Philip Martin

The Forger (2014)
10
720p
The Forger (2014)
မင်းသားကြီး John Travolta ရဲ့ ဇာတ်ကားကောင်းများထဲက တစ်ကားဖြစ်ပါတယ် ဇာတ်ကားထဲမှာ John Travolta က ကမ္ဘာအတော်ဆုံးပန်းချီကား အတုလုပ်တဲ့သူဖြစ်ပြီး ကမ္ဘာကျော် Claude Monet ရဲ့ပန်းချီကားကို အတုလုပ်ရမှာဖြစ်ပါတယ် ဘာလို့လဲဆိုတော့ ပြတိုက်မှာထားတဲ့ ပန်းချီကားအစစ်နေရာမှာ သူဆွဲထားတဲ့အတုကိုထားပြီး အစစ်ကိုခိုးချင်လို့ပါပဲ ဒီလိုဆိုဘယ်သူမှလဲမရိပ်မိသလို သူလဲ ပန်းချီကားအစစ်ကိုလွယ်လွယ်နဲ့ရနိုင်မှာပါ ဒီပန်းချီကားအတုလုပ်ဖို့ သူ့အဖေနဲ့သားဖြစ်သူတို့ရဲ့ အကူအညီကိုယူရမှာပါ သူတို့၃ယောက်ပေါင်းပြီး ပန်းချီကားအတုလုပ်နိုင်ပါ့မလား IMDb: 5.7 Director: Philip Martin Stars: John Travolta, Christopher Plummer, Tye Sheridan Genre: Crime, Drama, Thriller File size: 800mb,460mb Link type: soliddrive,openload  
10 /1
Hawking (2004)
7
720p
Hawking (2004)
စကြဝဠာကြီးမှာအစဖြစ်စဉ်ရှိတယ်ဆိုတာ သင်သိပါသလား Big Bang ဆိုတဲ့ပေါက်ကွဲမှုကြီးအပြီးမှာ စကြဝဠာကြီးကဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့တာလဲ ကြယ်တွေကြွေကျတဲ့အခါ စကြဝဠာထဲမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်သလဲ အစရှိတဲ့သင်မသိသေးတဲ့ စကြဝဠာကြီးရဲ့စိတ်ဝင်စားဖွယ်အဖြစ်အပျက်တွေကို အသက် 21နှစ်သာရှိသေးတဲ့ သွပ်ချာပါဒအကြောသေရောဂါသည် စတီဖင်ဟော့ကင်းဆိုသူ စကြဝဠာဗေဒပညာရှင်လေးက သီအိုရီပေါင်းများစွာထုတ်ထားခဲ့ပါတယ် နယူတန်တို့ အိုင်းစတိုင်းတို့နောက်ပိုင်းခေတ်မှာ ပေါ်ပေါက်လာတဲ့ စကြဝဠာဗေဒပညာရှင်လေး စတီဖင်ဟော့ကင်းရဲ့ဘဝဖြစ်စဉ်နဲ့ ဘဝကိုသူဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာတွေကို Hawking ဆိုတဲ့ရုပ်ရှင်လေးထဲမှာ ရှုစားနိုင်ပါတယ် ဒီကားလေးကိုကြည့်ပြီးလို့ သီအိုရီတွေတစ်ခုမှနားမလည်ရင်တောင်မှ ဘဝကိုဘယ်လိုအခြေအနေပဲရောက်ရောက် အရှုံးမပေးဘဲကြိုးစားချင်တဲ့စိတ်လေးတော့ပေါ်လာမှာသေချာပါတယ် ဇာတ်လမ်းကအတော်အေးပြီး သီအိုရီတွေအတွေးအခေါ်တွေနဲ့ပဲတစ်ကားလုံး ဆွဲခေါ်သွားမှာဖြစ်လို့ ဖီးလ်သမားတွေအတွက်ပိုအဆင်ပြေမဲ့ကားမျိုးပါ မင်းသားကကျနော်အကြိုက်ဆုံး Sherlock မင်းသား Benedict Cumberbatch ဆိုတော့ ပြောရရင်မင်းသားထိုင်ကြည့်ရတာနဲ့တန်နေတာ ငိငိ 2014 မှာထွက်ခဲ့တဲ့ Eddie Redmayne ရဲ့ The Theory of Everything နဲ့ဇာတ်လမ်းကျောရိုးတူပေမဲ့ Hawking မှာတော့ သီအိုရီပိုင်းကိုပိုဦးစားပေးထားတာတွေ့ရမှာပါ ကျန်တာတော့ကိုယ်တိုင်ကြည့်ပြီးဆက်ဝေဖန်ကြပေါ့ဗျာ အညွှန်းနဲ့ဘာသာပြန်သူကတော့ Zon Myat Noe Swe ဖြစ်ပါတယ်
7 /4

Facebook