Christina Hendricks

Dark Places (2015)
0
720p
Dark Places (2015)
လစ်ဘီ ဒေး ဟာ ရှစ်နှစ်အရွယ်ကတည်းက သူ့မိသားစုတစ်ခုလုံး ကန်းဆတ် ယာတောမှာ အသတ်ခံခဲ့ရပြီး အသက်ရှင်ကျန်ခဲ့တဲ့ တစ်ဦးတည်းသောသူ ပါ။ ရဲတွေဟာ သူမရဲ့ သက်သေခံချက်နဲ့ သူမအကိုကို စွဲချက်တင်ခဲ့ကြပါတယ်။ နှစ်သုံးဆယ်ကြာပြီးနောက်မှာ လိုင်း ၀ှစ် လို့ခေါ်တဲ့ သူမ အသိက သူမကို ကလပ်တစ်ခုကို ခေါ်သွားခဲ့ပါတယ်။ ဒီကလပ်မှာ အပျော်တမ်းမှုခင်းစစ်ဆေးသူတွေ ရှိပြီး သူမအကို ဘန်မှာ အပြစ်မရှိဘူးဆိုတာကို သူမတွေ့ရှိခဲ့ရပါတယ်။ သူမ မိသားစုကို ဘယ်သူက ဘယ်အရာက သတ်သွားသလဲ သူမဆက်လက်ရှာဖွေတဲ့အခါ..... မင်းသမီးချော Charlize Theron နဲ့အတူ မင်းသားငယ်ထဲက အရည်အချင်းမသေးလှတဲ့ Nicholas Hoult တို့ အတူသရုပ်ဆောင်ထားပါတယ်   IMDB 6.2 Director:Gilles Paquet-Brenner Stars: Charlize Theron, Nicholas Hoult, Christina Hendricks File size: 940mb,540mb Link type: soliddrive,openload Encoded by Zon Myat Noe Swe Subtitled by www.khitmarket.com  
0 /0
Tinker Bell and the Pirate Fairy (2014)
9
720p
Tinker Bell and the Pirate Fairy (2014)
  IMDb: 6.6 Director: Peggy Holmes Stars: Mae Whitman, Christina Hendricks, Tom Hiddleston အမှုန်ထိမ်းသိမ်းသူ ဇာရီနာဆိုတဲ့ နတ်သမီးလေးက ဘုရင်မနဲ့အထင်လွဲပြီး အရေးကြီးတဲ့အပြာမှုန်ကိုယူပြီး အဝေးကိုထွက်ပြေးသွားခဲ့တယ် လမ်းမှာပင်လယ်ဓားမြအုပ်စုနဲ့တွေ့ပြီး လမ်းမှားရောက်သွားတဲ့အခါ တင်ကာဘဲလ်နဲ့ သူငယ်ချင်းတွေက လိုက်ကယ်ရမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာထူးခြားတာကတော့ ကျနော့်အချစ်တော် Lokiမင်းသားကြီး Tom Hiddleston ကဗီလိန်ကြီး ပင်လယ်ဓားမြဂျိမ်းစ်အဖြစ် အသံသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် File size - 930mb / 370mb Link type - soliddrive  
9 /1
Crooked House (2017) 1080p
0
1080p
Crooked House (2017) 1080p
နာမည်ကျော် စုံထောက်ဝတ္ထုရေး စာရေးဆရာမကြီး အာဂါသာခရစ်စတီး ရဲ့ အလှည့်ဖျားနိုင်ဆုံး လက်ရာတွေထဲက တစ်ခုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတာပါ။ သူလျှိုဘ၀ကနေ အလွတ်စုံထောက်တစ်ဦးဖြစ်လာခဲ့တဲ့ ချားဟေးဝပ် ဟာ သူ့ချစ်သူဟောင်းတစ်ယောက်ရဲ့ အဘိုး အသတ်ခံရမှုကို စကော့တလန်ယာ့ဒ်က မိသားစုရဲ့ နာမည်ပျက်စရာ လျှို့ဝှက်ချက်တွေကို မဖော်နိုင်ခင် တရားခံကို ဖော်ရဖို့ဖြစ်လာပါတယ်။ အဲ့ဒီ စံအိမ်ကြီးမှာခေတ္တနေထိုင်ဖို့ ရောက်နေတဲ့ ကာလအတွင်း မိသားစုဝင် တစ်ယောက်စီနဲ့ တွေ့ဆုံ စကားပြောဖြစ်ရင်း လူအတော်များများမှာ သတ်စေနိုင်လောက်တဲ့ စေ့ဆော်မှုတွေ ရှိနေကြောင်းသိရတဲ့အခါ သူ အချိန်မှီဖော်ထုတ်နိုင်မလား။ တရားခံဘက်က လက်ဦးသွားမလားဆိုတာကို အဆုံးသတ်ထိ ရင်တမမနဲ့ကြည့်ရမှာပါ။ လတ်တလောထွက်ထားခဲ့တဲ့ Murder on orient express ဟာလဲ ဆရာမကြီးရဲ့ လက်ရာပါပဲ။ နာမည်ကျော်စာအုပ်ပေါင်းများစွာ ထွက်ရှိထားပြီးတော့ အတော်များများကိုလဲ ရုပ်ရှင်အဖြစ် ပုံဖော်ခံခဲ့ရပါတယ်။ ဘာသာပြန်သူနဲ့အညွှန်းရေးသားသူကတော့ ကို ဝေဟံလင်းထင် ပဲ ဖြစ်ပါတယ်။
0 /0
Lost River (2014)
8.5
720p
Lost River (2014)
  တစ်ခုလပ်ဖြစ်တဲ့ ဘီလီဟာ ဘုန်းစ်နဲ့ ဖရန်ကီဆိုတဲ့ သားနှစ် ယောက်ကို စောင့်ရှောက်နေတဲ့ မိခင်ဖြစ်ပြီး ဘီလီနဲ့ ဘုန်းစ်က ဖရန်ကီကို ချစ်ကြပေမယ့် အပြင် မှာတော့ ခပ်တန်းတန်း ပုံစံနဲ့ပဲ နေကြတာပါ။ သူတို့နေတဲ့ မြို့မှာ ရက်စက်တဲ့ လူသတ်ကောင်ဘူလီ ဆိုသူရှိတာကြောင့် အဲဒီလူကို ရှောင်ပုန်းဖို့အတွက် ဘုန်းစ်ဟာ လူမနေတော့တဲ့ အိမ်တွေကို အ ချိန်အားတာနဲ့ လိုက်ရှာနေခဲ့ပါ တယ်။ တစ်ရက်မှာတော့ ဘုန်းစ်နဲ့ ဘူလီထိပ်တိုက်တိုးခဲ့တာကြောင့် ဘုန်းစ်အသက်လုပြီး ထွက်ပြေးခဲ့ရပါတယ်။ တစ်ဖက်မှာလည်း ကလေး နှစ်ယောက် အမေ ဘီလီဟာ အလုပ်လက်မဲ့ အနေအထားမို့ အိမ်လခပေးဖို့ရာ အခက်တွေ့နေ ပြီး အကြွေးတွေလည်း ၀ိုင်းနေခဲ့ ပါတယ်။ ဘီလီအကြွေးမဆပ်နိုင် ခဲ့ရင် သူတို့အိမ် ဖြိုချခံရမယ့် အခြေအနေအထိ ဖြစ်သွားခဲ့ပါ တယ်။ တစ်ရက်မှာတော့ သူတို့အိမ်နီးနားချင်းရက်ဆိုတဲ့ မိန်းကလေးနဲ့ သိကျွမ်းခဲ့ပြီး ရက်က သူ့အ ဘွားရယ်၊ ...
8.5 /2
Dark Places (2015) 720p Only
10
720p
Dark Places (2015) 720p Only
ဒီနေ့တော့ မင်းသမီးအသားပေးလျှို့ဝှက်ဆန်းကြယ် ဇာတ်ကားသစ်လေး ပရိသတ်တွေ အတွက် တင်လိုက်ပါ တယ်။ မင်းသမီးရှားလိစ်သယ်ရွန်က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး Dark Places ဆိုတဲ့ ၀တ္ထုစာအုပ်ကို မှီငြမ်းပြီးပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လစ်ဘီဒေး ခုနစ်နှစ်အရွယ်တုန်းက ကန်ဆက်ပြည်နယ်ကျေး လက်ကယာ တောအိမ်လေးမှာသူ့ အမေနဲ့အစ်မတွေ အကုန်လုံးမျက်စိရှေ့တင် ရက်ရက်စက်စက်အသတ်ခံခဲ့ရပါတယ်။ ဒီလို အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကြောက်စိတ် ၀င်နေတဲ့ လစ်ဘီဟာအစ်ကိုဖြစ်သူကို တရားခွင်မှာ လက်ညှိုးထိုး ထွက်ဆိုမှုကြောင့် လစ်ဘီ့အစ်ကို ဘန်အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တရားခံ အစစ်ကတော့ လွတ်မြောက်နေခဲ့ပါတယ်။ မိသားစုတွေ မရှိတဲ့နောက် ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ဖြတ်သန်းခဲ့ရတဲ့ လစ်ဘီဟာ နှစ်တွေသာ ကြာသွားပေမယ့် ထောင်ကျခံနေရတဲ့ သူ့အစ်ကို ဘန်ဆီကိုတစ်ခါမှ သွားမတွေ့ခဲ့ပါဘူး။ တစ်ရက်မှာတော့ လစ်ဘီဟာ လူသတ်မှုကျူးလွန်သူအဖွဲ့ထဲက လိုင်းဝစ်သ်ဆိုသူ တစ်ယောက်နဲ့ ချိတ်ဆက်မိခဲ့ပြီး အဲဒီလူက လစ်ဘီကို သူတို့ဖွဲ့ထားတဲ့ ကလပ်အကြောင်းပြောပြခဲ့ပါတယ်။ အဲဒီလိုပြောရင်း လိုင်းက အကြောင်းအရာတစ်ခုကို ဖုံးကွယ်ထားခဲ့ပြီး အဲဒါကတော့ ...
10 /1

Facebook