ads
Report?
Colonia aka The Colony (2015) 1080p

Colonia aka The Colony (2015) 1080p

There is no turning back Feb. 18, 2016 GB. FR. DE. LU. 120 Min.
Your rating: 0
10 2 votes

Video trailer

Synopsis

ဒီနေ့ရုပ်ရှင်ကဏ္ဍမှာတော့ သမိုင်းနောက်ခံသည်းထိတ်ရင်ဖို အချစ်ဇာတ်ကားလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ဟယ်ရီပေါ်တာ မင်းသမီးလေး အမ်မာဝပ်ဆန်က ရင့်ကျက်တဲ့အမျိုးသမီးငယ်ပုံစံမျိုးနဲ့ သရုပ်ဆောင်ထားတာမို့ အမ်မာ့ပရိသတ်တွေသဘောကျကြမှာပါ။

၁၉၇၃ ကာလ မြင်ကွင်းတွေနဲ့အတူ လူငယ်ဇနီးမောင်နှံဖြစ်တဲ့ ဒန်နီယယ်နဲ့ လီနာတို့ဟာ ချီလီစစ်ဗိုလ်ချုပ် အော်ဂတ်စ်တိုပင်နိုချက်ကို ဆန္ဒပြတဲ့ လူထုကြားမှာ ရောက်နေခဲ့ပြီး ဒန်နီယယ်ဟာ ဗိုလ်ချုပ်ပင်နိုချက်ရဲ့ လျှို့ဝှက်ရဲ အဖွဲ့ဖြစ်တဲ့ DINA ရဲ့ ဖမ်းဆီးခံခဲ့ ရပါတယ်။

လီနာဟာ သူ့ခင်ပွန်းကို ကယ်ဆယ်နိုင်ဖို့ ပေါလ်ချာဖာဆိုတဲ့ တရားဟောဆရာ ဦးဆောင်နေတဲ့ Colonia Dignidad ဆိုတဲ့ အလှူအတန်းအဖွဲ့အစည်းနဲ့ ချိတ်ဆက် ခဲ့ပါတယ်။ ဒီလိုကြိုးစားရင်းနဲ့ ဒန် နီယယ်ကို ပြန်ရှာတွေ့ပြီး ဒန်နီ ယယ်က မသန်စွမ်းဖြစ်သွားဟန် ဆောင်နေခဲ့ပါတယ်။

လီနာပေါင်းနေတဲ့ Colonia Dignidad ကလည်း DINA အဖွဲ့ ရဲ့ လက်အောက်ခံတရားမ၀င် အဖွဲ့အစည်းဖြစ်တာကို ဒန်နီ ယယ်သိခဲ့တာကြောင့် လီနာနဲ့ အတူ ဒီအဖွဲ့ကနေ ထွက်ပြေးနိုင် ဖို့ ကြိုးပမ်းရပြန်ပါတယ်။ သူတို့ နှစ်ယောက်နဲ့အတူ အာဆယ်ဆို တဲ့ ကိုယ်ဝန်ဆောင်သူနာပြုတစ် ဦးလည်း အတူထွက်ပြေးခဲ့ရာမှာ အာဆယ်အသတ်ခံခဲ့ရပြီး လီနာ တို့ စုံတွဲဟာလည်း ဂျာမန်သံရုံးဆီ ထွက်ပြေးခဲ့ရပါတယ်။

သံရုံးဝန်ထမ်းက သူတို့နှစ် ယောက်အပေါ် သစ္စာဖောက်ခဲ့ပေ မယ့် နောက်ဆုံးမှာတော့ လေယာဉ်နဲ့ ဂျာမနီကို ထွက်ပြေးနိုင်ခဲ့ပြီး Colonia Dignidad အဖွဲ့ အပြစ်ကျူးလွန်ထားတဲ့ သက်သေ ဓာတ်ပုံတွေပါရခဲ့ပါတယ်။ Colonia Dignidad အဖွဲ့အစည်းက ဘယ် လိုအဖွဲ့အစည်းမျိုးဖြစ်ပြီး ဘာ တွေ ဒုက္ခပေးတာလဲဆိုတာ ကြည့် လိုက်ပါဦးနော်။

စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းနောက်ခံ ဇာတ်ကွက်တွေပါတဲ့ ဒီဇာတ်လမ်းလေးမှာ လီနာအဖြစ် အမ်မာဝပ်ဆန်၊ ဒန်နီယယ်အဖြစ် ဒန်နီယယ်ဘရူ၊ ပေါလ်ချာဖာအဖြစ် မိုက်ကယ်နိုင်ဗစ်စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ ။
Review credit – 7daydaily

Download(1080p)

Download(360p)

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services

Girl in a jacket
Original title Colonia
TMDb Rating 7.4 518 votes

Like Us on Facebook



Facebook