Christopher Plummer

The Forger (2014)
10
720p
The Forger (2014)
မင်းသားကြီး John Travolta ရဲ့ ဇာတ်ကားကောင်းများထဲက တစ်ကားဖြစ်ပါတယ် ဇာတ်ကားထဲမှာ John Travolta က ကမ္ဘာအတော်ဆုံးပန်းချီကား အတုလုပ်တဲ့သူဖြစ်ပြီး ကမ္ဘာကျော် Claude Monet ရဲ့ပန်းချီကားကို အတုလုပ်ရမှာဖြစ်ပါတယ် ဘာလို့လဲဆိုတော့ ပြတိုက်မှာထားတဲ့ ပန်းချီကားအစစ်နေရာမှာ သူဆွဲထားတဲ့အတုကိုထားပြီး အစစ်ကိုခိုးချင်လို့ပါပဲ ဒီလိုဆိုဘယ်သူမှလဲမရိပ်မိသလို သူလဲ ပန်းချီကားအစစ်ကိုလွယ်လွယ်နဲ့ရနိုင်မှာပါ ဒီပန်းချီကားအတုလုပ်ဖို့ သူ့အဖေနဲ့သားဖြစ်သူတို့ရဲ့ အကူအညီကိုယူရမှာပါ သူတို့၃ယောက်ပေါင်းပြီး ပန်းချီကားအတုလုပ်နိုင်ပါ့မလား IMDb: 5.7 Director: Philip Martin Stars: John Travolta, Christopher Plummer, Tye Sheridan Genre: Crime, Drama, Thriller File size: 800mb,460mb Link type: soliddrive,openload  
10 /1
The Star (2017)
10
720p
The Star (2017)
ကာတွန်းကားဆိုပေမဲ့ ဒီကားလေးက လူကြီးတွေအတွက်လဲ ဗဟုသုတရစေမှာပါ ပြောရမယ်ဆိုရင် ခရစ်ယာန်ဘုရားဖွားတော်မူခန်းပေါ့ မေရီဆိုတဲ့အပျိုစင်တစ်ယောက်ကို တမန်တော်က သားဆုပေးလိုက်တဲ့အခါ ယောက်ျားမရှိတဲ့မေရီလေး ကိုယ်ဝန်သည်ဘဝရောက်သွားခဲ့တယ် မကြာခင် ဂျိုးဆက်ဆိုတဲ့ လူရိုးလေးတစ်ယောက်က မေရီကိုလက်ထပ်လိုက်ပေမဲ့ မေရီမှာကိုယ်ဝန် ရှိနေတာကိုမသိခဲ့ပါဘူး မင်္ဂလာဆောင်ပြီးမှ မေရီကိုယ်ဝန်ကိုသိသွားတဲ့ဂျိုးဆက်က ယောက်ျားကောင်းပီပီ မေရီပြောတာကိုယုံပြီး ကိုယ်ဝန်ကိုလက်ခံခဲ့ပါတယ် ဒီကိုယ်ဝန်က တစ်နေ့မှာ သမိုင်းတွင်လာမဲ့ ဂျီးဆပ်ပါပဲ ဂျီးဆပ်လေးမမွေးခင်ကာလမှာ လိုက်လံနှောင့်ယှက်တဲ့ ဘုရင့်တပ်ဖွဲ့တွေရဲ့ရန်ကို မြည်းပေါက်လေးတစ်ကောင်နဲ့ ချိုးငှက်တစ်ကောင်အပြင် သိုးမလေးတစ်ကောင်တို့ကပါ လိုက်လံကာကွယ်ပေးမှာပါ IMDb: 5.8 Director: Timothy Reckart Stars: Steven Yeun, Keegan-Michael Key, Aidy Bryant Genre: Animation, Adventure, Comedy File size: 750mb,400mb Link type: soliddrive Translator: Zon Myat Noe Swe  
10 /2
All the Money in the World (2017)
0
720p
All the Money in the World (2017)
1973ခုနှစ် ရောမမှာ မျက်နှာဖုံးတပ်ထားတဲ့လူတစ်စုက ဆယ်ကျော်သက်ကောင်လေး ဂျွန်ပေါလ်ဂတ်တီကို ပြန်ပေးဆွဲသွားခဲ့တယ် သူ့အဖိုးက ဂျင်းပေါလ်ဂတ်တီက ဆီလုပ်ငန်းနဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်တစ်ယောက်ဖြစ်ပြီး ကပ်စေးနဲတယ်လို့ ကျော်ကြားနေသူဖြစ်ပါတယ် သူ့ရဲ့အချစ်ဆုံးမြေးအဖမ်းခံရမှုက သူနဲ့မဆိုင်သလိုသဘောထားလျက်ရှိပါတယ် ပြန်ပေးသမားတွေတောင်းတဲ့ငွေကိုလဲ ပေးဖို့စိတ်မဝင်စားတဲ့အခါ ဂျွန်ရဲ့အမေဖြစ်သူက သူ့သားကို ပြန်ပေးသမားတွေလက်ထဲက ရအောင်ကယ်ထုတ်ဖို့ အစွမ်းကုန်ကြိုးစားရပါတော့တယ် John Pearson ရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 2017အတွက် အော်စကာစာရင်းဝင်ဇာတ်ကားကောင်းတစ်ခုဖြစ်လို့ ပရိတ်သတ်တွေနှစ်သက်ကြမယ်ထင်ပါတယ် IMDb: 7.0 Director: Ridley Scott Stars: Michelle Williams, Christopher Plummer, Mark Wahlberg Genre: Biography, Crime, Drama Quality: blueray 720p File size: 1gb,644mb Link type: soliddrive,openload Translator: Sa Thae Thway Encoder: Zon Myat Noe Swe  
0 /0
The Man Who Invented Christmas (2017)
10
1080p
The Man Who Invented Christmas (2017)
လန်ဒန်မြို့ရဲ့နာမည်ကြီးလှတဲ့စာရေးဆရာလေးတစ်ယောက်ဖြစ်တဲ့ချားလ်စ်ဒစ်ကန်တစ်ယောက်သူ့ရဲ့စာအုပ်အသစ်တွေ အကြံထုတ်ရာမရဖြစ်နေချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်လေးတစ်ခုကိုအခြေခံပြီးတော့ ကမ္ဘာကျော်တဲ့ဝထ္ထုတစ်ပုဒ်ကိုရေးသားခဲ့ပါတယ် ခရစ်စမတ်ရောက်ဖို့ ၆ပတ်သာလိုတော့တဲ့အချိန်လေးအတွင်းမှာဒီဝထ္ထုလေးအတွက် သူတွေ့ကြုံခဲ့ရတာတွေကိုရိုက်ကူးထားတာပါ လူတိုင်းရဲ့အတိတ်ကအရိပ်ဆိုးတွေ အိမ်မက်ဆိုးတွေ လက်ရှိအချိန်ပစ္စုပ္ပန်ကာလမှာကြိုးစားရုန်းကန်နေရတဲ့ခံစားချက်တွေရယ် ဘယ်သူမှမသိနိုင်တဲ့နောင်အနာဂတ်ကဖြစ်ရပ်တွေရယ်ကို ချိန်ထိုးပြသပြီးတော့ လူတစ်ယောက်ချင်းစီရဲ့အိမ်မက်ဆိုးတွေ အတွေးအမြင်ဆိုးတွေကိုပါလှုပ်နိုးခဲ့ပါတယ် ချမ်းသာကြွယ်ဝမှုရဲ့နောက်ကွယ်မှာဘာတွေများကျန်ခဲ့လဲဆိုတာ စဉ်းစားဖွယ်ရိုက်ကူးထားတာပါ ဒီဝထ္ထုလေးကိုပြန်ရိုက်ထားတဲ့ဇာတ်ကားပေါင်းများစွာရှိပါတယ် ဒါပေမယ့်စာရေးဆရာတစ်ယောက်ရဲ့အကြောင်းကိုတော့ရိုက်ကူးတာတော့ဒါပထမဆုံးလို့ထင်ပါတယ် (အရင်ကရှိချင်လဲရှိပါမယ် မသေချာပါ) ခရစ်စမတ်ရဲ့အရေးကြီးတဲ့အရာတစ်ခုဖြစ်တဲ့ရင်းနှီးသူချစ်ရသူတွေနဲ့ပျော်ရွှင်စွာနေထိုင်ခြင်းဆိုတဲ့အကြောင်းလေးကိုရိုက်ကူးထားတာမလို့ ခရစ်စမတ်ဝေးနေတဲ့အချိန်ဆိုပေမယ့်လဲ ကြည့်လို့ကောင်းမဲ့ဇာတ်ကားလေးတစ်ကားဖြစ်မှာကျိန်းသေပါတယ် IMDb: 7.0 Director: Bharat Nalluri Stars: Dan Stevens, Mark Schrier, Patrick Joseph Byrnes Genre: Biography, Comedy, Drama File size: 1.2gb,500mb Link type: soliddrive,openload Translated by Chan Encoded by Zon Myat Noe Swe
10 /1

Facebook