Tye Sheridan

Ready Player One (2018)
10
1080p
Ready Player One (2018)
အချိန်က သက္ကရာဇ် ၂၀၄၅။ လူတွေဟာ OASIS လို့ခေါ်တဲ့ virtual reality ဂိမ်းကမ္ဘာထဲဝင်ပြီး စိတ်အပန်းဖြေဖို့ ဝင်ဆော့ကြတယ်။ သွားချင်တဲ့နေရာသွား ၊ လုပ်ချင်တာလုပ် ၊ စိတ်ထဲပေါ်လာသမျှအကုန်နီးပါးဖြစ်တဲ့နေရာပေါ့။ OASIS ဖန်တီးသူ James Halliday သေဆုံးချိန်မှာတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့အတူ ပြိုင်ပွဲတစ်ခုထားခဲ့တယ်။ ဂိမ်းစကားအရဆိုရင်တော့ Easter Egg ပေါ့။ Easter Egg ကိုရှာတွေ့ပြီး နိုင်အောင်ဆော့နိုင်တဲ့သူက OASIS ကိုထိန်းချုပ်ခွင့်ရမယ့်အပြင် James ရဲ့ပိုင်ဆိုင်မှုတွေကိုပါရရှိပါမယ်။ ပလေယာတွေထဲမှာတော့ သာမန်ချာတိတ်တစ်ယောက်သာဖြစ်တဲ့ Wade Watts နဲ့ သူငယ်ချင်းများရဲ့ High Five အဖွဲ့ပါဝင်ပါတယ်။ ဂိမ်းတခုဆိုတာထက်ပိုတဲ့ ထူးထွေဆန်းပြားတဲ့ဂိမ်းကမ္ဘာ OASIS ကိုပိုင်ဆိုင်နိုင်ဖို့ မသမာသူတွေလည်းကြိုးစားလာပါတော့တယ်။ OASIS ကိုကယ်တင်ဖို့ High Five အဖွဲ့သားတွေရဲ့ကြိုးစားမှုအောင်မြင်ပါ့မလားဆိုတာကို ရုပ်ရှင်မှော်ဆရာကြီး Steven Spielberg ဖန်တီးတဲ့ မှော်ဝင်ဂိမ်းကမ္ဘာထဲ စီးမျောခံစားရမှာပါ။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ ...
10 /1
The Forger (2014)
10
720p
The Forger (2014)
မင်းသားကြီး John Travolta ရဲ့ ဇာတ်ကားကောင်းများထဲက တစ်ကားဖြစ်ပါတယ် ဇာတ်ကားထဲမှာ John Travolta က ကမ္ဘာအတော်ဆုံးပန်းချီကား အတုလုပ်တဲ့သူဖြစ်ပြီး ကမ္ဘာကျော် Claude Monet ရဲ့ပန်းချီကားကို အတုလုပ်ရမှာဖြစ်ပါတယ် ဘာလို့လဲဆိုတော့ ပြတိုက်မှာထားတဲ့ ပန်းချီကားအစစ်နေရာမှာ သူဆွဲထားတဲ့အတုကိုထားပြီး အစစ်ကိုခိုးချင်လို့ပါပဲ ဒီလိုဆိုဘယ်သူမှလဲမရိပ်မိသလို သူလဲ ပန်းချီကားအစစ်ကိုလွယ်လွယ်နဲ့ရနိုင်မှာပါ ဒီပန်းချီကားအတုလုပ်ဖို့ သူ့အဖေနဲ့သားဖြစ်သူတို့ရဲ့ အကူအညီကိုယူရမှာပါ သူတို့၃ယောက်ပေါင်းပြီး ပန်းချီကားအတုလုပ်နိုင်ပါ့မလား IMDb: 5.7 Director: Philip Martin Stars: John Travolta, Christopher Plummer, Tye Sheridan Genre: Crime, Drama, Thriller File size: 800mb,460mb Link type: soliddrive,openload  
10 /1
Dark Places (2015)
0
720p
Dark Places (2015)
လစ်ဘီ ဒေး ဟာ ရှစ်နှစ်အရွယ်ကတည်းက သူ့မိသားစုတစ်ခုလုံး ကန်းဆတ် ယာတောမှာ အသတ်ခံခဲ့ရပြီး အသက်ရှင်ကျန်ခဲ့တဲ့ တစ်ဦးတည်းသောသူ ပါ။ ရဲတွေဟာ သူမရဲ့ သက်သေခံချက်နဲ့ သူမအကိုကို စွဲချက်တင်ခဲ့ကြပါတယ်။ နှစ်သုံးဆယ်ကြာပြီးနောက်မှာ လိုင်း ၀ှစ် လို့ခေါ်တဲ့ သူမ အသိက သူမကို ကလပ်တစ်ခုကို ခေါ်သွားခဲ့ပါတယ်။ ဒီကလပ်မှာ အပျော်တမ်းမှုခင်းစစ်ဆေးသူတွေ ရှိပြီး သူမအကို ဘန်မှာ အပြစ်မရှိဘူးဆိုတာကို သူမတွေ့ရှိခဲ့ရပါတယ်။ သူမ မိသားစုကို ဘယ်သူက ဘယ်အရာက သတ်သွားသလဲ သူမဆက်လက်ရှာဖွေတဲ့အခါ..... မင်းသမီးချော Charlize Theron နဲ့အတူ မင်းသားငယ်ထဲက အရည်အချင်းမသေးလှတဲ့ Nicholas Hoult တို့ အတူသရုပ်ဆောင်ထားပါတယ်   IMDB 6.2 Director:Gilles Paquet-Brenner Stars: Charlize Theron, Nicholas Hoult, Christina Hendricks File size: 940mb,540mb Link type: soliddrive,openload Encoded by Zon Myat Noe Swe Subtitled by www.khitmarket.com  
0 /0
Dark Places (2015) 720p Only
10
720p
Dark Places (2015) 720p Only
ဒီနေ့တော့ မင်းသမီးအသားပေးလျှို့ဝှက်ဆန်းကြယ် ဇာတ်ကားသစ်လေး ပရိသတ်တွေ အတွက် တင်လိုက်ပါ တယ်။ မင်းသမီးရှားလိစ်သယ်ရွန်က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး Dark Places ဆိုတဲ့ ၀တ္ထုစာအုပ်ကို မှီငြမ်းပြီးပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လစ်ဘီဒေး ခုနစ်နှစ်အရွယ်တုန်းက ကန်ဆက်ပြည်နယ်ကျေး လက်ကယာ တောအိမ်လေးမှာသူ့ အမေနဲ့အစ်မတွေ အကုန်လုံးမျက်စိရှေ့တင် ရက်ရက်စက်စက်အသတ်ခံခဲ့ရပါတယ်။ ဒီလို အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကြောက်စိတ် ၀င်နေတဲ့ လစ်ဘီဟာအစ်ကိုဖြစ်သူကို တရားခွင်မှာ လက်ညှိုးထိုး ထွက်ဆိုမှုကြောင့် လစ်ဘီ့အစ်ကို ဘန်အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တရားခံ အစစ်ကတော့ လွတ်မြောက်နေခဲ့ပါတယ်။ မိသားစုတွေ မရှိတဲ့နောက် ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ဖြတ်သန်းခဲ့ရတဲ့ လစ်ဘီဟာ နှစ်တွေသာ ကြာသွားပေမယ့် ထောင်ကျခံနေရတဲ့ သူ့အစ်ကို ဘန်ဆီကိုတစ်ခါမှ သွားမတွေ့ခဲ့ပါဘူး။ တစ်ရက်မှာတော့ လစ်ဘီဟာ လူသတ်မှုကျူးလွန်သူအဖွဲ့ထဲက လိုင်းဝစ်သ်ဆိုသူ တစ်ယောက်နဲ့ ချိတ်ဆက်မိခဲ့ပြီး အဲဒီလူက လစ်ဘီကို သူတို့ဖွဲ့ထားတဲ့ ကလပ်အကြောင်းပြောပြခဲ့ပါတယ်။ အဲဒီလိုပြောရင်း လိုင်းက အကြောင်းအရာတစ်ခုကို ဖုံးကွယ်ထားခဲ့ပြီး အဲဒါကတော့ ...
10 /1
Scouts Guide to the Zombie (2015)
7.8
1080p
Scouts Guide to the Zombie (2015)
နမော်နမဲ့နိုင်တဲ့ တံခါး​စောင့်​က ဓါတ်ခွဲခန်းထဲက ဖုတ်ကောင်တကောင်ကို မတော်တဆ လွှတ်ပေးလိုက်မိပါတယ် အဲ့အချိန်မှာပဲ ကင်းထောက်လူငယ်အဖွဲ့က Ben Goudy နဲ့ Carter Grantတို့က ကင်းထောက်လူငယ်လုပ်ဖို့ အသက်တွေကြီးမသွားခင် နောက်ဆုံးအနေနဲ့ စခန်းချဖို့ရောက်ရှိနေကြပါတယ် ပြသနာက သူတို့သူငယ်ချင်း Augie Fosterနဲ့ ကင်းထောက်အဖွဲ့ခေါင်းဆောင် Rogersတို့ကို အန္တာရယ်မပေးချင်တာက ပြသနာဖြစ်နေပါတယ် မြို့ထဲကိုသူတို့ဖြတ်မောင်းလာတဲ့အခါ အသက်ရှင်နေတဲ့လူတယောက်မှမတွေ့ရလို့ ကလပ်ကိုသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ် ထို့နောက် တမြို့လုံးကလူတွေ ဖုတ်ကောင်အဖြစ်ပြောင်းလဲနေကြတာကို သိရှိသွားပြီး Benနဲ့မကြာခင်ကမှ ရင်းနှီးထားတဲ့ အရက်စပ်သမားရယ် စခန်းမှာတယောက်ထဲကျန်ခဲ့လို့ မြို့ထဲကိုလိုက်လာတဲ့ Augieတို့နဲ့အတူ ပေါင်းမိပြီး ရှာတွေ့သွားတာက....  
7.8 /4

Facebook