeraj Kabi isNirmal Kundu
Nirmal Kundu

Synopsis

ပျောက်ဆုံးနေသော ဓာတုဆရာတစ်ဦး အမှု အား အလွတ်စုံထောက် ဘတ်ခ်ရှေးမှ ထောက်လှမ်းပုံ

      အဂျစ်ဘာနာဂျီးဟာ သူ့ဖခင် ရုတ်တရက် အစရှာလို့မရအောင် ပျောက်ဆုံးသွားတဲ့ နောက် လူငယ်အလွတ်တန်းစုံထောက် ဗျိုကတ်ရှ် ဘတ်ခ်ရှီးကို အမှုသွားအပ်တယ်။ မိတ်ဆက်စကား တစ်ခွန်းနှစ်ခွန်းပြော အမှုအကြောင်း တစ်စွန်းတစ်စမှာတင် ဘတ်ခ်ရှီး ရဲ့ ကောက်ချက်ချပုံ အယူအဆတွေအရ ပိတ်ထိုးပစ်လိုက်တယ်။ ဆိုလိုတာက ကိုယ်တို့ ဇာတ်လိုက်ဟာ မျက်နှာမြင်ရိုက်ချင်စရာ အသံကြား ပိတ်ထိုးစရာ ပါရမီတွေနဲ့ပြည့်စုံသူပေါ့။ အဲ့ဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့ဟာသူ စိတ်ပျက်လက်ပျက် လက်ဖက်ရည်သောက်နေရင်းက တစ်ဖက်စားပွဲမယ် မနက်က အမှုလာအပ်တဲ့ ဖခင်ပျောက်သားတစ်ယောက်ရဲ့ သောက ကိုတွေ့ရင်း ဒီအမှုထဲမှာသူဝင်ပါမိကာ သာမန်လူပျောက်လေး တစ်ခုကို ရေဆုံးရေဖျားလိုက်ရင်းက ကျော်တို့ရဲ့ အလွတ်စုံထောက် ဘတ်ခ်ရှီးလ်ဟာ အရှုပ်တော်ပုံတစ်ခုနဲ့ ပတ် သက်မိပါတယ်။ လူပျောက်မှုကနေ လူသေမှု လူသတ်မှု ပါတီ အချင်းချင်း အားပြိုင်မှု ချောက်ချမှု အင်္ဂလိပ်အပြေး ဂျပန် အ၀င် နိုင်ငံရေး။ ရည်းစားနဲ့ ကွဲလို့ အပျင်းပြေ အမှုတစ်ခုလိုက်မိတဲ့  ဘတ်ခ်ရှီးလ် အတွက်တော့ စိတ်ရှုပ်လို့ မြစ်ကမ်းဘေး သွားထိုင်နေရာကနေ ကရွတ်ခွေကြီး မြစ်ထဲ မျောလာတာနဲ့ ကြုံရတဲ့ အဖြစ်။ စပွိုင်လာမပါအောင် အညွှန်းရေးထားတာမို့ပေါ့ကောင်းပေါ့နေနိုင်ပေမဲ့ ဇာတ်လမ်းက အများကြီးပိုစိတ်ဝင်စားဖို့လဲကောင်း နက်လည်းနက်နဲပါတယ် ဇာတ်ကောင်ဟာ ကျွန်တော်တို့ဆီက ဦးစံရှားတို့ ဆားပုလင်းနှင်းမောင်တို့လို အင်္ဂလိပ်ခေတ် အလွတ်စုံထောက်တစ်ယောက်အဖြစ် ၀တ္ထုသွားပေါ်မှာ နာမည်ကြီးခဲ့တဲ့ Byomkesh Bakshy ကိုပဲ အခြေခံပါတယ်။ ဒီဇာတ်လမ်းကတော့ နောက်ထပ်လာမယ်ဆိုရင် အပျိုးလို့ ပြောရပါလိမ့်မယ်။ နာမည်ကြီး စုံထောက်ဇာတ်ကောင်ဖြစ်တဲ့အတိုင်း ခေတ်အဆက်ဆက် ရုပ်ရှင်အဖြစ်နဲ့ အသက်သွင်းခဲ့တာတွေလဲ အများကြီးပါပဲ။ ဒီကားကတော့ အအောင်မြင်ဆုံးလို့ဆိုနိုင်တယ်။ IMDB လို နေရာမျိုးမှာ rating 7.8 ရထားပါတယ်။ မဲပေးတဲ့သူစာရင်းကိုတော့ ဟောလိဝုဒ်ကားတွေနဲ့ယှဉ်ပြီး မတွက်ကြေးပေါ့နော်။ လွတ်လပ်ရေးမရခင် ကာလအဖြစ်ပုံဖော်ထားတဲ့ ကာလကတ္တား ဆက်တင်တွေ သိပ်လှတာပဲ။ သိပ်လဲ ခမ်းနားပီပြင်တယ်။ သရုပ်ဆောင်တွေ အတော်များများက တစ်ကားစ နှစ်ကားစ ရိုက်ဖူးပေမယ့် ကျွန်တော့်အတွက်တော့ အသစ်တွေချည်းပဲ ဒါပေမယ့် အပိုအလို မပါ အားလုံးကွက်တိ။ ခေတ်ပေါ်သီချင်းကို ၁၉၄၀ ၀န်းကျင် ကားမှာ ညှပ်သုံးသွားတာကလဲ အဆင်ပြေပြေ အပြစ်ပြောစရာမရှိ။ နောက်ပြီးတော့ အမြဲတမ်းယုံကြည်စိတ်ချနေရတဲ့ yashraj က တခမ်းတနား ကြေငြာခဲ့တဲ့ကားကောင်းတစ်ခုလည်းဖြစ်ပါတယ်။  ဘာသာပြန်ပေးသူကတော့ Waihan Lin Htin ဖြစ်ပါတယ်။ အညွှန်းရေးသားပေးသူကတော့ မားဝေ ဖြစ်ပါတယ်။

 

Download Page

 

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services

Original title Detective Byomkesh Bakshy!
IMDb Rating 7.7 11,698 votes
TMDb Rating 6.5 18 votes

You May Also Like!

Like Us on Facebook



Facebook