Nicholas Hoult

Dark Places (2015)
0
720p
Dark Places (2015)
လစ်ဘီ ဒေး ဟာ ရှစ်နှစ်အရွယ်ကတည်းက သူ့မိသားစုတစ်ခုလုံး ကန်းဆတ် ယာတောမှာ အသတ်ခံခဲ့ရပြီး အသက်ရှင်ကျန်ခဲ့တဲ့ တစ်ဦးတည်းသောသူ ပါ။ ရဲတွေဟာ သူမရဲ့ သက်သေခံချက်နဲ့ သူမအကိုကို စွဲချက်တင်ခဲ့ကြပါတယ်။ နှစ်သုံးဆယ်ကြာပြီးနောက်မှာ လိုင်း ၀ှစ် လို့ခေါ်တဲ့ သူမ အသိက သူမကို ကလပ်တစ်ခုကို ခေါ်သွားခဲ့ပါတယ်။ ဒီကလပ်မှာ အပျော်တမ်းမှုခင်းစစ်ဆေးသူတွေ ရှိပြီး သူမအကို ဘန်မှာ အပြစ်မရှိဘူးဆိုတာကို သူမတွေ့ရှိခဲ့ရပါတယ်။ သူမ မိသားစုကို ဘယ်သူက ဘယ်အရာက သတ်သွားသလဲ သူမဆက်လက်ရှာဖွေတဲ့အခါ..... မင်းသမီးချော Charlize Theron နဲ့အတူ မင်းသားငယ်ထဲက အရည်အချင်းမသေးလှတဲ့ Nicholas Hoult တို့ အတူသရုပ်ဆောင်ထားပါတယ်   IMDB 6.2 Director:Gilles Paquet-Brenner Stars: Charlize Theron, Nicholas Hoult, Christina Hendricks File size: 940mb,540mb Link type: soliddrive,openload Encoded by Zon Myat Noe Swe Subtitled by www.khitmarket.com  
0 /0
Jack the Giant Slayer (2013)
7
1080p
Jack the Giant Slayer (2013)
ငယ်ငယ်ကကြားဖူးခဲ့တဲ့ ပဲပင်ကြီးနဲ့လူငယ်လေးဆိုတဲ့ပုံပြင်ကို အနည်းငယ်မွန်းမံရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ ဂျက်ဆိုတဲ့ကောင်လေးက ဦးလေးဖြစ်သူနဲ့အတူနေထိုင်ပြီး တနေ့မှာသူ့ဦးလေးက မြို့ထဲမှာမြင်းသွားရောင်းဖို့ ဂျက်ကိုစေလွှတ်လိုက်ပါတယ် ထိုနေ့မှာပဲ မင်းသမီးလေးအစ္စဘယ်နဲ့ အမှတ်မထင်တွေ့ဆုံပြီး ဂျက်ကစွဲလမ်းမိသွားပါတယ် လယ်ယာအတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ မြင်းရောင်းနေတဲ့ဂျက်ဆီက ဘုန်းတော်ကြီးတပါးက မြင်းလာဝယ်သွားပါတယ် ပိုက်ဆံပေးပြီးဝယ်သွားတာမဟုတ်ဘဲ ပဲစေ့အနည်းကိုသာ မြင်းဖိုးအဖြစ်ဂျက်ရရှိလိုက်ပါတယ် လက်ဗလာနဲ့အိမ်ပြန်လာတဲ့ဂျက်ကို ဦးလေးဖြစ်သူကစိတ်ဆိုးပြီး သူယူလာတဲ့ပဲစေ့တွေကို အိမ်အောက်ထဲလွှင့်ပစ်လိုက်ပါတော့တယ် ထိုနေ့ညမှာပဲ မိုးသည်းထန်းစွာရွာသွန်းပြီး မင်းသမီးအစ္စဘယ်ကလဲ သူမအဖေဘုရင်ကြီးနဲ့စိတ်ဆိုးပြီး နန်းတော်ထဲကထွက်ပြေးလာကာ ဂျက်ရဲ့အိမ်မှာမိုးခိုဖို့အကူညီတောင်းလိုက်ပါတယ် ထိုအချိန်မှာ မိုးရေထိသွားတဲ့ပဲစေ့တွေက အလွန်တရာကြီးထွားလာပြီး ကောင်းကင်ပေါ်အထိထိုးဖောက်သွားပါတော့တယ် ပဲပင်ကြီးနဲ့အတူ ကောင်းကင်ပေါ်ပါသွားတဲ့မင်းသမီးကို ကယ်တင်ဖို့ဂျက်နဲ့ မင်းမှုထမ်းတွေဘယ်လိုကြိုးစားကြမှာလဲ ဘီလူးသတ္တဝါကြီးနေထိုင်တဲ့ ကောင်းကင်ပေါ်ကိုရောက်သွားတဲ့ အစ္စဘယ်ကရော အန္တရာယ်ကင်းပါ့မလား ဘီလူးကြီးတွေက ပဲပင်ကြီးတွေကိုသုံးပြီး လူတွေနေတဲ့မြေပြင်ပေါ်အထိ ဆင်းလာကြတဲ့အခါ နန်းတော်နဲ့တိုင်းသူပြည်သားတွေကို ကာကွယ်ပေးမဲ့ ကယ်တင်ရှင်ကဘယ်သူဖြစ်လာမှာလဲ ဒီလိုစိတ်ဝင်စားစရာမေးခွန်းပေါင်းများစွာကို X-men ထဲမှာ Beast မင်းသားချောလေး Nicholas Hoult ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးထဲမှာကြည့်ရှုနိုင်ပါတယ် imdb - 6.3 Director: Bryan Singer Stars: Nicholas Hoult, Stanley Tucci, Ewan McGregor Genre: Adventure, Fantasy File ...
7 /3
Kill Your Friends (2015)
0
Kill Your Friends (2015)
စာရေးဆရာ John Niven ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားပြီး မင်းသားငယ်တွေထဲက သရုပ်ဆောင်ပိုင်းပြောစရာမလိုအောင် တော်တဲ့ Nicholas Hoult ကခေါင်းဆောင်ပါဝင်ထားပါတယ် နောက်ခံသီချင်းတွေအဖြစ် 1990 ပတ်ဝန်းကျင်လောက်က Britpop ဂီတအမျိုးအစားတွေကိုသာ အများဆုံးအသုံးပြုထားပါတယ် ဂီတလောကထဲက အပြိုင်အဆိုင် အဖြစ်အပျက်တွေကို အကောင်းဆုံးပုံဖော်ထားပြီး သည်းထိတ်ရင်ဖိုဖြစ်အောင်လဲ ရိုက်ကူးထားပါသေးတယ် လူယုတ်မာတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားရဲ့ အနုပညာစွမ်းရည်ရယ် ချောမောလှပတဲ့ရုပ်ရည်လေးရယ်ကို ခံစားရင်း ဇာတ်လမ်းဘယ်လိုပြီးလို့ပြီးသွားမှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး အနုပညာလောကရဲ့အရှုပ်အထွေး အပြန်အလှန်လက်စားချေတတ်ပုံ နေရာတခုရအောင်ရုန်းကန်ကြရပုံ ငွေအမြတ်အစွန်းကာမိအောင် ရုန်းကန်ကြပုံတွေသာမကဘဲ လူတယောက်ရဲ့ ပုံမှန်စရိုက်လက္ခဏာကိုပေါ်လွင်အောင်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် IMDb rating 6.1 Rotten Tomatoes မှာ 26% Metacritic မှာ 45% ရထားပြီး လူသိနည်းပြီးကြည့်ကောင်းတဲ့ရုပ်ရှင်ဖြစ်ယုံမက ယူတတ်သူအဖို့ ဗဟုသုတတွေပါ ပေးနိုင်တဲ့ရုပ်ရှင်တခုဖြစ်ကြောင်းညွှန်းပါရစေ (အညွှန်းကို ဇွန်မြတ်နိုးဆွေမှရေးပေးထားပါတယ်) File size - 800mb Link type - soliddrive Encoder - Myo Khant (KCG)  
0 /0
Newness (2017) 18+
6
1080p
Newness (2017) 18+
Open Relationship ရဲ့ဆိုတဲ့ ပွင့်လင်းတဲ့အချစ်ရေးတစ်ခုကို ပုံဖော်ဖို့ကြိုးစားကြတဲ့ ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမုန်းခြင်း ပြဿာနာလေးတွေကို 18+ ဇာတ်ဝင်ခန်းတွေနဲ့ အတွင်းကျကျ ပုံဖော်ရိုက်ကူးထားတဲ့ Romance ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ဘာစီလိုနာကနေ နယူးရော့ခ်ကို ကျောင်းလာတက်ရင်း အလုပ်လုပ်နေတဲ့ စပိန်သူလေး ဂက်ဘရီရယ်လာနဲ့ ဆေးခန်းမှာအလုပ်လုပ်တဲ့ ဆေးဝါးကျွမ်းကျင်ကောင်လေး မာတင်တို့က Online ကနေ ဖူးစာရှာတဲ့ application တစ်ခုမှတဆင့် တွေ့ဆုံခဲ့ကြပြီး ချစ်သူတွေဖြစ်သွားခဲ့ကြတယ် ချစ်သူသက်တမ်းကြာလာတော့မှ မာတင်ရဲ့မိသားစုပြဿနာတွေနဲ့ အိမ်ထောင်ရေးနောက်ကြောင်းကို ဂက်ဘရီရယ်လာသိသွားတဲ့အခါ သူတို့နှစ်ယောက် ပြဿနာတက်ခဲ့ကြတယ် ဒါပေမဲ့ သံယောဇဉ်ရှိပြီးသား ချစ်သူတွေဖြစ်လို့ ပြန်အဆင်ပြေသွားခဲ့ကြတယ် သူတို့ပြန်အဆင်ပြေသွားတဲ့အခါ စိတ်ရောဂါဆရာဝန်နဲ့တိုင်ပင်ပြီး အချင်းချင်းပွင့်ပွင့်လင်းလင်းနေကြဖို့ တိုင်ပင်လိုက်ကြပြီးနောက်မှာတော့............ ချစ်သူတွေကြားမှာ ပွင့်လင်းတိုင်းလဲမကောင်းဘူးဆိုတာ ဒီကားလေးကိုကြည့်တတ်ရင် ပညာရမှာပါ 18+ အခန်းတွေတော်တော်များများပါလို့ မိသားစုနဲ့ကြည့်ဖို့တော့ မသင့်တော်ပါဘူး မင်းသားချောလေး Nicholas Hoult ရဲ့ Nude Scence တွေပါတယ်ဆိုတော့ မိန်းကလေးပရိတ်သတ်တွေ အကြိုက်တွေ့မှာပါ   File size - 1080p (1.2Gb)/small (500mb) Link type - openload Translator,Encoder,Review - Zon ...
6 /1
Warm Bodies (2013)
10
720p
Warm Bodies (2013)
ဇွမ်ဘီရောဂါဆိုးက အမေရိကန်ကို ဝင်ရောက်ဖျက်ဆီးသွားတဲ့အခါ လူတွေနဲ့ ဇွမ်ဘီတွေ နေတဲ့နေရာကို အလည်ကနေ တံတိုင်းကာပြီး သီးခြားနေထိုင်ခဲ့ကြတယ် R ဆိုတာ ဆယ်ကျော်သက် ဇွမ်ဘီကောင်လေးဖြစ်ပြီး စွန့်ပစ်လောယာဉ်ကွင်းထဲက လေယာဉ်ပျက်တစ်စီးထဲမှာ နေထိုင်သူပါ ဇွမ်ဘီဆိုတာ သေပြီးသားလူတွေဆိုပေမဲ့ အသိဥာဏ်လုံးဝမဲ့နေတဲ့ သတ္တဝါတွေတော့မဟုတ်ပါဘူး ဘွန်နီဆိုတဲ့ အရိုးခြောက်သတ္တဝါတွေကတော့ လူရော ဇွမ်ဘီကိုရော စားသောက်တတ်ကြပါတယ် ဂျူးလီကတော့ လူသားမိန်းကလေးဖြစ်ပြီး ပယ်ရီဆိုတဲ့ ချစ်သူကိုပိုင်ဆိုင်ထားသူပါ တနေ့မှာ ဂျူးလီ ပယ်ရီနဲ့ တခြားသူငယ်ချင်းတွေက R တို့ဇွမ်ဘီတွေနေတဲ့ လေယာဉ်ကွင်းကို လာရောက်တိုက်ခိုက်ကြတဲ့အခါ ဂျူးလီတို့ဘက်ကအရေးနိမ့်ပြီး ပယ်ရီကို R ကသတ်လိုက်တယ် ပယ်ရီရဲ့ဦးနှောက်ကို စားမိသွားတဲ့ R က ပယ်ရီရဲ့ စိတ်ခံစားချက်တွေကို ရရှိသွားပြီး ဂျူးလီကို စွဲစွဲလမ်းလမ်းချစ်မိသွားခဲ့တယ် လူသားတစ်ယောက်ကို ချစ်မိတဲ့ ဇွမ်ဘီလေးရဲ့ နောက်ဆုံးအဆုံးသတ်က ဘယ်လိုဖြစ်လာမှာလဲ အညွှန်းကို ဇွန်မြတ်နိုးဆွေ မှ ရေးပေးတာဖြစ်ပါတယ်။  
10 /1
Dark Places (2015) 720p Only
10
720p
Dark Places (2015) 720p Only
ဒီနေ့တော့ မင်းသမီးအသားပေးလျှို့ဝှက်ဆန်းကြယ် ဇာတ်ကားသစ်လေး ပရိသတ်တွေ အတွက် တင်လိုက်ပါ တယ်။ မင်းသမီးရှားလိစ်သယ်ရွန်က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး Dark Places ဆိုတဲ့ ၀တ္ထုစာအုပ်ကို မှီငြမ်းပြီးပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လစ်ဘီဒေး ခုနစ်နှစ်အရွယ်တုန်းက ကန်ဆက်ပြည်နယ်ကျေး လက်ကယာ တောအိမ်လေးမှာသူ့ အမေနဲ့အစ်မတွေ အကုန်လုံးမျက်စိရှေ့တင် ရက်ရက်စက်စက်အသတ်ခံခဲ့ရပါတယ်။ ဒီလို အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကြောက်စိတ် ၀င်နေတဲ့ လစ်ဘီဟာအစ်ကိုဖြစ်သူကို တရားခွင်မှာ လက်ညှိုးထိုး ထွက်ဆိုမှုကြောင့် လစ်ဘီ့အစ်ကို ဘန်အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တရားခံ အစစ်ကတော့ လွတ်မြောက်နေခဲ့ပါတယ်။ မိသားစုတွေ မရှိတဲ့နောက် ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ဖြတ်သန်းခဲ့ရတဲ့ လစ်ဘီဟာ နှစ်တွေသာ ကြာသွားပေမယ့် ထောင်ကျခံနေရတဲ့ သူ့အစ်ကို ဘန်ဆီကိုတစ်ခါမှ သွားမတွေ့ခဲ့ပါဘူး။ တစ်ရက်မှာတော့ လစ်ဘီဟာ လူသတ်မှုကျူးလွန်သူအဖွဲ့ထဲက လိုင်းဝစ်သ်ဆိုသူ တစ်ယောက်နဲ့ ချိတ်ဆက်မိခဲ့ပြီး အဲဒီလူက လစ်ဘီကို သူတို့ဖွဲ့ထားတဲ့ ကလပ်အကြောင်းပြောပြခဲ့ပါတယ်။ အဲဒီလိုပြောရင်း လိုင်းက အကြောင်းအရာတစ်ခုကို ဖုံးကွယ်ထားခဲ့ပြီး အဲဒါကတော့ ...
10 /1
Mad Max: Fury Road (2015) 720p Only
10
720p
Mad Max: Fury Road (2015) 720p Only
ကမ္ဘာပျက်လုနီးဖြစ်နေတဲ့အနာဂါတ်ကာလတခုကိုရည်ညွှန်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာ အင်မော်တယ်ဂျိုးဆိုတဲ့ စည်းကမ်းမဲ့ဂိုဏ်းတခုကခေါင်းဆောင်က သဲကန္တာရထဲကမြို့ကြီးကို အုပ်ချုပ်နေပါတယ် ထိုမြို့မှာမွေးသမျှယောက်ျားလေးတွေကို အင်မော်တယ်ဂျိုးဆီဆက်သရပြီး စစ်သားကောင်လေးတွေအဖြစ် လေ့ကျင့်ပေးခြင်းကိုခံကြရပါတယ် အဲ့လိုငယ်ငယ်ထဲက အင်မော်တယ်ဂျိုးဆီရောက်ပြီး စစ်သားဖြစ်လာတဲ့ကောင်လေးတွေထဲမှာ နက်စ်ဆိုတဲ့ကောင်လေးလဲပါဝင်ခဲ့ပါတယ် မက်စ်ကတော့ ယခင်ကရဲတယောက်ဖြစ်ခဲ့ဖူးသူပါ ဇာတ်လမ်းအစမှာ သူ့ကို အင်မော်တယ်ဂျိုးရဲ့ စစ်သားလေးတွေဆီမှာ အဖမ်းခံထားရတာကို တွေ့ရမှာပါ နေမကောင်းဖြစ်နေတဲ့နက်စ်အတွက် လိုအပ်တဲ့သွေးကို မက်စ်ဆီကထုတ်ယူဖို့ အင်မော်တယ်ဂျိုးဆီက ခွင့်ပြုချက်ရသွားတာနဲ့တချိန်ထဲမှာပဲ ဖျူရီအိုးစားဆိုတဲ့ အာဏာရှိစစ်သမီးတယောက်က အင်မော်တယ်ဂျိုးရဲ့ မိန်းမ၅ယောက်ကို ကုန်တင်ကားထဲတိတ်တဆိတ်ခေါ်ဆောင်သွားပြီး သူမရဲ့မွေးရပ်မြေကိုခေါ်ဆောင်သွားဖို့ ကြိုးစားတာကိုသိသွားတဲ့ အင်မော်တယ်ဂျိုးက သူမကိုလိုက်ဖမ်းဖို့ စစ်သားကောင်လေးတွေကိုအမိန့်ပေးလိုက်ပါတယ် စစ်တပ်ကိုဦးဆောင်ရမဲ့နက်စ်ကသွေးသွင်းဖို့လိုအပ်နေတဲ့အခါ ဖမ်းထားတဲ့မက်စ်ကိုကားရှေ့မှာချည်ပြီးစစ်တိုက်ထွက်ပါတော့တယ် ကန္တာရထဲမှာသဲမုန်တိုင်းတိုက်တော့ မက်စ်ကကြိုးချည်ထားရာကလွတ်သွားပြီး ဖျူရီအိုးစားရဲ့ကားနောက်ကိုလိုက်ပါသွားပါတယ် ကန္တာရထဲကျန်ခဲ့တဲ့နက်စ်က နောက်ထပ်စစ်တပ်တွေနဲ့အတူ သူတို့နောက်ကိုလိုက်ဖမ်းတဲ့အခါ.......... မက်စ် ဖျူရီအိုးစားနဲ့ ဇနီး၅ယောက် သဲကန္တာရထဲကလွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့..... အညွှန်းရေးပေးသူကတော့ Zon Myat Noe Swe ပဲဖြစ်ပါတယ်  
10 /2
Collide (2016)
10
Collide (2016)
မူးယစ်ဆေးအရောင်းအဝယ်သမားဘောစိဆီမှာ အလုပ်လုပ်နေရာကနေ သူ့နောက်လိုက်နေတဲ့ ရန်သူအဖွဲ့ကို မျက်ခြေဖြတ်ဖို့ ဂျာမနီကိုရောက်လာတဲ့ အမေရိကန်လူချောလေး ကေစီနဲ့ ချစ်စရာအမေရိကန်သူလေး ဂျူးလိယက်တို့ အမှတ်မထင်တွေ့ဆုံမိရာကနေ ချစ်ကျွမ်းဝင်သွားခဲ့ကြတယ် အမှတ်မထင်ချစ်မိသွားကြတယ်ဆိုပေမဲ့ အချိန်တိုအတွင်းသူတို့နှစ်ယောက်လုံး အရမ်းချစ်သွားကြတယ် သိပ်မကြာခင်မှာပဲ ဂျူးလိယက်မှာ ခွဲစိတ်ကုသဖို့လိုနေတဲ့ရောဂါကြီးတစ်ခုရှိနေတယ်ဆိုတာ ကေစီသိသွားခဲ့တယ် ဆေးကုသစရိတ်ကလဲ အတော်လေးများနေတာကို ကေစီသဘောပေါက်သွားတဲ့အခါ အရင်အလုပ်ဟောင်းကိုပြန်လုပ်ဖို့ သူဆုံးဖြတ်လိုက်ရတယ် ငွေရလွယ်သလောက် အန္တရာယ်များတဲ့ဒုစရိုက်အလုပ်ကို ဂျူးလိယက်ကမလုပ်စေချင်ပေမဲ့ ကေစီကတော့ချစ်သူအတွက် အရာရာစွန့်လွှတ်ရဲသူဖြစ်လို့ အရင်အလုပ်ကိုပဲပြန်လည်ရွေးချယ်လိုက်ပါတယ် ရန်သူအဖွဲ့နဲ့ ရဲတွေကြားမှာ ကေစီတစ်ယောက်အန္တရာယ်ကင်းနိုင်ပါ့မလား ဂျူးလိယက်ကိုရော အချိန်မှီဆေးကုပေးနိုင်မှာလား ဒီဇာတ်ကားထဲကမင်းသားကိုတော့ အတော်များများမှတ်မိမယ်မထင်ပါဘူး Warm Body ထဲက zombieလေး သို့မဟုတ် X-Men ဇာတ်ကားတွေထဲက Beast လေး ဒါမှမဟုတ် Mad Max ထဲက စစ်သားကောင်လေးလို့ပြောလိုက်ရင်တော့ ပြေးမြင်မိကြမယ်ထင်ပါတယ် မိတ်ကပ်များများနဲ့ရုပ်ဖျက်ရတဲ့ ဇာတ်ကားမျိုးတွေမှာသာအများဆုံးပါဝင်ထားတဲ့ Nicholas Hoult ကို အမေမွေးတဲ့ရုပ်အတိုင်းချောချောလှလှတွေ့မြင်ရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ် အညွှန်းကို Zon Myat Noe Swe မှရေးပေးထားပါတယ်
10 /2

Facebook