Movies

294
The Nut Job 2: Nutty by Nature (2017)
0
The Nut Job 2: Nutty by Nature (2017)
မြို့တော်ဝန် ဘဲ့ဂျစ်ဆိုတာ မြို့ရဲ့ တစ်လက်မ မျှသောနေရာလပ်မကျန်အောင် .. ရပေါက်ရလမ်းအတွက်ပဲ အမြဲတွေးနေတတ်တဲ့ .. တကယ့်လောဘကြီးသူပါ .. ဘယ်နေရာ လက်ညှိုးထိုးထိုးမလွဲအောင်ကို တစ်မြို့လုံးမှာ သူ့စီးပွားရေးနဲ့ သူ့လုပ်ငန်းတွေချည်းပါပဲ .. မြို့လည်ခေါင်မှာရှိတဲ့ တစ်နေရာထဲသော ဘဘာဝ အပန်းဖြေနေရာလေးဖြစ်တဲ့ လေဘာတီပန်းခြံကိုပါ .. ငွေရပေါက်အကြီးအဖြစ် မြင်လာတဲ့ မြို့တော်ဝန်ဟာ ... သူ့ရဲ့ အကျိုးအမြတ်သက်သက်အတွက် .. ကိုယ်ကျိုးရှာ အသုံးချဖို့ကြိုးစားလာပါတော့တယ် .. ပန်းခြံထဲမှာ ရှိတဲ့ တိရိစ္ဆာန်လေးတွေ အတွက် နဲနဲမှမငဲ့ကွက်တဲ့မြို့တော်ဝန်ဟာ .. အဲ့ဒီ့တိရိစ္ဆာန်လေးတွေ အားလုံးကို လက်စဖျောက်သတ်ဖြတ်ဖို့ စီစဉ်ပါတော့တယ် .. အကြံပက်စက်တဲ့ ကိုယ်ကျိုးရှာသမား မြို့တော်ဝန် ... တိရိစ္ဆာန်လေးတွေရဲ့ ခေါင်းဆောင် .. ဆာလီတစ်ယောက် ... သူ့အဖွဲ့သားတွေရဲ့ အသက်ဘေးနဲ့ ရင်ဆိုင်လာရတဲ့အခါ .. မြို့တော်ဝန်ကို ဘယ်လို ပြန်တုန့်ပြန်မလဲဆိုတာတွေ .. အဖြူရောင် ကြွက်ဝမ်းပူလေးတွေရဲ့ ... မဟာဗျူဟာကျကျ ... မြို့တော်ဝန်ကို ကလဲ့စားချေပုံတွေနဲ့အတူ .. 2017 နှစ်ရဲ့ အောင်မြင်ပေါက်မြောက်လှတဲ့ .. The Nut ...
0 /0
Newness (2017)
6
1080p
Newness (2017)
Open Relationship ရဲ့ဆိုတဲ့ ပွင့်လင်းတဲ့အချစ်ရေးတစ်ခုကို ပုံဖော်ဖို့ကြိုးစားကြတဲ့ ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမုန်းခြင်း ပြဿာနာလေးတွေကို 18+ ဇာတ်ဝင်ခန်းတွေနဲ့ အတွင်းကျကျ ပုံဖော်ရိုက်ကူးထားတဲ့ Romance ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ဘာစီလိုနာကနေ နယူးရော့ခ်ကို ကျောင်းလာတက်ရင်း အလုပ်လုပ်နေတဲ့ စပိန်သူလေး ဂက်ဘရီရယ်လာနဲ့ ဆေးခန်းမှာအလုပ်လုပ်တဲ့ ဆေးဝါးကျွမ်းကျင်ကောင်လေး မာတင်တို့က Online ကနေ ဖူးစာရှာတဲ့ application တစ်ခုမှတဆင့် တွေ့ဆုံခဲ့ကြပြီး ချစ်သူတွေဖြစ်သွားခဲ့ကြတယ် ချစ်သူသက်တမ်းကြာလာတော့မှ မာတင်ရဲ့မိသားစုပြဿနာတွေနဲ့ အိမ်ထောင်ရေးနောက်ကြောင်းကို ဂက်ဘရီရယ်လာသိသွားတဲ့အခါ သူတို့နှစ်ယောက် ပြဿနာတက်ခဲ့ကြတယ် ဒါပေမဲ့ သံယောဇဉ်ရှိပြီးသား ချစ်သူတွေဖြစ်လို့ ပြန်အဆင်ပြေသွားခဲ့ကြတယ် သူတို့ပြန်အဆင်ပြေသွားတဲ့အခါ စိတ်ရောဂါဆရာဝန်နဲ့တိုင်ပင်ပြီး အချင်းချင်းပွင့်ပွင့်လင်းလင်းနေကြဖို့ တိုင်ပင်လိုက်ကြပြီးနောက်မှာတော့............ ချစ်သူတွေကြားမှာ ပွင့်လင်းတိုင်းလဲမကောင်းဘူးဆိုတာ ဒီကားလေးကိုကြည့်တတ်ရင် ပညာရမှာပါ 18+ အခန်းတွေတော်တော်များများပါလို့ မိသားစုနဲ့ကြည့်ဖို့တော့ မသင့်တော်ပါဘူး မင်းသားချောလေး Nicholas Hoult ရဲ့ Nude Scence တွေပါတယ်ဆိုတော့ မိန်းကလေးပရိတ်သတ်တွေ အကြိုက်တွေ့မှာပါ ဘာသာပြန်သူနဲ့ အညွှန်းရေးသူ ဇွန်မြတ်နိုးဆွေဖြစ်ပါတယ်  
6 /1
What Happened to Monday (2017)
10
720p
What Happened to Monday (2017)
2073 ခုနှစ်မှာပေါ့..... လူသားသန်းပေါင်းများစွာ နေ့စဉ်မွေးဖွားနေလေရဲ့..... အစာရေဆာဟာလဲ တနေ့တခြား ရှားသထက်ရှားလာတယ် Nicolette Cayman ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဒီဖြစ်ရပ်ကို ထိန်းချုပ်ဖို့ မိသားစုတစ်စုကို ကလေးတစ်ယောက်ထပ်ပိုမမွေးဖို့ ဖိအားပေးလိုက်တယ် ဒီလိုအခြေအနေမှာ Monday, Tuesday, Wednesday, Thursday, Friday, Saturday နဲ့ Sunday ဆိုတဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ ညီအမ 7ယောက်က တစ်ချိန်ထဲအပြင်ထွက်ခွင့်မရှိဘဲ တစ်ပတ်ကိုတစ်ရက် တစ်ယောက်ချင်းစီအလှည့်ကျသာ အပြင်ထွက်ခွင့်ရကြတယ် သူတို့နေတဲ့တိုက်ခန်းထဲမှာတော့ သူတို့အားလုံး စိတ်ကြိုက်နေထိုင်ခွင့်ရကြပါတယ် ဒီလိုနဲ့တစ်ရက်မှာ Monday လေး အိမ်ပြန်ရောက်မလာတဲ့အခါ...... ဒီကားလေးထဲမှာ ညီအမ7 ယောက်လုံးအဖြစ် မင်းသမီး Noomi Rapace က 7ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ် ဘာသာပြန်ကတော့ မျိုးခန့် ဖြစ်ပြီး အညွှန်းကို ဇွန်မြတ်နိုးဆွေမှ ရေးပေးတာ ဖြစ်ပါတယ်။
10 /1
Bad Day for the Cut (2017)
0
720p
Bad Day for the Cut (2017)
သက်လတ်ပိုင်းအရွယ် အိုင်းရစ်လူမျိုး လယ်သမားကြီးဒိုနယ်က အမေဖြစ်သူနဲ့အတူ နယ်မြို့လေးမှာနေထိုင်ရင်း ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူဖြစ်ပါတယ် တရက်မှာ မမျှော်လင့်ဘဲ အမေဖြစ်သူ အသတ်ခံလိုက်ရပြီး လူသတ်သမားစီးလာတဲ့ကားနဲ့ လူသတ်သမားပုံစံကို ဒိုနယ်အဝေးကမြင်လိုက်ပေမဲ့ လူသတ်သမားကိုတော့ မမိခဲ့ဘူး သူ့အမေဆုံးပြီးတစ်ပတ်လောက်အကြာ ဒိုနယ်ရဲ့ဂိုထောင်ထဲကို လူငယ်၂ယောက်ရောက်လာပြီး ဒိုနယ်ကို သတ်ဖို့ကြိုးစားခဲ့ပေမဲ့ ဒိုနယ်ကလက်ဦးမှုရသွားခဲ့တယ် လူငယ်၂ယောက်ထဲက တယောက်ကိုတော့ ဒိုနယ်ကိုယ်တိုင်သတ်လိုက်ပြီး နောက်တယောက်ကို စစ်မေးရင်း သူ့အမေအသတ်ခံရတဲ့အမှုနဲ့ စပ်ဆက်ပြီး ဒိုနယ်သဲလွန်စရသွားတဲ့အခါ လူငယ်လေးကိုခေါ်ပြီး လက်စားချေဖို့ ခရီးစခဲ့ပါတော့တယ်
0 /0
Valley of the Wolves: Palestine (2011) 720p Only
5
720p
Valley of the Wolves: Palestine (2011) 720p Only
တူရကီကွန်မန်ဒိုတပ်ဖွဲ့တစ်ဖွဲ့က Palestine ကိုသွားရောက်ပြီး အစ္စရေးကွန်မန်ဒိုတွေလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ တူရကီအလုပ်သမားတွေအတွက် လက်စားချေဖို့ စတင်ခဲ့ကြပါတယ် အစ္စရေးခေါင်းဆောင် ဂါဇာကို လိုက်လံရှာဖွေကြရင်း မမျှော်လင့်တဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့လိုက်ရတဲ့အခါ........ ဒီကားလေးကို mmsubtitles အတွက် ဘာသာပြန်အသစ်ဖြစ်တဲ့ Thi Ha Lin (TU myitkyina) မှဘာသာပြန်ပေးထားတာဖြစ်ပါတယ် အသစ်ဖြစ်လို့ အမှားတစ်စုံတစ်ရာရှိရင် ခွင့်လွှတ်ပေးကြဖို့လဲ ကြိုတင်တောင်းပန်အပ်ပါတယ်
5 /1
Going in Style (2017) 1080p
0
1080p
Going in Style (2017) 1080p
1979 မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကို reboot လုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ် အရွယ်လွန်နေတဲ့ အဖိုးကြီ3းယောက်က ကျပ်တည်းလှတဲ့လူနေမှုကို တွန်းလှန်ဖို့ ကြံမိကြံရာအတွေးအရ ဒမြတိုက်ဖို့ ကြိုးစားမိတဲ့အကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ် အဖိုးကြီ3းယောက်ရဲ့ ဒသနတွေ ဟာသတွေကို မရိုးနိုင်အောင်ကြည့်ရမှာပါ မင်းသားကြီး Morgan Freeman ကအဓိကပါဝင်ထားလို့ သရုပ်ဆောင်ပိုင်းကတော့ ပြောစရာလိုမယ်မထင်ပါဘူး ဘာသာပြန်ကတော့ Myo Khant ဖြစ်ပြီး အညွှန်းကို ဒေါ်ဇွန်မြတ်နိုးဆွေ မှ ရေးပေးတာ ဖြစ်ပါတယ်။
0 /0
Aquamarine (2006) 1080p
8.5
1080p
Aquamarine (2006) 1080p
90's kid တော်တော်များများ ကြည့်ခဲ့ဖူးမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ခုပါ ကလဲရ်နဲ့ ဟေလီဆိုတဲ့ 12နှစ်အရွယ်ကောင်မလေး 2ယောက်က ဖလော်ရီဒါကမ်းခြေမြို့လေးမှာ နေထိုင်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပါတယ် အဲ့ဒီမြို့လေးမှာ ရေမွန်ဆိုတဲ့ လူချောလေးက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့လေ ကလဲရ်နဲ့ဟေလီကလဲ ရေမွန်ကို ကြိတ်ချစ်နေသူတွေထဲပါတဲ့အပြင် စီစီလျာဆိုတဲ့ လူကြီးသမီးတစ်ယောက်ကလဲ ကလဲရ်နဲ့ဟေလီတို့နဲ့အပြိုင် ရေမွန်ကိုပိုးပမ်းနေသူဖြစ်ပါတယ် ကလဲရ်နဲ့ဟေလီတို့က စီစီလျာလောက်တော့ စပ်စလူးမထဘူးပေါ့လေ ဖြစ်ချင်တော့ ဒီနှစ်နွေရာသီအကုန်မှာ ကလဲရ်အမေက အိမ်ပြောင်းတော့မှာဖြစ်တဲ့အတွက် အချစ်ဆုံးသူငယ်ချင်း2ယောက် တကွဲတပြားစီဖြစ်တော့မဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပါတယ် ဒီလိုနဲ့တစ်ညမှာ မုန်တိုင်းအကြီးအကျယ်တိုက်ပြီး ဟေလီရဲ့အိမ်ထဲက ရေကူးကန်ထဲကို ရေသူမလေးတစ်ယောက်ရောက်လာခဲ့တယ် ရေသူမလေးက ပင်လယ်နတ်ဘုရားရဲ့ သမီးဖြစ်ပြီး ပြည်ကြီးငါးနဲ့လက်မထပ်ချင်လို့ ပင်လယ်ထဲကထွက်ပြေးလာသူဖြစ်ပါတယ် သူ့အဖေကို ကတိပေးထားတဲ့အတိုင်း 3ရက်အတွင်း အချစ်ဆိုတာကို ရှာမတွေ့ရင် ပင်လယ်ထဲပြန်ရမဲ့အခါ ကလဲရ်နဲ့ဟေလီတို့က ရေသူမလေး အကွာမရင်းကို ဘယ်လိုကူညီကြမှာလဲ အကွာမရင်းချစ်နေတဲ့လူကလဲ ရေမွန်ပဲဖြစ်နေတဲ့အခါမှာတော့.............. ငယ်ငယ်တုန်းကတော့ အတော်ကြည့်ကောင်းခဲ့တဲ့ ဇာတ်ကားလေးပါ ဇာတ်ဝင်သီချင်းတော်တော်များများကလဲ ...
8.5 /2
Demons (2017) 720p Only
10
720p
Demons (2017) 720p Only
ဘုန်းတော်ကြီးဖြစ်ခဲ့ဖူးတဲ့ Colin ဆိုသူက ယခုအခါမှာ စိတ်ကူးယဉ်ဇာတ်လမ်းတွေရေးတဲ့ စာရေးဆရာဖြစ်နေပါပြီ သူ့မိန်းမ Kayleigh ရဲ့ညီမဖြစ်သူက သေဆုံးသွားပြီးနောက် မကျွတ်မလွတ်ဖြစ်ကာ Colin နဲ့ Kayleigh တို့ကို ခြောက်လှန့်လာခဲ့ပြီး သူဘာလို့သေခဲ့ရလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ပြန်လည်တူးဖော်ခဲ့ပါတော့တယ်။ အဲ့ဒီနောက်မှာတော့.... ဘာသာပြန်ကတော့ ကိုဝေဟံလင်းထင် ဖြစ်ပြီး အညွှန်းကို ဇွန်မြတ်နိုးဆွေမှ ရေးပေးတာ ဖြစ်ပါတယ်
10 /2
Uru (2017)
10
720p

Uru (2017)

2017
Uru (2017)
သည်းထိတ်ရင်ဖိုကား ကောင်းကောင်းကြည့်ချင်ရင် ဒီကားလေးကို ကြည့်လိုက်ပါ စာရေးဆရာတစ်ယောက်က စာရေးဖို့အတွက် နယ်မြေစိမ်းတစ်ခုကို ခရီးထွက်သွားရာကနေ သည်းထိတ်ရင်ဖိုဖြစ်ရပ်တွေ သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာတဲ့အခါ......... ဒါတွေကို သူဆက်လက်ရင်ဆိုင်မှာလား ??? ရှောင်ထွက်သွားမှာလား ??? ဘာလို့ သူ့ကိုမှ ဒီလိုတွေဖြစ်လာရတာလဲ ??? အညွှန်းကို ဇွန်မြတ်နိုးဆွေ မှရေးပေးတာဖြစ်ပါတယ်။
10 /3
24 Hours to Live (2017) 720p Only
10
720p
24 Hours to Live (2017) 720p Only
အကောင်းဆုံးတွေထဲက အကောင်းဆုံး လုပ်ကြံရေးသမားတစ်ယောက်ဖြစ်တဲ့။ Travis Conrad ဟာ ဇနီးနဲ့သားဆုံးတဲ့ တစ်နှစ်ပြည့်ကာလ အနားယူထားပေမယ့် မက်လုံးကောင်းကောင်းကြောင့် မစ်ရှင် တစ်ခုကိုလက်ခံခဲ့မိပါတယ်။ အဲ့ဒီမှာပဲ ပြိုင်ဘက်အမျိုးသမီးကို မယှဉ်နိုင်ပဲ သေဆုံးခဲ့ရတယ်။ သူ အရင် တာဝန်ထမ်းဆောင်နေခဲ့တဲ့ အဖွဲ့အစည်းဟာ လူသားတွေကို သေပြီးမှ နောက်တစ်ကြိမ် ၂၄ နာရီထက်မပိုပဲ အသက်ပြန်ရှင်နိုင်တဲ့ ကုထုံးကို သုသေသနလုပ်နေခဲ့တာဖြစ်ပြီး သူ့ကိုလဲ သူသိထားခဲ့တဲ့ အရေးကြီး သတင်းအချက်အလက်ကို သိရုံသက်သက် အသက်ပြန်သွင်းခဲ့ပါတယ်။ နောက်ပိုင်း သူသိလာခဲ့တဲ့ လျှို့ဝှက်ချက်တွေအရ သူ့ကိုသတ်ခဲ့တဲ့ ပြိုင်ဘက်ကို ကယ်ဆယ်ရင်း သူ့ရဲ့ မူလအဖွဲ့အစည်း သူမိတ်ဆွေလို့ထင်ခဲ့တဲ့ သူတွေကိုပါ တကိုယ်တော် ချေမှုန်းတော့မှာပါ။ သူ့အတွက် ၂၄ နာရီပဲ အချိန်ရှိပါတော့တယ်။ before triology,Training day, Daybreakers စတဲ့ကားတွေနဲ့ လူသိများပြီး အချစ် အကြမ်း အလွမ်း စွယ်စုံရတဲ့ ...
10 /1
Avengers: Age of Ultron (2015) 1080p
10
1080p
Avengers: Age of Ultron (2015) 1080p
MCU ရဲ့ ၁၁ကားမြောက်ဖြစ်ပြီး Avengersကားရဲ့ အဆက်ဖြစ်ပါတယ်။ ဒီကားမှာတော့ Avengers အဖွဲ့ရဲ့ စည်းလုံးလွန်းတဲ့ တိုက်ခိုက်မှုနဲ့ အစပြုထားပြီး X men ၂ကောင်ဖြစ်တဲ့ Quick Silver နဲ့ Scarlet Witchကို မိတ်ဆက်ပေးသွားပေမဲ့ Foxနဲ့ မူပိုင်ခွင့်အရ Quick Silver ကို သတ်ပေးလိုက်ရပါတယ်တိုနီစတက်စ်ဟာ မတော်တဆ Ultron ဆိုတဲ့ အသိညဏ်ရှိတဲ့ စက်ရုပ်တစ်ခုကို အသက်သွင်းမိပြီး Ultronဟာ စက်ရုပ်စစ်တပ်တစ်ခုတည်ဆောက်ပြီး ကမ္ဘာကို ဖျက်ဖို့ ကြံပါတော့တယ်။ ဒါကို တိုနီကို သတ်ချင်နေတဲ့ X men မောင်နှမနဲ့ avengers အဖွဲ့ပေါင်းပြီး ကာကွယ်ကြမှာဖြစ်ပါတယ်။ Thor တူအစွမ်းနဲ့ တိုနီရဲ့ နည်းပညာပေါင်းပြီး Visionဆိုတဲ့ အသိညဏ်မြင့် စွမ်းအားမြင့် စက်ရုပ်တစ်ခု ကို တည်ဆောက်ခဲ့ပြီး သူက အဗန်ဂျား အဖွဲ့ ၀င်အသစ်ဖြစ်လာခဲ့ပါတယ်။ ...
10 /1
The Avengers (2012) 1080p
0
1080p
The Avengers (2012) 1080p
တက်ဆာရက်စ် လို့ခေါ်တဲ့ ကျောက်တုံးတစ်ခုကို ရှီးအဖွဲ့ကလေ့လာတဲ့အခါ စကြာဝဋ္ဌာအပေါက်တစ်ခု ပွင့်ပြီး လိုကီ ထွက်ပေါ်လာခဲ့တယ်။ သူဟာ Hawkeyeကို စိတ်ညှို့ခိုင်းစေပြီး တက်ဆာရက်စ် ကို ခိုးယူသွားတယ်။ လိုကီဟာ အပေါက်တစ်ခုကို ဖွင့်ပြီး အခြားကမ္ဘာသားတွေ အကူအညီနဲ့ ကမ္ဘာကို သိမ်းပိုက်ဖို့ လုပ်တဲ့အခါ နစ်ဖျူရီဟာ လိုကီကို တားဆီးဖို့ ကမ္ဘာပေါ်က အစွမ်းဆုံး ဟီးရိုးတွေကို စုစည်းခဲ့တယ်။ သူတို့က Captain america ,Iron Man , Black Widow,Hulk တို့ပါ သူတို့ လိုကီကို ဖမ်းမိပြီးတဲ့အခါ Thor နဲ့Hawkeye တို့ပါ ပါဝင်လာခဲ့ပြီး စည်းလုံးမှုမရှိတဲ့ Avengers တွေကို ကော်စင် သေဆုံးမှုက စည်းလုံးစေခဲ့ပြီးတဲ့အခါ ကမ္ဘာကို သူတို့အတူ ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုအကောင်းဆုံး အက်ရှင်ခန်းတွေနဲ့ အတူ ခံစားကြည့်ရှု့ရမှာဖြစ်ပါတယ်။ MCUရဲ့ ခြောက်ကားမြောက် ကားဖြစ်ပြီး ...
0 /0
Allegiant (2016) 1080p
6
1080p
Allegiant (2016) 1080p
တိုက်ခိုက်သူတွေကြောင့် ကမ္ဘာကြီးအစိတ်စိတ်အမွှာမွှာပြိုကွဲသွားပြီးနောက်မှာ ထရစ်က ချီကာဂိုကိုပိုင်းခြားထားတဲ့နံရံကိုကျော်ပြီး လွတ်မြောက်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ ကမ္ဘာကြီးရဲ့ထိတ်လန့်ဖွယ်ဖြစ်ရပ်တွေကို ဘယ်လိုရှာတွေ့သွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ အညွှန်းကို ဇွန်မြတ်နိုးဆွေ ဖြစ်ပါတယ်။
6 /1
Insurgent (2015) 1080p
0
1080p
Insurgent (2015) 1080p
Beatrice Priorဟာ သူမရဲ့ အတွင်းစိတ်နတ်ဆိုးတွေကျေနပ်စေဖို့ အစွမ်းရှိတဲ့ပူးပေါင်းမှု တစ်ခုကိုခုခံတိုက်ခိုက်ရပါတယ်။ အဲ့ဒီပူးပေါင်းမှုက သူမဘက်က အခြားလူတွေရဲ့ အကူညီကိုယူပြီးသူမရဲ့လူ့အသိုင်းအဝိုင်းကိုအပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်ဖို့ခြိမ်းခြောက်နေခြင်းကြောင့်သူမတိုက်ခိုက်ရခြင်းပဲဖြစ်ပါတယ် ဒီတိုက်ခိုက်မှုအကြောင်းကိုစွန့်စားခန်းတွေနဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အညွှန်းကို ဇွန်မြတ်နိုးဆွေ မှ ရေးပေးတာ ဖြစ်ပါတယ်။
0 /0
Kidnap Capital (2016)
0
720p
Kidnap Capital (2016)
အမေရိကန်နိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့သူတွေကို လမ်းဘေးဂိုဏ်းတစ်ခုက ပြန်ပေးဆွဲလာပြီးတော့ ပြန်ပေးငွေတောင်းယူတဲ့ပုံစံကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ပြန်ပေးဆွဲခံရတဲ့သူတွေကလဲ လွတ်မြောက်ဖို့ ကြိုးပမ်းရာမှတစ်ဆင့် ဖြစ်ပေါ်လာတာတွေကတော့… ဘာသာပြန်သူကတော့ အောင်ပြည့်ကျော်ပဲ ဖြစ်ပါတယ်။
0 /0
Justice League: The Flashpoint Paradox (2013)
10
720p
Justice League: The Flashpoint Paradox (2013)
DC ရဲ့ နာမည်ကျော် Comics တစ်ပုဒ်ကို Animated Movie အဖြစ် အသက်သွင်းထားတဲ့ ဇာတ်လမ်းလေးပါ။ Comic Fan အများစုရဲ့ သဘောကျမှုကို ရရှိထားတာမို့လို့ အားလုံးသဘောကျကြမှာပါ။ ရုပ်ရှင်လောကမှာ နယ်ပယ်ချဲ့ထွင်လာတဲ့ DCEU ဟာ 2019 မှာ Flashpoint ကို ရုပ်ရှင်အဖြစ်အသက်သွင်းမယ် ဆိုပြီး ကြေငြာထားတာမို့လို့ Flashpoint ရဲ့ အကြောင်းကို ချိတ်ဆက်နားလည်မိစေရန်နဲ့ DC Fan တွေရဲ့ တောင်းဆိုမှုကြောင့် ဒီ Animated Movie လေးကို ဘာသာပြန်တင်ပြပေးထားတာပဲဖြစ်ပါတယ်။ Justice League အဖွဲ့ဝင်ဖြစ်တဲ့ Barry Allen (a.ka) The Flash ရဲ့မိခင်ဟာ သူကလေးဘဝမှာပဲ သေဆုံးခဲ့ရပါတယ်။ သူ့ရဲ့မိခင်ကိုကယ်တင်ဖို့အတွက် အချိန်နောက်ပြန်သွားကာ မိခင်ဖြစ်သူရဲ့သေဆုံးမှုကိုတားဆီးဖို့ကြိုးပမ်းရင်းနဲ့ မတော်တဆဖြစ်ရပ်တွေပေါ်ပေါက်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးလုမတတ်တွေဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်ဒီလိုတွေဖြစ်ရတာလဲ အချိန်နောက်ပြန်သွားရင်း Timelineပြောင်းလိုက်မိတဲ့အတွက် ဘယ်လိုရလဒ်ဆိုးတွေ ကြုံတွေ့လာမလဲ Timelineပြောင်းလိုက်တဲ့ရလဒ်ဟာ Justice League အဖွဲ့ဝင်တွေကို ဘယ်လိုသက်ရောက်လာမလဲဆိုတာကတော့… ဘာသာပြန်နဲ့ အညွှန်းကတော့ Aung Pyae Kyaw ဖြစ်ပါတယ်  
10 /1
Constantine (2005) 1080p
10
1080p
Constantine (2005) 1080p
တစ်နေ့မှာ ပယောဂနှင်သူ ဂျွန်ကွန်စတန်တင်တစ်ယောက် မမျှော်လင့်ပဲနဲ့ မိန်းကလေးတစ်ယောက်ကိုဝင်ပူးနေတဲ့ မကောင်းဆိုးဝါးစစ်သည်တစ်ယောက်ကို ငရဲပြန်ပို့ပြီးတဲ့အခါမှာ ကမ္ဘာကြီးမှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ ဖြစ်လာဦးမယ်ဆိုတာကို သတိပြုမိလိုက်တဲ့အခါမှာ အစ္စဘယ်လ်ဆိုတဲ့စိတ်ဝေဒနာရှင်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာကို သူ့အစ်မဖြစ်သူ ရဲစုံထောက် အန်ဂျလာ က မယုံကြည်နိုင်ဖြစ်နေပြီး ဒီကိစ္စရဲ့နောက်ကွယ်မှာ တခြားကိစ္စတွေရှိနေကြောင်းကို ရိပ်မိလာပြီးတော့ ဂျွန်ကွန်စတန်တင်ဆီကိုသွားပြီး တိုင်ပင်ပြီးတော့ စုံစမ်းလာတဲ့အခါမှာ… Matrix မင်းသား ပါဝင်သရုပ်ဆောင်ထားတာမို့လို့ ဘယ်လိုတွေမိုက်မလဲဆိုတာကိုတော့ အထူးတလည်ညွှန်းဖို့ သိပ်မလိုတော့ဘူးလို့ထင်ပါတယ်။ ဘာသာပြန်နဲ့အညွှန်းကတော့ ညီလေး အောင်ပြည့်ကျော် ဖြစ်ပါတယ်။
10 /3
Talvar (2015) 1080p
10
1080p
Talvar (2015) 1080p
ရှရုတီ တန်ဒန်ဆိုတဲ့ ဆယ့်လေးနှစ်အရွယ်ကလေးမလေးတစ်ယောက်ဟာ သူ့အခန်း သူ့အိပ်ယာပေါ်မှာပဲ အိပ်နေတဲ့အတိုင်း အသတ်ခံခဲ့ရတယ်။ အလောင်းကို စတွေ့တာက သူ့မိဘနှစ်ပါးဖြစ်ပြီးတော့ တတိယတစ်ယောက်ကတော့ အိမ်ဖော် အမျိုးသမီးပါ။ ရဲတွေ ရောက်လာ စစ်ဆေးတာတွေ မေးမြန်းတာတွေ လုပ်တော့ မိဘနှစ်ပါးလုံးက အိမ်မှာ အလုပ်လုပ်တဲ့ (လူသတ်မှုဖြစ်တဲ့ အချိန်မှာပျောက်နေတဲ့) အသက်လေးဆယ်ကျော် အလုပ်သမားတစ်ယောက်ဖြစ်တဲ့ ခမ်ပယ် ဆိုတဲ့တစ်ယောက်လက်ချက်ဖြစ်လိမ့်မယ်လို့ ထွက်ဆိုကြတယ်။ ရဲတွေကလဲ အမှုက စောက်ရမ်းလွယ်တယ် ချက်ချင်းပေါ်ပါပြီဆိုပြီးတော့ အဲ့ဒီ အလုပ်သမား နောက်ကို တပ်ဖြန့်လိုက်ကြတယ်။ နောက်တစ်နေ့ကျတော့ ရဲတွေ တကူးတက တက်မရှာခဲ့တဲ့ တိုက်တန်းကူးဝရန်တာလို နေရာမှာ သူတို့ရှာနေတဲ့ တရားခံလို့သတ်မှတ်ထားတဲ့ အလုပ်သမားရဲ့ အလောင်းကိုပါ တွေ့လိုက်ကြရပါတယ်။ အစပိုင်းက သူတို့ယူဆထားခဲ့တဲ့ သီအိုရီဖြစ်တဲ့ အလုပ်သမားက ကလေးမလေးကို မတရားကြံသတ်သွားတယ်ဆိုတဲ့ဟာ မဖြစ်နိုင်တော့တာကို သိလိုက်ရတဲ့နောက် ရဲတွေဟာ တရားခံဖော်ဖို့အရေး နောက်ထပ်သီအိုရီတစ်ခုကို ဥာဏ်နီဥာဏ်နက်ပေါင်းစုံနဲ့ ဇာတ်လမ်းဆင်ကြပြန်တယ်။ ပထမတစ်ခုဟာ သမားရိုးကျပေမယ့် ဒုတိယ တစ်ခုကတော့ ယုတ်မာပက်စက်လွန်းတယ်ပြောရမယ်။ သေသူကလေးမရဲ့ မိဘ နှစ်ပါးဟာ လူသတ်တရားခံဖြစ်ပါသတဲ့။ ဘယ်လို အချက်တွေကို ...
10 /1
The Girl on the Train (2016) 1080p
10
1080p
The Girl on the Train (2016) 1080p
ဒီဇာတ်ကားက ယောက်ျားနဲ့ကွားရှင်းထားတဲ့ ရေချယ်ဝက်ဆန်ကိုအဓိကထား ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ် ရေချယ်ကနယူးရော့ခ်မှာအလုပ်လုပ်ပြီး အသွားရောအပြန်ရော ရထားစီးပြီးနေ့တိုင်းသွားလေ့ရှိပါတယ် နောက်ထပ် နေ့တိုင်းရေချယ်လုပ်လေ့ရှိတာက သူနဲ့သူ့ယောက်ျားအရင်ကနေခဲ့တဲ့အိမ်မှာ ဇနီးအသစ် ကလးအသစ်နဲ့ ပျော်ပါးနေတဲ့သူ့ယောက်ျား တွန်ဝက်ဆန်ကို ပြတင်းပေါက်ကနေ သွားချောင်းတာပဲဖြစ်ပါတယ် ရေချယ်ကအရက်သောက်တတ်ပြီး ခဏခဏလဲမူးပြီးမှောက်သွားတတ်သူပါ နောက်ပြီး ကေသီဆိုတဲ့သူငယ်ချင်းတယောက်နဲ့ တိုက်ခန်းတခုကိုတူတူငှားနေကြပါတယ် တွန်ကတော့ အန်နာဆိုတဲ့မိန်းမနဲ့လက်ထပ်ထားပြီး အီဗီဆိုတဲ့မယားပါသားတယောက်ကိုပါ ပိုင်ဆိုင်ထားပါတယ် တွန်တို့မိသားစုမှာ မီဂန်ဆိုတဲ့အမျိုးသမီးက ကလေးထိန်းအဖြစ်အလုပ်လုပ်နေပြီး သူမယောက်ျားစကော့နဲ့အတူ ရေချယ်တို့ရပ်ကွက်ထဲမှာပဲ နေထိုင်ပါတယ် ရေချယ်က မီဂန်ကိုသစ္စာရှိသူတယောက်ဆိုပြီး လေးစားနေပေမဲ့ မီဂန်ကတော့ ယောက်ျားတကာနဲ့ဖောက်ပြန်နေသူပါ တရက် မီဂန်နဲ့အခြားယောက်ျားတယောက်နမ်းနေကြတာကို ရေချယ်မြင်သွားပြီး မီဂန်နဲ့စကားပြောဖို့ဆုံးဖြတ်လိုက်ပါတယ် ဖြစ်ချင်တော့ ရေချယ်ကအရက်သောက်ထားတဲ့အချိန်ဖြစ်နေတာပါပဲ နောက်တနေ့မနက်မှာ ရေချယ်ကသူ့တိုက်ခန်းထဲမှာ နိုးလာပြီး ညကဘာဖြစ်ခဲ့လဲဆိုတာလုံးဝမမှတ်မိတော့ပါဘူး မီဂန်ကတော့ပျောက်ဆုံးသွားပါပြီ အိမ်နီးချင်းတယောက်ကတော့ ညကရေချယ်နဲ့မီဂန်စကားပြောနေတာတွေ့ခဲ့ပါတယ်တဲ့ ကဲ ဒါဆို မီဂန်ပျောက်ဆုံးမှုက ရေချယ်နဲ့ဘာတွေပတ်သတ်နေမှာလဲ သိချင်ရင်ဆက်လက်ရှုစားလိုက်ကြပါ ဘာသာပြန် - Waihan Lin Htin အညွှန်း - ...
10 /1
Jasper Jones (2017)
10
720p
Jasper Jones (2017)
Jasper Jones ဆိုတာ အရွယ်ရောက်စပြုနေတဲ့ 14 နှစ်သားလေး အကြောင်းကို အဓိကရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီး Jasper Jones က စာအုပ်ဖတ်ရတာ ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ် တစ်ညမှာ Jasper Jones က လူသေလောင်းတစ်လောင်းကိုတွေ့သွားပြီး သူ့ကို လူသတ်မှုမှာ အပြစ်ရှိတယ်လို့ ထင်သွားကြတဲ့အခါ Charlie ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က Jasper Jones မှာ အပြစ်မရှိကြောင်း သက်သေပြဖို့ ကြိုးစားပါတော့တယ် 1969 ခုနှစ်အချိန်ကာလကို အခြေခံရိုက်ကူးထားပြီး သူငယ်ချင်းအတွက် မိဘနဲ့လူတိုင်းကို ရင်ဆိုင်ခဲ့တဲ့ Charlie နဲ့ Jasper Jones တို့ကြားထဲက သံယောဇဉ်တွေကို အဓိကပြသထားပါတယ် ထူးခြားဆန်းကြယ် သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးဖြစ်လို့ စိတ်ဝင်စားစရာကောင်းမှာလဲ သေချာပါတယ် အညွှန်းကို ဇွန်မြတ်နိုးဆွေမှ ရေးပေးတာဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ ကို Waihan Lin Htin ပဲ ဖြစ်ပါတယ်။
10 /1
Chronically Metropolitan (2016)
0
720p
Chronically Metropolitan (2016)
Fenton ဆိုတဲ့ လူငယ်စာရေးဆရာတစ်ယောက်ရဲ့ မိသားစုဘဝကို ရိုက်ကူးပြသထားတဲ့ ဒရမ်မာဇာတ်ကားလေးပါ Fenton က မိသားစုလုပ်ငန်းတွေကို စိတ်မပါဘဲ စာရေးဆရာဖြစ်ဖို့ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး မိသားစုနဲ့အဝေးမှာနေထိုင်လျက်ရှိပါတယ် တရက်မှာ အဖေဖြစ်သူ ကားတိုက်မှုဖြစ်သွားတော့ မိသားစုလုပ်ငန်းတွေလုပ်ကိုင်ဖို့ Fenton ကို သူ့မိသားစုက ဖိအားပေးလာပါတော့တယ် ဒီတော့ Fenton တစ်ယောက် မိသားစုရှိရင် New York ကိုပြန်လာရတော့တာပေါ့ အဲ့ဒီနောက်တော့... အညွှန်းကို ဇွန်မြတ်နိုးဆွေက ရေးပေးတာဖြစ်ပါတယ်။ ဘာသာပြန်တာကတော့ ကို ဝေဟံလင်းထင် ပဲ ဖြစ်ပါတယ်။
0 /0
Extortion (2017)
10
720p
Extortion (2017)
ကယ်ဗင်ဆိုတဲ့ဆရာဝန်တစ်ယောက်က ဇနီးဂျူလီနဲ့ သားငယ်အန်ဒီတို့ကို ကာရစ်ဘီယမ်ကျွန်းဆီ အပန်းဖြေခရီးလိုက်ပို့ရင်း မိသားစုလိုက် မော်တော်ဘုတ်စီးကြတဲ့အခါ ကမ်းခြေနဲ့အတော်ဝေးတဲ့နေရာကိုရောက်သွားခဲ့တယ် သမုဒ္ဒရာအလည်ကကျွန်းတခုမှာ ခဏနားပြီး ကမ်းခြေကိုပြန်ဖို့ပြင်ကြတဲ့အခါ မော်တော်ဘုတ်ကစက်ရပ်ပြီး မောင်းလို့မရဖြစ်သွားတယ် ဒီလိုနဲ့ လမ်းကြုံလိုက်ဖို့ စီးစရာတခုခုကိုစောင့်ရင်း မိုးချုပ်သွားလို့ ကျွန်းပေါ်မှာပဲ သူတို့မိသားစုအိပ်လိုက်ရတယ် မနက်ရောက်တဲ့အထိ ဘယ်သူမှရောက်မလာဘဲ ရက်အနည်းငယ်ကြာတော့ ဂျူလီနဲ့အန်ဒီတို့ သတိမေ့ခါနီးအခြေအနေထိရောက်သွားခဲ့တယ် မကြာခင် ငါးဖမ်းလှေတစီးရောက်လာပြီး ငါးဖမ်းသမားနှစ်ယောက်က သူတို့မိသားစုကို ကျွန်းပေါ်ခေါ်သွားပေးဖို့ကူညီမယ်လို့ ကယ်ဗင်ကိုကတိပေးလိုက်တယ် ဒါပေမဲ့ အလကားတော့မဟုတ်ဘူး ဒေါ်လာတစ်သန်းပေးရမယ်လို့ပြောတော့ ကယ်ဗင်ကလဲ သူ့မှာအဲ့လောက်မရှိကြောင်းပြောပြီး ငြင်းလိုက်တယ် နောက်တော့ ဒေါ်လာတစ်သန်းထက် သူ့မိသားစုကပိုပြီး တန်ဖိုးရှိကြောင်း ကယ်ဗင်တွေးမိတော့ လက်ခံလိုက်တယ် ဒါပေမဲ့ ကယ်ဗင်ကိုအရင်ခေါ်သွားပြီး ကျွန်းပေါ်ရောက်လို့ ပိုက်ဆံပေးပြီးမှ သူ့မိန်းမနဲ့ကလေးကို ကယ်ပေးမယ်လို့ ငါးဖမ်းသမားကပြောတယ် ကျွန်းပေါ်ရောက်ပြီး ပိုက်ဆံပေးပြီးမှ ကတိမတည်ဘဲ ရက်စက်တဲ့ ငါးဖမ်းသမားကြောင့် ကယ်ဗင်တစ်ယောက် ဆရာဝန်ဘဝကနေ လက်စားချေသူတစ်ယောက်အဖြစ် ပြောင်းလဲသွားရပါတော့တယ်
10 /1
Now You See Me 2 (2016) 1080p
10
1080p
Now You See Me 2 (2016) 1080p
2013မှာထွက်ရှိခဲ့တဲ့ Now you see me ဆိုတဲ့ဇာတ်ကားရဲ့ဒုတိယမြောက် ဇာတ်လမ်းဖြစ်ပါတယ် ဒိုင်လန်ခေါင်းဆောင်တဲ့မြင်းစီးသမားအဖွဲ့ထဲမှာ လူလာဆိုတဲ့အမျိုးသမီးအဖွဲ့ဝင်တဦး ဒီဇာတ်ကားထဲမှာ ထပ်တိုးလာပါတယ် ဇာတ်လမ်းအစမှာအရာအားလုံးအဆင်ပြေနေပေမဲ့ ရုတ်တရက်တစုံတယောက်က မြင်းစီးသမားအဖွဲ့ဝင်ဂျက်ဝိုင်းဒါရဲ့ ဟန်ဆောင်သေဆုံးမှုကို ဖော်ထုတ်ပြသလိုက်သလို FBI agentဒိုင်လန်က မြင်းစီးသမားအဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်းကိုပါ လူအများသိအောင်ချပြလိုက်တဲ့အခါ မြင်းစီးသမားတဖွဲ့လုံး ပြပွဲကနေထွက်ပြေးကြရပါတော့တယ် ထို့နောက် မြင်းစီးသမားတဖွဲ့လုံးကို တရုတ်နိုင်ငံမာကူးကိုရောက်လာအောင် ဝေါတာဆိုသူဘီလျံနာတဦးက အိပ်မွေ့ချနည်းကိုသုံးပြီးလှည့်စားခေါ်ဆောင်သွားပါတယ် ဝေါတာကသူ့ရဲ့လျှို့ဝှက်အလုပ်တခုကို ကူညီလုပ်ဆောင်ပေးဖို့အတွက် မြင်းစီးသမားအဖွဲ့ကိုတောင်းဆိုတဲ့အခါ လူလာ ဂျက်နဲ့ မားရစ်တို့က ငြင်းဆိုလိုက်ကြပေမဲ့ ဒယ်နီရယ်ကသဘောတူလိုက်ပါတယ် ထို့နောက် အခြေအနေအရ တဖွဲ့လုံးက သဘောတူလိုက်ရပါတော့တယ် အဖွဲ့နဲ့ကွဲသွားလို့လိုက်ရှာနေတဲ့ ဒိုင်လန်ကို ပထမပိုင်းမှာ ထောင်ကျနေခဲ့တဲ့ ဘရတ်ဒလေက သူ့ကိုထောင်ထဲကထုတ်ပေးရင် မြင်းစီးသမားတွေကိုရှာပေးဖို့ ကူညီပေးမယ်လို့ပြောလိုက်တဲ့အခါ ဒိုင်လန်ကသဘောတူလိုက်မှာလား မြင်းစီးသမားအဖွဲ့ကို ဝေါတာပေးထားတဲ့ တာဝန်ကရော ဘာအတွက်ဖြစ်မှာလဲ နာမည်ဆိုးကိုဖျက်ချင်နေတဲ့ မြင်းစီးသမားတွေရဲ့ဆန္ဒကရောပြည့်ဝသွားမှာလား ထူးခြားဆန်းသစ်မှုတွေအပြည့်ပါဝင်နေတဲ့ ဒီဇာတ်ကားကိုပိုပြီးထူးခြားစေတာကတော့ Harry Potterမင်းသား Daniel Radcliffe ...
10 /1
Now You See Me (2013) 1080p
8
1080p
Now You See Me (2013) 1080p
အခုမင်းဘာမြင်ရသလဲ ငါပြောခဲ့တယ်မလား မင်းအနီးကပ်ကြည့်လေ မင်းမြင်ရတာနည်းလေပဲ လူကြီးမင်းတို့ ကျနော်တို့ အခု ဘဏ်ဓါးပြတိုက်ပြပါ့မယ် ဒါဟာတကယ်တော့ မျက်လှည့်ပွဲတစ်ခုပါ မြင်းစီးသမားလေးယောက်ဆိုတဲ့ မျက်လှည့်အဖွဲ့ရဲ့ ဘဏ်ဓါးပြတိုက်ပြမယ့် မျက်လှည့်ပြကွက် သူတို့တကယ်လဲဓါးပြတိုက်ပြသွားပါတယ် မျက်လှည့်ပွဲလာကြည့်တဲ့ ပရိသတ်ကိုလဲ သူတို့ဓါးပြတိုက်တဲ့ဘဏ်ကရလာတဲ့ပိုက်ဆံတွေ ကြဲချပီး လက်ဆောင်ပေးလိုက်သေးတယ်။ ဒါကမထူးဆန်းသေးပါဘူး တကယ်ထူးဆန်းတာက သူတို့ မျက်လှည့်ပြနေတဲ့အချိန်မှာပဲ တကယ့်ဘဏ်ကငွေတွေပျောက်ဆုံးသွားတာပဲ ဓါးပြတိုက်ပြခဲ့တဲ့ဘဏ်က သူတို့မျက်လှည်ပွဲနဲ့ မိုင်ပေါင်းသောင်းချီဝေးတဲ့ ဥရောပတိုက် ပြင်သစ်နိုင်ငံကဘဏ် အဲ့မှာတင်ပဲ ပြင်သစ်ကစေလွှတ်တဲ့ နိုင်ငံတကာရဲ စဲုထောက်မချောချောလေးနဲ့ FBIက ထူးချွန်ပြီး အပေါက်ဆိုးတဲ့ စုံထောက်ကျော်ငနဲတို့ ထိုမျက်လှည့်အဖွဲ့ကို ခြေရာခံဖမ်းဆီးဖို့ လိုက်ကြပါတော့တယ် အထက်ပါအကြောင်းအရာတွေက အပေါ်ယံတွေပဲရှိပါသေးတယ် လူကြီးမင်းတို့ ဒီဇာတ်လမ်းမှာ အရမ်းနက်နဲလွန်းတဲ့မြှုပ်ကွက်တွေရှိပါသေးတယ် အဲ့ဒါဘာတွေလဲဆိုတာကိုသိချင်ရင်တော့...........
8 /1
Killing Hasselhoff (2017)
0
720p
Killing Hasselhoff (2017)
နာမည်ကြီးတွေကို စောင့်ရှောက်ပေးတဲ့ အမျိုးသားတစ်ယောက်က သူ့လုပ်ငန်းတွေ သူ့ပိုက်ဆံတွေ အိမ်နဲ့ သတို့သမီးလောင်းကိုပါ ရုတ်တရက်ကြီးတပြိုင်ထဲ ဆုံးရှုံးသွားတဲ့အခါ သူ့ဘဝကို နဂိုအတိုင်းပြန်ရဖို့အတွက် သူ့ရဲ့နာမည်ကြီးတစ်ယောက်ကို သတ်ပစ်ဖို့ကြံစည်လိုက်ပါတော့တယ် ဒီကားလေးထဲမှာ မင်းသားအဖြစ် David Hasselhoff ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး တဝါးဝါးတဟားဟားနဲ့ ပွဲကျစေမဲ့ ဟာသကားကောင်းလေးဖြစ်ပါတယ်
0 /0
Jab Harry Met Sejal (2017)
7.5
720p
Jab Harry Met Sejal (2017)
ဟယ်ရီဆိုတာ ဥပရောပမှာ တိုးရစ်ဂိုက်အဖြစ်လုပ်ကိုင်နေတဲ့ အိန္ဒိယလူမျိုးတစ်ဦးဖြစ်ပါတယ် ဆေဂျယ်ဆိုတာကတော့ မကြာခင်မှာလက်ထပ်တော့မဲ့ သတို့သမီးလောင်းလေးဖြစ်ပြီး လက်မထပ်ခင်မှာ သတို့သားလောင်းနဲ့အတူ ဥရောပကို အပန်းဖြေခရီးထွက်လာရင်း တိုးရစ်ဂိုက်လေး ဟယ်ရီနဲ့တွေ့ဆုံခဲ့ပါတယ် သူတို့၂ယောက်ရဲ့ တွေ့ဆုံပုံက ရီစရာပါ ဆေဂျယ်ကသူ့ရဲ့ သတို့သားလောင်းပေးထားတဲ့ စေ့စပ်လက်စွပ်ကို ဥရောပမှာလည်ပတ်ရင်း ပျောက်ဆုံးသွားတဲ့အခါ ဒီခရီးရဲ့လမ်းပြဖြစ်တဲ့ ဟယ်ရီဆီကို အကူအညီတောင်းလိုက်ပါတယ် ဟယ်ရီက အစပိုင်းမှာ ကူညီဖို့ငြင်းဆိုခဲ့ပေမဲ့ ဆေဂျယ်ရဲ့ ခြိမ်းခြောက်မှုကြောင့် မဖြစ်မနေကူလိုက်ရပါတော့တယ် ဒီလိုနဲ့ပဲ ဟယ်ရီနဲ့ဆေဂျယ်တို့ ဥရောပတခွင်ပတ်ပြီး လက်စွပ်ရှာပုံတော်ခရီးဖွင့်ခဲ့ရတော့တာပေါ့ ဥရောပနိုင်ငံတချို့ရဲ့ အလှအပဆုံးနေရာတွေမှာ သွားရောက်ရိုက်ကူးထားတဲ့ ဒီကားလေးထဲမှာ မင်းသားကြီး Shah Rukh Khanနဲ့ မင်းသမီးချော Anushka Sharma တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဘာသာပြန်တာကတော့ မျိုးခန့်ဖြစ်ပါတယ်။ အညွှန်းကို ဇွန်မြတ်နိုးဆွေ ရေးပေးတာပါ။
7.5 /4
Tubelight (2017)
10
720p
Tubelight (2017)
အိန္ဒိယမြောက်ပိုင်းက ရွာငယ်လေးတစ်ရွာမှာ Laxman နဲ့ ညီဖြစ်သူ Bharat တို့အတူတူနေထိုင်ကြတယ် မိဘ၂ပါးလုံးမရှိတော့တဲ့ သူတို့ညီအကိုတွေက တယောက်နဲ့တယောက်အရမ်းချစ်ကြပြီး ရွာထဲမှာ Laxman ကို လူတွေက Tubelight လို့နာမည်ပြောင်ပေးထားကြတယ် တရက်မှာ အိန္ဒိယတပ်မတော်ကနေ ရွာငယ်တွေဆီက တအိမ်တယောက်မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီး Bharat ကိုခေါ်သွားတဲ့အခါ Laxman ကတော့ ရွာမှာပဲကျန်ရစ်ခဲ့ရတယ် Laxman တစ်ယောက် သူ့ညီနဲ့ပြန်တွေ့ခွင့်ရဖို့ ဘယ်လိုကြိုးစားသွားမှာလဲ ဘာသာပြန်ကတော့ မျိုးခန့်​ ဖြစ်ပြီး အညွှန်းကို ဇွန်မြတ်နိုးဆွေမှ ရေးပေးတာဖြစ်ပါတယ်
10 /2
Munna Michael (2017)
0
720p
Munna Michael (2017)
မိုက်ကယ်ဆိုတာ အရွယ်လွန်အကသမားတစ်ယောက်ဖြစ်ပြီး တက်သစ်စလူငယ်တွေကြားမှာ အကသမားတစ်ယောက်အဖြစ် ဆက်လက်လုပ်ကိုင်ဖို့ အဆင်မပြေတော့သူတစ်ဦးဖြစ်ပါတယ် မိုက်ကယ်က လမ်းပေါ်ကကောက်ရတဲ့ ကလေးတစ်ယောက်ကို မွေးစားလိုက်ပြီး မူနာလို့နာမည်ပေးခဲ့တယ် မူနာလေးအရွယ်ရောက်လာတဲ့အခါမှာလဲ သူ့အဖေမိုက်ကယ်လိုပဲ အကပိုးပါလာပြီး မိုက်ကယ်ဂျက်ဆင်ကို အတော်လေးသဘောကျသူဖြစ်လာပါတယ် မူနာက လမ်းပေါ်က အကပွဲတွေမှာ လိုက်ကလေ့ရှိပြီး သူ့ကိုယ်သူ မူနာမိုက်ကယ်လို့ အမည်ပေးထားပါသေးတယ် တရက်မှာ မူနာနဲ့သူ့အဖွဲ့ကို မွန်ဘိုင်းနိုက်ကလပ်ကနေ ဝင်ခွင့်ပိတ်လိုက်တဲ့အခါ မူနာက ဒေလီကို အလုပ်ရှာဖို့ထွက်လာခဲ့ရပါတော့တယ် ဒေလီက ဂမ်းစတားတစ်ယောက်နဲ့တွေ့ပြီး သူ့ဟိုတယ်မှာ ပင်တိုင်အကဆရာအဖြစ် မူနာကိုအလုပ်ပေးလိုက်တဲ့အခါ မူနာ့ဘဝတဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။ အညွှန်းကို ဇွန်မြတ်နိုးဆွေက ရေးပေးတာဖြစ်ပြီး ဘာသာပြန်ပေးသူကတော့ မျိုးခန့် ဖြစ်ပါတယ်။
0 /0
Viceroy’s House (2017) 1080p
10
1080p
Viceroy’s House (2017) 1080p
ဇာတ်ကားထဲက အဓိက ဇာတ်ကာင်တွေက မြန်မာ့သမိုင်းထဲမှာ မြင်တွေ့နေကျ လော့ဒ် မောင့်ဘက်ကတန်။ ဇာတ်လမ်းကို ဒရာမာဆန်ဆန်လေး ဇာတ်အိမ်တည်ရအောင်လို့ ဟိန္ဒူကောင်လေးနဲ့ မွတ်စလင်မလေးရဲ့ မေတ္တာဘွဲ့ကိုပါ ထည့်၇ိုက်ထားတယ်။ အိန္ဒိယ ရဲ့ လွတ်လပ်ရေး ကာလအခြေနေကို ရိုက်ထားတဲ့ဇာတ်ကား ။ သမိုင်းအမှန်အချက်အလက်အမှန်တွေကို အတော်များများအသုံးပြု ထားတဲ့ဇာတ်ကား.။ ပါကစ္စတန်နိုင်ငံစ်မွေးဖွားလာခြင်းအကြောင်းလည်းပါတဲ့ဇာတ်ကား..။ လွတ်လပ်ရေးကာလမှာ အမုန်းမီးမွှေးသူတွေကြောင့် လူပေါင်း သန်းချီပြီး ဒုက္ခရောက်ခဲ့တ ယ်။ ဒီလိုအမုန်းမီးတွေကိုဘယ်သူ မွှေးခဲ့တာလဲ ဆိုတာ မြင်အောင်ရိုက်ပြတဲ့ဇာတ်ကား။ ဟိန္ဒူ၊ ဆစ်ခ်(ပန်ချာပီ)၊ မွတ်စလင်တို့ကြားထဲက ပြင်းထန်လှတဲ့ အဓိကရုဏ်းတွေအကြောင်းရိုက်ပြ ထားတဲ့ဇာတ်ကား..။ သွေးခွဲအုပ်ချုပ်မှုရဲ့ဆိုးကျိုးတွေကို ဘယ်သူတွေအဓိက ခံစားရသလဲဆိုတာ မြင်အောင်ပညာပေးထားတဲ့ဇာတ်ကား..။ လူတွေလူစိတ်ပျောက်သွားအောင် ဘယ်အရာတွေက မောင်းနှင်ပေးနေသလဲဆိုတာ သင်ခန်းစာယူရမဲ့ ဇာတ်ကား..။ ဒီလို အတိတ်ဆိုးရဲ့သားကောင်ဖြစ်ခဲ့ဖူးသူ ရဲ့ မြေးကိုယ်တိုင်က သမိုင်းကို ပြန်လိုက်လှန်ပြီး အဖြစ်မှန်တွေကို အများဆုံးပါအောင်ထည့်၇ိုက်ထားတဲ့ဇာတ်ကား..။ မောင့်ဘက်တန်ကို နေရူး ပြန်ပြောခဲ့တဲ့စကားတစ်ခွန်းက ...
10 /1
Sheep & Wolves (2016)
9
720p
Sheep & Wolves (2016)
ဂရေး ဆိုတဲ့အရွယ်ရောက်နေတဲ့ ဝံပုလွေတစ်ကောင်ဟာ ပျော်ပျော်နေတတ်သူပါ။ အပျော်လွန်ပြီ အပျက်ဖြစ်ရတာတွေကလည်း အကြိမ်ကြိမ်ပေါ့.. ။ ဂရေးမှာ ချစ်သူရှိတယ်.. ။ ဘီယမ်ကာ ဆိုတဲ့ မျက်ဝန်းပြာအစုံပိုင်ရှင် ဝံပုလွေ နတ်မိမယ်လေး.. အရွယ်ရောက်လာတဲ့ သူတို့နှစ်ဦးအတွက် အိုးအိမ်ထူထောင်ဖို့အရေး ဆွေးနွေးရာမှာ ဂရေးရဲ့ ခပ်ပျော်ပျော် ပေါ့ပေါ့ဆဆနဲ့ အလေးအနက်မရှိတတ်တဲ့ အကျင့်စရိုက်တွေကြောင့် မိန်းမသားဖြစ်တဲ့ ဘီယမ်ကာ က ဖိအားပေးလိုက်ခြင်းကနေ အခုလို ဇာတ်လမ်းကောင်းလေးဖြစ်လာခဲ့ရတာပါပဲ။ * ချစ်သူရဲ့ ပြုပြင်ပြောင်းလဲဖို့ တွန်းအားပေးမှုကနေ.. တကယ်ပဲ ဂရေးတစ်ယောက် ပြောင်းလဲနိုင်မှာလား... . * အသက်အရွယ်ကြောင့် ဝုံပုလွေအုပ် ခေါင်းဆောင်အဖြစ်ကနေ အနားယူတော့မယ့် မာဂရာရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် လက်ရုံးရည်ယှဉ်ပွဲမှာ ဂရေး တစ်ယောက် ဘယ်လို.. ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေ ကြုံလာရမလဲ.. . * သိပ်ပြီးတော့ စပွိုင်တွေမထည့်ချင်ဘူးဗျာ.. ဒေါင်းပြီးသာ ကြည့်လိုက်ကြပါတော့ ။ သေချာတာကတော့.. ကျန်ခဲ့နှစ်ဒိတ်ဒိတ်ကြဲကားတွေကြားထဲမှာ မထင်မရှားထွက်လာရပေမယ့် .. အံ့သြရလောက်အောင် လက်ဖျားခါရမယ့်ကားပါ။ www.mmsubtitles.co ရဲ့ DTM (Direct to Members) System အရ ...
9 /1
The SpongeBob Movie: Sponge Out of Water (2015) 1080p
0
1080p
The SpongeBob Movie: Sponge Out of Water (2015) 1080p
ကလေးများအတွက် 3D နှင့် 2D ကာတွန်းတွဲရိုက်ထားသော Spongebob ကာတွန်း။ဇာတ်လမ်းမှာ Bikini Bottom မြို့၏မြို့သူမြို့သားများအသည်းစွဲမရှိမဖြစ်သော Krusty burger ၏ဟင်းချက်နည်း Recipe ကိုပြိုင်ဘက်များ၏လက်သို့ပါမသွားအောင် အပြင်းအထန်ကာကွယ်နေစဉ်တွင်မသမာသူ ပင်လယ်ဓါးပြကြီးမှ ဟင်းချက်နည်းကိုခိုးယူ သွားသောအခါ Bikini Bottom တစ်မြို့လုံးအတိဒုက္ခရောက်ကြရလေသည်။ထိုကြောင့် ထိုဟင်းချက်နည်းစာရွက်ကို Spongebob နှင့် သူငယ်ချင်းများပေါင်းပြီးကုန်းပေါ်သို့တက်ကာ ကာလယန္တယားကိုတီထွင်ကာ Bikini Bottom မြို့ကိုကယ်တင်သော ရယ်ရွှင်ဖွယ် ဇာတ်လမ်းလေးတစ်ကား ဖြစ်သည်။ မိသားစုကြည့်ရန်သင့်တော်ပြီး ဇာတ်ဝင်တေးလေးများမှာလည်းကလေးငယ် တို့အကြိုက်ဖြစ်စေရန်ရေးဖွဲ့ထားသည်။
0 /0
Legend of the Guardians: The Owls of Ga’Hoole (2010) 1080p
5.5
1080p
Legend of the Guardians: The Owls of Ga’Hoole (2010) 1080p
ပြန်ပေးဆွဲခံလိုက်ရတဲ့ ဇီးကွက်ငယ်လေးတစ်ကောင်နဲ့ သူ့သူငယ်ချင်းတွေရဲ့ စွန့်စားခန်းတွေကို ဇာတ်အိမ်လှလှပပနဲ့ ရိုက်ကူးထားတဲ့ animation ကားကောင်းလေးဖြစ်ပါတယ် အညွှန်းအရှည်ကြီးရေးပေးသူကတော့ ဇွန်မြတ်နိုးဆွေ ပဲ ဖြစ်ပါတယ်။
5.5 /2
Zombies (2017) 720p Only
10
720p
Zombies (2017) 720p Only
ဒီကားလေးက Founder နဲ့ ကျန်တဲ့ admin တွေက ကားသစ်မရေးလို့ ဝိုင်းဆူနေတဲ့အချိန်မို့လို့ 2017 ထွက်ထဲက ကားသစ်ဖြစ်ရင်ပြီးရောဆိုပြီး ရေးလိုက်မိတဲ့ကားလေးပါ နာမည်ကြည့်တာနဲ့ zombie တွေနဲ့ သတ်ရပုတ်ရမဲ့ကားမျိုးဆိုတာ မပြောလဲသိမှာပါ ဇာတ်လမ်းဇာတ်အိမ်ရယ်လို့ မည်မည်ရရ ပြောစရာမရှိပေမဲ့ Action ခန်းတွေတော့ ကြည့်ကောင်းတယ်ပြောရမယ် တစ်ကားလုံးမှာ မင်းသားတစ်ယောက်ပဲ သရုပ်ဆောင်တာအဆင်ပြေတယ်ပြောရမယ် သိပ်ကောင်းလှတဲ့ဇာတ်လမ်းမျိုးတော့ မဟုတ်ပေမဲ့ အပျင်းပြေ Action ခန်းကြည့်ချင်ရုံသက်သက်ဆိုရင်တော့ ကြည့်သင့်တယ်လို့ပြောပါရစေ ဘယ်ကရောက်လာမှန်းမသိတဲ့ zombie တွေကို ဘာမှန်းမသိတဲ့လူတွေက တစ်ကားလုံး လိုက်သတ်နေတယ်လို့ပဲ မြင်မိပါတယ် မကောင်းတဲ့ကားတွေကို အညွှန်းစပယ်ရှယ်ရေးပြီး ညွှန်းချင်ပေမဲ့ ပရိတ်သတ်တွေကို ဂျင်းမထည့်ချင်တဲ့ စေတနာကြောင့် ဒီကားကို သိပ်မကောင်းဘူးလို့ပဲပြောရစေ အညွှန်းနဲ့ ဘာသာပြန် ဇွန်မြတ်နိုးဆွေဖြစ်ပါတယ်
10 /1
Bachelor Party (1984) 720p Only
0
720p
Bachelor Party (1984) 720p Only
မင်းသားကြီး Tom Hanks ငယ်စဉ်က မျက်နှာပြောင်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ် Tom Hanks ကဒီကားထဲမှာ Rick Gassko အဖြစ်သရုပ်ဆောင်ထားပြီး Debbie Thompson ဆိုတဲ့ကောင်မလေးနဲ့ မကြာခင် လက်ထပ်တော့မဲ့ သတို့သားလောင်းဖြစ်ပါတယ် Debbie ရဲ့မိဘတွေက Rick ကိုကြည့်မရတဲ့အပြင် Debbie ရဲ့ရည်းစားဟောင်းကလဲ သူ့ကိုမျက်မုန်းကျိုးနေပါတယ် Rickရဲ့သူငယ်ချင်းတွေက ဈေးအကြီးဆုံးဟော်တယ်မှာ Rick အတွက် လူပျိုနောက်ဆုံးညကို ကျင်းပပေးရင်း ဘယ်လိုဟာသအလွဲတွေ ဖြစ်လာမလဲဆိုတာတော့ 1980ခုနှစ်က အငွေ့အသက်တွေကို ခံစားရင်း ဆက်လက်ကြည့်ရှုလိုက်ကြပါ ဘာသာပြန်ပေးသူကတော့ ကို Waihan Lin Htin ဖြစ်ပြီး အညွှန်းကိုတော့ ဇွန်မြတ်နိုးဆွေ မှရေးပေးတာဖြစ်ပါတယ်။
0 /0
Fan (2016) 1080p
0
1080p
Fan (2016) 1080p
Gaurav ဆိုတဲ့ကောင်လေးက ရုပ်ရှင်မင်းသား Aryan Khanna ကိုအလွန်ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တဦးဖြစ်ပါတယ်။ တနေ့ မင်းသားရဲ့မွေးနေ့ကို ဆုတောင်းပေးဖို့ Gauravက မွန်ဘိုင်းမြို့ကိုရောက်လာပါတယ်။ မွေးနေ့ပွဲမှာ မင်းသားနဲ့သူ့ပရိတ်သတ်တို့ တွေ့ဆုံသွားကြပြီး မထင်မှတ်တဲ့အလွဲလေးတွေဖြစ်သွားကြပုံကို ရိုက်ကူးထားပါတယ်။ ထူးခြားတာက ဒီဇာတ်ကားထဲမှာ မင်းသားကြီးရှရွတ်ခန်းက အသက်၂၀အရွယ်လူငယ်လေးအဖြစ် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဘာသာပြန်ကတော့ Myo Khant ဖြစ်ပါတယ်။
0 /0
God of War (2017) 720p Only
7
720p
God of War (2017) 720p Only
16ရာစုအတွင်းမှာ ဂျပန်ပင်လယ်ဓါးမြတွေက တရုတ်ပိုင်ကမ်းခြေတစ်လျှောက်မှာ ပိုမိုသောင်းကျန်းခဲ့ပါတယ် လပေါင်းများစွာ ဂျပန်ပင်လယ်ဒမြတွေလက်အောက်မှာ အချည်းနှီးဖြစ်ခဲ့ရပြီးနောက်မှာ တပ်မှူးကြီး Yu နဲ့ ဗိုလ်မှူး Qi တို့က ဂျပန်ပင်လယ်ဒမြတွေကို ချေမှုန်းနိုင်ခဲ့ပါတယ် ဂျပန်ပင်လယ်ဒမြတစ်ချို့က ထိုအချိန်အတွင်းမှာ လွတ်မြောက်သွားခဲ့ပြီး ၁၅၆၁ ခုနှစ်မှာတော့ လက်နက်အင်အား ပြန်လည်စုစည်းပြီး တရုတ်ကမ်းခြေမြို့တွေကို တိုက်ခိုက်ပါတော့တယ် ဒီတကြိမ်မှာတော့ ဗိုလ်မှူး Qi နဲ့တပ်သားတွေက ဂျပန်ပင်လယ်ဒမြတပ် ၂ခုကြားမှာ ပိတ်မိသွားပြီး စစ်ပွဲမှာအနိုင်ရဖို့ ဇနီးဖြစ်သူကို ထားရစ်ကာ တိုက်ပွဲဝင်ခဲ့ရပါတော့တယ်။ ဘာသာပြန်ကတော့ Myo Khant ဖြစ်ပြီး အညွှန်းကို ဇွန်မြတ်နိုးဆွေမှ ရေးပေးတာဖြစ်ပါတယ်။
7 /2
Cult of Chucky (2017) 1080p Bluray
6
1080p
Cult of Chucky (2017) 1080p Bluray
ငယ်စဉ်ကလေးဘဝမှာ ထိတ်လန့်ဖွယ်ရာလူသတ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ Andy Barclay… ကိုယ်မကျူးလွန်ခဲ့တဲ့လူသတ်မှုတွေအတွက် ပြစ်ဒဏ်ကျခံခဲ့ရပြီးတော့ စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုသခံနေရတဲ့ မသန်မစွမ်းမလေး Nica Pierce… အရုပ်တွေမှာအသက်ရှိနေတတ်တယ်လို့ပြောရင် ခင်ဗျားတို့ယုံကြမှာလား? အများစုကတော့ မယုံကြပါဘူး ဒါပေမယ့်အရုပ်တွေအများစုထဲမှာ ၁၉၈၀မှာထုတ်လုပ်ခဲ့တဲ့ Chucky ဆိုတဲ့ အရုပ်ကလေးကတော့ ခင်ဗျားတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲပေးသွားမှာပါ။ Andy နဲ့ Nica တို့ရဲ့ ဘဝထဲကို ဘယ်လိုကံကြမ္မာဆိုးတွေက ရိုက်ခတ်သွားတာလဲ။ ဘာကြောင့်အဖြစ်ဆိုးနေရတာလဲ Nica ကရော ဘာဖြစ်လို့ စိတ်ကျန်းမာရေးဆေးရုံကို ရောက်သွားရတာလဲ။ Nica ရှိတဲ့ဆေးရုံကို ဘယ်လိုအရာတွေကလိုက်လာတာလဲ။ Nica ရောက်လာပြီးတော့ ဆေးရုံထဲမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့… P.S - Curse of Chucky ဆိုတဲ့ကားကိုကြည့်မထားရင်တော့ ဒီကားလေးကိုနားလည်မှာမဟုတ်ပါဘူး။ ဘာသာပြန်နဲ့အညွှန်းကတော့ ညီလေး Aung Pyae Kyaw ပဲ ဖြစ်ပါတယ်။ Curse of Chucky (2013) ...
6 /1
Lost River (2014)
8.5
720p
Lost River (2014)
ဒီတစ်ပတ်အတွက်တော့ အား လပ်ရက်လေးမှာ ရုပ်ရှင်ကြည့် ရင်း အပန်းဖြေချင်သူတွေအတွက် အခုလတ်တလော ရုံတင်နေတဲ့ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ်ဒရာမာ ဇာတ်ကားလေး အ ကြောင်း ဖော်ပြပေးလိုက်ပါတယ်။ တစ်ခုလပ်ဖြစ်တဲ့ ဘီလီဟာ ဘုန်းစ်နဲ့ ဖရန်ကီဆိုတဲ့ သားနှစ် ယောက်ကို စောင့်ရှောက်နေတဲ့ မိခင်ဖြစ်ပြီး ဘီလီနဲ့ ဘုန်းစ်က ဖရန်ကီကို ချစ်ကြပေမယ့် အပြင် မှာတော့ ခပ်တန်းတန်း ပုံစံနဲ့ပဲ နေကြတာပါ။ သူတို့နေတဲ့ မြို့မှာ ရက်စက်တဲ့ လူသတ်ကောင်ဘူလီ ဆိုသူရှိတာကြောင့် အဲဒီလူကို ရှောင်ပုန်းဖို့အတွက် ဘုန်းစ်ဟာ လူမနေတော့တဲ့ အိမ်တွေကို အ ချိန်အားတာနဲ့ လိုက်ရှာနေခဲ့ပါ တယ်။ တစ်ရက်မှာတော့ ဘုန်းစ်နဲ့ ဘူလီထိပ်တိုက်တိုးခဲ့တာကြောင့် ဘုန်းစ်အသက်လုပြီး ထွက်ပြေးခဲ့ရပါတယ်။ တစ်ဖက်မှာလည်း ကလေး နှစ်ယောက် အမေ ဘီလီဟာ အလုပ်လက်မဲ့ အနေအထားမို့ အိမ်လခပေးဖို့ရာ အခက်တွေ့နေ ပြီး အကြွေးတွေလည်း ၀ိုင်းနေခဲ့ ပါတယ်။ ...
8.5 /2
Jeruzalem (2015) 1080p
0
1080p
Jeruzalem (2015) 1080p
ဆာရာနဲ့ရေချလ် တို့နှစ်ယောက်ဟာ တဲလ်အဗစ်ကို အပန်းဖြေထွ့်လာရင်း လမ်းမှာမိတ်ဆွေဖြစ်သွားတဲ့ ကီဗင်ကြောင့် ဂျေရုစလင်မ်ကို အရင်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ပွဲတော်ရက်မှာ ကျမ်းစာလာကပ်ဆိုးကြီး ကျမယ်လို့ စိတ်ကခံစားနေရတဲ့ ကီဗင်ဟာ အားလုံးကိုသတိပေးခဲ့ပေမဲ့သူ့ကိုဘယ်သူမှ မယုံခဲ့ပါဘူး။ တစ်ညမှာတော့ ပေါက်ကွဲသ့တွေနဲပအတူ လူတွေရဲ့ ပြေးလွှားနေကြတဲ့ကြားထဲ ဧည့်သည် သူတို့ ၂ဦးဘယ်လို တွေ့ကြုံရမလဲ..။ ကပ်ဆိုးကနေလွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာကိုတော့ ဒေါင်းကြည့်ပြီးမှ သိဖို့ မပြောဘဲချန်ထားလိုက်ပါ့မယ်။ 1080 ကွာလတီနဲ့ပါတင်ထားပါတယ် ဘာသာပြန်ကတော့ ကို Waihan Lin Htin ပဲဖြစ်ပါတယ်။
0 /0
Fruitvale Station (2013) 1080p
10
1080p
Fruitvale Station (2013) 1080p
၂၂ အရွယ် လူမည်းအမျိုးသား အော်စကာဂရန့်ဟာ တစ်ချိန်က ဆမ်ကွမ်တင်မှာ နေခဲ့ဖူးပေမယ့် အခုချိန်မှာတော့ သူ့ရည်းစား နဲ့ သမီးငယ်လေးတို့ကို ထောက်ပံ့ဖို့ ရိုးသားတဲ့ဘ၀မှာ ကြိုးစားရှင်သန်နေသူဖြစ်ပါတယ်။ နောက်ကြောင်းပြန်မှုတွေအရ အော်စကာ့ဘ၀ရဲ့ နောက်ဆုံး နေ့ရက်ကို ပုံဖော်ထားပါတယ်။ အဲ့ဒီနေ့မှာ သူဟာ မိတ်ဆွေတွေ မိသားစုတွေနဲ့အတူ ဆန်ဖရန်စစ္စကိုမှာ နှစ်သစ်ကူးညနေ မီးပန်းတွေကြည့်ဖို့သွားခဲ့တယ်။အိမ်အပြန်လမ်းမှာ ရဲတွေနဲ့ အချင်းများရာကနေ ကြေကွဲစရာဖြစ်ရပ်ကြုံခဲ့ရပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ 1080p နဲ့ ကြည့်နိုင်ပါပြီ
10 /1

Facebook