Collide (2016)

Collide (2016)

Aug. 04, 2016 UK 98 Min. PG-13
Your rating: 0
10 2 votes

Video trailer

Synopsis

မူးယစ်ဆေးအရောင်းအဝယ်သမားဘောစိဆီမှာ အလုပ်လုပ်နေရာကနေ သူ့နောက်လိုက်နေတဲ့ ရန်သူအဖွဲ့ကို
မျက်ခြေဖြတ်ဖို့ ဂျာမနီကိုရောက်လာတဲ့ အမေရိကန်လူချောလေး ကေစီနဲ့ ချစ်စရာအမေရိကန်သူလေး
ဂျူးလိယက်တို့ အမှတ်မထင်တွေ့ဆုံမိရာကနေ ချစ်ကျွမ်းဝင်သွားခဲ့ကြတယ် အမှတ်မထင်ချစ်မိသွားကြတယ်ဆိုပေမဲ့
အချိန်တိုအတွင်းသူတို့နှစ်ယောက်လုံး အရမ်းချစ်သွားကြတယ် သိပ်မကြာခင်မှာပဲ ဂျူးလိယက်မှာ
ခွဲစိတ်ကုသဖို့လိုနေတဲ့ရောဂါကြီးတစ်ခုရှိနေတယ်ဆိုတာ ကေစီသိသွားခဲ့တယ် ဆေးကုသစရိတ်ကလဲ
အတော်လေးများနေတာကို ကေစီသဘောပေါက်သွားတဲ့အခါ အရင်အလုပ်ဟောင်းကိုပြန်လုပ်ဖို့
သူဆုံးဖြတ်လိုက်ရတယ် ငွေရလွယ်သလောက် အန္တရာယ်များတဲ့ဒုစရိုက်အလုပ်ကို ဂျူးလိယက်ကမလုပ်စေချင်ပေမဲ့
ကေစီကတော့ချစ်သူအတွက် အရာရာစွန့်လွှတ်ရဲသူဖြစ်လို့ အရင်အလုပ်ကိုပဲပြန်လည်ရွေးချယ်လိုက်ပါတယ်
ရန်သူအဖွဲ့နဲ့ ရဲတွေကြားမှာ ကေစီတစ်ယောက်အန္တရာယ်ကင်းနိုင်ပါ့မလား
ဂျူးလိယက်ကိုရော အချိန်မှီဆေးကုပေးနိုင်မှာလား

ဒီဇာတ်ကားထဲကမင်းသားကိုတော့ အတော်များများမှတ်မိမယ်မထင်ပါဘူး
Warm Body ထဲက zombieလေး သို့မဟုတ် X-Men ဇာတ်ကားတွေထဲက Beast လေး ဒါမှမဟုတ်
Mad Max ထဲက စစ်သားကောင်လေးလို့ပြောလိုက်ရင်တော့ ပြေးမြင်မိကြမယ်ထင်ပါတယ်
မိတ်ကပ်များများနဲ့ရုပ်ဖျက်ရတဲ့ ဇာတ်ကားမျိုးတွေမှာသာအများဆုံးပါဝင်ထားတဲ့ Nicholas Hoult ကို
အမေမွေးတဲ့ရုပ်အတိုင်းချောချောလှလှတွေ့မြင်ရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်

အညွှန်းကို Zon Myat Noe Swe မှရေးပေးထားပါတယ်

Download

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services

Original title Collide
IMDb Rating 5.7 7,859 votes
TMDb Rating 5.4 123 votes

You May Also Like!

Like Us on Facebook



Facebook