ads
Charlotte (2017)

Charlotte (2017)

May. 01, 2017 70 Min.
Your rating: 0
7.7 3 votes

Video trailer

Director

Nima Raoofi
Director

Cast

Ashleigh Chanel isRenee Darcy
Renee Darcy
David Daradan isBen Darcy
Ben Darcy
Gary Hartley isGreg Miller
Greg Miller
Leia Burns isNadia Gardner
Nadia Gardner
Vincent Donato isMike Gardner
Mike Gardner

Synopsis

ဇာတ်လမ်းအစမှာ ရန်နီးဆိုတဲ့မိန်းကလေးတစ်ယောက် ကားတိုက်မှုတစ်ခုကြောင့် အတိတ်မေ့သွားတဲ့အကြောင်းကို စကားပြောအနည်းငယ်နဲ့ ပုံဖော်ပြထားတာကိုတွေ့ရမှာပါ ရန်နီးမှာ သူ့ကိုသိပ်ချစ်တဲ့ခင်ပွန်းတစ်ယောက်နဲ့ အင်မတန်ချစ်ဖို့ကောင်းတဲ့ လသားအရွယ် မော်လီဆိုတဲ့သမီးလေးတစ်ယောက်ရှိနေတာကိုလဲ စကားအပိုသိပ်မပြောဘဲ မိနစ်ပိုင်းအတွင်း ပရိတ်သတ်ကိုမိတ်ဆက်ပေးထားတဲ့ ပြကွက်တွေကို ဇာတ်လမ်းစပြီး 3မိနစ်အတွင်းမှာ ကြည့်ရမှာပါ ခင်ပွန်းနဲ့သမီးငယ်ကို အေးစက်စက်ဆက်ဆံနေတဲ့ ရန်နီးရဲ့သရုပ်ဆောင်ပုံကိုကြည့်လိုက်တာနဲ့ ရန်နီးကသူ့ရဲ့အတိတ်ဘဝကို လက်မခံနိုင်သေးဘူးဆိုတာ လွယ်လွယ်နဲ့သိသာပါတယ် ဇနီးကိုချစ်လွန်းလို့ အိမ်မှုကိစ္စတွေကအစ ကလေးထိန်းတာအဆုံး ကိုယ်တိုင်လိုက်လုပ်ပေးနေတဲ့ ခင်ပွန်းတစ်ယောက်ကို ကျနော်အားကျမိတယ်ဆိုတာတော့ ဝန်ခံပါရစေ ရန်နီးတစ်ယောက် အတိတ်ကိုကြိုးစားလက်ခံလိုက်ပြီး သမီးလေးကိုသံယောဇဉ်ပြန်ထားနိုင်သွားတဲ့အချိန်မှာ သမီးဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားပြီး သမီးနဲ့ပတ်သတ်တဲ့ပစ္စည်းတွေအကုန် ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့တယ် ခင်ပွန်းကိုသမီးပျောက်သွားတဲ့အကြောင်းပြောပြီး ရဲတိုင်တဲ့အခါ ရဲတွေရော ခင်ပွန်းကပါ မော်လီဆိုတဲ့သမီးတစ်ယောက် သူတို့မိသားစုမှာ ဘယ်တုန်းကမှမရှိခဲ့ဘူးဆိုပြီး သက်သေနဲ့တကွ ရန်နီးကိုရှင်းပြတဲ့အခါ………… မော်လီဆိုတဲ့ကလေးတစ်ယောက် ရန်နီးဆီမှာတစ်ကယ်ပဲမရှိခဲ့တာလား ကားတိုက်မှုကြောင့် ရန်နီးတစ်ယောက်ထဲ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား ခင်ပွန်းနဲ့ရဲတွေကပဲ ရန်နီးကိုဝိုင်းလိမ်နေကြတာလား စကားတွေအများကြီးမပြောသွားဘဲ ပရိတ်သတ်ကိုသာ မေးခွန်းတွေမေးသွားတဲ့ ဒီဇာတ်ကားလေးက စကားအပိုတွေပြောပြီး သရုပ်ဆောင်တွေအများကြီးထည့်ရိုက်တတ်တဲ့ ပေါကားတစ်ချို့အတွက် နမူနာယူစရာဆိုရင်လဲမမှားပါဘူး

အညွှန်းနဲ့ဘာသာပြန် ဇွန်မြတ်နိုးဆွေ ဖြစ်ပါတယ်

 

Download (720p)

Download (360p)

သင်လိုချင်တာ ဒီမှာရှာ

Khit Online Services

Dadv
Original title Charlotte
TMDb Rating 6 1 votes

Like Us on Facebook



Facebook