Sterling Jerins

Dark Places (2015)
0
720p
Dark Places (2015)
လစ်ဘီ ဒေး ဟာ ရှစ်နှစ်အရွယ်ကတည်းက သူ့မိသားစုတစ်ခုလုံး ကန်းဆတ် ယာတောမှာ အသတ်ခံခဲ့ရပြီး အသက်ရှင်ကျန်ခဲ့တဲ့ တစ်ဦးတည်းသောသူ ပါ။ ရဲတွေဟာ သူမရဲ့ သက်သေခံချက်နဲ့ သူမအကိုကို စွဲချက်တင်ခဲ့ကြပါတယ်။ နှစ်သုံးဆယ်ကြာပြီးနောက်မှာ လိုင်း ၀ှစ် လို့ခေါ်တဲ့ သူမ အသိက သူမကို ကလပ်တစ်ခုကို ခေါ်သွားခဲ့ပါတယ်။ ဒီကလပ်မှာ အပျော်တမ်းမှုခင်းစစ်ဆေးသူတွေ ရှိပြီး သူမအကို ဘန်မှာ အပြစ်မရှိဘူးဆိုတာကို သူမတွေ့ရှိခဲ့ရပါတယ်။ သူမ မိသားစုကို ဘယ်သူက ဘယ်အရာက သတ်သွားသလဲ သူမဆက်လက်ရှာဖွေတဲ့အခါ..... မင်းသမီးချော Charlize Theron နဲ့အတူ မင်းသားငယ်ထဲက အရည်အချင်းမသေးလှတဲ့ Nicholas Hoult တို့ အတူသရုပ်ဆောင်ထားပါတယ်   IMDB 6.2 Director:Gilles Paquet-Brenner Stars: Charlize Theron, Nicholas Hoult, Christina Hendricks File size: 940mb,540mb Link type: soliddrive,openload Encoded by Zon Myat Noe Swe Subtitled by www.khitmarket.com  
0 /0
Dark Places (2015) 720p Only
10
720p
Dark Places (2015) 720p Only
ဒီနေ့တော့ မင်းသမီးအသားပေးလျှို့ဝှက်ဆန်းကြယ် ဇာတ်ကားသစ်လေး ပရိသတ်တွေ အတွက် တင်လိုက်ပါ တယ်။ မင်းသမီးရှားလိစ်သယ်ရွန်က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး Dark Places ဆိုတဲ့ ၀တ္ထုစာအုပ်ကို မှီငြမ်းပြီးပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လစ်ဘီဒေး ခုနစ်နှစ်အရွယ်တုန်းက ကန်ဆက်ပြည်နယ်ကျေး လက်ကယာ တောအိမ်လေးမှာသူ့ အမေနဲ့အစ်မတွေ အကုန်လုံးမျက်စိရှေ့တင် ရက်ရက်စက်စက်အသတ်ခံခဲ့ရပါတယ်။ ဒီလို အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကြောက်စိတ် ၀င်နေတဲ့ လစ်ဘီဟာအစ်ကိုဖြစ်သူကို တရားခွင်မှာ လက်ညှိုးထိုး ထွက်ဆိုမှုကြောင့် လစ်ဘီ့အစ်ကို ဘန်အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တရားခံ အစစ်ကတော့ လွတ်မြောက်နေခဲ့ပါတယ်။ မိသားစုတွေ မရှိတဲ့နောက် ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ဖြတ်သန်းခဲ့ရတဲ့ လစ်ဘီဟာ နှစ်တွေသာ ကြာသွားပေမယ့် ထောင်ကျခံနေရတဲ့ သူ့အစ်ကို ဘန်ဆီကိုတစ်ခါမှ သွားမတွေ့ခဲ့ပါဘူး။ တစ်ရက်မှာတော့ လစ်ဘီဟာ လူသတ်မှုကျူးလွန်သူအဖွဲ့ထဲက လိုင်းဝစ်သ်ဆိုသူ တစ်ယောက်နဲ့ ချိတ်ဆက်မိခဲ့ပြီး အဲဒီလူက လစ်ဘီကို သူတို့ဖွဲ့ထားတဲ့ ကလပ်အကြောင်းပြောပြခဲ့ပါတယ်။ အဲဒီလိုပြောရင်း လိုင်းက အကြောင်းအရာတစ်ခုကို ဖုံးကွယ်ထားခဲ့ပြီး အဲဒါကတော့ ...
10 /1
And So It Goes (2014) DVDRip
0
DVD Rip
And So It Goes (2014) DVDRip
Oren ဆိုတဲ့လူတစ်ယောက်က ဇနီးသေဆုံးပြီးမကြာခင်မှာ သူ့ငယ်စဉ်ကနေခဲ့တဲ့မြို့လေးကိုပြန်လာခဲ့တယ် သူ့အိမ်ဘေးမှာနေတဲ့ Leah ဆိုတဲ့အမျိုးသမီးကြီးကလဲ သူ့အမျိုးသားဆုံးတာမကြာသေးလို့ ဝမ်းနည်းပူဆွေးနေတဲ့အချိန်ဖြစ်နေတယ် ပြောရမယ်ဆိုရင်တော့ သူတို့နှစ်ယောက်အချင်းချင်းအားပေးကြရင်း ရင်းနှီးသွားကြတယ်ပေါ့ဗျာ တရက်မှာ Orenရဲ့သားက 9နှစ်အရွယ်သူ့သမီးလေးကို ခဏထိန်းပေးဖို့လာအပ်သွားတဲ့အခါ ကလေးတွေနဲ့သိပ်အဆင်မပြေတဲ့ Oren တစ်ယောက်တိုင်ပတ်ပါလေရော ဒီတော့ ဘေးအိမ်က Leah ကိုအကူညီတောင်းရင်း အထီးကျန်နေတဲ့ Leah ဘဝထဲကို ချစ်စရာကလေးတစ်ယောက်ဝင်ရောက်လာပြီးနောက်ပိုင်းမှာ သူမဘဝလေးစိုစိုပြေပြေဖြစ်သွားတဲ့အကြောင်းကို ကြည်နူးဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် အညွှန်းရေးပေးသူကတော့ Zon Myat Noe Swe ဖြစ်ပါတယ်  
0 /0
No Escape (2015)
9
No Escape (2015)
Jack (Owen Wilson)တို့မိသားစု အမေရိကန်ကနေ ထိုင်းကို ဂျက်အလုပ်ကိစ္စနဲ့ရောက်လာခဲ့တယ်။ ဂျက်ကရေလုပ်ငန်းကအင်ဂျင်နီယာတစ်ယောက်။သူတို့ရောက်ရောက်ချင်းမှာပဲဒီအချိန်မှာပဲ လျှပ်စစ်မီးအလုပ်မလုပ်တာ ဖုန်းလိုင်းမမိတာတွေကြုံရတယ်။နောက်တစ်နေ့မနက်ဂျက်သတင်းစာသွားဝယ်တဲ့အချိန်မှာတော့ အဓိကရုဏ်းတွေကြားထဲသေပြေးရှင်ပြေးပြေးခဲ့ရတယ်။အဖြစ်မှန်က ဂျက်တို့ကုမ္ပဏီကထိုင်းနိုင်ငံကိုလက်ဝါးကြီးအုပ်ဖို့ကြံခဲ့တယ်။ ဒါကို သူပုန်တွေကဆန့်ကျင်ပြီး ၀န်ကြီးချုပ်ကိုသတ်ခဲ့တယ်။ အဓိကရုဏ်းတွေဖြစ်လာပြီး တစ်မြို့လုံးက နိုင်ငံခြားသားတွေအကုန်လုံးကိုသတ်ဖို့ ကြိုးစားခဲ့တယ်။ဂျက်တို့တည်းတဲ့တည်းခိုခန်းကိုလာပြီး သူပုန်တွေလိုက်သတ်လို့ဗီယက်နမ်နယ်စပ်ကို ခက်ခက်ခဲခဲထွက်ပြေးကြရတဲ့အခါ .....  
9 /3

Facebook